နေ့သားအလိုက် ဆင်းတုတော် ရွေးချယ်ပူဇော်နည်း

koyin sithuNovember 16, 20111min5949

ကျွန်တော်တို့ ဒီနေရာလေးကနေ ဒီပို့လေးကို မရေးချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော် ပြောမှာက ဘုရားထုလုပ် ကိုးကွယ်ဖို့အကြောင်းကို တင်ပြပေးချင်တာ။ တစ်ချို့သူတွေက ဒါကို နားလည်မှု့ မလွဲစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော့်ကို ပြောဆိုလာရင် ကျွန်တော်က ပြန်ပြောစရာ အကြောင်းပြချက် မရှိလို့ပါ။

နောက်တစ်ခုက ဒီနေရာမှာ ဘာသာရေး အကြောင်းကိုလည်း မဆွေးနွေးချင်ပါဘူး။ ဘာသာရေး အကြောင်းကို ဆွေးနွေးဖို့အတွက်လည်း ကျွန်တော့်မှာ ဘာသာရေးနဲ့ ပါတ်သက်တဲ့ အကြားအမြင် ဗဟုသုတလည်း မပြည့်စုံပါဘူး။ နောက်တစ်ခုက ကျွန်တော်အတွေးက ဘာသာရေးဆိုတာလဲ ငြင်းခုန်ဖို့ အတွက် မဟုတ်ဘူး။ အမှန်တရားကို လေ့လာကျင့်ကြံပြီး လက်ခံနှလုံးသွင်းဖို့လိုပဲ မြင်ပါတယ်။ ဘုရားကို ကိုးကွယ်တာပဲကွာ။ ဘာသားနဲ့ ဖြစ်ဖြစ် ကိုးကွယ်လို့ မရဘူးလား။ ကျောက်ဆင်းတု ဘုရားကို ကိုးကွယ်ရင်ရော ကုသိုလ် မရဘူးလား၊ ဘုရားကို ကိုးကွယ်တာခြင်း အတူတူပဲ မဟုတ်ဘူးလားလို့ ပြောဆိုလာမှာကို မလိုလားပါဘူး။ တစ်ခုတော့ စကားချပ်ပြောပါရစေ… မိမိ နှလုံးသားမှ တည်ထားတဲ့ ဘုရား၊ တရား၊ သံဃာ သာလျှင် အမြဲတည်တံ့ပြီး နောင်သံသရာအဆက်ဆက် ကောင်းကျိုးပေးမယ် ဆိုတာပါပဲဗျာ။

အခု တင်ပြပေးချင်တာက ဟိုးရှေးခေတ်က မြန်မာလူမျိုးတွေ အစဉ်အဆက် လက်ခံကျင့်သုံး လာခဲ့တဲ့ နည်း ဖြစ်ပါတယ်။ ရှေးခေတ်မြန်မာ လူမျိုးကြီးတွေကနေ ဒီနေ့ မျက်မှောက်ခေတ်အထိ မိမိနေအိမ်မှာ (သို့) အလုပ်နေရာမှာ နေ့သင့်နံသင့် အသားများနဲ့ ဘုရားထုလုပ် ကိုးကွယ်ခြင်းဖြင့် အန္တရာယ်ကင်းခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ပွားခြင်း ၊ ထူးခြားသော ကုသိုလ် အကျိုးရရှိစေခြင်းများ ကြုံရပေသည်။

ဘုရားထုလုပ်ကိုးကွယ်သော နည်းစနစ် မြောက်များစွာရှိတဲ့အနက် ဒီနည်းကတော့ ပဉ္စပွတ် ၊ ဆပွတ် ၊ အညွန့်နဲ့ ဆောင်ရွက်တဲ့ နည်းပါ။ ဘုရားထုလုပ်သော အခါတွင် မိမိ၏ အညွန့်နံအသားကို အသုံးပြု၍ ထုလုပ်ရန်ဖြစ်၏။ ဘုရားရဟန္တာ ပုံတော်တို့ကို ညာဏ်တော်တစ်လက်မ ၊ သုံးလက်မ၊ ငါးလက်မ၊ ခုနှစ်လက်မ ၊ကိုးလက်မ စသည်ဖြင့် နှစ်သက်သလို ပူဇော်နိုင်ပါတယ်။ ရွှေချ၍ ပူဇော်ရတာ ကောင်းပါတယ်။

