Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်သွားမယ့် မောင်ပေ (၃)

မောင် ပေDecember 3, 20111min2328

ကားသမား ငတိ လစ်ပြေးသွားပြီးနောက် ၊ ဟိုတယ်ထဲသို ့ဝင်ကာ အခန်းငှားလိုက်သည် ။ ထို ့နောက် ဂေဇက်မှ မိတ်ဆွေ ကိုဘီလူး ထံ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြလိုက်သောအခါ ၊ သူ ချက်ချင်းလာခဲ့မည် ဟု ပြောသည် ။
သည်လူ က ခေသူမဟုတ် ၊ လက်ဝှေ ့၊ ကရာတေး ၊ တိုက်ကွမ်ဒို အစုံတတ်မြောက်ထားသည် ဟု သိရသည် ။ ရန်ကုန်မြို ့ရှိ ခါးပိုက်နှိုက် များဆိုလျှင် ၊ သူ ့ဓါတ်ပုံကို ဗီနိုင်းထုတ်ထားကာ ၊ သူနှင့်ဆုံသော ကားပေါ်တွင် မလှုပ်ရှားကြရန် သတိပြုကြသည် အထိပင် ။ နောက်ပြီး သည်လူ၏ ဝတ်စားပုံမှာ အမြဲတမ်း ဝတ်စကုတ် တစ်ထည်ပါသည် ။ ရဲလား ဆိုတာကိုတော့ သူ ့ကိုမေးရမည် မှာ အားနာသဖြင့် မမေးဖြစ်ခဲ့ ။
ဟော်တယ် မှာ ရေချိုးပြီး၊ဧည့်ခန်းမှစောင့်နေစဉ် ကျွန်ုပ်ထံ ဖုန်းဆက်လာသူမှာ ၊ ကျွန်ုပ်တို ့ဂေဇက်မှ တံခါးစောင့်ကြီး ဘလက် ။ ခဏနေကြ ဂေဇက်မှ ကိုလင်းမြွေ ဖုန်းဆက်လာသည် ။ သူတို ့ကို လည်း အကျိုးအကြောင်း ပြောပြလိုက်သောအခါ ၊ သူတို ့လည်း ချက်ချင်းလာခဲ့မည် ဟု ပြောသည် ။
ဒါမျိုးကြ ကျွန်ုပ်တို ့ဂေဇက်ဝင်တွေ သွေးစည်းညီညွတ်ကြသည် ။
၁၅မိနစ်ခန် ့ကြာသောအခါ ၊ ဟိုတယ်ဧည့်ခန်းအတွင်းတွင် ဂေဇက်ဝင် သုံးဦးနှင့် ကျွန်ုပ် မောင်ပေ နှင့် ဆုံကြလေတော့သည် ။
ကိုဘလက် နှင့် ကိုလင်းမြွေ တို ့ပုံစံမှာ အရပ်မြင့်မြင့် ၊ ဘော်ဒီက ခပ်တုတ်တုတ် နှင့် မစ်ဒယ်ဝိတ် ဘောက်ဆင်သမားများကို တွေ ့ရသည့် အတိုင်း ။
တွေ ့တွေ ့ချင်း သူတို ့သုံးယောက်လုံး ၊ ကျွန်ုပ်ဖြစ်ပုံကို အသေးစိတ်မေးမြန်းကြသည် ။
ကားသမား ပုံစံက ရှမ်းကုလား ရုပ်ဗျ ၊ အရပ်ကတော့ ၅ပေ၆ လောက်ရှိမယ် ။ လူပုံက ခပ်သန် ့သန် ့ဘဲ ။ တက္ကစီမောင်းတယ်လို ့ကို မထင်ရဘူး ။ သူ ့ကားကလဲ ကော်ရိုလာဗင်ဗျ ။ မော်ဒယ်တော့ မသိဘူး ။ ကားနံပါတ်လဲ မမှတ်မိဘူး ။ ကားက သန် ့တယ် ။ တက္ကစီဆိုင်းဘုတ်တင်ထားတဲ့ နံပါတ်အနီကား ဆိုတာတော့ သေချာတယ် ။
ကိုဘီလူး က ရန်ကုန်မြောက်ပိုင်းတစ်ခွင် တွင် သွားစုံစမ်းမည် ဟု ဆိုကာ ထွက်သွားသည် ။
ကိုလင်းမြွေ က ရန်ကုန်မြို ့ထဲ ကို သူ ့တာဝန်ဟု ဆိုကာ ထွက်သွားသည် ။
