နည်းလမ်းမှန်စွာ ချစ်စေချင်သည်

Moe ZNovember 17, 20111min49134

ကလေးငယ်များသည် အလွန်ဖြူစင်ရိုးသားကြသည်။ သူတို့စိတ်ထဲရှိသည့်အတိုင်း ဟန်မဆောင်တတ်ပဲ ပြုမူပြောဆိုကြသည်။ ကလေးတစ်ယောက်၏ အမူအယာ၊ အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားတို့သည် မိဘနှစ်ပါးနှင့် ပတ်ဝန်းကျင်၏အရိပ်ကို ထင်ဟပ်စေသည်။ မိဘတိုင်း မိမိတို့၏သားသမီးများကို ချစ်ကြပါသည်။ သို့သော်နည်းလမ်းမှန်စွာ ချစ်တတ်ဖို့ လွန်စွာအရေးကြီးပါသည်။ ကလေးများသည် မိဘများဖြစ်စေချင်သည့်အတိုင်း လိုက်လုပ်ကြရရှာပါသည်။ မိဘများ၏ အပြုသဘောဆောင်သည့် အပြောအဆို၊ ကိုယ်ဟန်အမူအယာ၊ အတွေးအခေါ်များက ကလေးများကို လွှမ်းမိုးထားတတ်ပါသည်။ (ဥပမာ – သားလေးကြီးလာရင် ဆရာဝန်ကြီးဖြစ်အောင်လုပ်နော် ဆိုတာမျိုး၊ သားလေး ဆရာဝန်ကြီးဖြစ်ရင် ဖေဖေနဲ့ မေမေကို ဆေးကုပေးမှာလား) စသည်တို့သည် ကလေးများအတွက်ကန့်     သတ်ချက်များ ဖြစ်လာပါသည်။ မိဘများသည် မိမိတို့သားသမီး၏ဉာဏ်ရည်နှင့် အရည်အချင်းကို အမှန်အတိုင်း နားလည်သိမြင်ပြီး လက်ခံနိုင်ဖို့လိုအပ်ပါသည်။ မိဘအများစုသည် မိမိတို့၏သားသမီးများကို ထူးချွန်ထက်မြက်သည်ဟု အထင်ရှိတတ်ကြသည်။

အရေးကြီးသည့်အချက်မှာ ကလေး၏မိမိကိုယ်ကိုတန်ဖိုးထားခြင်း ဖြစ်ပါသည်။ ဂုဏ်ယူစရာတစ်ခုုရှိ၍ သော်လည်းကောင်း၊ ကိစ္စတစ်ခုပြီးမြောက်အောင်မြင်၍သော်လည်းကောင်း အချစ်ခံရခြင်းမဟုတ်ပဲ ကလေးရဲ့အရှိအတိုင်း အချစ်ခံရခြင်းသည် ကလေးအားမိမိကိုယ်ကို တန်ဖိုးထားတတ်စေသည်၊ စိတ်၏လုံခြုံမှုကို ခံစားရစေသည်။ မိဘများသည် မိမိတို့၏ကလေးများကို ဖြစ်စေချင်သည်ထက် ကလေးများဖြစ်ခင်သည်ကို စောင့်ကြည့်အားပေးကာ ပြုစုပျိုးထောင်ပေးသင့် ပါသည်။ ကလေး၏အသက်အရွယ်အပေါ် မူတည်ပြီး လုပ်နိုင်စွမ်းရှိသလောက် လုပ်ခွင့်ပေးခြင်းဖြင့် ကလေးများ ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးသင့်ပါသည်။ ကစားစရာများကို ကစားပြီးလျှင် စနစ်တကျပြန်သိမ်းဖို့၊ စာအုပ်များကို ဖတ်ပြီးလျှင်နေရာတကျပြန်ထားဖို့ စည်းကမ်းသတ်မှတ်ပေးရပါမည်။

ကလေးငယ်ကိုဝေဖန်ခြင်းမပြုမိရန် အထူးသတိထားသင့်ပါသည်။ အကယ်၍ ကလေးမှ အမှားတစ်ခုခုလုပ်မိလျှင် (မင်းတော်တော်အသုံးမကျပါလား ဆိုသောစကားမျိုး၊ မင်းလောက်ဆိုးတဲ့ကလေး ရှိမှာမဟုတ်ဘူး ဟူသောအသုံးအနှုန်းမျိုး) ကို ဘယ်တော့မှ မသုံးမိပါစေနှင့်။ ကလေးများအပေါ် ကျေးဇူးပြု၍စိတ်ရှည်ပေးပါ။ အရင်ဦးဆုံး ကလေးကိုချစ်ကြောင်း အမူအယာဖြင့်လည်းကောင်း၊ အပြောအဆိုဖြင့်လည်းကောင်း ပြသပေးပါ။ ပြီးမှကလေး၏လုပ်ရပ်ကို မကြိုက်ကြောင်း          ပြောပြပါ။ ထိုအမှားမှ ဘာကိုသင်ယူနိုင်သလဲဆိုတာ ကလေးကိုရှင်းပြပေးပါ။ ပါမောက္ခ Mr.Marian Diamond က “မေတ္တာသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာသည် အဓိကလိုအပ်သည့်အရာများပင်ဖြစ်သည်။ သို့မှသာအတွေ့အကြုံများကို ရဲဝံ့စွာ ထိတွေ့ရင်ဆိုင်နိုင်မည်” ဟုဆိုပါသည်။ ကလေးအနေနှင့်နားလည်နိုင်သော အိမ်တွင်းရေးကိစ္စများကို ပါဝင်ပတ်သက်ခွင့်ပြုသင့်ပါသည်။ မင်းနဲ့မဆိုင်ဘူး ငြိမ်ငြိမ်နေ ဟုပြောမည့်အစား ကလေး၏တွေးခေါ်မှုနှင့် အကြံဉာဏ်ကို လက်ခံဆွေးနွေးပေးသင့်ပါသည်။ ကလေးများကို ကဲ့ရဲ့အပြစ်တင်ခြင်းမျိုး မလုပ်မိပါစေနှင့်။ တရားမျှတသော ပတ်ဝန်းကျင်ကိုဖန်တီးပေးပြီး လုံခြုံနွေးထွေးစွာကြီးပြင်းပါစေ။