ရှင်သီဝလိပုံတော်ကို ထုလုပ်ပူဇော်သောအခါ မိမိ၏ ပဉ္စပွတ်နံကို အသုံးပြု၍ ထုလုပ်ပူဇော်ပါ။ ရှင်ဥပဂုတ္တပုံတော်ကို မိမိ၏ ဆပွတ်နံအသားနှင့် ထုလုပ်ပူဇော်ရမည်။ နေ့သားအလိုက် အသေးစိတ် တင်ပြရသော်…

တနင်္ဂနွေနေ့ မွေးသူများသည် ဘုရားဆင်းတုတော်ကို ကံ့ကော်သားနှင့်ထုလုပ်ပါ။ ရှင်သီဝလိပုံတော်ကို ပေါက်သားနှင့် ပူဇော်ပါ။ ရှင်ဥပဂုတ္တပုံတော်ကို သီဟိုဠ်သားနှင့် ပူဇော်ပါ။

တနင်္လာနေ့ မွေးသူများသည် ဘုရားဆင်းတုတော်ကို ဇီးသားနှင့် ပူဇော်ပါ။ ရှင်သီဝလိပုံတော်ကို သီဟိုဠ်သားနှင့်ပူဇော်ပါ။ ရှင်ဥပဂုတ္တပုံတော်ကို ထိန်သားနှင့် ပူဇော်ပါ။

အင်္ဂါနေ့ မွေးသူများသည် ဘုရားဆင်းတုတော်ကို လဲလူသားနှင့် ပူဇော်ပါ။ ရှင်သီဝလိပုံတော်ကို ထိန်သားနှင့်ပူဇော်ပါ။ ရှင်ဥပဂုတ္တပုံတော်ကို အုန်းသားနှင့် ပူဇော်ပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများသည် ဘုရားဆင်းတုတော်ကို ပျဉ်းမသားနှင့် ပူဇော်ပါ။ ရှင်သီဝလိပုံတော်ကို အင်သားနှင့် ပူဇော်ပါ။ ရှင်ဥပဂုတ္တပုံတော်ကို ကံ့ကော်သားနှင့် ပူဇော်ပါ။ ဗုဒ္ဓဟူးမွန်းလွဲ ရာဟုမွေးသူများသည်လည်း အတူတူပင် ပူဇော်နိုင်ပါသည်။

ကြာသပတေးနေ့ မွေးသူများသည် ဘုရားဆင်းတုတော်ကို သီးသားနှင့် ပူဇော်ပါ။ ရှင်သီဝလိပုံတော်ကို ကံ့ကော်သားနှင့် ပူဇော်ပါ။ ရှင်ဥပဂုတ္တပုံတော်ကို ဇီးသားနှင့် ပူဇော်ပါ။

သောကြာနေ့ မွေးသူများသည် ဘုရားဆင်းတုတော်ကို ထိန်သားနှင့် ပူဇော်ပါ။ ရှင်သီဝလိပုံတော်ကို ဇီးသားနှင့် ပူဇော်ပါ။ ရှင်ဥပဂုတ္တပုံတော်ကို လဲလူသားနှင့် ပူဇော်ပါ။

စနေနေ့ မွေးသူများသည် ဘုရားဆင်းတုတော်ကို အုန်းသားနှင့် ပူဇော်ပါ။ ရှင်သီဝလိပုံတော်ကို လဲလူသားနှင့် ပူဇော်ပါ။ ရှင်ဥပဂုတ္တပုံတော်ကို ပျဉ်းမသားနှင့် ပူဇော်ပါ။

