Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးလမ်းပေါ်က အန္တရာယ်တွေ

Diamond KeyNovember 23, 20111min38118

မန္တလေးက အခုနောက်ပိုင်းမှာ မီးအပျက်များ လာပါတယ်။ ဒီလိုမီးအပျက်များတဲ့ အထဲမှာမှ လမ်းမီးတွေက မလင်း။ မှောင်မဲနေတဲ့ မန္တလေးက ညလမ်းတစ်နေရာမှာ၊ တိတိကျကျ ပြောရရင်တော့ မန္တလေး ၄၂ လမ်း မီးရထား ဂုံးကျော်တံတားမှာပါ။

လမ်းကမှောင်မှောင်မဲမဲမို့ ဆိုင်ကယ်ရှေ့က မီးရောင်လေးအားကိုးနဲ့ ၄၂ လမ်း မီးရထား ဂုံးကျော်တံတား ကို မောင်းတက်လာခဲ့သူ၊ လမ်းကလည်း လကမ္ဘာဆိုတာ မမြင်ဖူးမရောက်ဖူးကြရင် ဒီလမ်းကြည့်ဟေ့လို့ ဂုဏ်ယူနိုင်လောက်တဲ့ လမ်း၊ ဒီလမ်း ဒီနေရာက ဂုံးတက်လေးမို့ မောင်းတက်လာခဲ့ရာမှာတော့ ဂုံးထိပ်တဲ့တဲ့ အရောက်မှာ လားလား………..ဘွားခနဲ့ တွေ့လိုက်ရတာက ဆူးအများနဲ့ သံအဆီးအတားကြီးက မမြင်ရတဲ့ အမှောင်ထဲမှာ အန္တရာယ်ကို ဖိတ်ခေါ် နေပါသဗျာ။ သတိနဲ့ ဘရိတ်နင်းလိုက်တော့ နောက်ကနေ အရှိန်နဲ့ တက်လာနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေမှာလည်း ကျွိ၊ ကျွက်နဲ့ ပေ့ါ။

ဒီသံဆူးကြိုး အထပ်ထပ်နဲ့ အတားအဆီးကြီးတွေကို ပေါက်နေတဲ့ လမ်းကို မပြင်နိုင်သေး သရွှေ့တော့ လမ်းထပ်မပျက်စေဖို့ သွားလာနေကြတဲ့ သူတွေ အန္တရာယ်တွေ ဘယ်လိုရှိရှိ တာဝန်ရှိသူတွေကတော့ လမ်းပျက်နေတဲ့ နေရာတွေပေါ်မှာ ထားနေအုံးမှာပေါ့။ ဒီတာဝန်ရှိသူတွေ အထက်က တာဝန်ကြီးကြီးရှိသူတွေ ကပြုပြင်ဖို့ မပြောကြသရွှေ့တော့ မန်းသူမန်းသားတွေမှာ အန္တရာယ်တွေကို ရှောင်ကာ ကွင်းကာနဲ့ သွားနေကြရအုံးမှာပါ။

လမ်းကြီးတစ်ခုလုံး မပြင်နိုင်သေးရင်တောင် လမ်းပေါက်လေးလောက် ဖါပေးနိုင်တဲ့ သူပေါ်လာမယ့် တစ်နေ့မှာတော့  ………………………………..ဒီအများ ရှင်လူ အန္တရာယ် ရှိနေတာကြီးတွေ ပျောက်စေချင်လှပေါ့ ။

လမ်းပေါ်က အန္တရယ်

18 comments

  • zaymdy

    November 23, 2011 at 1:37 pm

    အထက်ကို တင် ..ပြပေးပါမယ်ခင်ဗျာ…. အထက်မှ လေသံ…ဒီကိစစအတွက် ..စဉ်းစားနေပါတယ်ခင်ဗျာ(ဝန်ကြီးတစ်ယောက် လေသံ) :P…