…………………………………………………………………….

**မနေ့ညက ကျောက်မြောင်းကိုသွားတော့ လမ်းမှာ သားအမိနှစ်ယောက်ကိုတွေ့ခဲ့တယ်။ အမေလုပ်သူက မျက်နှာကြီးတင်းပြီး အရှေ့ကလျှောက်သွားတယ်။ ၄နှစ်လောက်ရှိမယ်လို့ထင်ရတဲ့ ကလေးက အနောက်ကနေငိုပြီး ပြေးလိုက်နေတာ တွေ့ခဲ့ရလို့ ဒီပို့စ်ကိုရေးလိုက်ပါတယ်**

34 comments

  • ကိုရင်စည်သူ

    November 17, 2011 at 11:41 am

    ဟုတ်ပါတယ်.. ကလေးတွေကို ဆူဆဲဆိုပြီး
    ကြိမ်းမောင်းတာမျိုး ကျွန်တော်လုံးဝ မကြိုက်ပါဘူး…။
    အဲ့လို ကလေးမျိုးက ရိုင်းစိုင်းသွားတတ်ပါတယ်…
    စိတ်ဓါတ်ရေးရာ အင်အားတွေ မပြည်စုံကြတော့ပါ။
    ဒီတော့ ဘာဖြစ်လဲ… ဘဝကို ရင်ဆိုင်ကြတဲ့အခါ
    သတ္တိတွေနည်းကုန်တယ် အတွေးတွေချော်ကုန်တယ်..
    အလွယ်လမ်းတွေလိုက်မယ်… နောက်ဆုံး ဘဝပျက်သွားပါလိမ့်မယ်..
    မိုးဇိလေးနဲ့ အတွေးတွေ ထပ်တူကျနေပါလား.. အရင်ဘဝက
    ဘာတွေများ တော်စပ်ခဲ့ကြလဲမသိဘူးနော်… 😳 😳
    မနေ့ညတုန်းက ကျောက်မြောင်းမှာ လက်ဖက်ရည်သွားသောက်တော့
    အဲ့ မျက်နှာတင်းတင်းနဲ့ အမေဆိုလားနောက်ကို ပြေးလိုက်နေတဲ့.. ကလေးလေးနောက်က
    ရပ်ကြည့်နေတဲ့.. ဆံပင်ဖြောင်ဖြောင့်နဲ့ ထမီလေးနဲ့ လှနေတဲ့ အမျိုးသမီးလေးက
    မိုးဇိလေးလားဟင်… 😳 😳

    • အီးတီ

      November 17, 2011 at 1:05 pm

      အပေါ်ကကိုရင် မအိပ်ဘူးလား။ စောစောစီးစီးပြန်ထပြီး ဇိလေးကိုကြူနေတယ်။

      • inz@ghi

        November 17, 2011 at 1:08 pm

        သူက ဒါမျိုးဆို မျက်တွင်းကျ ဂျီးနဲ့ ကို ညမအိပ်ဘဲ လာခွီမယ့် ကိုရင်ပါကွယ်…
        သဒိထားနော် မိုးဇိလေး

  • အီးတီ

    November 17, 2011 at 1:03 pm

    မမိုးဇက်ပြောတာဟုတ်ပါတယ်။ မိဘတွေဖြစ်စေချင်တိုင်း ကလေးကလိုက်လုပ်နိုင်ဦးမှ။ မိဘတွေက
    ကိုယ့် ကလေးကို သိစေချင်၊ တတ်စေချင်၊ ကောင်းစားစေချင်တဲ့ စိတ်တွေများနေလို ့ပါ။ ကိုယ့်ကလေးက
    မိဘတွေချပေးတဲ့ လမ်းကြောင်းကို စိတ်ဝင်စားဦးမှ။ မဟုတ်ရင်တော့အလကားဘဲ အချိန်ကုန်ရုံဖြစ်မှာ။
    ကောင်းတာက မိဘတွေက ကိုယ့်ကလေးဘာစိတ်ဝင်စားလဲ ဘယ်ဘက်မှာ ထူးချွန်လဲဆိုတာကြည့်ပြီး
    လမ်းကြောင်းချပေးနိုင်ရင်ကောင်းမယ်။ တစ်ခုမှမထူးချွန်ရင်လည်း ကျွန်တော့်လို သင်္ဘောပေါ်တင်ပြီး
    ပင်လယ်ထဲမျှောလိုက်ပေါ့။ 😀

