Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဤသုံးမျိုး (၁)

thit minDecember 6, 20111min67429

အိမ်ဆိုလို့………..

လူတွေအတွက်လိုအပ်ချက်တွေလို့ပြောရင်

စားစရာ၊ဝတ်စရာ၊အိမ် (Food, Clothing and Shelter) ပေါ့။

(Basic Human Needs- BHNs )လို့ခေါ်ပါတယ်။

ကျနော်ခုတလော (Cost and Benefit) စရိတ်နဲ့ အမြတ်ကိုဘဲ တွက်နေတတ်တဲ့

စီးပွါးရေးသဘော တရားတွေကို မနှစ်မမြို့ ဖြစ်လာပါတယ်။

ဘာလို့လဲဆိုတော့ ချမ်းသာအောင်လုပ်တဲ့နည်းဗျူဟာတွေကို သိတဲ့လူကလုပ်တယ်။

အခွင့်အရေးကို”ဖော်”တတ်လို့လည်း ပူဖောင်းလေထိုးသလိုချမ်းသာလာကြရော။

ပြီးတော့အမြတ်ကိုကြည့်လွန်းလို့နဂိုမူလဂုဏ်(Identity)တွေတောင် ပျောက်ကုန်ပြီဗျ။

ငါချမ်းသာဘို့၊ငါလုပ်ငန်းချမ်းသာဖို့၊ငါနိုင်ငံချမ်းသာဖို့နဲ့ နောက်ဆုံးလဲကျရော၊

စီးပွါးပျက်ကပ်လဲဆိုက်ရော(ဒါမှမဟုတ်) အမှန်တရားလည်း ဦးနဲနဲမော့လာရော

“ယုတ်မာခဲ့ရင်ယုတ်မာခဲ့သလို” အဖတ်တင်ကျန်ခဲ့တာကမကောင်းမှုတွေ။

ဆက်တိုက်ကြီးမြတ်နေဘို့? နိုးပါ ။ဘာမှလုပ်လို့မရဘူး (Law of Diminishing Marginal Returns )

ဆိုတာရှိတယ်။လျှော့နည်းသွားအထွက်ဥပဒေသတဲ့ မြန်မာလို အနိစ္စ တရားဆိုတာနဲ့ သိပ်တူတာ။

သူ့ဆိုလိုချက်က ဘာလုပ်လုပ်အမြင့်ဆုံးအဆင့်ရောက်ပြီးရင်ပြန်ကိုကျတယ်။

တခုခုကပုံသေဖြစ်နေလို့တဲ့။

ဒီလိုဗျာ။

ကိုနိုဇိုးမိ မှိုစိုက်တယ်။ ခူးတာရော ဈေးသွားရောင်းတာရော တယောက်ထဲနဲ့လုပ်တယ်ဆိုပါစို့။

အဲ ..၂ယောက်ဆိုရင် ပိုရောင်းလို့ရလာမယ်။ နောက်ဈေးတခုသွားရောင်းလို့။

အဲ…..၃ ယောက်ဖြစ်သွားပြီ ဆိုပါစို့။ မှိုမှမရှိတာ ၃ယောက်စာ ရောင်းဘို့။

လူ “တိုး” တိုင်းရောင်းရတာမှမဟုတ်တာ။ အဲဒီတော့ ၂ယောက်က အမြင့်ဆုံးအမြတ်ပေါ့ဗျာ။

အဲဒီနောက်ပိုင်း မှိုထပ်စိုက်၊ထပ်လူတိုး လုပ်ကြည့်လေ။ ပြန်ရောက်သွားအုန်းမှာဘဲ။အဲဒီနေရာကို။

နည်းပညာခေတ်အစ အဲဒီဟာကြီးမရှိတော့ဘူးဆိုပြီး အော်ခဲ့တဲ့လူတွေ ခုငြိမ်သွားပြီ။ပြန်ကျနေပြီလေ။

နည်းပညာအသစ်ထွက်၊ပစ္စည်းအသစ်ထွက်တိုင်း ဘယ်မှာလည်း ဝယ်မဲ့သူ.။

အော် …ပိုက်ဆံလား။အေးရော့ ..ယူယူ(ခရက်ဒစ်ကာဒ်=အကြွေးဝယ်ကာဒ်တွေ) ၊

မြတ်ပါတယ် အွန်ပေပါ။ ငွေစင်ကမရှိတော့ လေထိုး လေရော်။ နိုင်ငံအချင်း၊ လုပ်ငန်းအချင်းချင်း

ဘီလီယမ်ချီပြီးကြွေးတင်။

(ကိုကြောင် အဲဒါရေးတာမဟုတ်သေးဘူးနော်။ ကြုံလို့ပါသွားတာ။ M ၁၊၂၊၃၊၄ တွေကိုရှင်းမှ ပိုကောင်းတာ

ကိုကြောင်ရဲ့ ရီကွက်စ်က)

အဲဒီတော့ ချမ်းသာတဲ့လူက အမြတ်အမြတ်နဲ့ အလုပ်သမားလဲလုပ်ခကောင်းကောင်းမပေးချင်၊

နောက်ဆုံးတော့၊ဘာဖြစ်ကုန်လဲ?

ကွာဟကုန်တယ်။ Middle Class လူလတ်တန်းစားမှာတောင် Upper အပေါ်နဲ့

lowerအောက်တော်တော်ကွာသွားပြီ။

အဲဒီလူမှုဖွံ့ဖြိုးမှုနဲ့ တလောက ဆီမီနာတခုသွားပြောဖြစ်တယ်။

အချက်အလက်တွေရှာရင်း လူကစိတ်မကောင်းဖြစ်လာတယ်။

အချက်အလက်ဆိုလို့ ကျနော်က ၂၀၁ဝ တနှစ်ထဲ၊၂၀၀၉ တနှစ်ထဲကြည့်ပြီးဆုံးဖြတ်လေ့မရှိဘူး။

ဆုံးဖြတ်လို့လဲမသင့်တော်ပါဘူး။

(Time Series)၁ဝနှစ် အနှစ် ၂ဝ နီးပါးဒေတာမျိုး၊အချက်အလက်မျိုးနဲ့ ညှိပြီးမှ ပြောရင်ပိုကောင်းတာမို့

အဲဒီလိုလုပ်တတ်တယ်။

ကြည့်လိုက်တော့ဗျာ။

ကမ္ဘာလူဦးရေကို 20% စီ ခွဲရင်တဲ့ အချမ်းသာဆုံး 20% က အဆပေါင်း ၁၅ဝ ချမ်းသာကြောင်းပါတဲ့။

အဲဒီတော့ဗျာ အချမ်းသာဆုံး 20% ကအသား၊ငါး 60% နီးပါးသူတို့အုပ်သတဲ့။(ကျန်တဲ့ 80%ကကျန်တာစား)