  • windtalker

    November 23, 2011 at 1:54 pm

    အိမ်း
    ပြီးခဲ့တဲ့ တစ်ပါတ် ကတော့
    မန်းတလေးတိုင်းဒေသကြီး ဝန်ကြီးပေါင်းစုံ ဆွေးနွေးပွဲ ကျင်းပခဲ့သတဲ့
    အဲဒီမှာ ပြောခဲ့ကြမှာပါကွယ်
    ဒီတော့ လူကလေး စိန်သော့အနေနဲ ့မှတ်ယူထားဖို ့က
    “ မကြာခင်ပြင်ချင်ပြင်မယ်
    နောက်နှစ်မှ ပြင်ချင်ပြင်မယ်
    ဒါမှမဟုတ် ပြိုသွားတဲ့အထိ ထားပြီးမှ အသစ်ပြန်ဆောက်ချင် ဆောက်မယ် ” တဲ့ ကွဲ ့
    ဟီဟိ
    ( အဘဖော လေသံဖြင့် မန် ့ထားပါသည် ။ စိတ်မဆိုးပါနဲ ့ကိုစိန်သော့ခင်ဗျာ ။ လွန်တာရှိ ဝန္တာမိ ပါ )

  • ဒီလိုမျိုးကတော့ ကျနော်လဲကြုံဘူးတယ်။
    တစ်ခါကတော့ မညီမညာဖုံးထားတဲ့ သံပြားကြီးအပေါ်ကို အရှိန်နဲ့တက်ချသွားတာ။
    ပြန်အကျမှာတော့ ဂလုံဂလွမ်ဆူညံသွားတာပါဘဲ။
    အခုကိုစိန်သော့ပြောတဲ့တံတားပေါ်ပါဘဲ။
    အဲဒါက ၄၂လမ်း ကုန်းကျော်တံတားလေ။

  • cobra

    November 23, 2011 at 4:44 pm

    တခုခုဖြစ်ရင်လည်းသူတို့ဖြစ်တာမှမဟုတ်တာ
    သူတို့ကတော့နေနိုင်တာပေါ့

  • water-melon

    November 23, 2011 at 6:16 pm

    ၄၁ လမ်းဂုံးကျော်က တော်တော်ကို စုတ်တာ။ အားမငယ်ပါနဲ့ အလှူရှင်ပေါ်လာတော့မှာပါ။

  • htoo

    November 23, 2011 at 6:28 pm

    ကျွန်တော်တို့မြို့မှာလဲ အမှောင်နယ်ကအပေါက်ကြီး သတင်းတက်ပြီး ၁ ပတ်
    အတွင်း စည်ပင်က ဖာထေးပြုပြင်ပေးပါတယ်။
    တံတားကြီးအပေါ်က အပေါက်ကတော့ ၆ ပေ ပတ်လည်ခန့်ရှိပါတယ်။
    ခုတော့ အပေါက် ကင်းစင်သွားပါပီ။
    Diamond Key တို့ဆီက အပေါက်ကြီးလဲ အမြန်ဆုံး ကောင်းသွားပါစေရန်
    ဆုတောင်းပေးပါတယ်။

  • TTNU

    November 23, 2011 at 11:27 pm

    ကိုစိန်သော့ ရေ..
    ဓာတ်ပုံနှင့်တကွတင်ပြထားပြီမို့ လှုပ်သွားနှိုင်ပါတယ်။
    ဟိုတစ်ပါတ် ကိုဘီလူးတင်တဲ့ MICBကြီး အတော်ခါသွားတယ်ထင်ပါရဲ ့။
    ကောင်းအောင်လုပ်ဖို့ လိုက်လံနှိုးဆော်၊ ဖော်ပြဆွေးနွေး၊ ကြိုဆိုပါတယ်။
    ကိုယ်တိုင်မလုပ်နှိုင်တာမို့ ရှင်တို့ ဆောင်ရွက်တာတွေကို လက်ခုပ်တီးပေးနေတဲ့ သူပါ။

    • Diamond Key

      November 24, 2011 at 9:34 am

      တီနုတို့တစ်တွေ ဒီလိုအားပေးနေလို့ အားရှိပါ့ဗျာ။ ပြီးစလွယ်လုပ်ထားတာ အမြင်မတော်လွန်းလို့ပါ။ 😎
      အများပြည်သူ အန္တရာယ် မရှိစေချင်တာ တစ်ခုပါပဲ။

