Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြားဖြတ်ရွေးကောက်ပွဲ(ဂေဇတ်မိသားစု)

ရွှေအိမ်စည်November 24, 20112min70219

မင်္ဂလာပါ

တမြန်နေ ့က ကိုရင်ရှုံးကရွာထဲလာဖို့ရွာထဲမှာခြောက်ကပ်နေကြောင်းလာပြောတာနဲ ့ရယ်မောစရာအနေနဲ ့ရေးပေးပါတယ်..။

ပျော်ရွှင်ကြစေရန်ရည်ရွယ်ချက်နဲရေးသည့်အတွက်ကြောင့်…

အမှားယွင်းများ..မလေးစားမှုများရှိပါကခွင့်လွတ်ကြစေချင်ပါတယ်..။

ဂေဇတ်မှာ ၄လ ကျော် မန်ဘာတစ်ယောက် အနေနဲ ့မိသားစုလို ့တွေးမိသောကြောင့်ပါ…။

တကယ်လို ့များစိတ်ဆိုးအမှားပါဒေါ်သဖြစ်ခဲ ့ရင်….ကျမ ရွှေအိမ်စည်shweaeimsi@gmail.com ကိုအားမနာတမ်း ဝေဖန်အပြစ်တင်နိုင်ပါတယ်..။

ဂေဇတ်မိသားစုကြားဖြတ်ရွေးကောက်ပွဲ

မြန္နဒါ….. နေညိုညို ရိတ်ခါသန်းတော့ ….ရွှေမန်းတောင်ရိပ် …… ဒန်တန့်တန်ဒန် … တန်ဒန်တန်တန်…(အဖွံ့သီချင်းသံ)

မင်္ဂလာပါရရှင်..ဒီနေ ့အစီစဉ်ကြေငြာသူ ကျမ..မမ ဖြစ်ပါတယ်..။

ဟုတ်ကဲ့ တက်ရောက်လာတဲ့ လူထုကြီးကို အထူးကျေးဇူးတင်ရှိပါတယ် ရှင်……..

အခု အစီအစဉ် ကတော့ ဂေဇတ် ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုခြင်းနဲ့ အမတ်နေရာရွေးကောက်တင်မြှောက်ခြင်းကြားဖြတ်ရွေးကောက်ပွဲအကြို အစီစဉ်ပါ ဒီအစီအစဉ်လေးမစခင်

အခြေခံဥပဒေရဲ့ ရွေးကောက်ပွဲကို ဂုဏ်ပြုသီချင်းရေးသားတဲ့ သူတွေကိုဆုများ အရင်ချီးမြှင့်ပါမယ်။        ။

ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များ ရွေးချယ်ရာတွင် အဓိက ပညာအရည်အချင်း၊ အတွေ့အကြုံရှိသူများ၊ အမျိုးသမီး၊ လူငယ်များနှင့် တိုင်းရင်းသားများစသည့် အမျိုးအစား လေးမျိုးကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါတယ်ရှင်..။

အရင်ဆုံး တခဲနက် ညာကြစို့ သီချင်းကိုရေးသားတဲ့ Qဇာနည်၊

နေပြည်တော်ကိုသွား C4 timer ထောင်ကြစို့ သီချင်းကိုရေးသားတဲ့ချွေအိမ်စည့် တို့ကို အင်းစိန်ထောင်သို့ အပန်းဖြေလည်ပတ်ခွင့်ပြု လိုက်ပါတယ် ……။