အဲဒီတော့ တနေ့ ဝင်ငွေ US 2 Dollar အောက် ရ ဖွံ့ဖြိုးဆဲ နိုင်ငံတွေငတ်တယ်ဆိုတာ ထင်ရှားနေပြီ။

အပေါ်ကဟာပြန်ပြောမယ်။

အဲဒီဟာကို Values of development (လူသား)ဖွံ့ဖြိုးမှုတန်ဖိုးများဆိုပြီး မှတ်သားဘူးတယ်။

နားထောင်ကြည့်နော်။ အဲဖတ်ကြည့်နော်။

၁။ အသက်ရှင်သန်နေနိုင်မှူ (Sustenance)

၂။ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှူ (Self-esteem)

၃။ သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude)

လို့သုံးမျိုးရှိတယ်။

 

၁။အသက်ရှင်သန်နေနိုင်မှူ

ရှင်းပါတယ်။

ထမင်းစားဖို့လိုတာပေါ့။အဝတ်အစားရောလိုတယ်။ ကိုဘလက်ရေးတဲ့ “အိမ်” လေးလိုတယ်။

အပေါ်က (Food, Clothing and Shelter)သုံးချက်။အဓိက ကတော့ကိုယ်ဟာကိုလုပ်ရမှာပါ။

အဲ..လုပ်လို့မရတဲ့အနေအထားနဲ့ကျရင်တော့ ပြင်ပကူညီမှုလိုတယ်ဗျာ။

ဆိုတော့ ပြောခဲ့သလို မညီမျှတဲ့ ပုံစံနဲ့ ကိုယ်က (Green Lable) သောက်နေတယ်။

ဟို..ဆိုမာလီယာကလူတွေ ရေသောက်စရာမရှိလို့ နွားဖင်နားမှာ တန်းစီပြီး နွားသေးပေါက်တာကိုစောင့်နေတယ်။

ကဲ…..တော်ရောလားဗျာ။

ပြောဘူးတယ်နော်၊ ကလက်ရှ်နီကော့ဗ်(အေကေ ၄၇) ရိုင်ဖယ် ကျည်တစ်ထောင့်ဟာ အာဖရိက

ကအိမ်ထောင်တစုအတွက် ခြင်ထောင်တလုံးကောင်းကောင်းဝယ်နိုင်တယ်၊ အဲဒီခြင်ထောင်တလုံးက

အနည်းဆုံးတော့ ကလေး ၂ယောက် ,၃ယောက် သွေးလွန်တုပ်ကွေးနဲ့သေမှာကို ကာကွယ်နိုင်တယ်ဆိုတာ။

ဆိုလိုတာက
(#) အခြေခံလိုအပ်ချက် (Food, Clothing and Shelter)တွေလည်း လိုတယ်။

(#)ကျန်းမာရေးစောင့်ရှောက်မှု၊အခြေခံပညာ၊တွေလည်းလိုတယ်ပေါ့။

ဂလိုဘယ် လိုက်ဇေးရှင်းကို အမှီမလိုက်နိုင်သူများ နစ်မြုပ်ကုန်တယ်လို့ပြောဘူးပါတယ်။။

ခုနကပြောခဲ့တဲ့ ကမ္ဘာလူဦးရေ20% လောက်ဟာ ကွန်ပြူတာမသိဘူး၊ကားမစီးဖူးဘူးတဲ့။

(Survival of the fittest =တော်သူကျန်တဲ့ခေတ်)လို့ပြောဘူးခဲ့တယ်။

ခုမဟုတ်တော့ဘူး။ တော်လည်း အခွင့်အရေးကို ယူနိုင်တဲ့ “လူလည်” မဟုတ်ရင် ကျန်ခဲ့တဲ့ခေတ်။

တော်တာထက် လူရည်လည်ပြီး အခွင့်အရေးယူတတ်ဘို့ ပိုအရေးကြီးသွားပြီ။

ဆိုးတာက အဲဒီမှာ အဲဒီ လူလည်ဆိုတဲ့ (Opportunist= အခွင့်အရေးသမား)တွေဆိုတာ

အများစု ကကိုယ်ကောင်းစားရေးဘဲ။ မျှမျှတတ မစဉ်းစားတတ်ဘူး.။တကိုယ်ကောင်းသမားက

အများစု ဖြစ်နေလို့ ဒီ ရလာဒ် ဖြစ်နေတာပေါ့ဗျာ။

ကဲ ဗျာ။ဒါဆိုရင် ဘာလုပ်လို့ရမလဲ?

ဟုတ်ကဲ့။ လူရည်လည်ပါ။အခွင့်အရေးကိုချောင်းပါ။အောင်မြင်အောင်လုပ်ပါ။

ပြီးတော့ လူမှုဘဝများကို “မျှဝေ” ပါလို့ သံချောင်းခေါက်ပါ၏ပေါ့ဗျာ။

တခုတော့ ပြောလိုက်မယ်နော်။ ခင်ဗျားထမင်းဝဘို့၊ခါးလှဘို့၊အမိုးအကာလေးအောက်နေဘို့

တာဝန်ရှိတာ “ခင်ဗျားကိုယ်တိုင်” လို့။

ဟိုဟိုဒီဒီ လက်ညိုးထိုးနေရင်းငတ်နေမှာစိုးလို့ဗျာ ။

 

၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှူ

သိပ်အရေးကြီးတယ်နော်။

“ယဉ်ကျေးတယ်ဆိုတဲ့ အသိုင်းအဝိုင်းကြား၊~~~~~ကြင်နာသူအရိုင်းဖြစ်နေသလား၊

~~~~~လက်ညိုးတွေညွန်ကာလေ~~~~~ကဲ့ရဲ့တာ~~~ ကိုယ့်ကိုလိုဘဲ ~~ထင်ယောင်နေလား၊