ကိုဘလက် ကတော့ ကျွန်ုပ် သွားလိုသည့်နေရာများကို လိုက်ပို ့ရင်း ၊ ကျွန်ုပ်နှင့် အတူ စုံစမ်းမည် ဟု ဆိုသည် ။
ကိုဘလက်နှင့် ကျွန်ုပ်လည်း လဘက်ရည်ဆိုင်တစ်ဆိုင် သို ့ဝင်ထိုင်ပြီး မနက်စာစားကြသည် ။
“ ကိုပေ့ စာအုပ်တွေ က တော်တော်များလားဗျ ”
“ များဆို ကိုးယောက်စာ ပေါ့ဗျာ ၊ ဒီမှာ ကိုဘလက်တို ့ကိုဘီလူးတို ့ကိုလင်းမြွေ တို ့လို ဘော်ဒါတွေ ကို ပေးဖို ့၊ ၉ ယောက်စာ ခန် ့မှန်းပြီး ဝယ်ခဲ့တာဗျ ”
“ ဒါဆို နှမြောစရာကြီးဗျာ ၊ ဒါနဲ ့ကိုပေ စီးခဲ့တဲ့ ကားက တော်တော်လေး သန် ့လား ”
“ အင်း..သန် ့တယ်ဗျ ၊ အတွင်းခန်းကော အပြင်ပိုင်းကော ၊ နောက်ပြီး အခုမှ မှတ်မိပြီ ၊ အဲ့ကောင် ဝတ်ထားတဲ့ပုံစံကို ၊ ရှပ်အင်းကျီနဲ ့စတိုင်ပန် နဲ ့နက်ကတိုင်နဲ ့ဗျ ”
“ ခင်ဗျားစီးခဲ့တာ တက္ကစီကော ဟုတ်ရဲ ့လားဗျာ ”
“ ဟုတ်ပါတယ် ၊ တက္ကစီ ဆိုင်းဘုတ် တပ်ထားတာတော့ သေချာပါတယ် ”
“ အေးဗျာ ၊ စိတ်တော့ မပျက်ပါနဲ ့ဦး ၊ ကျုပ်မှာလဲ အသိရဲတွေ၊စုံထောက်တွေ အပတ်အသက်တွေ အများကြီးရှိပါတယ် ၊ ဒါပြီးရင် သူတို ့ဆီ သွားပြီး စနည်းနာကြည့်ရအောင် ”
“ အေးဗျာ..ကျုပ်က ဒီမှာ သူစိမ်းတစ်ယောက် ဆိုတော့ ၊ အကိုတို ့ကိုဘဲ အားကိုးရမှာဘဲ ”
မနက်စာ စားအပြီး ကျွန်ုပ်တို ့နှစ်ယောက် ၊ ကိုဘလက် မိတ်ဆွေ၏ အိမ်သို ့သွားခဲ့ကြသည် ။
ရုံးမသွားမှီ အချိန်မှီအောင် ဟု ဆိုကာ ကိုဘလက်က သူ ့ကား ကို အမြန်ဆုံး မောင်းလာခဲ့သည် ။
ကိုဘလက် မိတ်ဆွေအိမ်ရောက်တော့ ၊ အိမ်ထဲအဝင် ၊ ရုံးသွားဖို ့ပြင်နေတဲ့ သူ ့ကို တန်းတွေ ့ရတယ် ။ ပုံကြည့်ရတာ အရာရှိတစ်ယောက်ပါဘဲ ။ ဒါနဲ ့ ကိုဘလက် က ကျွန်ုပ်တို ့ရောက်လာရတဲ့ အကြောင်းစုံကို ပြောပြလိုက်တော့ ၊ အဲဒီလူ က တန်းသိတယ် ။
ချက်ချင်း သူ ့ဖုန်းထုတ်ဆက်တယ် ။ ကြည့်ရတာ သူ ့တပည့်များကို လှမ်းညွှန်ကြားနေတဲ့ပုံဘဲ ။
ပြီးတော့ ကျွန်ုပ်ကိုမေးတယ် ။ ရန်ကုန်က ပြန်ရင် ဘာနဲ ့ပြန်မလဲ တဲ့ ။ ကျွန်ုပ် လည်း လေယာဉ်နဲ ့ပြန်မှာ ဖြစ်တဲ့အကြောင်း ပြန်ပြောလိုက်တော့ ၊ လေယာဉ်လက်မှတ် ဝယ်ပြီး ပြီလား လို ့မေးတယ် ။ မဝယ်ရသေးဘူး လို ့ဆိုလိုက်တော့ ၊ နေ ့လည် တစ်နာရီ ၊ မင်္ဂလာဒုံလေဆိပ်မှာ တွေ ့ကြဖို ့ချိန်းလိုက်တယ် ။ သူက လေယာဉ်လက်မှတ်ဝယ်ဖို ့ လိုက်ကူညီပေးရင်း ကျွန်ုပ်၏ စာအုပ်များပြန်ရဖို ့အဲဒီမှာ ဆုံမယ် တဲ့ ။