  အခုအမတ်နေရာတွေကို ပါဝင်အရွေးခံမဲ့သူတွေက တော့

  • မိန်းမနဲ့ မိန်းမ ဘက်က အမျိုးတွေ ဝိုင်းဝင်းထောက်ခံတဲ့ ကိုခိုင်(သူဂျီးမင်း)်ဦးဆောင်တဲ့ ထူးမခြားဂေဇတ် ပါတီ ။
  • ဦးကြောင်ဦးဆောင်တဲ ့ကြောင်ကြီး၊ကြောင်ဝတုတ်၊ကြောင်လတ်၊ကြောင်ငယ်…တွေ ကရာကြောင်သူတော်ဂေဇတ်ပါတီ ၊၊
  •  အတုန်တုန်ဦးဆောင်တဲ့ ဂေဇတ်တိုင်းရင်းဆေး (အပ်ပုန်း) သမားတော် များပါတီ ၊
  •  ဘောလုံးပွဲ အကြွေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ဦးဘလက် ဦးဆောင်တဲ့ ဂေဇတ် လေလုံးထွားဘောလုံး ပါတီ၊
  •  ဂေဇတ်ရံပုံငွေတွေနဲ့ကြီးပွားနေတဲ့ ဦးဖော်ရိန်း ဦးဆောင်တဲ့ ထူးဆန်ေးသာသူတော်စင် ပါတီ၊
  •   ဂေဇတ်တွင်းတွင်သာ မက နိုင်ငံတကာ  နိုင်ဆိုဒ်ပေါင်းစုံ ကိုပါ လှည့်ပတ်လိမ်နေတဲ့ပါးပါလေး…ပေါက်နေတဲ ့လေးပေါက်.. ခေါင်းဆောင်တဲ့ ပြောင်လိမ် ပြောင်လုပ် ဂေပေါက် ပါတီ၊
  •  ဂေဇတ်အတွင်းမှာရှိသမျျှလူဆီက ခေါင်းပုံပြတ်အမြတ်ကြီးစားနေတဲ့ ဂေဇတ်အေးချမ်းသာယာရေး အဖွဲ့ကို ဦးဆောင်တဲ့ ကိုရင်များအမည်ခံများ ရဲ့ ဂုတ်သွေးစုတ် ပါတီ၊
  •  ဆိုက်ကားသမားလူမိုက်များ အရက်သမားများ တောက်ခံတဲ့ ကိုဖော်ကြီး ရဲ့ မကြိုက်ရင် ရိုက်မယ် လူမိုက်များပါတီ၊
  •  ရွာတော်ရှင်စူးဦးဆောင်တဲ ့…ဂေဇတ်နတ်ကတော် ပေါင်းစုံ ပါတီ ၊ တို ့ဘဲဖြစ်ပါတယ်..။

 

အခုအရင်ဆုံးအမှာစကားပြောကြားမျာတော့ ဦးခိုင်(သူဂျီး)ဖြစ်ပါတယ် …..

ကိုခိုင်(သူဂျီး) ။      ။ ကျွန်တော်ဟာဆိုရင် အမတ်နေရာဝင်ရောက်အရွေးခံဖို့အတွက် စပေါ်ငွေ       ၃သိန်းကိုယောက်ခမအိမ်လေးပေါင်ပြီးတင်ထားခြင်း ဖြစ်ပါတယ်။အဲ့တာကြောင့်ရနိုင်သမျှအခွင့်အရေးကိုရအောင်လုပ်ပြီး အရင်းပါမက အမြတ်များများကျန်အောင်ပြုလုပ်သွားပါမယ် လို့ ကတိပေးပါတယ်။

ဦးကြောင် ။               ။ ဂေဇတ်ကြီးတိုးတက်လာရေးအတွက် လူတွင်မက ကြောင်များကပါ ကြောင်ဝ..ကြောင်ပိန်ေ၊ကြောင်သေးမကျန်…ပြာသိုလဂရုမထားဘဲပါဝင်လုပ်ကိုင်နေပါတယ်။

အတုန်တုန်။          ။ ကျမတို့ တိုင်းရင်းဆေး (အပ်ပုန်း) သမားတော် များပါတီ ကဆိုလျှင် တိုင်းကျိုးပြည်ပြု လုပ်ငန်းများအဖြစ်ကြက်ဆူပင် ၅သိန်းကို နိုင်ငံအနှံ့လိုက်လံ စိုက်ပျိုးလျှက်ရှိပါတယ်။ ကြက်ဆူပင်ကနေ စက်သုံးဆီအပြင် စားသုံးဆီပါ ရရှိအောင်ထီထွင်လျှက်ရှိပါတယ်။ နောက်ထပ် ပဒိုင်းပင်များစိုက်ပျိုးပြီး ပဒိုင်းသီးမှ ဆီအမျိုးမျိုး ရရှိနိုင်အောင် ကြံစည်လျှက်ရှိပါတယ်။