~~~ရေတိမ်မှာမနစ်မြုပ်စေနဲ့မင်း၊~~~~~လူပုံအလယ်အရှက်~~~မကွဲစေနဲ့မင်း~~~

~~~ရာဇဝင်မှာမရှုံးနိမ့်စေနဲ့မင်း~~~~ရှင်းလင်းလိုက်စမ်းတော့မေရေ”

လို့ ဆရာခမ်းလိတ်ကြီးရေးခဲ့သလိုပါ။

“လူ့တန်ဖိုး”

စစ်မှန်တဲ့ ဂုဏ်သိက္ခာရှိရမယ်ဗျ။ဂုဏ်သိက္ခာရှိတဲ့ လူတယောက်အဖြစ်ရပ်တည်နေရမယ်ဗျ။

ဒီထက်ပြောရရင် ကိုယ့်ကိုကိုယ်တန်ဖိုးထားရမယ်။ ကိုယ့်ဘဝကိုတန်ဖိုးထားရမယ်။

ကိုယ့်ဘဝကိုယ်အထူးဂရုစိုက်ရမယ်ပေါ့ဗျာ။ အင်းဂျီဘရဲန်းဒဒ်လေးဝယ်လာရင်တော့ ဂရုစိုက်လိုက်တာ။

ကိုယ်ဟာကိုယ်ကျ “လေ”နေမယ်ဆိုရင် အဲဒါ လွဲနေပြီပေါ့ဗျာ။၊

နောက်တခုကသူတပါးကို အသိအမှတ်ပြူပေးတတ်ရတယ်။ ကိုယ်ချင်းစာတတ်ရတယ်တဲ့။အဲဒီဟာကတော့

နှလုံးသားအရည်အသွေးတွေကိုပြောတာဘဲဗျ။ပညာတတ်တာ၊မတတ်တာနဲ့မဆိုင်ဘူး။

အဲဒီမှာ ခုနက လူမျိုးတွေကြောင့် ကွာဟချက်ရှိမယ်ပေါ့ဗျာ။

ဘာဘဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင် နေမယ်ပေါ့ဗျာ။

တန်ဖိုးဆိုလို့ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ တန်ဖိုး သုံးမျိုး ကိုသွားသတိယတယ်ဗျ။

ဆရာက တန်ဖိုး ၃ မျိုးရှိတယ်တဲ့။

(#1)ပကတိတန်ဖိုး

(စိန်တလုံး ဘယ်လောက်တန်တယ်ပေါ့ဗျာ)

(#2)အသုံးချတန်ဖိုး

(အဲဒီ စိန်ဝတ်ပြီး ကြွားလိုက်တာ “ဟိုကောင်မ မျက်တောင်မခပ်ဘူးတော့” ဆိုတာမျိုး)

(#3)ခံစားမှုတန်ဖိုး

(မဒမ်ဘလက်ချော Says : အဲဒီ စိန်က ကျမရဲ့အမျိုးသား ကိုဘလက်ချော မွေးနေ့လက်ဆောင်ပေးထားတာ

ဆိုတာမျိုး၊ စိန်ချင်း တန်ဖိုးချင်းတူရင်တောင်မလဲနိုင်ပါဘူး)

(#1) လူဆိုတော့ ပကတိတန်ဖိုးလဲ ရှိသင့်တယ်။

(#2) အသုံးကျအောင်နေတတ်ရင်အသုံးကျတယ်။ မိသားစုရေးရာဝန်ကြီးဆိုတာ

သဲ့သဲ့လေးမှမကြားဖူးဘူးလား။ အဲဒါမျိုး။

(#3) ခင်တယ်၊မင်တယ်၊သူငယ်ချင်းချင်း သူရှိကိုယ်စား၊ ကိုယ့်ရှိဖွက်ထား(^^)။

ခံစားပြီးတန်ဖိုးရှိသွားပြီ။၊ဟာ မတွေ့တာကြာပြီ။ အမွှာပူးမွေးတာလားဟင်။ခင်တာ။ သံယောဇဉ်။ (ဘယ်သူ့

ကိုမှမရည်ရွယ်ပါ)။

သူကြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေတယ်။ သူကြီး မန်းဂေဇက်ပိတ်လိုက်ရင် ဘာဖြစ်မလဲ။

အဲဒါ ဘာတန်ဖိုးလဲ? (Right Answer=10 မှတ်)။

ကိုယ့်ကိုကိုယ်တန်ဖိုးရှိမယ်။

နောက်မိသားစု၊သူငယ်ချင်းအသိုင်းအဝိုင်းကြားတန်ဖိုးရှိမယ်။

လောကအတွက်တန်ဖိုးရှိမယ်။

{အမေစု၊ကိုသူရ၊ကိုမောင်(ကျော်သူ)}

အဲဒီလိုလူမျိုးတွေများလာရင်

အဲဒီ တန်ဖိုးထားတဲ့အလေ့အထလေးတွေရှိလာရင် လူမှုဘဝ ကောင်းမွန် ဖွံ့ဖြိုးမယ်ပေါ့။

 

၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု

ဟယ် ဆိုပြီးအော်လိုက်ချင်စရာကောင်းတယ်။

ပြောကိုမပြောချင်ဘူး။

ငယ်ငယ်က သခင်ဘသောင်းအကြောင်းဖတ်တုန်းကအသဲစွဲနေအောင်မှတ်မိတာတခုရှိတယ်။

အင်းဂလိပ်စာကောင်းတဲ့သခင်ဘသောင်းရန်ကုန်မှာအလုပ်ရတော့ ရုံးတက်ရုံးဆင်း

လက်မှတ်ထိုးခိုင်းတာကိုငါကသခင်ဘသောင်းကွ ကျွန်ဘသောင်းမဟုတ်ဘူး၊ မထိုးဘူး။ အလုပ်ထွက်တယ်တဲ့။

အင်း….ခုများတော့၊ပြောကိုမပြောချင်တော့ပါဘူး။

ဂျပန်မှာ ပရက်ရှာအနည်းဆုံးအလုပ်ကိုရှာလုပ်ထားတာ။တလောက ဋ္ဌာနအသစ်၊ဘာသာ

အသစ်တခု စ သင်ဘို့လုပ်တော့၊ဌာနမှူးဆရာ (အလွန်သဘောကောင်းသော ဂျပန်တောသား) က

ကျောင်းသားတွေကိုစိတ်မဆိုးဖို့၊သီးခံဖို့ ပြောတယ်။ ဪ ဖြစ်မှဖြစ်ရလေလို့။

လူဟာလွတ်လပ်တယ်ဆိုတဲ့အဓိပါ္ပယ်ဟာ ဘာလဲလို့ မေးရင် “ရွေးချယ်နိုင်တာ”။

ဘယ်သွားသွား၊ဘာလုပ်လုပ်OKဆိုရင် သွားစရာတွေကိုရွေးချယ်နိုင်တာ။

လုပ်စရာတွေကိုရွေးချယ်နိုင်တာပေါ့။

မန်းဂေဇတ်မှာ ဘာရေးရေး မရတော့ပါ၊ အယ်ဒီတာစစ်တော့မယ်ဆိုရင် ရွေးချယ်မှုနည်းသွားမယ်။အဲဒီလိုမျိုး။

အဲဒီတော့ ရွေးချယ်နိုင်လေလေ စိတ်ချမ်းသာမှု၊ကိုတိုးလေလေပေါ့နော်။

လွတ်လပ်စွာရေးသားပြောဆို ဟောပြောခွင့်တွေဆိုတာအဲဒီမှာ ပါလာပြီပေါ့။

Sir အာသာလူးဝစ်ဆိုတဲ့ စီးပွါးရေးပညာရှင်ပြောတာက ဖွံ့ဖြိုးတိုးတက်မှူရဲ့အကျိုးကျေးဇူးဆိုတာ

ငွေချမ်းသာလာတာမဟုတ်ဘဲ ရွေးချယ်နိုင်တာတွေတိုးပြီး ဘဝကိုကျေကျေနပ်နပ်ကြီး ဖြတ်သန်းနိုင်တာမျိုးတဲ့။

~~~~~~~~~~~~~~~~~~~~~

ချုပ်ရရင်တော့…………..