အထက်ပါကဲ့သို့ မိမိ၏ အညွန့်၊ ပဉ္စပွတ်၊ ဆပွတ်တို့နှင့် စနစ်တကျ ကိုးကွယ်ထုလုပ်ထားသော ဘုရား၊ ရဟန္တာ ပုံတော်တို့သည်ကား ထူးခြားသည့် ဓါတ်သဘာဝများ ဆောင်ယူသည်။ ပန်းကန်ပြားငယ်တစ်ချပ်အတွင်း ရေဖြည့်၍ ကျောက်ခဲ အဖြူရောင်တစ်လုံးတင်ပါ။ ၎င်းအပေါ် ဖယောင်းတိုင် အဖြူတစ်တိုင် ထွန်းညှိ၍ ဘုရားပူဇော်ခြင်းပြုပါ။ ရုပ်ပွားတော်များကို ထားရှိသောအခါ ဗုဒ္ဓရုပ်ပွားတော်၏ လက်ယာဘက်၌ ရှင်သီဝလိပုံတော်၊ လက်ဝဲဘက်၌ ရှင်ဥပဂုတ္တပုံတော်တို့ ထားရှိကာ ပူဇော်ရပေမည်။

ထူးထူးခြားခြား ဆောင်ရွက်စရာများ ရှိကလည်းကောင်း၊ လာဘ်ပွင့်စေရန်လည်းကောင်း အန္တောဓါတ်ဝင်အောင် စီရင်၍ ဆွမ်းတင်ခြင်း ပြုရပေမည်။ အန္တောဓါတ်ဝင်အောင်စီရင်၍ ဆွမ်းတင်ခြင်း ပြုရာတွင် –

စနေနေ့ နေ့ ၁၁း၁၅ နာရီ
တနင်္ဂနွေနေ့ နေ့ ၁၂း၄၅ နာရီ တို့ကို အန္တောဓါတ် ဝင်သောအချိန်ဟု သတ်မှတ်သည်။

ထိုနေ့၊ ထိုအချိန် တို့နှင့် တိုက်ဆိုင်၍ သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုး၊ ရေတော်ကိုးခွက်ကပ်လှူပူဇော်၍ အလိုရှိရာ ဆန္ဒများကို တောင်းဆုပြုပါက လျင်မြန်စွာ ပြည့်ဝပေမည်။ ဘုန်းကံ မြင့်မားပေမည်။ အန္တောဓါတ် အပြည့်အဝ ဆောင်၍ အောင်မြင်ခြင်းကို ရရှိပေမည်။ တစ်လလျှင် တစ်ကြိမ် ပုံမှန်ဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်တိုင် တွင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ၊ ကောင်းခြင်းအဖြာဖြာ ကျရောက်ကာ မကောင်းသော အညံ့အဆိုးမှန်သမျှ ကင်းဝေးခြင်း ရှိမည်။

 

စေတနာကောင်းဖြင့်

ကိုရင်စည်သူ

9 comments

  • ပေါက်ဖော်

    November 16, 2011 at 10:43 am

    လန်တယ်နော်..
    ဘာကြေး.ညာကြေး..ပေးချရာမလို..
    ကရင်စည်သွတ်တဖြစ်လဲ..သင်္ဘောသီးငယ်မှ
    အခမဲ့..အခမဲ့..အဟဲဟဲ……

    ၄စားအားပေးလျက်ပါ..ကရင်ရေ..
    ရွာထဲက စကီလေးတွေကို..အရမ်းလဲ မငန်းပါနဲ ့ခင်ဗျ….
    ကျနော်တို ့အတွက်မကျန်တော့မှာဆိုးလို ့ပါ

    😆

  • ဆူး

    November 16, 2011 at 10:53 am

    စနေ သားသမီး ၂ယောက် အိမ်တက် အတွက် မြဘုရား ဆင်းတု ပုံစံငယ် အမြင့် ၉လက်မလောက် ရှိတယ်.. အဲဒါလေး လက်ဆောင်ပေးချင်လို့ အဆင်ပြေမလားဟင်.. မြဘုရား ရဲ့ ပလ္လင်မှာတော့ ဂဌုန် အရုပ်ကြီး ပါနေတယ်။ အဆင်ပြေမလား ကာယကံရှင်တွေ သဘောလည်းကျ မျက်နှာပန်းလည်း လှချင်လို့ အမြန်ဖြေပေးပါအုန်း။