ဦးဘလက်။           ။ကျွန်တော် ဟာဆိုလျှင်လဲ ဘယ်တုန်းကမှတိုးတက်မလာတဲ့ဘော်လုံးလောကကို တိုးတက်ဖို့ နောင်ဖြစ်ထွန်းလာမဲ့

အနာဂတ် မျိုးဆက်သစ်လေးတွေကို ဘောလုံးအစား သံလုံးကို လေ့ကျင့်ကန်ခိုင်းနေပါတယ်။ ထို့ပြင် ဘောလုံးရာသီဖွင့်ပွဲ၊ ရာသီပိတ်ပွဲ၊ရာသီပြောင်းပွဲ၊ရာသီလာပွဲ စတဲ့ပွဲအမျိုးမျိုးကို ကျင်းပပြုလုပ်လျှက်ရှိပါတယ်။ ဘောလုံးလောကတိုးတက်စေဖို့အတွက်လောင်းကစားဒိုင် အကြီးအကျယ် ထောင်ပြီး ဘောလုံးလောကကို ကျော်လွှားနိုင်ဖို့ ကြံစည်လျှက်ရှိပါတယ်။

ကြိုင်တင်ပြောကြားအသိပေးလိုတာက.. …အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်ဆီးဂိမ်းအားကစားပွဲတော် မြန်မာနိုင်ငံတွင်လည်း ရိုးရာအားကစားနည်းမျာ းဖြစ်သော အရူးမကြီးမစာဥ ၊ ညောင်ပင်တစေ ၊ ထုတ်ဆီးတိုး ၊ ရွှေစွန်ညို ၊ လင်မယား လုပ်တန်း စကားချင်း ၊ ဝိုင်း ကြိးပတ်ပတ် ၊ ဂုံညှင်းဒိုးပစ်  စသည့် ရိုးရာအားကစားနည်းမျာ းကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း

ဦးဖော်ရိန်း ။           ။ ကျွန်တော်ကတော့ တောင်းရသမျှရံပုံငွေကို ကိုယ်တိုင်ကိုယ်ကျသုံးစွဲခြင်း မိန်းမနဲ့ကလေး၊အမျိုးတွေပါမကျန် ခွဲဝေသုံး

စွဲခိုင်းချင်း စသည့်ကိစ္စများကိုပြတ်ပြတ်သားသားပြုလုပ်ပြီး အရာ့အရာရှိကြီးတွေ မပြုတ်သမျှ ရှိတဲ့အာဏာကို ကပ်သတ်နေပါမယ် ဟု ပြောကြားလိုပါတယ်။

လေးပေါက်။          ။ကျွန်တော်ကတော့ လုပ်ချင်သမျှလုပ်နေကြတဲ့သူတွေကို နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများတွင်ပါ ဖုံးကွယ်ပြီး အကြိုက်လိုက် အကြိုက်ဆောင်ပြီး ရသမျှ အခွင့်အရေးကိုယူကာ ဦးဖော်ရိန်း ပြောကြားသွားတဲ့အတိုင်း အရာ့အရာရှိကြီးတွေ မပြုတ်သမျှ ရှိတဲ့အာဏာကို ကပ်သတ်နေပါမယ် ဟု ပြောကြားလိုပါတယ်။