ဘဝမှာစားဝတ်နေရေးပြည့်စုံဖို့

ကိုယ့်ကိုကိုယ်တန်ဖိုး ၃မျိုးရှိအောင်နေဖို့

(တတ်နိုင်သလောက်)လွတ်လွတ်လပ်လပ် တစုံတယောက်ရဲ့လောင်းရိပ်ကိုမှီခိုနေတာမျိုးမဖြစ်နေဖို့

သို့မဟုတ် ကိုယ့်ရွေးချယ်နိုင်မှုကို “တိုးတက်အောင်”လုပ်ဖို့

ဆိုတဲ့အချက် ၃ ချက်ကိုတဦးချင်း၊ တမိသားစုချင်း၊ တရပ်ကွက်ချင်း၊ တမြို့ချင်း၊တနိုင်ငံချင်းပေါ့ဗျာ

လုပ်နိုင်ကြရင်ဖြင့် ဆိုတဲ့အတွေးလေးပါ။

ငွေရှာပါ၊ခင်ဗျားတယောက်ထဲ အတွက်တော့ မဖြစ်ပါစေနဲ့” လို့။

~~~~~~~~~~~~~~~~~~~~~

(နိုင်ငံအဆင့်ဆိုရင်တော့…

အပေါ်ကအချက် ၃ ချက်လုပ်နိုင်ဘို့ Pillar=ပီလာ ၅ ချောင်းလိုပါတယ်။ နောက်မှဆက်ရှင်းပါအုန်းမယ်။)

~~~~~~~~~~~~~~~~~~~~~

 

လေးစားစွာဖြင့်

 

မောင် သစ်မင်း(^^)

29 comments

  • မှော်ဆရာ

    December 6, 2011 at 8:07 pm

    လွတ်လပ်တယ်ဆိုတဲ့အဓိပါ္ပယ်ဟာ ဘာလဲလို့ မေးရင် “ရွေးချယ်နိုင်တာ”။
    အဲဒါလေးကို သေသေချာချာ မှတ်ထားလိုက်ပါတယ်…။
    ဆက်လက်ရေးသားနှိုင်ပါစေ ………

  • windtalker

    December 6, 2011 at 8:29 pm

    ကိုသစ်မင်းပို ့စ်ကို ဖတ်အပြီး
    မောင်ပေ နဲ ့မောင်ပေ့ဆရာ ရဲ ့အင်တာဗျူး ကို နဲနဲပြောချင်ပါတယ် ။
    မောင်ပေ့ ဆရာ ဟာ အသက်၆ဝကျော်ပြီ ဖြစ်ပြီး ၊ အခြားစီးပွားမလုပ်တော့ဘဲ သူတတ်ထားသမျှ ပညာများကို တပည့်များကို ပြန်ဝေမျှရင်းနဲ ့ပရဟိတတွေ အများကြီး ၊ ဦးဆောင်လုပ်နေသူ တစ်ဦးပါ ။
    သူ က သူ ့တပည့်များ ကို သင်တန်းမဆင်းခင် တစ်ရက်မှာ အင်တာဗျူးပါတယ် ။
    “ မင်း တစ်ကယ်လို ့အကြီးအကျယ်အောင်မြင်ခဲ့ရင် ၊ အရမ်းချမ်းသာသွားခဲ့ရင် ၊ မင်းဘာလုပ်မလဲ ” တဲ ့
    တစ်ကယ်လဲ သူ သင်ပေးတဲ့ ပညာကို အခြေခံပြီး ကိုယ့်ဉာဏ် ကိုယ့်ကံ နဲ ့သူဌေးသေချာပေါက် ဖြစ်နိုင်တာမို ့ပါ ။
    မောင်ပေ ဖြေခဲ့တဲ့ အဖြေ ကတော့ “ ဆရာ ၊ ကျုပ်သာ အမြန်ဆုံး အောင်မြင် ချမ်းသာပါစေ ၊ အလှူအတန်းနဲ ့ပရဟိတလုပ်ငန်းတွေမှာ ထက်သန်စွာ ပါဝင်ပါ့မယ် ” လို ့ဖြေခဲ့ပါတယ် ကစ်သိုရေ
    ကစ်သို ပို ့စ်နဲ ့ဘာမှ မဆိုင်ခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ

  • comegyi

    December 6, 2011 at 8:39 pm

    ကိုသစ်ကြီးခင်ဗျား…..
    ကိုသစ်ကြီးပြောပြတဲ့ အနှီသုံးမျိုးနဲ့
    ကိုယ့်ဘာသာ ကိုယ်ပြန်တိုင်းကြည့်လိုက်တော့
    တစ်ချက်မှလည်း စံနှုန်းမပြည့်ပါလား
    ကိုသစ်ကြီးရယ်……
    သို့ပေမယ့် အဆိုးဆုံးစံနှုန်းမှာတော့ ကိုယ်မရှိသေးပါလား
    လို့ ကို်ယ့်ဘာသာပြန်ဖော့လိုက်ပြန်တော့လည်း
    ဟုတ်တုတ်တုတ်ကလေးတော့
    နေသာထိုင်သာ ရှိပြန်တာဗျာ…..
    ခင်မင်စွာ……….

  • inz@ghi

    December 6, 2011 at 8:51 pm

    နောက်တပိုင်း စောင့်နေပါတယ်ဗျို့
    ဆြာသစ်ကတော့ တပုဒ်ဆို ဆိုသလောက် အနှစ်တွေချည်းဘဲ ရေးနိုင်လို့
    လေ့လာစရာ သင်ယူစရာ အစတွေ ဆွဲထုတ်ပြီး ..သင်ယူလေ့လာနေလို့
    များများ မမန့်နိုင်တာ မဆွေးနွေးဖြစ်တာ ..နားလည်သည်းခံပေးပါခင်ဗျား..