    • ကိုရင်စည်သူ

      November 17, 2011 at 1:35 pm

      အီးတီ.. တောင်မရယ်.. နာတို့ သင်္ဘောသီးတွေ
      ပင်လယ်ထဲ မျှောနေပေမဲ့… ထူးချွန်တာလေးတွေ
      ရှိပါတယ်..ဟာ… ဟီးဟီး.. 😀 😀
      သူများနဲ့မတူအောင် အရက်တွေပိုသောက်လာနိုင်တယ်.. ဟီးဟီး.. :mrgreen:
      အသောက်အစားဘက်မှာ ဘယ်ဘက်ကစမ်းစမ်း ညာဘက်ကစမ်းစမ်း
      ထူးချွန်လာတယ်…
      အဲ့ဂလိုပြောလို့ မိုးဇိလေး အထင်မလွဲနဲ့နော်..
      ကိုရင်က အသောက်အစားမရှိတဲ့ လူပျိုဂျီးး.. 😳 😳 😳
      ခရေးတွေပါတွေဆို.. ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်..
      လေသံတောင် မာမာမပြောဘူး.. နော်.. နော့..
      သတိထားလို့ ပြောတဲ့.. အင်ကြီးကို… ပိုသတိထားနော်…
      စိုးတယ်.. စိုးမိတယ်… စိုးရိမ်မိတယ်… 😳 😳

      • inz@ghi

        November 17, 2011 at 1:43 pm

        ဘာအသောက်အစားမချိဒဲ့လူပြိုဂျီးလဲ….
        သင်္ဘောသီးများ ၁လုံးရေထဲ ၁လုံးကုန်းပေါ်
        ရှိနေတာတောင် ဘီယာကပ် ဖို့ ချိန်းနေပီးတော့

        သည်သင်္ဘောသီး၂လုံးက
        ကုန်းပေါ်က အသီးက ယင်တလောင်းလောင်းနဲ့
        ရေထဲကအသီးက ရွက်ပုန်းသီးလေး…

        နီတာရဲ ကြက်မောက်သီးလေဘဲ အားပေးလိုက်စမ်းဘာကွယ်….

        • ကိုရင်စည်သူ

          November 17, 2011 at 2:09 pm

          ဟီးဟီး.. နီတာရဲလေးနဲ့ အမွှေးတလန်လန်နဲ့..
          ရင်ခုန်ဖို့ကောင်းတဲ့ မျက်မှန်နက်ကြီးတပ်ထားတဲ့
          ကဂီ့ကို ဖဦးထုတ်နဲ့ စတဲ့ ရွာသူားက ကြိတ်ခိုက်ပြီး..
          အပြတ်ပေးမယ်လို့ ကြိတ်ကြံစည်နေသည်ဟု…
          ခိုင်မာသည့် မြေအောက်သတင်းရပ်ကွက်တစ်ခုမှ
          စုံစမ်းသိရှိရပါသည်..။ 😛 😛 😛 😛

          @@ သင်္ဘောသီးသတင်းဌာန @@

        • inz@ghi

          November 18, 2011 at 6:14 am

          လုပ်ပီသည်ကိုရင်ကတော့ …
          အဲ့သည့် ဖဦးထုပ်ကို ကိုရင်နဲ့ မှော်ဆြာပဲ တသသဖြစ်နေပီးတော့..

          ဂီဂီကတော့ …..ဟင်းဟင်း ….
          အဲ့ရာသာကြည့် မိုးဇိလေးရယ်. ….သည်ကိုရင်တော့ ရွက်ပုံးသီးတောင်
          ချန်ကြတာမဟုတ်ဝူး ….
          သည်တော့ကာ အီတာလျံဘောသမား ရုပ်ရည်ရှိတဲ့ ကြက်မောက်သီးလေးကိုပဲ
          အားပေးပါကွယ်လို့ နှော်နှော်…
          😀

  • Moe Z

    November 17, 2011 at 2:06 pm

    မိုးစက်ရဲ့post တစ်ခုအရင်းပြုပြီး ကြော်ငြာဝင်နေကြသောလူဗြိုဂျီးများ ..
    ကြော်ငြာအားကောင်းပေမယ့် ရောင်းမထွက်သောကုန်ပစ္စည်းများဖြစ်နေသောကြောင့်..
    သနားမိပါ၏။ ။ 😉

  • ပေါက်ဖော်

    November 17, 2011 at 3:02 pm

    သင်္ဘောသီး နှစ်လုံးနဲ ့..ဂျာပွန်ဒါ့ပုံဆာနဲ ့..
    နဲနဲမှ အလစ်မပေးရဲဘူး..
    တစ်ခုခုဆို..တူတို ့ရှေ ့ဆုံးကပဲ..ကကြောင်ကြီးတောင် လိုက်မမီတော့ဘူး.. 😯

    မိုးစိတွေ ့တဲ့ဘွားလဒေါ်က ခလေးနဲ ့ပြိုင်ပြီး..ချိတ်ကောက်နေတာ..
    ခလေးခမျာ သနားစရာနော့..
    ကပေရေ..
    နင့်ခလေး ၃ ကောင်ကိုလဲ..သေချာဂရုစိုက်ပါဟ..
    ဆံပင်သန်ဆေးလေးဘာလေးလဲ ထည့်ပေးဦး..နော့..နော့..