ကိုးရင်။                ။ အုပ်ချုပ်ရေးဌာနများမှ ဝန်ထမ်းများကို ရသမျှယူ ရသလောက်တောင်း ရန်မှာကြားထားပါတယ်။ လာဒ်ပေးလာဒ်ယူဒို့ရန်သူ ဆိုတဲ့ ဆောင်ပုဒ်ကို ပြုတ်ချပြီး လက်ဆောင်ပေးထား အန္တရာယ်မများ ဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်းလဲ ကျင့်သုံးနေပါတယ်။ကျွန်တော်တို့ ပြည်သူတွေကို အဘက်ဘက်တိုးတက်စေရန် ဆောင်ရွက်ပေးလျှက်ရှိရာမှာ အရင်က ဆို လက်လုပ်လက်စား ပြည်သူများဟာ ဆိုရင် အခု ကျွန်တော်တို့ ပုံပိုးမှု့ကြောင့် သတောင်းစား ဘဝပင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ကျွန်တော်ပြောချင်တာကတော့ ပြည်သူလူထုကိုဒီအတိုင်း ဆက်လက်နှိပ်စက်သွားပါမယ် လို့ အတည်အတင်းကြေငြာချင်ပါတယ်။

ကိုဖော်။       ။ ကျွန်တော် တို့ပါတီအနေနှင့်လဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် မိုက်လုံးကြီးသွားမည်ဖြစ်ပါတယ်။

ကန့်ကွက်လာတဲ့သူရှိပါက နံပတ်တုတ်ဖြင့်ရိုက်ခြင်း၊ မရပါက ဝါးရင်းတုတ်ဖြင့် ရိုက်ခြင်း၊အုတ်ခဲကျိုးဖြင့် ပြစ်ခြင်းစသည့်

နှိပ်နင်းမှုများကို နေ့ည မရွေးပြုလုပ်သွားမည်ဖြစ်ပါတယ် လို့ အသိပေးပြောကြးလိုပါတယ်။

ရွာတော်ရှင်စူး။    ။ကျမတို ့တရွာလုံးအစိုးရတနတ်ကတော်များအဖွဲ ့ကတော့…အင်တိုင်အားတိုက်အကုန်ပါဝင်နေပါတယ်..။ကိုကြီးကျော် ဆို

အမှတ်၁ အရက်ချက်စက်ရုံ မှာ ကြီးကျပ်ရေးမှူးတာဝန်ယူလျှက်ရှိနေပါတယ်။ မနှဲလေးဟာဆိုရင်လဲ မန်းသူ ရဲ့ကလေးများကျောင်းမှာအချိန်ပိုင်း ဆရာမဝင်လုပ်နေပါတယ်။ အမေဂျမ်းဟာ ဆိုရင်လဲ အုပ်ချုပ်ရေးပိုင်းကို ပါဝင် ကိုင်တွယ် ပေးမှာဖြစ် ပြီး..လက်ရှိဆရာ ကို သစ်မင်းနဲ့စီးပွားရေးပါဝါမြှင့်တင်ရေး..အင်တိုက်အားတိုက်…ရေးသားနေပါတယ်။

ဒါကြောင့်မလို့ ဂေဇတ်နတ်ကတော် များအဖွဲ့ကလဲ ဂေဇတ်ကြီးတိုးတက်ဖို့ တာဝန်ယူပါတယ်လို့ပြောကြားလိုပါတယ် ။

ဟုတ်ကဲ့ပါ အခုလို ဝင်ရောက် အရွေးခံတဲ့ အမတ်လောင်းများဟာနိုင်ငံတော်တိုးတက်ဖို့ အားတက်သရောပြောကြားသွားတာ

အထူးကျေးဇူးတင်ပါတယ် နောက်ဆုံးအနေနဲကပြောကြားချင်တာကတော့ တက်ရောက်လာတဲ့ လူထုကို အရင် စည်းရုံးပြောကြား

ခဲ့စဉ်က ၁ယောက်ကို ပွိုင့်၁၀ဝ ကျပ်ပေးမည်ကို ဖျက်သိမ်းပြီး ၈ဝ ကျပ်သာပေးတော့ပါမည်ဟု အသိပေး ကြေငြာချင်ပါတယ်ရှင်…..။

မြန္နဒါ….. နေညိုညို ရိတ်ခါသန်းတော့ ….ရွှေမန်းတောင်ရိပ် …… ဒန်တန့်တန်ဒန် … တန်ဒန်တန်တန်…(အပိတ်သီချင်းသံဖြစ်ပါသီ)

ပျော်ရွှင်ပါစေဗျား…..

