မိုးလောက်ကြီး ချစ်ပါတယ် Sky-like love

ကေသရာဇာ
ခြင်္သေ့မင်းဆိုပြီး
အထင်ကြီးမိတာ
လက်တွေ့မှာတော့
သနားစရာ
အမှားကြီးမှားခဲ့ပေါ့၊
အစောတုန်းကတော့
အပြောမိုးလောက်ကြီး
တတောလုံးကို
ပြောင်းပြန်
လှန်ပစ်မတဲ့
ယုံခဲ့မိပါတယ်
ထစ်ချုန်းမိုးလို
ဟိန်းလိုက်ဟောက်လိုက်နဲ့
ရွာတော့လည်း
တပေါက်နှစ်ပေါက်
ဒါတောင်
ပူနောင်ချပ်ခြိမ်း
လွန်ဆွဲပွဲကယ်လို့
အစဉ်အလာဆိုတာ
တရားသေ
ဖက်တွယ်စရာ
မဟုတ်ပေမဲ့
မူကိုလေးစားမှ
လူရာဝင်မယ်
အမြန်ရထားတစင်း
ဘူတာဝင်ခါနီး
အရှိန်လျော့ပေးတာ
နားလည်နိုင်ပေမဲ့
တဘီးချင်းနေလှိမ့်ဖို့
မလိုဘူး
စကားပုံဆိုရိုးအတိုင်း
လဖက်ကောင်း
စားချင်လို့
ပလောင်တောင်တက်
နှေးခဲ့ရတာ
နားလည်ပါတယ်
တောတောင်ထူထပ်
အလီလီကျော်ဖြတ်
အရွက်ဆွတ်ခါနီးမှ
အပြန်ခရီးဝေးတယ်
လက်တဆုပ်စာပဲယူမယ်
ဆိုရင်တော့
အပြောင်းအလဲ
မြန်လွန်းပါတယ် ချစ်သူရယ်…။
အဆိုအတီးမရ…ခိုညီးသလိုကပါတဲ့….အပျိုဂျီးမမ….အားနာဒယ် သို့…..
12 comments
inz@ghi
November 18, 2011 at 7:26 pm
သူ့မီးဒုတ်ကြီး မီးမစွဲလို့ ယမ်းပုံမီးကျ ချိုးချလိုက်တဲ့ကဗျာ…

ကဗျာအမျိုးအစားသစ် – ဒုတ်ယမ်းချိုး …
(ကိုကိုကြောင် တီထွင်ဖန်တီးသည်..)
alinsett
November 18, 2011 at 7:26 pm
ဦးကြောင်က ဒါမျိုးတွေ..ဆို တယ်ကောင်း….
windtalker
November 18, 2011 at 7:47 pm
ကိုကြောင်ကြီး ၊ စကားပြေနဲ ့အော်ရတာ မောလို ့
ကဗျာနဲ ့ပါ ၊ “ ကြောင်ကြီး သဘောထား ” တွေ လုပ်ကုန်ဘီ ဟ
“တောတောင်ထူထပ်
အလီလီကျော်ဖြတ်
အရွက်ဆွတ်ခါနီးမှ
အပြန်ခရီးဝေးတယ်
လက်တဆုပ်စာပဲယူမယ်
ဆိုရင်တော့
အပြောင်းအလဲ
မြန်လွန်းပါတယ် ချစ်သူရယ်…။”
( အရမ်းကြိုက် ၊ အားကြီးကြိုက် ၊ အထူးအထူးရှယ်ကြိုက် )
အမေစု သို ့ကိုကြောင့် ပေးကဗျာ လို ့ခေါင်းစဉ်တပ်ရမှာနော
ပေါက်ဖော်
November 18, 2011 at 7:52 pm
အပြောင်းလဲမြန်တဲ့ချစ်သူကို… ၃၉ ဗိုက်ပူကြီးစီးခိုင်းလိုက်ပါလား..