    😆

  • etone

    November 17, 2011 at 3:45 pm

    ကလေးဆိုတာမျိုးက ဖယောင်းလေးလိုပါပဲ … လူကြီးတွေရဲ့ ပြုပြင် ပဲ့တင်မှုနဲ့ထပ်တူ စိတ်ခံစားမှုဖြစ်ပြီး တုံ့ပြန်ပြောဆိုတတ်ကြပါတယ် …။ အထူးသဖြင့် ငယ်ရွယ်နုနယ်တဲ့ကလေးအရွယ်ကတည်းက သေချာ လေ့ကျင့်ဖို့ လိုပါတယ် …. ကလေးစိတ်ကိုမဟုတ်ပဲ လူကြီးစိတ်ကိုပြောတာပါ … ။ လူကြီးကိုက ငါက လူကြီးပဲ .. ငါထားသလိုနေရမယ် ..ငါမွေးထားတာ စသဖြင့် အဖြူရောင်အတ္တလေးတွေ ရှိတတ်ကြတယ် …. ။ တစ်ခါတစ်လေ အရမ်းပဲ ဆန္ဒစောပြီး လုပ်မိ ၊ပြောမိသွားတာလေးတွေရှိတယ် … ဒါကို ပြုပြင်တတ်ဖို့ပါပဲ … ။

    ကျွန်မမှာ တူလေးတစ်ယောက်ရှိတယ် ဒီနှစ်မှ ကျောင်းစတတ်တဲ့ အရွယ်ပေါ့ …. ။ ယောင်းမက ဘယ်တော့မှ သူ့သားကို မရိုက်ဘူး … ။ အေးဆေးရှင်းပြပြောပြတယ် … ကလေးဆိုတာမျိုးကလည်း … အမြဲအလျှော့ပေးလျှင် … ဂျစ်တီးဂျစ်ကန်ဆိုးချင်တယ်လေ … ။ အမေဖြစ်သူက မရိုက်ရက် မထိရက်တော့ ပိုလို့ဆိုးတာပေါ့ … ။ နောက်ပိုင်း သူ ့အမေ type ပြောင်းရပါတော့တယ် … ကလေးကို မရိုက်ပဲ … တစ်ခုခုဆို ကြောက်လန့်အောင် … အာပြဲကြီးနဲ့ ကုန်းအော်တော့တာပါပဲ … ။ ကလေးကလည်း မသွားနဲ့ဆို .. လှည့်တောင်မကြည့်ဘူး ဆက်သွားနေတုန်း …. ဘာမှန်းမသိ မပီမသအော်နေတဲ့ သူ့အမေအသံကိုကြောက်လို့ ပြန်လှည့်လာတာမျိုး ၊ လုပ်လက်စကို ရပ်ပစ်တာမျိုးတော့ရှိတယ် … ။

    ကျွဲရိုက်နွားရိုက် လုပ်တတ်တဲ့ မိဘတွေကိုတော့ …. ကြည့်မရတာ အမှန်ပဲ … ကိုယ့်သားသမီးပေါ် လုပ်ရက်လွန်းလို ့ 🙁

    • Moe Z

      November 17, 2011 at 4:17 pm

      ဟုတ်တယ် မမetone ရေ
      ကလေးတွေကို ရိုက်တဲ့သူတွေကို အမုန်းဆုံးပဲ
      ကလေးတွေကတော့ ပုံစံအမျိုးမျိုးပေါ့နော် ဒါပေမယ့်အဲဒီပုံစံတွေက မိဘဆီကရတာပါ..
      သမီးမိန်းကလေးတွေအတွက် အမေက သူတို့ရဲ့ role model ဖြစ်သလို
      အဖေက သားယောက်ျားလေးတွေအတွက် role model ပဲ..
      မိဘတွေအနေနဲ့လည်း စီးပွားရေးကတစ်ဖက်ဆိုတော့
      သူတို့ရဲ့ stress တွေကြောင့် သားသမီးတွေအပေါ် ပေါက်ကွဲမိတာမျိုးလည်းရှိတတ်တယ်
      အတတ်နိုင်ဆုံး စိတ်ရှည်ပေးစေချင်တာပါ။
      အလိုလိုက်ဖို့ပြောတာမဟုတ်ဘူးနော် အနုနည်းနဲ့သိမ်းသွင်းတတ်ဖို့လိုတာပေါ့..