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

မနှစ်ကကျမနဲ ့ကျမမောင်လေးတောက်တဲ ့ရာသီစာပိုစ့်ကိုပြန် ့မန် ့လိုက်ပါတယ်..။

(..စားကြွင်း….အမည်နာမများ..အကြောင်းတိုက်ဆိုင်စွာတူနေပါလျှင်…နားလည်ခွင့်လွတ်ပေးပါ)

19 comments

  • koyinmaung

    November 24, 2011 at 6:48 pm

    ရွာထဲကကြားညှပ်ရွေးဂေါတ်ပွဲကြီးကျင်းပပြုလုပ်မည်ဖစ်ပါ၍…
    ရွာသူားများစောင့်ညှော်နေကြလေ၏……

  • king

    November 24, 2011 at 9:47 pm

    တစ်သီးပုဂ္ဂလ ဝင်ရောက်အရွေးခံမယ်
    မှတ်ပုံတင်ဖို့ Facebook က Group တွေထဲမှာ Group ဝင်တွေကို ငွေကောက်သလို
    Group တည်ထောင်သူတွေဆီက အဖွဲ့ဝင်အရေအတွက်ဆီက ကောက်ယူရငွေရဲ့ 50% ထပ်ကောက်မယ် ….
    😀 😀 🙂 🙂 😛 😛

  • Sonny

    November 24, 2011 at 10:44 pm

    ရှားပါးသော အရေးအသားပါ ရွှေ
    အလွန်ထိသော satire တစ်ခုပါ။
    ဖတ်မိသူတိုင်း sense ရှိသူတိုင်းကြိုက်ကြမဲ့ပိုစ်လေးပါ။
    ကြားဖြတ်ရွေးကောက်ပွဲအတွက်
    မဲရေသူများ မုသာဝါဒကံ ထိမ်းနိုင်ကြပါစေ
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..

  • မြန္နဒါ….. နေညိုညို ရိတ်ခါသန်းတော့ ….ရွှေမန်းတောင်ရိပ် …… ဒန်တန့်တန်ဒန် … တန်ဒန်တန်တန်…
    ပဋိက္ခရား ရဲ့ ဇနီးမယားလေး ရေ
    ဂန္တဝင်သီချင်းလေးကိုတော့မဖျက်လိုက်ပါနဲ့ကွယ်၊

    မြနန္ဒာ ရေညိုညို ရစ်ခါသန်း ပါကွယ်။

    ကျန်တဲ့ရွာထဲက လူတွေ့ရဲ့ နာမယ်ကတော့ ကြိုက်သလိုရေးပါ။
    စာလုံးမှားတယ်ဆိုရင်တော့ ကိစ္စမရှိပါ။
    သေချာရေးတယ်ဆိုရင်တော့ပြင်ပေးလိုက်ပါ။
    ကွယ်လွန်သူကို စော်ကားသလိုဖြစ်သွားမှာစိုးလိုပါ့။

  • inz@ghi

    November 24, 2011 at 11:05 pm

    ဘုရားဘုရား စူ့ထက်စူ လူဇွမ်းဂေါင်းတွေချည်းပါလားဟရို့…
    ဂီ ဘယ်ပါတီဝင်ရပါ့ …
    ရင်မောထှာ