    ခင်တဲ့
    Inz@ghi

  • TTNU

    December 7, 2011 at 2:01 am

    “ငွေရှာပါ၊ခင်ဗျားတယောက်ထဲ အတွက်တော့ မဖြစ်ပါစေနဲ့” လို့။
    ဟုတ်တယ်နော်။ ဒီဝါကျတစ်ကြောင်းနဲ့တင်ပဲ ငါ့ဖို့၊ ငါစွဲ သတိချပ်လာနှိုင်တယ် ဆရာသစ်ရေ။
    (#3)ခံစားမှုတန်ဖိုး …… ဒီ Sentimental Value တော့ တီချာ Favourite ပါပဲ။

  • thit min

    December 7, 2011 at 6:06 am

    ကိုမှော်ရေ
    ပြောသွားတဲ့လူက တကဲ့ အီကော်နော်မစ်ရဲ့ ဂေါ့ဒ်ဖားသားကြီးဗျ။ ငွေအဓိကမဟုတ်ဘူးလို့
    ပြောသွားတာနဲ့တင် သူ့ကိုကျနော်လေးစားလို့။
    ~~~~~
    မောင်ပေညီရေ
    ဆိုင်လို့လဲရပါတယ်ညီရယ်။
    လူမှုဖွံ့ဖြိုးမှုရဲ့အစပထမက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမှာမဟုတ်လား။
    လဲနေသူကိုထူဖို့ ကိုယ်အားရှိရမှာပေါ့။မှန်ပါတယ်။
    ~~~~~~
    ကိုကမ်းကြီးရေ
    “~~~~ဆီမီးခမ်းတုန်းမို့~~ညသန်းခေါင်ဟာ~~ပိုမှောင်သလိုရှိတာအမှန်ဘဲ~~
    ဒါပေမဲ့လဲ ~~လမသာတဲ့အကြောင်းဟာ~~ကိုယ်တယောက်ထဲကြောင့်တော့~~မဟုတ်ဘူး”
    နောက်ပိုင်းရေးတဲ့အထဲမှာ ခင်ဗျားတယောက်ထဲကြောင့်မဟုတ်ဘူးဆိုတာ သိလာရမှာမို့ အားမငယ်ပါနဲ့လို့။
    ~~~~~~~
    ညီရေ(ဂီဂီ)
    ပီလာ ၅ ခုမသွားခင် အပေါက်မတဲ့တာ တခုရေးအုန်းမယ်နော့။
    အဲဒါရေးမှ ပိုပီပြင်မှာမလို။ ၃ ပုဒ်ဆက်တိုက်ရေးမယ်ကွာ။
    ~~~~~~~~
    ဆရာမကြီးတီတီနုရေ
    Sentimental Lovers ဆိုတဲ့ ဂျပန်သီချင်းလေးရှိတယ်ဗျ။
    တော်တော်ကောင်းတယ်။ နဂိုထဲမှအချစ်,ချစ်သူ ပါဟဲ့ဆိုကာမှ (^^)။
    အတိတ်တွေသတိယကုန်တော့မှာဘဲ၊ တို့တီတီနုတော့။

    • inz@ghi

      December 7, 2011 at 2:13 pm

      မာ့စ်လော ကြီးရဲ့ ဟိုင်ရခီ ကြီး ပဲပြေးမြင်နေတော့တယ် ဆြာသစ်ရေ့…
      အဲ့ ဟိုင်ရခီး ကြီး ကြည့်ကြည့်ပီး ဘယ်အဆင့် ကို ဘာရောင်းမယ် ဆိုတာလောက်ပဲ
      ခပ်တိမ်တိမ် အားတိုင်း တွေးနေမိတဲ့ကောင် ဆိုတော့ …
      ဟီး ..ရှက်ထှာ…

      အသစ်ရေးလာမည် များကို စောင့် ရင်း လက်ရှိ ပိုစ့်ကို အထပ်ထပ်ဖတ်နေပါသည်
      ခင်ညား…

  • kai

    December 7, 2011 at 6:48 am

    Pillarကို.. ထောက်တိုင်လို့ ခေါ်မလား..။
    နိုင်ငံတော်ကြီးကို ထောက်ပင့်ပေးထားတာတွေပေါ့..။
    သိချင်ပါတယ်.. စောင့်ဖတ်နေပါ့မယ်ခင်ဗျား…

  • MaMa

    December 7, 2011 at 7:05 am

    လွယ်မယောင်နဲ့ခက်၊
    တိမ်မယောင်နဲ့ နက် တဲ့
    ဆြာသစ်ရဲ့ သင်ခန်းစာတွေကို ဖတ်ရှု့မှတ်သားပြီး ….
    Pillar=ပီလာ ၅ ချောင်း ကို စောင့်မျှော်နေကြောင်းပါ ….

    • thit min

      December 7, 2011 at 8:01 pm

      ဟုတ်ကဲ့ ဆက်ရှင်းမှာပါ။ သူကြီး မင်း နဲ့ မမခင်ဗျား။
      ပီလာအောက်မှာ ခံစရာ အမာခံလည်း လိုသေးတာဆိုတော့အဲဒါလေးများ မန့်မလားကြည့်နေတာ
      ပါခင်ဗျာ။

  • weiwei

    December 7, 2011 at 9:42 am

    ဖတ်ရတာ လေးနက်လွန်းလို့ ရင်ထဲတောင် လေးသွားပါတယ် ….
    နောက်အပိုင်းတွေကို ဆက်လက်မှတ်သားဖို့ စောင့်ဖတ်ပါ့မယ် …

  • ba gyi

    December 7, 2011 at 9:46 am

    ကိုသစ်ကြီးရေ၊ကောင်းလွန်းတဲ့ ဖီလော်ဆိုဖီလေး မို့ ကူးထားပါတယ်၊
    ကျနော့် ဝန်ထမ်းတွေကို ဒါမျိုးလေးတွေဆို အမြဲပြန်ဖြန့်ဝေပါတယ်၊

  • ကိုသစ်ရေ
    လူအတော်များများက သီအိုရီတွေကို သိသလိုလိုတော့ရှိပါရဲ့။
    ဒါပေမယ့်လက်တွေ့မှာတော့ မလိုက်နာနိုင်ဘူးဖြစ်နေတယ်။
    နောက်တစ်ချို့ကြပြန်တော့လဲ ပြောတော့ပြောတယ်။
    သူကိုယ်တိုင်က မလိုက်နာတော့ ပြောအလကားဖြစ်ကုန်ပြန်ရော။
    ဒါအပြင်မှာလက်တွေ့ ကျနော်ကြုံရတာလေးပါ။

    • thit min

      December 7, 2011 at 8:05 pm

      မဝေဝေရေ
      ကျနော် စိတ်ထဲရှိသလိုကို သိထားတာလေးနဲ့ ပေါင်းရေးလိုက်တာပါ။
      ရင်လေးတာဆိုရင်တော့ အဖြေလာပါလိမ့်မယ်ခင်ဗျာ။
      ~~~~~
      ကိုဘကြီးကလဲဗျာ
      ရေးစမ်းပါအုန်း၊ ခင်ဗျားလဲ အချို ဆိုတာ သိပါတယ်ဗျာ။
      ~~~~~
      ဟုတ်ပါတယ် ကိုပေါက်ရေ
      ပြောတယ် သိတယ် ဆိုပေမဲ့ လက်တွေ့မလုပ်နိုင်သူများ က အများကြီးပါဘဲ။
      အဲ နဲနဲ လုပ်နိုင်တာနဲ့ နဲနဲ အကျိုးရှိတယ်ဆိုတာသိရင် လုပ်လာကြမှာပါ။