  • htoosan

    November 17, 2011 at 4:44 pm

    မိုးဇက်ရေ … ကလေး ပေမဲ့လည်း ရိုက်သင့်တဲ့ အခါ ရိုက်ရပါတယ်။ ဒေါသ မပါစေဖို့ နဲ့ ၊ သူ့ကို ဘာ အပြစ်လုပ်လို့ ရိုက်ရတယ်ဆိုတာ အရင်ရှင်းပြပြီး တင် ၊ ပေါင်၊ ခြေသလုံး စသည့် မထိခိုက်မဲ့ နေရာများကို အပြစ် အကြီး အသေးပေါ်မူတည်ပြီး ရိုက်ရန်လိုပါက ရိုက်သင့်တယ်လိုထင်ပါတယ်။
    အသား နဲနဲနာသွား ရင် မှတ်သွားရင် နောင် အပြစ်မလုပ်တဲ့အတွက် နောက် ရိုက်စရာမလို တော့ပါဘူူး။
    လုံးဝမရိုက်ဘဲ ပါးစပ်နဲ့ဘဲ ဆုံးမတာတွေဟာ နဲနဲ ကြီးလာတဲ့ အခါမှာ ဆုံးမ ရ ခက်တတ်ပါတယ်။ အမေ က ဆုံးမ ရင် အဖေ ကဝင် မပါသင့် သလို အဖေ ကဆုံးမရင် အမေ ကလည်းဝင်မပါ အောင့်အည်းနေပြီး ပြီးမှ ဘာကြောင့် အခုလို ကလေးကို အပြစ်ပေးခံရတယ်ဆိုတာ ထပ်ရှင်းပြသင့်ပါတယ်။
    အမေနဲ့ အဖေ အပြစ်ပေးတာ မကျေလည်ကြရင်တော့ နောက်မှ ခလေးကွယ်ရာမှာ စာရင်းရှင်းကြပေါ့။

    • Moe Z

      November 17, 2011 at 4:56 pm

      အမေက ဆုံးမရင် အဖေကဝင် မပါသင့် သလို အဖေ ကဆုံးမရင် အမေ ကလည်းဝင်မပါသင့်ဘူးဆိုတာမှန်ပါတယ်
      ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ်စတဲ့ တစ်ယောက်ယောက်က ကလေးကိုကောင်းစေချင်တဲ့စိတ်နဲ့ ဆုံးမရင်(ပါးစပ်နဲ့) မှားနေရင်တောင်
      မိဘတွေက ကလေးရှေ့မှာဝင်ပြီး ကာပြောပေးတာမျိုးမလုပ်သင့်ပါဘူး
      ကလေးရဲ့စိတ်ထဲမှာ လူကြီးတွေအပေါ်လေးစားတဲ့စိတ်လျော့သွားနိုင်ပါတယ်

      ရိုက်သင့်ရင်ရိုက်ရတယ်ဆိုတာတော့ သဘောမကျဘူး
      ရိုက်မယ့်အစား တခြားနည်းလမ်းနဲ့အပြစ်ပေးလို့ရပါတယ် အသက်အရွယ်ပေါ်မူတည်ပြီးတော့လေ

  • MaMa

    November 17, 2011 at 5:14 pm

    ကိုထူးဆန်းပြောတာကို သဘောကျတယ်။
    ဟိုတလောကပဲ ဖော်ဝေါ့မေးလ်ကနေ အမေရိကန်ရောက် တရုတ်နွယ်ဖွား မိခင်ရဲ့ သားသမီးကို ခပ်ကြမ်းကြမ်းဆုံးမကိုင်တွယ်ပြီး လမ်းကောင်းလမ်းမှန်ရောက်အောင် သွန်သင်ပေးနိုင်တယ်ဆိုပြီး ရေးထားတဲ့ စာ ဖတ်လိုက်ရသေးတယ်။

  • windtalker

    November 17, 2011 at 7:21 pm

    မိုးလေးရဲ ့စာကို ဖတ်မိတော့
    ကျုပ်ငယ်ဘဝ က အဖြစ်ကိုများ သိနေလို ့လားလို ့တောင် တွေးမိတယ်
    ကျုပ်ရဲ ့ပီတု ( ဖခင် ) ကြီးဟာ ဆိုရင် ၊ အင်မတန်မှ အရိုက်ကြမ်းတာကလား ဗျ

  • alinsett

    November 17, 2011 at 7:29 pm

    အိမ်း…….. ဘယ်လိုပြောရမလဲ…ဆိုတော့…

  • ကြော်ငြာဝင်လိုက်အုံးမယ် ဒီပိုစ်ကိုဖတ်တော့ ကျနော်အပိုင်းတွေခွဲတင်ခဲ့တဲ့ မေတ္တာဖြင့်စီးဆင်းသောကို ပြန်သတိရမိတယ်။

  • သော်ကြီး

    November 17, 2011 at 10:55 pm

    လူ့စွမ်းအားအရင်းအမြစ်ကလေးတွေကို သေချာထိန်းကျောင်းပေးရမှာပေါ့။ ဒါမှ အနာဂတ်တွေလှပနိုင်မှာလေ။ဒေါသရှေ့ထားရင်တော့မှားဖို့များတာပေါ့။ နည်းလမ်းနှင့်အညီ ဆုံးမတတ်ဖို့တော့ အဘိုး၊အဘွား၊ဦးကြီး၊ဦးလေး၊ဒေါ်ကြီး၊ဒေါ်လေး တို့ကိုပါ သင်ပြပေးထား ရမှာနော်။ သူတို့ကပိုကဲတယ်။ ရှေ့ကနေ ကာဆီး ကာဆီး လုပ်နေတတ်တယ်။ လမ်းမှန်ကို ပြပေးနိုင်ရမှာနဲ့ ကလေးရဲ့ ပါလာတဲ့ ဗီဇကလဲ အရေးပါတယ်ဆိုတာ မမေ့ကြဖို့ပါ။ကျေးဇူးတင်ပါတယ်။ အားလုံးကိုပေါ့ ။