    • မှော်ဆရာ

      November 24, 2011 at 11:20 pm

      ဘယ်ပါတီမှ မဝင်နဲ့ ရွာထဲက ဒါ့ပုံဆြာတွေစုပြီး တစ်ပါတီ ထောင်မယ် ..
      လာထား
      ပါတီအမည် -”’ ရိုက်စား ဟိုမိုကလေစီ အဖွဲ့ချုပ် “””
      ပါတီ အမှတ်တံဆိပ် – ” ဘလိတ်ဒါးပေါ်တွင် ကင်မရာတင်ထားပုံ ”
      ပါတီ ဆောင်ပုဒ် – ” နှစ်ယောက်ရှိလျှင် လေးချမ်း ကွဲရမည်။”
      ပါတီ မူဝါဒ – “အလကားနေ ရန်လိုနေရမည် ”
      ” ငတေ အမြဲတမ်း မာနေဖို့သာ ရည်မှန်းချက်ထား ကြိုးစားရမည်။”
      ” ငါနဲ့ မတူ ငါ့ရန်သူ အဖြစ် သတ်မှတ်ရမည်..။”
      ” အကြံတူလျှင်လဲ ရန်သူအဖြစ် သတ်မှတ်ရမည်။”
      ” ဘေးမှ အကြံပေးလာလျှင်လဲ ဆရာကြီးလာလုပ်တာဟု သတ်မှတ်ပြီး အပြတ်နှိပ်ကွပ်ရမည် ။”
      ပါတီကို ထောက်ခံသူများအတွက် မဲတာဝန်ခံအဖြစ် ဂီဂီ တာဝန်ယူထားပါသည်။ဂီဂီထံတွင် ဝိုင်းပြီး မဲ ထည့်နှိုင်ပါပြီ …။

      • inz@ghi

        November 24, 2011 at 11:29 pm

        ကြိုက်ပီဗျာ ..”’ ရိုက်စား ဟိုမိုကလေစီ အဖွဲ့ချုပ် “”
        မော်ဒလယ်မလေးဒွေက ကိုယ်တွေဘက်မှာဆိုဒေါ့ …
        အမျိုးသားဒုကြီးဆီက တားတားတို့ မဲတွေ အပြတ်အသတ်ရမှာ …
        သင်္ဘောသီးပါတီရယ် …သနားထှာ…

        • မှော်ဆရာ

          November 24, 2011 at 11:49 pm

          ရဲရဲတောက် ချွေအိမ်စည်ကွ ဓါတ်ချောစာ နာမည်တောင် ပါလိုက်သေး …
          အပ်လိုက်ပါပြီ ချွေအိမ်စည် …

        • inz@ghi

          November 25, 2011 at 12:02 am

          ဘာဘာ …ပြန်ကျောဇမ်း …
          ဓါတ်ချောစာ ဟုတ်စ
          ခင်ညားရီး ဟိုစာရေးဆြာတော့ ဟုတ်ပါဝူးနော်……
          (ဟုတ်ရင် တော်လှန်ချင်တာလေးတွေရှိဒယ် ..ညင်းညင်း…)

          ကျုပ် အပ်ထားတာတော့ မသိချင်ယောင်ဆောင်ပီး
          ချွေအိမ်စီ ကျမှ အပ် တယ် ဟလား …
          အတော်ကောင်းတဲ့ အပေါင်းအသင်း….
          လာမယ့် ဇာတ်တွေမှာ နာဖို့သာပြင်ပေရော့ ….

          ကျန်သိုင်းညီနောင်ငါးဖော် ငြိမ်ခံမနေပါနှင့်
          မှော် တယောက် ဇာတိပြကုန်ပါပီ…..
          ဂီ့ဘက်မှ စစ်ကူတိုက်ပေးကြပါ…

        • E.T

          November 25, 2011 at 8:17 am

          ဟွန်းခုမှ စစ်ကူတိုက်ပေးပါတဲ့ ပြောတော့ သနားထှာဆို။ ညီနောင် ၄ ဖော်ဘာပြောမှာလည်းလို ့ ခဏစောင့်ကြည့်လိုက်ဦးမယ်။ မနက်ဖြန်မှ ကူတိုက်ပေးတော့မယ်။

        • ပေါက်ဖော်

          November 25, 2011 at 10:20 am

          ဇိကိုထိရင် မီးပွင့်တွားမယ်..
          ခဲနဲ ့ထုမယ်..ဒုတ်နဲ ့ရိုက်မယ်
          ပုလင်းနဲ ့ပစ်မယ်..
          ကုန်းကုန်းလုပ်ပစ်မယ်..
          ပါမစ်ပိတ်မယ်
          မြေကွက်သိမ်းမယ်
          ဧည့်စာရင်းစစ်မယ်.
          ကင်မလာအလစ်သုတ်မယ်
          ကီးဘုတ်ဖြုတ်မယ်..
          ချောင်းပြီးရိုက်မယ်..
          ဗုံးခိုးထောင်မယ်..
          မီးနဲ ့ရှို ့မယ်..