ဒါနဲ ့မယုံတစ်ဝက် ၊ ယုံတစ်ဝက် နဲ ့ကိုဘလက်နဲ ့ကျွန်ုပ် ပြန်လာခဲ့ကြသည် ။ ကျွန်ုပ် မိတ်ဆွေ ၏ မင်္ဂလာဆွမ်းကျွေးပွဲ သို ့ရောက်ဖြစ်ခဲ့သည် ။ ထို ့နောက် အချိန်ရသေးသဖြင့် ရွှေတိဂုံဘုရား သို ့သွားဖူးခဲ့သည် ။ ဘုရားဖူးရင်း ကျွန်ုပ် စာအုပ်များ ပြန်ရပါစေ ဟု ဆုတောင်းမိသည် ။
ဘုရားပေါ်မှ ပြန်အဆင်းတွင် ၊ ကိုလင်းမြွေ ၏ ဖုန်းဝင်လာသည် ။ ကျွန်ုပ်ထံမှ လစ်ပြေးသွားသော ကားပုံစံကို သူ ့မိတ်ဆွေ ဖော်ရိန်နာများ တွေ ့ဖူး စီးဖူးကြကြောင်း သိရသည် ဆိုသည့်အကြောင်း ပြောလာသည် ။ လေဆိပ်နား တစ်ဝိုက်တွင် သွားရှာကြည့်ဖို ့
အကြံပြုလာသည် ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ၊ ကျွန်ုပ် လည်း ကိုဘလက်နှင့် အတူ ၊ ကိုဘလက် မိတ်ဆွေနဲ ့လေဆိပ်တွင် ချိန်းဆိုထားကြောင်း ပြောပြလိုက်သောအခါ ၊ ကိုလင်းမြွေ လည်း ဝမ်းသာသွားသည် ။
နေ ့လည် တစ်နာရီကျတော့ ၊ ကိုဘလက်နှင့်အတူ မင်္ဂလာဒုံလေဆိပ်တွင် သို ့အရောက် ၊ လေဆိပ်အပြင်ဘက်တွင် ရပ်ထားသော ကားပါကင် တွင် ဘက်ကီး ငတိ ၏ ကားနှင့် ဆင်တူသော ကားတစ်စီး ကို တွေ ့လိုက်ရလေသည် ။
သေချာအောင် အနီးကပ် သွားကြည့်တော့ ၊ မနက်က စီးလာသောကားသေချာသည် ။ ကိုဘလက် မိတ်ဆွေ အရာရှိ ကို လှမ်းမြင်ရသဖြင့် သူ ့ဆီ အရင်သွားပြီး ကားတွေ ့ကြောင်းပြောပြလိုက်သော အခါ ၊ ထိုသူ က ချက်ချင်း ဆိုင်ရာများကို ဖုန်းဆက်လိုက်သည် ။
ကိုဘလက်မိတ်ဆွေ က အရာရှိတစ်ဦးဖြစ်ပြီး လေယာဉ်လက်မှတ် မကြာခဏ ဝယ်နေကြမို ့၊ လေယာဉ်လက်မှတ် ကို ဈေးမှန်ဖြင့် ဝယ်လို ့ရသည် ။ ထို ့နောက် လေဆိပ်အတွင်းရှိ ဘားတွင် ဝင်ထိုင်လိုက်ကြပြီး ၊ အခြေအနေ ကို မေးလိုက်သော အခါ ၊ ကိုဘလက် နှင့် သူ ့မိတ်ဆွေ အရာရှိ တို ့က ပြုံးပြပြီး စောင့်ကြည့်ပါ ဟူသော မျက်နှာမျိုးကို တွေ ့လိုက်ရသဖြင့် ၊ ဘီယာတစ်လုံးမှာကာ သောက်နေလိုက်သည် ။
ဘီယာတစ်လုံးကုန်ချိန်လောက်တွင် ၊ ကျွန်ုပ်လည်း လေဆိပ်အတွင်း တစ်ချက် လှည့်ကြည့်နေစဉ် ၊ တွေ ့လိုက်ရပါပြီ ၊ ဘက်ကီးငတိ ကို ၊ သူ ့ဘေးမှာ ထောင်ထောင်မောင်းမောင်း လူနှစ်ယောက် က လက်တစ်ဘက်စီ ကိုင်ဆွဲကာ ဝင်လာသည် ကို တွေ ့လိုက်ရလေတော့သည် ။
( ဆက်လက်ရေးသားပါဦးမည် )
***** ကျွန်ုပ် ၏ အရည်မရ အဖတ်မရ ခရီးသွားမှတ်တမ်းကို သည်းခံ ဖတ်ပေးသည့်အတွက် လေးစားကျေးဇူးတင်ပါသည် *****