  • hmee

    November 18, 2011 at 12:21 am

    အံမယ် လူပျိုကြီးတွေ အပျိုကြီးတွေ အပျိုလေးတွေ စုံလို့ပါပဲ ကလေးအကြောင်းပြောနေကြတာ။ ကလေးတယောက်လောက်ဖြင့် အဖြစ်ရှိအောင် မမွေးနိုင်သေးပဲနဲ့။ 🙂 ကလေးတယောက် ထိန်းသိမ်းရတာ လွယ်မှတ်လို့။ ကလေးလေးပဲဆိုပြီး လျှော့တွက်လို့ မရဘူး မိုးဇက်ရေ။ နားလည်အောင်လည်း ရှင်းပြရတယ်။ သဘောပေါက်အောင်လည်း ပြောပြရသလို တခါတခါတော့ လန့်သွားအောင် တချက်လောက် ခပ်စပ်စပ်လေး ရိုက်လိုက်မှ မှတ်တာမျိုး ရှိသေးတယ်။ မဟုတ်လို့ကတော့ နားရွက်ကိုက်ခံရတဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။ သူတို့ကလည်း ငယ်သာငယ်တာ မိဘကို ရမလားဆိုပြီး ပညာစမ်းသေးတာနော့်။ ကလေးဆိုတာ ၅နှစ်ထိ ချော့ပြောရတယ်။ ၁ဝနှစ်ထိ ရိုက်သင့်ရိုက်ရတယ်။ ၁ဝနှစ်ကျော်ရင် သူငယ်ချင်းပေါင်းပေါင်းရတယ်တဲ့။

    • etone

      November 18, 2011 at 4:41 pm

      မမှီသားလေးကတော့ အရမ်းလည်တယ်နော် … ။
      နေထိုင်ရာဒေသကွာလို့လည်းပါတယ် … မိဘ အထောက်ပံ့သင်ကြားပေးမှု……………… ကောင်းလို့လည်းပါတယ် … ။

      တရက်တော့ မမှီနဲ့ အွန်လိုင်းကနေ ရိုက်နေတုန် း သူ့သားလေးက လာဝင်ရိုက်တယ် … 2နှစ်သာရှိသေးတဲ့ကလေးနဲ့ တသက်နဲ့တကိုယ် ပထမဆုံးအကြိမ်ချက်တင်လုပ်ဖူးတာပါ … အရမ်းလည်း အံ့ဩသလို အရမ်းလည်း ချီးကျူးမိသွားတယ် … ။ သူ့နာမည်လေးပြောပြီး နေကောင်းလား အန်တီဆိုပြီး ခဏလေးရိုက်သွားပေမယ့် …ကလေးတွေမြင်တိုင်း မမှီသားလေးရဲ့ ထက်မြက်ပုံလေး သတိရနေမိတုန်းပဲ … ။ 🙂

      • Moe Z

        November 18, 2011 at 4:55 pm

        ဒါဆိုမမမှီသားလေးက တော်တော်ချစ်စရာကောင်းမယ်နော်
        မြင်ဘူးချင်လိုက်တာ

        • hmee

          November 18, 2011 at 10:25 pm

          မိုးဇက်ရေ ရွာထဲက လူကြီးတွေကို ကြောက်လို့ ရှောင်ချင်ရင်ပြော မမှီချွေးမတော်မယ်လေ သားက လူချောနော်။ 🙂 တုံရေ သူ့မှာက ဒါပဲ ဆော့စရာရှိတာလေ။ တရက် တရက် သားနဲ့ အမေ ကွန်ပြူတာပဲ လုနေရတယ်။ 🙂 ဒါနဲ့ အိမ်ကလူကြီးက အချိန်ကန့်ပေးထားတယ် သားက မနက်ပိုင်း ၁၁နာရီထိ၊ အမေက ညနေပိုင်းဆိုပြီးတော့လေ။ ဒါတောင် အမေ ချက်တင်ဝင်ရင် သူကပါပြီ။ 🙂 အမကတော့ အသက် ၃၅နှစ် အစ္စရေးရောက်မှ အင်တာနက် စသုံးတတ်တာ။ သူကတော့ နှစ်နှစ်ကျော်နဲ့ ကီးဗုတ်၊မောက်စ် ကောင်းကောင်းကိုင် တတ်နေပြီ။ လိုချင်တဲ့ ကာတွန်းကို ယူကျုကနေ ရှာတတ်နေပြီ။ တုံ ပြောသလို နေထိုင်ရာ ကွာတာလည်း ပါသလို အလွယ်တကူ မြန်မြန်ဆန်ဆန် သုံးလို့ရတာလည်းပါမယ် ထင်တယ်။ 🙂