          ပါတီဆောင်ပုဒ်ဖြစ်ပါတယ်.

  • မောင်သန်းထွဋ် ဦး

    November 24, 2011 at 11:18 pm

    ရွှေအိမ်စည်ရဲ ့ဟဿဉာဏ်က စူးရောက်ပါတယ်ဗျာ။လေးစားအားကျလျှက်ပါ။ဒါပေမယ့်ဗျာ ကိုရွှေသံတွဲသားများကိုလဲ
    ပါတီမှတ်ပုံတင်ခွင့်ပေးသင့်ပါတယ်။စဉ်းစားပေးကြပါနော်။

    • သံတွဲသားတွေကိုတော့ ပါတီမှတ်ပုံတင်ခွင့်အစား “စွမ်းအားရှင်” လက်ပါတ်ကြီးတွေပါတ်ပြီး ရွေးဂေါက်ပွဲကာလမှာ မဲဗုံးတွေရှေ့ ရပ်နေခိုင်းမယ်ဆိုရင် ပိုသင့်တော်မယ်လို့ မြင်မိကြောင်း..

      (အထူးမှတ်ချက် – ပါးစပ်များကိုတော့ တိတ်များနဲ့ အသေအချာ ပိတ်ထားပေးဖို့လိုကြောင်း)

  • Gipsy

    November 25, 2011 at 2:16 am

    ဂေဇက် လောက်ကောင်များ ပါတီ အား
    အကြောင်းမလှပါသဖြင့် ဖျက်သိမ်းလိုက်ပါကြောင်း …၊၊ 😕

  • နိုင်ငံရေးသရော်စာတစ်ပုဒ်ဖြစ်တဲ့အတွက် စကားလုံးတွေသုံးနှူန်းထားတာတော့ အတော်လေး သဘာဝလွန်တယ်လို့ ပြောရမယ်ပေါ့လေ.. ရွာထဲက ဇာတ်ကောင်တွေရဲ့သရုပ်တွေနဲ့ တွဲပြီးရေးပြထားတော့ကာ တစ်ချို့ဇာတ်ကောင်စရိုက်တွေရေးသားထားရာမှာ “အပျော် အပျက်” ဆိုတဲ့မြန်မာစကားလဲ ရှိနေပြန်သေးတော့ ပျော်စေချင်လို့ ရေးသားရာကနေ အခင်အမင်တွေလဲ ပျက်စရာ ဖြစ်စေနိုင်သေးတယ်လို့ မြင်တယ်..

    အကြမ်းဖျင်းသုံးသပ်ပြရမယ်ဆိုရင်တော့ အပျော်တမ်း သရော်စာတစ်ပုဒ်လို့ပဲမြင်ပါတယ်။ ရွှေအိမ်စည်လဲ ဘလော့အတော်ရေးတဲ့သူပါပဲ။ ဒီထက်ပိုအဆင့်မြင့်တဲ့ သရော်စာတစ်ပုဒ်မျိုး ဖြစ်စေလိုပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကြားဖူးတဲ့ ဟာသလေးလိုပေါ့လေ.. ဇာကနာ ပျက်တယ်လို့ပြောတာပဲ

    တစ်ခါက အစိုးရအရာရှိတစ်ယောက်က သူ့ကို ဟာသပျက်ခိုင်းတယ်တဲ့၊ သူက မပျက်ပါရစေနဲ့ပြောတယ်.. ဒါကို ဟိုလူက ဇွတ်အတင်းပျက်ခိုင်းတယ်။ ဒီတော့ သူက သတင်းစာတစ်စောင်နဲ့ ရေပုံးတစ်ခုနဲ့ ကော်ရေခွက်တစ်ခုတောင်းတယ်။ သူ့ဘေးမှာ ချထားတာပေါ့လေ။ သတင်းစာကို တစ်မျက်နှာချင်းစီဖတ်လိုက်၊ နောက်တစ်မျက်နှာမလှန်ခင် ရေတစ်ခွက်သောက်ပြီး ရေပုံးထဲ ပြန်နှစ်လိုက်၊ နောက်တစ်မျက်နှာလှန်ပြီး ခွက်ကို ပြန်ကြည့်လိုက်တော့ ပြန်ပြန်ပေါ်နေလို့ ” ဟာကွာ.. ဒီသောက်ခွက်က ပေါ်လာပြန်ပြီ” ဆိုပြီး တစ်မျက်နှာဖတ်လိုက်၊ ရေခွက်ကိုနှစ်လိုက်နဲ့ အဲလိုတွေပြောနေတာ တွေးကြည့်လေ ပြုံးရလေဖြစ်မိတယ်ပေါ့လေ။