  • blackchaw

    December 7, 2011 at 11:54 am

    ကိုသစ်ရေ။
    ဒီပို့စ်ကို မဒမ်ဘလက်ချော မဖတ်မိပါစေနဲ့ လို့ ဆုတောင်းရတော့မှာပဲဗျို့။
    တော်ကြာ တန်ဘိုးထားချင်လွန်းလို့ မွေးနေ့လက်ဆောင် ဝယ်ခိုင်းနေမှဖြင့် ….။
    လေးလေးစားစား စောင့်ဖတ်လေ့လာပါမည် ခင်ဗျား။

  • ကြောင်ကြီး

    December 7, 2011 at 1:01 pm

    ဆြာသစ် ရေးပြီးသလောက်ထိကိုပဲ ဆွေးနွေးမယ်နော်၊ နောက်တင်မယ့် pita နံပြားငါးပြားကိုလည်း စောင့်ဖတ်ပါ့မယ်။
    (၁) ဘဝမှာစားဝတ်နေရေးပြည့်စုံဖို့
    (၂) ကိုယ့်ကိုကိုယ်တန်ဖိုး ၃မျိုးရှိအောင်နေဖို့
    (၃) အမှီအခို အတတ်နိုင်ဆုံးကင်းဖို့
    အထက်ပါ သုံးချက်မှာ ဘယ်အချက်နဲ့ စကြမလဲ။ အားလုံးပြိုင်တူ စဖို့ဆိုတာတော့ ခါချဉ်ကောင် တောင်ဖြိုမဲ့ အကြံဖြစ်နေမှာ စိုးပါတယ်။ တခုနဲ့တခု သီးခြားဖြစ်နေသလား ဆိုတော့လည်း ယနေ့ ကမာ္ဘရွာစနစ်မှာ မဖြစ်နိုင်ပါဘူး။ တခုပဲ ပြည့်စုံပြီး ကျန်အချက်မှာ မလိုက်နိုင်ရင်လည်း အလကားပါပဲ။ မြန်မာနိုင်ငံလို ဆင်းရဲပြီး မဖွံ့ဖြိုးတဲ့ နိုင်ငံလေးများအဖို့ သာ၍ဆိုးပါတယ်။ ဘယ်အချက် ဦးဆောင်သင့်သလဲ သတ္ထုချကြည့်ရင်…..
    (၁) စားဝတ်နေရေး ပြည့်စုံမှ ကိုယ့်ကိုယ်ကို တန်ဖိုးရှိလာပြီး လွတ်လပ်တဲ့ဘဝရောက်မလား ။ (စီးပွားရေး ပြုပြင်မှုများ အရင်လုပ်ပြီးမှ နိုင်ငံရေးစနစ်ပြင်ဆိုတဲ့ စစ်တပ်လိုလားသူများ အတွေးအခေါ်နဲ့ စပ်ဆက်တွေးနိုင်မယ်ထင်တယ်)
    (၂) ကိုယ့်တန်ဖိုးကိုယ်တင်ပြီးမှ စီးပွားရေးလုပ်လို့ဖြစ်မယ်၊ ဒါမှ လွတ်လပ်သူဖြစ်မယ်။ (နိုင်ငံရေးစနစ် အရင်ပြင်၊ တရားဥပဒေ စိုးမိုးမှ တိုင်းပြည်တိုးတက်မယ်ဆိုတဲ့ အတိုက်အခံ ဒီမိုကရက်များ အမြင်)
    (၃) အာဏာရှင်စနစ် ဖြုတ်ချ ပြည်သူ့အစိုးရထူထောင်မယ်။ (လက်ဝဲအစွန်းဝါဒီများအမြင်) သို့မဟုတ် တသွေးတသံတမိန့် စနစ်တည်ဆောက်မယ်။ (လက်ယာစွန်း အမျိုးသားရေးဝါဒီ)
    ဆိုပြီး သုံးမျိုးထွက်လာတယ်။ ဒီသုံးချက်ကလည်း ခေတ်အပေါ်မူတည်ပြီး ပြိုင်တဲ့အခါပြိုင်၊ နိုင်တဲ့အခါ နိုင်လိုက်ပါ။ အမြဲတည် မနေပါဘူး။
    လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားအရကတော့ အထက်ပါ သုံးချက်စလုံး အောင်မြင်မှု မရခဲ့ပါဘူး။ သုံးချက်စလုံး ပေါင်းလုပ်ရင် ပိုမဖြစ်နိုင်တာ သေချာပါတယ်။
    ဒီနေရာမှ တွက်ရမှာ မိမိအပြင် မိတ်ဆွေ၊ ရန်သူ၊ တစိမ်း စတဲ့ ပြင်ပအချက်များကိုပါ ထည့်တွက်ဖို့ပါ။ တကိုယ်တည်း ပြေးတယ်လို့ ယူဆမယ်ဆိုရင် လိုရာပန်းတိုင်းကို မိမိခန့်မှန်းတဲ့အတိုင်း ရောက်မှာ အသေအချာဖြစ်ပေမဲ့ ပြေးလမ်းကြောင်းမှာ လူပေါင်းစုံရှိလာတဲ့အခါ ထင်သလိုမဖြစ်တာ အထင်အရှားပါ။ တိုင်းပြည်ထူထောင်ရေးကို ပေးထားတဲ့ သုံးချက်နဲ့ စဉ်းစားမယ်ဆိုရင် ယနေ့ပြည်တွင်း ပြည်ပ အနေအထားများနဲ့ တချက်ချက်ကို ချိန်ကိုက် ဇောင်းပေးနိုင်ဖို့ အရေးကြီးတယ် ထင်ပါတယ်။ ကမာ္ဘ့သမိုင်းမှာ အထက်ပါ သုံးချက်စလုံး သူ့နည်းသူဟန်နဲ့သူ အောင်မြင်မှု ရခဲ့တယ်၊ ကျဆုံးသွားတာ အချိန်အခါကို မသိလို့ သို့မဟုတ် မလိုက်နိုင်လို့ သို့မဟုတ် တဖက်ပြိုင်ဖက်ကို မဟန့်တားနိုင်လို့ ဖြစ်ရတယ်။ သမိုင်းဆိုတာ ရဟတ်ဘီးလို လည်ပတ်နေတာမို့ သူ့အချိန်သူ့အခါ အံဝင်ဂွင်ကျဖြစ်ဖို့ လိုအပ်ပါတယ်။
    လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ အခြေအနေကို ကြည့်ရင် တိုင်းပြည်အုပ်ချုပ်သူများ အထက်ပါသုံးချက်ထဲက တနည်းမဟုတ်တနည်း ကြိုးစားခဲ့ပါတယ်။ ကိုယ်ကောင်းတော့ သူများမကောင်း၊ သူများကောင်းတော့ ကိုယ်မကောင်း၊ ပြည်တွင်းညီပြန်တော့ ပြင်ပက အခြေအနေမပေး၊ ပြင်ပကလိုလားနေပြန်တော့ ပြည်တွင်းက မလိုက်နိုင် အလွဲလွဲ အချော်ချော် ဖြစ်ရပါတယ်။ (မြန်မာတနိုင်ငံထဲ မဟုတ်ဘဲ ဆင်းရဲ ပဋိပက္ခဖြစ်နေတဲ့ တိုင်းပြည်များအားလုံး ဒီသဘောမျိုး ရှိမှာပါ)။ သာမာန်အားဖြင့် အူမ တောင့်မှ သီလစောင့်မယ်၊ ဒါမှမဟုတ်လည်း သီလစောင့်ကြမှ (ကျင့်ဝတ်သိက္ခာကို ဆိုလိုပါသည်) အူမတောင့်နိုင်တယ်။
    အခုဆိုရင် ပြည်ပအကူအညီ အထောက်အပံ့ အရင်းအနှီးများ ဝင်လာတော့မှာမို့ ယခင်က ပိတ်နေတဲ့ အရာတခု ပွင့်လာပြီ။ ပြည်တွင်းမှာရော အဆင်သင့်ဖြစ်ပြီလား။ နိုင်ငံရေးစနစ် ပွင့်လင်းရမယ်။ တရားဥပဒေ စိုးမိုးရမယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရှိရမယ်။ ဒါတွေရှိမှ ပွင့်လာတဲ့ ပြည်ပအကူအညီများ ပိတ်မသွားမှာဖြစ်ပြီး ပြည်တွင်းအင်အားနဲ့အတူ ဆြာသစ်ပြောတဲ့ အချက်သုံးချက် ဖြည့်ဆည်းဖို့ မျှော်လင့်နိုင်ပါမယ်။။။။