        • Moe Z

          November 21, 2011 at 9:07 am

          မမမှီရေ စောင့်တော့စောင့်ချင်ပါတယ် 🙂
          ဒါပေမယ့် ယောက္ခမက ၃၅နှစ်ဆိုရင် မိုးစက်ထက် ၁ဝနှစ်ကျော်ပဲကြီးမှာ
          အဆင်မပြေလောက်ဘူး 😀

        • inz@ghi

          November 21, 2011 at 9:14 am

          ဂီတိဘီ ဂီတိဘီ …
          မိုးဇိလေးက အန်ဒါ တွမ်ထီဖိုက် ပေါ့နော်….
          ဟရား ဟင်…ညလေး ….
          ဂီကလည်းလေ တိရား…ခုမှ တွမ်ထီဖိုက်တာ ….

          ဗျို့ ကရင်စီ …တော်ရာတွားနေစမ်းကွယ်…
          တွေ့ရား ….တားတားတို့ အရွယ်ဝတ်ကလေး …အဟိ …..

  • Moe Z

    November 18, 2011 at 8:51 am

    မမရေ
    မမပြောတဲ့ ဇာတ်လမ်းကိုမိုးစက်က မသိတော့ ဘာပြောရမလဲမသိဘူးပေါ့နော်

    ကိုပေ၊ ကိုအလင်းစက်၊ ကိုပေါက်
    ဝင်ဖတ်ပေးတာကိုကျေးဇူးတင်ပါ၏။ ကိုပေါက်ရဲ့ကြော်ငြာကို ရှာဖတ်ကြည့်ပါဦးမယ်

    ကိုသော်ကြီး (ကိုတပ်ခေါ်လိုက်တာမှန်မယ်ထင်တယ်နော်)
    ဝင်ပြီးဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်
    ဟုတ်ပါတယ် ကလေးတွေက ပိုပြီးတိုးတက်အောင်မြင်တဲ့အနာဂတ်မြန်မာနိုင်ငံကို ဖန်တီးပေးမယ့်သူတွေပါ
    အခုကလေးတွေက အရာရာအတတ်မြန်ကြတယ် ဉာဏ်လည်းကောင်းကြတယ်
    လူကြီးတွေက ငါလူကြီးပဲငါပြောသလိုလုပ်ဆိုတာမျိုး မလုပ်မိဖို့ပါပဲ

    မမမှီရေ
    ကိုယ်တိုင်မမွေးဘူးပေမယ့် 🙂 ကလေးတစ်ယောက်ထိန်းရတာ မလွယ်ဘူးဆိုတာသိပါတယ် 🙂
    မိုးစက်ကျောင်းပြီးကာစက Int’l School တစ်ခုမှ ဆရာမလုပ်ခဲ့တယ်
    First experience အနေနဲ့ KG Teaching Assistant လုပ်ရပါတယ်
    အဲဒီတုန်းက ကြုံခဲ့တဲ့ကလေးလေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်
    ကလေးအဖေက စစ်တပ်ကအရာရှိတစ်ယောက်၊ အမေကလည်းဘွဲ့ရပြီးသား
    သူတို့နှစ်ယောက်လုံးက အရမ်းစကားနည်းတယ်
    ကလေးကိုကျောင်းအပ်တော့ ၄နှစ်ရှိပြီ စကားကောင်းကောင်းမပြောတတ်ဘူး
    သူလုပ်ချင်တာ ဖြစ်ချင်တာကိုပြောတတ်တယ် သူများပြောတာကိုနားထောင်ရကောင်းမှန်းမသိဘူး
    အဲဒီကလေးကျောင်းလာတိုင်း အရှိူးရာတွေပါလာတတ်တယ်
    စာသင်နှစ်တစ်ဝက်လောက်ရောက်မှ တစ်ခြားကလေးတွေနဲ့စကားပြောလာတယ်
    အိမ်မှာပြုစုပျိုးထောင်ပေးတဲ့နည်းလမ်းကမှားနေရင် အဲဒီကလေးအပြင်မှာလည်းအောင်မြင်ဖို့မလွယ်ဘူး
    အခုလည်းမိုးစက်ရဲ့အလုပ်က child care နဲ့ဆက်စပ်နေလို့ ဝင်ပွားထားတာပါ 😛