    • ကိုရင်စည်သူ

      November 16, 2011 at 11:19 am

      ဖွားဆူးရေ… အိမ်တက်အတွက် မြဘုရားကတော့ အဆင်ပြေပါ့မယ်..
      ဘုရားက ထိုင်းဘုရားပုံစံလားမသိဘူးနော်…
      ဂဌုန်ရုပ်နေရာမှာတော့.. တခြား ပလ္လင်တစ်ခုခု ဝယ်ပေးလိုက်ပါလား..
      နဂါးပတ်ပါတဲ့ ပလ္လင်တော့ သွားမဝယ်လေနဲ့… ခန့်ထည်တဲ့ ပလ္လင်ပုံစံ
      တစ်ခုခုနှင့် တကွ လက်ဆောင်ပေးလိုက်ပါလို့.. ကျွန်တော်
      အကြံပြုပါတယ်…

      • ဆူး

        November 16, 2011 at 11:28 am

        ကိုရင်ရေ.. ဘုရားက သူများ လက်ချောင်ပေးခိုင်းတာ ကာယကံရှင် အတွက် သင့်၏ မသင့်၏ မသိပဲ ဒီတိုင်း ဝယ်ပြီးတော့ ပေးခိုင်းတာမို့ ကာယကံရှင်တွေ အတွက် သင့်၏ မသင့်၏ သိချင်တာပါ။ လက်ဆောင် ပစ္စည်းကတော့ ဆူး ဝယ်ခြမ်းခြင်း မဟုတ် သူများက တဆင့် ပေးခိုင်းတာ ပေးလိုက်ရမှာမို့ပါ။

        • ကိုရင်စည်သူ

          November 16, 2011 at 11:56 am

          ဒါဆိုရင်တော့ ဖွားဆူးရေ.. စိတ်ချလက်ချသာ လက်ဆောင်ပေးလိုက်ပါ…
          ဘုရားရုပ်ထုထားလို့ ခိုက်တဲ့အိမ်တော့ ကိုရင် မမြင်မိပါဘူး…
          ဒါကြောင့် သင့်ပါပေတယ်ဗျာ…

  • Shwe Ei

    November 16, 2011 at 1:00 pm

    ဗဟုသုတအနေနဲ့ရော တအိုးတအိမ်ထူထောင်မဲ့အချိန်အတွက်ရော အရှည်စဉ်းစားပီး ကူးယူသွားပါတယ်ကိုရင်ရေ။ 🙂

  • blackchaw

    November 16, 2011 at 3:28 pm

    မကျေနပ်ရင်အသေသတ်ပါ။
    မော်ဒန်ကိုရင်ကိုပဲ ကျွန်တော်က ချစ်တယ်ဗျာ။

    • ကိုရင်စည်သူ

      November 16, 2011 at 3:38 pm

      ကျေနပ်ပါတယ် ကိုချောရေ…
      မော်ဒန်ပို့စ်တစ်ခုရေးနေပါတယ်.. draft လုပ်ထားတုန်းပဲ… (ဖတ်ပြီး သိပ်အားမရသေးလို့)
      ဒီနေ့ညဖြစ်ဖြစ် နက်ဖြန်ဖြစ်ဖြစ်တင်ပါ့မယ်..
      အားပေးလို့ ကျေးဇူးပါ… 🙂 🙂

  • windtalker

    November 16, 2011 at 8:13 pm

    ကိုရင်ရေ
    နင်ရေးထားသလိုပါဘဲ
    ငါ လဲ နင့်နည်းလည်းကောင်း ၊ နင်နဲ ့အကုန်အတူတူဘဲဟေ့
    လောလောဆယ်တော့ နင့်စာကို ကူးသွားတယ်နော်
    ကူးတယ်ဆိုတာလဲ ၊ ကိုယ့်နာမည်တပ်ပြီး ၊ အခြားဆိုက်မှာ ပြန်ဖြန် ့မလို ့မဟုတ်ပါဘူး
    တစ်ချိန်ကြလို ့ကိုယ် ကိုယ်တိုင် ကိုးကွယ်ဖို ့အချိန်ကြရင် နင့်စာကို ဖတ်ရမှာမို ့ပါ ။
    ဘာပဲဖြစ်ဖြစ် တင့်ခရု ဗဲလရီးမက်ချ် ပါ နော်

Leave a Reply