  • amatmin

    December 7, 2011 at 1:19 pm

    ဆရာသစ်ရေ..
    အကို့ ပို့စ်ဖတ်ပြီး တွေးမိတာက ကိုယ့်ကို ကိုယ်တန်ဖိုးထားမှု က အရေးအကြီးဆုံးပဲလို့….
    အဲဒါသာ ပြည့်စုံနေရင် နံပါတ် ၁ က အလိုလို ကပ်လာမှာပဲနော်..
    ပြီးတော့ ကိုယ်တန်ဖိုးထားတဲ့ စံအောက်မှာ ကိုယ့်ဘာသာ နေမှတော့ အမှီအခိုကင်းပြီး ငြိစရာမရှိ လွတ်လပ်ပြီးသားဖြစ်မှာပဲ..
    (ဆိုပါစို့ သဂျီးက ပို့စ်တွေ စိစစ်လဲ နဂိုထဲ ကတန်ဖိုး မမဲ့အောင်ရေးတတ်ရင် ပူစရာ မလို ..ဂလိုမျိုးထင်တယ်)

    အကိုအပါအဝင် ရွာသူားတွေရဲ့ စေတနာ ပါသော အရေးအသားတွေကို ဖတ်မှတ်ခွင့်ရနေလို့ ကျေးဇူးတင်လျှက်ပါဗျာ..

  • Moe Z

    December 7, 2011 at 1:31 pm

    ဆရာသစ်ရဲ့ပို့စ်တွေက အေးအေးဆေးဆေးဖတ်မှ အဆင်ပြေလို့
    ကူးထားတာများနေပြီဆိုတဲ့အကြောင်းလေး ပြောပြတာ 🙂

  • လင်းဝေ

    December 7, 2011 at 1:59 pm

    Prof; Dr. Thit က economist မှန်းသေချာသွားပြီ။
    လူဆိုးပဲ အနော့်ကို ဘဏ်အကြောင်းငွေအကြောင်းလာရေးခိုင်းတယ်။ ရှက်ထှာ။
    Economics ကို ကြက်တူရွေးလောက်ပဲတတ်တာကို။
    စမစ်ဆိုရင် ဒေါ်မန်စမစ်ပဲသိတယ်။ ကိန်း ဆိုရင်တော့ မောင်ကိန်းရွှေဆိုင်ပေါ့။

    • thit min

      December 7, 2011 at 7:58 pm

      ကိုလင်းဝေကျော်ရယ်
      စကော်လာ မှာ “ရာဇာ” ဆိုတာမရှိပါဘူးနော်။
      ကိုလင်းဝေကျော် ဆိုတာလည်းကျနော်လေးစားရတဲ့ စကော်လာ တယောက်ပါဗျာ။

      • ကြောင်ကြီး

        December 8, 2011 at 11:22 am

        ဘယ်သူက ဘာတွေလည်း ပြောဂျအုမ်းလေဗျာ… ဦးပါလေရာကလဲ ဦးဖက်တီးကို ရဲတဲ့၊ မေပေါင်က ဦးဘလက်ကို ထောက်လှမ်းရေးတဲ့၊ အခု ဆြာသစ်က ကိုလင်းဝေ (လင်းဝေကျော်ထင်တယ်နော်၊ နာမည်ခဏခဏ မပြောင်းပါနဲ့ဗျာ၊ ကျုပ်တို့ စီအိုင်အေ ဒေတာဘေ့စ်မှာ နာမည်တွေထပ်နေရင် မကောင်းဘူး) ကို ပညာရှင်တဲ့။ ဘာတွေလဲ ဘာတွေလဲ။ ကြောင်ကြီးကတော့ တရုတ်မကြိုက်သူ (တွေးချင်သလိုတွေး)

  • pooch

    December 7, 2011 at 2:43 pm

    “ငွေရှာပါ၊ခင်ဗျားတယောက်ထဲ အတွက်တော့ မဖြစ်ပါစေနဲ့” လို့။

    အဲ့ဒါလေး အကြိုက်ဆုံးပဲ ။ ရှယ်ခွင့်ပြုပါ သူငယ်ချင်းကိုပို့ချင်လို့ ။

  • FattyCat

    December 7, 2011 at 3:59 pm

    ငွေနောက် ကောက်ကောက်ပါအောင်လိုက်နေတယ်
    ငါ့အတွက်တဲ့….ဒီထက်နဲနဲပိုရင်….ငါနဲ့ဆိုင်တဲ့ ငါ့မိသားစုအတွက်တဲ့…
    တကယ်တော့ ငါ့အတွေးက အဲဒီထက်မပိုသေးပါလား…..