ဂျုန်းဂျုန်းကျနေဘီ့..ဂျုန်းဂျုန်းကျနေဘီ့….
အီးတီ
November 18, 2011 at 8:06 pm
ဘူတာဆိုလို ့ ဟာသတစ်ခုဖတ်ဖူးတယ်။
လူတွေဟာ ငယ်ငယ်တုန်းက ဘူတာတိုင်း ဆိုက်တယ်တဲ့။
လူလတ်ပိုင်းရောက်တော့ ဘူတာကို ရွေးပြီးဆိုက်တယ်တဲ့။
လူကြီးပိုင်းလည်းရောက်ရော ဘူတာတစ်ခုထဲပဲ ဆိုက်တော့တယ်တဲ့။
Thanlwinoo
November 18, 2011 at 8:14 pm
ဦးကြောင်ရေ..
ကျွန်တော်တစ်ဦးတည်းအနေနဲ့ပြောရင် NLD မှတ်ပုံတင်တာကြိုက်တယ်..။ ရွေးကောက်ပွဲဝင်တာမကြိုက်ဘူး…။
ဒါပေမယ့် ကာယကံရှင် NLD နဲ့ အများရဲ့ရွေးချယ်မှုကို လေးစားပါတယ်..။
လက်ရှိရတဲ့အခြေအနေကို အကောင်းဆုံးဖြစ်အောင် အသုံးချပြီး အောင်မြင်မှုပန်းတိုင်ရောက်အောင် နှလုံးရည်နဲ့ ညီညာဖျဖျ ဆောင်ရွက်ရဦးမှာဖြစ်လို့ ဦးကြောင်တို့ ကိုပုတို့ရဲ့ ထိမိတဲ့ဝေဖန်ထောက်ပြချက်တွေကို လိုအပ်သလို ဆက်လက်ရေးသားပါဦးလို့…. ။
အစဉ်အားပေးလျက်…။
blackchaw
November 18, 2011 at 8:44 pm
ခင်ဗျားခံစားချက်ကို နားလည်ပါတယ် ကြောင်ကြီးရေ။
ကျွန်တော်လည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်တာ မကြိုက်တဲ့အထဲကပါပဲ။
နည်းနည်းလေးစောင့်ကြည့်လိုက်ပါဦးဗျာ။
ဒီညနေပဲကြားတာ ဟီလာရီကလင်တန် ရန်ကုန်လာမယ်ဆိုလား။
စစ်တုရင်ရွှေ့ကွက်တွေက စိတ်ဝင်စားဘို့ကောင်းလာပါပြီဗျာ။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
November 19, 2011 at 1:50 am
ဦးကြောင်ရေ။ ကျွန်တော်က ကျပ်သိပ်မပြည့်ဘူး။ ပေါက်ကရပဲတွေးတတ်တာ။ ဟိုလေ၊ ဒီလုပ်ရပ်ကြောင့် အမေစု အသက်အန္တရာယ်များ ရှိပြီလား၊ ခုလောလောဆယ်တော့ မဟုတ်ဘူးပေါ့။
aye.kk
November 19, 2011 at 6:10 am
အပြောနှင့်ညီ
ပြုမည်သင့်လျှက်
ထွက်သည့်ဆင်စွယ်
ပြန်ဝင်လွယ်က
နောင်မယ်အရေး
မအေးရကာ
မင်းမှာဂတိ
ဆိုသည့်စကား
မြဲစေသားဟု
စွဲထားမှတ်ယူခက်ကြကုန်..။
small cat
November 19, 2011 at 6:44 am
ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ……..
မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ………..
၃၁ ဘုံ မလွတ်ကင်းသရွေ့ ကရွတ် ကင်းလျှေက်တဲ့ တေးဘုမ္မာ
အဲဒါ…အဲဒါ….အဲဒါ ဘဝသံသရာ
thit min
November 19, 2011 at 6:56 am
ကေသရာဇာ
ခြင်္သေ့မင်းဆိုပြီး
အထင်ကြီးမိတာ
လက်တွေ့မှာတော့
သနားစရာ
အမှားကြီးမှားခဲ့ပေါ့၊
အစောတုန်းကတော့
အပြောမိုးလောက်ကြီး
တတောလုံးကို
ပြောင်းပြန်
လှန်ပစ်မတဲ့……………
……………………..ဒ်ီအထိ ဆိုရင် ဟိုကလေးဖတ် စာစောင် နာမည်နဲ့လူကြီးကိုပြောနေတာထင်လို့။
koyinmaung
November 19, 2011 at 10:23 am
ကိုကြောင်ကြီးရေ
ကိုကြောင်ကြီးရဲ့စေတနာနဲ့အယူအဆကိုလေးစားပါတယ်
ဒါပေမဲ့လဲဒေါ်အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်ကိုလဲ
ကျနော်တို့ကကြိုဆိုရမှာပါ…..
ထဲ့ထဲ့ဝင်ဝင်ပြောနိုင်တာကလဲသူတယောက်ဘဲရှိတော့
ကျနော်တို့ပြည်သူတွေကဝိုင်းဝန်းထောက်ခံဘို့အရေးကြီးတယ်လို့
ယူဆလို့ပါ…