  • Pearl May

    November 18, 2011 at 11:50 am

    ဟုတ်တယ်။ကလေးတွေကိုထိမ်းသိမ်းကိုင်တွယ်ရတာ အတတ်ပညာတစ်ခုပါ။ ၁ နှစ်ကျော် ၂ နှစ်ကလေးတွေဆိုရင် အရမ်းလည်း နုနယ်သေးတယ် အသိလေးတွေကလည်း ဝင်စပြုတဲ့အရွယ် စကားစပြောပြီး အရမ်းချစ်စရာကောင်းတဲ့အရွယ်ပါ။ ဟိုဟာ ဒီဟာ မလုပ်ရဘူးပြောရင်နားလည်တယ်။ သိတယ်။ ဒါပေမယ့် နားမထောင်ဘူး။ လူကြီးတွေကသူ တို့ကို ချစ်မှန်းလည်းသိတော့ ဂျစ်တိုက်တယ်။ သူတို့ကို နည်းလမ်းပေါင်းစုံနဲ့ ချော့ရ အာရုံပြောင်းရတယ်။ သူတို့ကိုချီပြီး ကရ ၊ ခုန်ရတယ်။ ဆင်လိုအော်ပြ၊ ခွေးလိုအူပြ၊ကြောင်လိုအော်ပြ။ စကားတတ်စဆိုတော့ သူတို့ကိုတတ်စေချင်တဲ့ ကဗျာ စာတွေကို ထပ်ခါထပ်ခါဆိုပြ၊ ကပြနဲ့ အရူးလိုပါပဲ။ ကိုယ်ကပဲကလေးချစ်တတ်တော့ ပိုနေတာလားတော့မသိဘူး။ အခုနောက်ထပ်နည်းလမ်းရထားတယ်။ ကလေးတွေက သူတို့ ပူဆာတာမရမချင်း အော်နေတတ်တဲ့ အကျင့်ရှိတယ်။ ပြီးတော့ သူတို့ကိုလူရာသွင်းပြီး လူကြီးလိုဆက်ဆံတာ ကြိုက်တယ်လေ။ အခု သူတို့ပူဆာတာ ထိမ်းတဲ့ နည်းတစ်ခုရထားတယ်။ သူတို့အ ပြင်သွားမယ်လို့ စပြောတာနဲ့ ကိုယ်ကသူတို့ကို ကြည့်ပြီး ပြင်တွားမယ် ပြင်တွားမယ်လို့ အဆက်မပြတ်အော်ပြီး သူတို့လုပ်လေ့ရှိတဲ့ အမူအရာလုပ်လိုက်တယ်။ ပထမတော့ကြောင်ပြီးကြည့်နေတယ်။ ခဏနေတော့မှ တခစ်ခစ်ရယ်ပြီး ပြင်တွားနဲ့ နေပူတယ်တဲ့။ သူတို့က ဂျယ်လီစားမယ်လို့ပြောလိုက်တာနဲ့။ ခုနကအတိုင်းလုပ်လိုက်တယ်။ အဲဒီတော့ သူတို့က ဂျယ်လီချားနဲ့ မန်မန်အရင်ချား တဲ့။ ကဲ ကြည့်ပါဦး။ သူတို့ အကုန်နားလည်တယ်။ အခုဒီနည်းသုံးနေတာ ၃-၄ ရက်လောက်ရှိပြီ။ ဘယ်လောက်ကြာကြာခံမလဲတော့မသိဘူး။ ပျော်စရာလည်းကောင်းလို့မျှဝေတာပါနော့။ အထာမကျရင်ခွင့်လွှတ်စေချင်။ 🙂

    • Moe Z

      November 18, 2011 at 2:52 pm

      ကြိုဆိုပါတယ် မပုလဲမေ
      မိုးစက်က ဘာမှမဟုတ်ပါဘူး
      ကလေးတွေကို ချစ်တာရယ် child care ကိုစိတ်ဝင်စားတာရယ်ပဲရှိပါတယ်
      ဘယ်လိုအတွေ့အကြုံမျိုး၊ အမြင်မျိုးကိုမဆို လက်ခံပါတယ်
      ကလေးတွေနဲ့ နေရတာပျော်စရာကောင်းပါတယ်
      တော်တော်လည်းပင်ပန်းပါတယ် 🙂

  • ကလေးချစ်တာကိုတော့ ဘာမှမပြောလိုဘူးနော်။
    ရွာထဲမှာတော့ ကျနော့်တူ ကြောင်ကြီးကို သတိထားပါ။
    အပျိုမြင်တာနဲ့မာန်တွေဖီနေတာရယ်

    • Moe Z

      November 18, 2011 at 4:24 pm

      အခု သူ့ထက်ဆိုးတဲ့သူတွေပေါ်နေပြီ လေးလေးပေါက်ရေ 🙂

  • mummymoon

    November 18, 2011 at 7:42 pm

    တကယ်တကယ်ပါ– ကလေးတွေက တစ်ခါတစ်လေ ဘယ်လိုစိတ်တိုဖို့ ကောင်းမှန်းမသိဘူး– ဆူလိုက်ပြန် တော့လဲ သူတို့ဘာမှမသိတဲ့ပုံစံမျက်နှာပေးလေးတွေနဲ့— ကလေးထိန်းသိမ်းနည်း ပညာက အပြောလွယ်သလောက် တကယ်ခက်တဲ့မျိုး–

  • htoosan

    November 18, 2011 at 9:10 pm

    mummymoon တို့ မျောက်လွှဲကျော်လေးတွေ ရထားပြီထင်တယ်။

  • htoosan

    November 18, 2011 at 9:10 pm

    mummymoon တို့ မျောက်လွှဲကျော်လေးတွေ ရထားပြီထင်တယ်။ 😀 😀

  • Moe Z

    November 21, 2011 at 8:57 am

    mummymoon ရေ အဲဒီမျောက်လွှဲကျော်လေးတွေကို ကိုထူးဆန်းဆီ ပို့ပေးလိုက်ပါ
    စေတနာ့ဝန်ထမ်းလုပ်ပေးမယ်တဲ့

Leave a Reply