    • thit min

      December 7, 2011 at 8:24 pm

      ကိုဘလက်ရေ
      မန်းဒလေးလူတွေက ကိုဘလက်ကိုစိန်နားကပ်လောက်တော့
      ပျင်းတယ်လို့ပြောနေတယ်။
      ကိုပေဆို အစိမ်းတဆင်စာ၊အနီတဆင်စာ ကိုဘလက် အဝယ်ကိုစောင့်နေတယ်။
      ဒေါ်ဟီလာရီကိုရောင်းလို့မရလို့တဲ့။
      ~~~~~~~~~~~~~
      ကိုကြောင်ရေ
      ကြိုက်တယ်ဗျာ။
      အဲဒါ လူ့ “လိုအပ်ချက်” ၃ မျိုးဆိုတဲ့ သဘောဆောင်တဲ့ အရာတွေ
      လို့ဘဲကျနော်ပြောတယ်။
      “Stage” အနေနဲ့ ဆွေးနွေးသွားတဲ့ ကိုကြောင်အမြင်ကို ကြိုက်တယ်ဗျ။
      External/ Internal Factors =ပြင်ပ အတွင်း အရင်းခံအကြောင်း များကိုပါဆွေးနွေးပေးသွားတဲ့
      ဒီကော်မန့်ကကျနော်ရဲ့ နောက်ရေးမဲ့ စာရဲ့ အရိပ်ပြ ရှင်းတမ်းလေးလိုပါဘဲ။
      အိုကေ ကိုကြောင်ရေ ကျေးဇူးတင်ပါတယ်။ ဆက်ဆွဲရအောင်နော်။
      ~~~~~~~~~~~~~
      ညီလေးအမတ်မင်း
      ကလည်း စာချင်းမတူပေမဲ့ ” Stage” ကိုဘဲပြောတာမို့ သိပ်ကောင်းတယ်လို့ချီးကျူးပါတယ်ညီရေ့။
      ~~~~~~~~~~~~~~
      မမိုးဇက်ရေ
      ဟုတ်ကဲ့ ဖတ်ပါ။နားမလည်ရင်မေးပါ၊ သဘောမတူရင်ငြင်းပါ။
      အသစ်စဉ်းစားလို့ရရင်လဲ မျှဝေပါလို့။
      ~~~~~~~~~~~~~~
      မပူးချ်ကတော့
      ရှယ်တယ်နော်။ ဘယ်သူငယ်ချင်းလဲဗျ။
      နောက်တာနော်၊ ။ရှယ်ပါခင်ဗျာ။လွတ်လပ်စွာ။
      ~~~~~~~~~~~~~~
      ကိုကြောင်ဝရေ
      ဒါဆို ငွေနောက်မလိုက်နဲ့တော့ဗျာ။
      ပိုက်ဆံနောက်ဘဲ လိုက်တော့။(^^)
      ဒီလိုရှိတယ်ဗျ။
      အဲဒီလိုသိတဲ့လူဆိုရင် ” Turning Point”ရှိတယ်ဗျ။

  • ပေါက်ဖော်

    December 7, 2011 at 8:14 pm

    အကစ်သိုပို ့စ်တွေက….မှတ်သားယုံမှတပါး..တခြားမတတ်နိုင်ပါခင်ညာ..
    သို ့ပါ၍..ဝင်မပွားမိလျင်..နားလည်၍ကားဝယ်ပေးတော်မူပါကုန်
    😯

  • unclegyi1974

    December 7, 2011 at 11:08 pm

    “ငွေရှာပါ၊ခင်ဗျားတယောက်ထဲ အတွက်တော့ မဖြစ်ပါစေနဲ့”
    ဒီမှာကငွေရှာပါကိုယ့်အတွက်ဖြစ်ပါစေဆိုတဲ့သူတွေများနေတာကိုသစ်ရေ
    နာဂစ်တုန်းကအမေရိကန်ကလူကြီးတယောက်သူအသက်ကြီးရင်သုံးဖို့စုထားတဲ့ငွေ
    ကန်ဒေါ်လာတစ်သိန်းကျော်ကလေးရှိတာဘဏ်ကငွေတစ်သိန်းထုတ်ပြီးလှူလိုက်သတဲ့
    မြန်မာမှာအဲလိုကိုယ့်ရှိတာနေ့ဖို့ညစာမချန်ပဲပုံအောလှူသူ(ကျွန်တော်အပါ)
    မတွေ့ဖူးသေးဘူးဗျာ
    ဟိုးတုန်းကဖွားဦးဇွန်းတို့ကိုမပြောနဲ့အခုခေတ်ပြောတာ

  • E.T

    December 8, 2011 at 10:15 am

    တစ်ယောက်ထဲ အတွက်တော့ မရှာပါဘူး။ ရတဲ့ဝင်ငွေကို ဆယ်ပုံ ပုံတယ်။ တစ်ပုံကို အများအတွက် လှူတယ်။ သုံးပုံကို စုတယ်။ ၅ပုံကို သုံးတယ်။ ၅ ပုံသုံးတာတောင် သိပ်မလောက်ချင်ဘူး 😀

  • char too lan

    December 8, 2011 at 2:38 pm

    လူမှာ လွတ်လပ်တယ်ဆိုတဲ့အဓိပါ္ပယ်ဟာ ဘာလဲလို့ မေးရင် “ရွေးချယ်နိုင်တာ”။
    … သင်ခဲ့ရဖူးတယ် Ethical & Unethical နဲ့တွဲနေတယ် Business Communication ဘာသာရပ်မှာလို့ ထင်တယ် …

  • zaw min

    December 17, 2011 at 8:43 pm

    ကိုသစ်ရေ…ကျနော်တို့ တိုင်းပြည်အတွက် အဓိကလို အပ်နေတာကတော့ တန်ဖိုးရှိတဲ့လူတွေများများ လိုအပ်နေပါတယ်၊ တန်ဖိုးရှိတဲ့ လူတွေကိုလည်း တန်ဖိုးထားတတ်ဖို့လိုပါတယ်၊တန်ဖိုးကို သိမှလည်းတန်ဖိုးထားတတ်မှာပါ…တန်ဖိုးကို သိပီး အသုံးချနိုင်ရင် တန်ဖိုးပိုရှိလာမှာ…ပြည်တန် ပတ္တာမြားကို စောင်စုတ်နဲ့ထုတ်ပြီး သူတောင်းစားဂေါင်းပေါ် တင်ထားရင် ဘယ်သူကမှ တန်ဖိုးရှိမှန်းမသိနိုင်ပါဘူး…
    ဒါကြောင့်တန်ဖိုးကိုသိပြီး အသုံးချနိုင်မှသာလျှင် အဖိုးတန်သော ထိုက်တန်သော တိုင်းပြည်ဖြစ်လာမှာပါ။

Leave a Reply