    ဆိုတော့ကာ… ဒီရွာရဲ့သရုပ်ကို ဒီထက်ပိုမှန်အောင် ဖော်ထုတ်ရေးသားပြနိုင်မယ်ဆိုရင် ဒီထက်ပိုပြီးပြောင်မြောက်တဲ့ ဟာသအရေးအဖွဲ့ဖြစ်မယ်ထင်တာပဲ၊ အဓိက ကတော့ ကိုယ်သုံးနှူန်းမယ့် ဇာတ်ကောင်တွေရဲ့ သရုပ်မှန်တွေ၊ ထူးခြားတဲ့ ဝိသေသတွေကို ဟာသမြောက်စွာ ရေးသားပေးနိုင်မယ်ဆိုရင်တော့ ဒီစာလေးက ပိုအသက်ဝင်လာမယ်ထင်ပါတယ်။

    (မြင်သလောက်လေး ကောင်းသောအကြံပြုချက်နဲ့ ရေးသားလိုက်ပါကြောင်း…)

  • kai

    November 25, 2011 at 7:12 am

    ထောက်ခံပါတယ်..။
    အိမ်ထဲက စည်ပိုင်းကို ပြောတာမဟုတ်ဘူးနော..
    ဘယ်တော့မှ မနိုင်တဲ့သူပြောတာကို ပြောတာ.. ဟုတ်တယ်ဆိုတာကို… ပြန်ပြောတာ..မဟုတ်ဘူးလို့.. မဆိုလိုတာကို… ရေးပြ…အဲ..အဲ..ပြောတာ…။ 🙂

  • etone

    November 25, 2011 at 9:55 am

    (..စားကြွင်း….အမည်နာမများ..အကြောင်းတိုက်ဆိုင်စွာတူနေပါလျှင်…နားလည်ခွင့်လွတ်ပေးပါ) တဲ့လား .. ဘုန်းကြီး ခေါင်းခေါက်ပြီးမှ ငရဲကြီးမှာတော့ ကြောက်သလား ဝေးးးးးးးးးးး ။

    ရေးချက်က ရောင်ကြူးကြူး
    ထူးတတော့ သွက်သွက်ခါ
    ဖတ်ရတာ ဖီးလ်မရှိ
    အာရုံတွေ နတိ္တနဲ့
    ဖျာပုံထိ ကန်မိတော့မယ်
    သေစမ်း….. ဒီဘောလုံး ။ 😆

  • ကြောင်ကြီး

    November 25, 2011 at 10:38 am

    ကြောင်ကြီးပါတီ
    ဗမာပြည်
    ဘာမထီဇာနည်
    သာကီ..
    အသာတကြည်
    နွှာမည်
    တလွှာစီ…

  • ငိုရမှာလား ရီရမှာလား ပဋိက္ခရား မင်းသမီးလေး ရေ၊။
    ကိုပေါက်က ပါးပါးလေး မညာပါဘူးကွယ်။
    ညာမယ်ဆိုရင်လဲ နိုင်ဆိုက်တစ်ခုထဲကွက်မညာပါဘူး။
    အားလုံးကို အပီအပြင်လိမ်မှာပါနော်။
    ဗမာစကားပုံရှိတယ် တစ်တက်စားလဲကြက်သွန် နှစ်တက်စားလဲကြက်သွန်

Leave a Reply