8 comments

  • မောင်ပေပိုစ်ကို ဖတ်ပြီးသကာလ ကျျွန်ုပ်၏သတင်းပေးများမှတစ်ဆင့် စုံစမ်းသောအခါ
    မောင်ပေဝယ်လာသော ပုံစံတူ စာအုပ်ကိုး စုံကို ဘီယာဆိုင်ရှေ့တွင်ဈေးကွက်စီးပွားရေးအရ
    အရောင်းမြင့်တင်နေသော ဘယာကြော်ကုလားထံတွင်လာရောက်ရောင်းချစဉ် ဖမ်းဆီးရမိပါကြောင်း။
    ၎င်းစာအုပ်များကို ပြန်လည်ရယူလိုပါက ခရီးစရိတ် ကုန်ကျငွေကျပ်ငါးသိန်းတိတိပေး၍ စာအုပ်များကို
    ပြန်လည်ယူဆောင်၍ရပြီဖြစ်ကြောင်းသတင်းပေးအပ်ပါသည်.

    • windtalker

      December 3, 2011 at 11:10 pm

      မဟုတ်သေးဘူး ကိုပေါက်ရေ
      မနက်ဖန်ကြ အဆုံးသတ်ပါမယ် ဗျာ
      ဘယ်သို ့ဘယ်ပုံ ဘယ်လို ဘာညာ ဆိုတာ

  • ကိုမောင်ပေရေ. အကို ့စိတ်ကူးထဲကဇာတ်လိုက်ကျော်တွေရဲ ့အစွမ်းကအံ့မခန်းပါလား!!!!!!!!!

  • amatmin

    December 3, 2011 at 11:43 pm

    ကိုရင်ပေ တို့များ အစဆွဲထုတ် ထားပြီးမှတော့သည်းခံဖတ်တာကိုကျေးဇူးတင်မနေပါနဲ့ဗျာ..
    မြန်မြန်လေးသာ အလစ်သမားကို ပွဲထုတ်ပါတော့..
    ဒီလူ့နှယ် မလာခင်ထဲကို ရန်ကုန်က ကားသမားတွေကိုလန့်ပါတယ်ဆိုတဲ့
    ကိုပေလို လူကိုမှ လုပ်ရက်ပလေတယ်ဗျာ…
    ဓါတ်ပုံရိုက်ပြီးမှတ်တမ်းတင်ထားရင်တခါထဲ တင်ပေးဗျာ.. 🙂

  • nigimi77

    December 4, 2011 at 11:29 am

    ကိစ္စပြီးခါနီးမှ လူမိသလို ဆန် ့ငင်ကြီးဗျာ ။

  • ပေါက်ဖော်

    December 4, 2011 at 11:57 am

    အင်း..
    ကားသမားက ကျောက်စိမ်းထုပ်နဲ ့..မှားဆွဲမိသွားတာနေမပေါ့
    😆

  • ကြောင်ကြီး

    December 4, 2011 at 1:17 pm

    ကျုပ်လည်း စီအိုင်အေ ထောက်လှမ်းရေး ဂြိုလ်တုနဲ့ဆက်ပြီး မောင်းသူမဲ့လေယာဉ်ပျံကတဆင့် လိုက်ကြည့်တာပဲ။ မိခါနီးမှ လူတွေရှုပ်နေလို့ လွှတ်ပေးလိုက်ရတာ။ နောက်ဆို ဘလက်တို့ ဘီလူးတို့ ဘလက်အသိ ဘလာတို့ကို ပြောထားဗျာ၊ ကျုပ်လိုက်နေတဲ့ ကေ့စ်ဆိုရင် ပစ်မှတ်နဲ့ ကိုက်သုံးရာ အကွာမှာ နေပေးပါလို့။ မတော်လို့ မိုးပေါ်က ကျလာတဲ့ ဥက္ကာခဲဝင်ဆောင့်မိရင် ကြောင်ကြီးတာဝန် မဟုတ်ဘူး…..။ 😎

  • လင်းဝေ

    December 6, 2011 at 5:17 pm

    မောင်ပေ တို့ကတော့ စုံထောက်ဝတ္ထုရေးလို့ရပြီ။ မင်းပေသောက် ဆိုပြီးတော့…ဟားးးဟားးး

Leave a Reply