  • ပေါက်ဖော်

    November 24, 2011 at 10:22 am

    ရန်ဂုန်မှာတော့..ပလက်ဖောင်းတွေလှိမ့်ပြင်နေတယ်..ဗျာ
    ဘာတဘောလဲ တော့ မတိဘူး….
    အမှန်က လမ်းတွေကို ဦးစားပေးပြင်ရမှာ..ပလက်ဖောင်းတွေလျှောက်ပြင်နေတယ်..
    စည်းကမ်းရှိတဲ့ပြည်သူတွေက ပလက်ဖောင်းပေါ် တော်တော်လျှောက်ကြတာဂိုး..
    ပြောကိုပြောချင်ပါဘူး.ပြောချင်ဘူး..ပြောချင်ဘူး..ပြောလို ့လဲ မတတ်တော့ဘူး.
    😆

    • ကြောင်ကြီး

      November 24, 2011 at 10:35 am

      ဘတ်ဂျတ် မရှိလို့ ဖြစ်နိုင်တယ်။ လမ်းခင်းကတ္တရာစေးက နိုင်ငံဂျားက ဝယ်ရတာ။ ပလက်ဖောင်းခင်းတဲ့ ဘိလပ်မြေနဲ့ကျောက်က ပြည်တွင်းက ထုတ်တာမဟုတ်လား။ ရှိတဲ့နိုင်ငံဂျားငွေက ဒုံးပျံကြီး၊ ညူကလီးယာဗုံးကြီးထွင်ဖို့ သုံးနေရတယ်။ အောင်မြင်သွားရင် ထိုင်းနိုင်ငံကို ခြိမ်းခြောက်ပြီး ငွေညှစ်တောင်းပေးမယ်။ အခုတော့ ခဏအောင့်ထားအုံး။ မကြာခင် လွှတ်တော်ထဲမှာ စိတ်အဆာပြေ ပြောခွင့်ပေးမယ်။ ဒါလောက်ဆို ကျေနပ်တော့။

    • Moe Z

      November 24, 2011 at 10:35 am

      အဲဒါမိုးစက်က ပလက်ဖောင်းတွေ မြောင်းဖုံးတွေကြိုးပျက်နေတဲ့အကြောင်းရေးလိုက်လို့ 😀

    • laypai

      November 24, 2011 at 3:46 pm

      ပလက်ဖောင်းပဲ ပြင်တာ လမ်းလျောက်သူ ကို လေးစားတဲ့ သဘောပါ ပေါက်ဖော်ကြီးရဲ့။

  • Sky ko ko

    November 24, 2011 at 12:06 pm

    ကိုစည်ပင်ကိုပြောပြီး ကိုလမ်းဗိုလ်နဲ့ဆက်သွယ်လိုက်လေ…. လမ်းပြုပြင်ဖို့ ၃၀ဝ ချပေးရင် အနည်းဆုံးတော့ ၃ဝ လောက်ကျန်မှာပါ… (အဂတိလိုက်စားသူများ ချမ်းသာ ဝပြောသတည်း)…

  • မောင်ရင်

    November 24, 2011 at 2:27 pm

    ချိုင့် နေ ၊ ခွက်နေ ၊ ပေါက်နေ ရင် …ရေဝိုင်းလောင်းပေးလိုက်ပါ စည်ပင်တွေ ကို … ။
    စတာနော်..:D ..။

  • မြင်တဲ့သူကပြောမယ်၊
    ပြင်တဲ့သူကလဲပြင်မယ်။
    ဒါဆိုသိပ်ကောင်းတာပေါ့။
    ဒါလေးက စိတ်ကူး။
    ြုမင်တိုင်းလဲမပြောဖြစ်ဘူး။
    ပြောတိုင်းလဲမပြင်ဘူး။
    ဒါကတော့လက်တွေ့။

  • unclegyi1974

    November 24, 2011 at 10:26 pm

    မန်းလေးဂုံးကျော်ထဲမှာအဲဒီဂုံးကျော်ကအစုတ်ဆုံးပဲ
    ပညာကုန်သုံးပြီးဆောက်သွားတဲ့တံတားလို့ပြောတာပဲ

  • မောင်သန်းထွဋ် ဦး

    November 24, 2011 at 11:27 pm

    တစ်နိုင်ငံလုံးမှာ နေပြည်တော်မှလွဲ၍ကျန်နေရာများအားလုံး လကမ္ဘာပေါ်လိုဖြစ်နေပီ။
    မှတ်ချက်။။နေပြည်တော်=လူရုပ်ကြီးများ(ယုတ်)နေသောနေရာ။

Leave a Reply