စားကြဦးမလား (၂)
ညနေက ကရင်ပြည်နယ်ထဲမှာ အခြေကျနေပြီဖြစ်တဲ့ အန်တီလေးနဲ့ ဖုန်းပြောပြီး သူနဲ့အတူတူ နေခဲ့ဖူးတဲ့ ရွာလေးကိုသတိရသွားတယ်။ လွန်ခဲ့တဲ့ ၈နှစ်ကျော်ကဆိုတော့ အခုဆိုရင်အနည်းနဲ့အများတော့ ပြောင်းလဲနေလောက်ပါပြီ။ မိုးစက်ရောက်ခဲ့တုန်းကတော့ လျှပ်စစ်မီးမရှိပဲ ရွာရဲ့စုပေါင်းမီးစက်လေးနဲ့ ည ရနာရီကနေ ၉နာရီအထိပဲတစ်အိမ်ကို ၂ပေမီးချောင်းလေးတစ်ချောင်းပဲထွန်းခွင့်ရတယ်။ TV မရှိ၊ ရေခဲသေတ္တာမရှိ ထမင်းဟင်းချက်ရင် ထင်းနဲ့ချက်ကြတဲ့ ရွာလေးပေါ့။ အခုလောက်ဆိုရင် အဲဒီရွာနားကတောတွေလည်း ကုန်လောက်ပြီ။ အပျင်းပြေစရာ ရန်ကုန်ကသယ်သွားတဲ့ စာအုပ်တွေနဲ့ ဆိုနီဝေါ့ခ်မန်းလေးပဲရှိတယ်။ အန်တီလေးကိုသနားတာရယ် ကလေးတွေကိုသံယောဇဉ်ဖြစ်သွားတာရယ် ကြောင့်သာ ၄လလောက်နေဖြစ်ခဲ့တာ။ ရောက်စကတော့ တော်တော်လေးဒုက္ခရောက်တယ်။ morning person မဟုတ်တဲ့မိုးစက် မနက်၅နာရီဆိုရင် ဘယ်လိုမှဆက်အိပ်လို့မရအောင် ရွာလေးကဆူညံနေသလို ၉နာရီမှာ မီးပိတ်ပြီး တစ်ရွာလုံးတိတ်ဆိတ်အိပ်မောကျသွားပေမယ့် ၁၂နာရီအထိ ဖယောင်းတိုင်နဲ့ စာဖတ်နေရတယ်။ နင်ငါနဲ့ပြောတဲ့ အကျင့်လေးတွေကိုလည်း ပြင်ပေးလို့မရခဲ့ပေမယ့် အခုတော့လည်းစိတ်ရင်းနဲ့ အဲဒီလိုပြောတဲ့အသံလေးတွေကို ပြန်လွမ်းမိပါတယ်။
မိုးစက်သင်ရတဲ့စတုတ္ထတန်းမှာ အားလုံးပေါင်းမှ ၁၂ယောက်ပဲရှိတယ်။ တစ်ရက်တော့ စာသင်နေတုန်း ကလေးတစ်ယောက် က ထအော်တယ် “ဆရာမ နင့်ခြေထောက်အပေါ်တင်ထားတဲ့”။ မိုးစက်လည်းလန့်ပြီး ကမန်းကတန်းတင်လိုက်တယ် ခုံအောက်ကိုငုံ့ကြည့်လိုက်တော့ အမယ်လေး ကြီးလိုက်တဲ့ကင်းခြေမျှားကြီး၊ တစ်ခါမှ အဲဒီလောက်ကြီးတာမျိုးမမြင်ဖူးဘူး။ တစ်ပေနီးပါးလောက်ရှိမယ် နီရဲနေတာပဲ။ ကလေးတွေအကုန်လုံး လှုပ်လှုပ်ရှားရှား တစ်ယောက်တစ်ပေါက်နဲ့ တုတ်ရှာတဲ့သူရှာ၊ ခဲရှာတဲ့သူရှာ ဖြစ်ကုန်တယ်။ လူစွမ်းကောင်းလေးတွေလေ မိုးစက်က သူတို့လေးတွေတစ်ခုခုဖြစ်မှာစိုးလို့ တားတာတောင်မရဘူး။ သူတို့ပြန်ပြောတာက “နင်ခုံပေါ်မှာပဲနေ အောက်မဆင်းနဲ့”တဲ့။ အသွက်ဆုံးကလေးတစ်ယောက်က အုတ်နီခဲနဲ့ ခါးလယ်ကဖြတ်ထုလိုက်တာ ကင်းခြေမျှားခမျာ နှစ်ပိုင်းပြတ်သွားရှာတယ်။ မိုးစက်ကကြောက်လို့သေချာ မကြည့်ရဲဘူး။ အဲဒီကင်းကို ခပ်ဝေးဝေးသွားပစ်လိုက်လို့ပြောတော့ “ဆရာမဒီကောင်က မီးဖုတ်စားလို့ရတယ် အရမ်းကောင်းတယ်”တဲ့၊ နောက်တစ်ယောက်ကတော့ ပုစွန်ထက်တောင်ကောင်းတယ်ဆိုပဲ။ ကင်းခြေမျှားလည်း အဆိပ်ရှိတယ်လို့သိထားတော့ သူတို့ကိုမစားရဘူးဆိုပြီးသွားပစ်ခိုင်းလိုက်တယ်။ သူတို့ရဲ့အမေတွေကိုမေးကြည့်တော့ စားလို့ရတယ်တဲ့ ဟုတ်မဟုတ်တော့မသိပါ။ ရွာသူရွာသားတွေတော့ မစားကြနဲ့နော်။
ကျောင်းပိတ်ရက်မှာ ရွာထဲလျှောက်ကြည့်ဖြစ်ပါတယ်။ အိမ်တစ်အိမ်ရှေ့ရောက်တော့ မိုးစက်ရဲ့အတန်းထဲက ကလေးတစ်ယောက်ပြေးထွက်လာပြီး “ဆရာမ ဒါငါတို့အိမ် အထဲဝင်ဦး” ဆိုပြီးလက်ကိုအတင်းဆွဲခေါ်နေတယ်။ အိမ်ဘက်လှမ်းကြည့်တော့ သူတို့မိသားစုက ထင်းတွေသယ်နေကြတယ်။ မိုးစက်ကိုမြင်တော့ ကလေးရဲ့အမေက “ချလားမူလာလေ”ဆိုပြီးလှမ်းခေါ်တယ်။ ချလားမူဆိုတာ ကရင်စကားနဲ့ ဆရာမတဲ့။ သူတို့အိမ်ရှေ့ကကွပ်ပျစ်လေးမှာ ဝင်ထိုင်တော့ ကလေးရဲ့အမလုပ်သူက ရေနွေးကရားလေးနဲ့ သံပန်းကန်ပြားတစ်ချပ်လာချပေးတယ်။ ပန်းကန်ထဲမှာ အဖြူရောင်လို မီးခိုးရောင်လို ဘာလေးတွေမှန်းမသိဘူး ပဲစေ့လည်းမဟုတ် အကောင်လေးတွေနဲ့တူတော့ ယောင်လို့တောင်မထိမိဘူး။ ဘာတွေလဲလို့မေးမှ ကလေးအမေက အလုပ်လုပ်ရင်းလှမ်းပြောတာက “စားကြည့်ချလားမူ အဲဒါ ဒီထင်းတွေကရတဲ့အကောင်တွေ ကြွပ်နေအောင်ကြော်ထားတာ အရမ်းကောင်းတယ်”တဲ့။ မိုးစက်ငိုချင်သွားတယ် :(အိမ်မှာ အန်တီလေးထမင်းချက်ဖို့ ထင်းယူပေးရင်တောင် အမှုန်တွေကျလာရင် လန့်ပြီးလွှတ်ချပစ်တာ။ ပိုးစားလို့အမှုန်ကျတာကိုး၊ အဲဒီအကောင်တွေက ဘောက်ဖတ်လိုပဲ သေးတာနဲ့ကြီးတာပဲကွာတယ်။
အိမ်ခြေ ၃၀ဝ လောက်ရှိတဲ့ ရွာလေးမှာ တစ်ဝက်က ဗုဒ္ဓဘာသာ၊ တစ်ဝက်က ခရစ်ယာန်၊ ဈေးမရှိတဲ့ရွာမို့ အသားပေါ်မှစားရတယ်။ ဝက်အော်သံကြားပြီဆိုရင် နောက်နေ့ တစ်ရွာလုံး ဝက်သားဟင်းပဲ၊ မိုးစက်ကတော့မျိုမကျလို့ ဒီရွာရောက်ကတည်းက သက်သက်လွတ်ပဲစားဖြစ်နေတယ်။ စားလို့အဆင်ပြေတာက မျှစ်တစ်မျိုးပဲရှိမယ်၊ ရန်ကုန်မှာလို ဝါးဖြစ်ကာနီးမျှစ်မဟုတ်ပဲ နုဖတ်ပြီး အရမ်းစားလို့ကောင်းတယ်။ မျှစ်တာလပေါ့ဟင်းကတော့ ကရင်ရိုးရာအစားအစာပေါ့။ မိုးစက်ကတော့မကြိုက်ဘူး။ ကလေးတွေနဲ့ မိဘတွေက ငါးဟင်းဆိုပြီးလာပို့ရင် ထုံးစံအတိုင်းငါးရှဉ့်၊ ဖား၊ ခရု(ဟော်တယ်တွေမှာ ဈေးကြီးပေးရတဲ့)ဆိုတော့လည်း သက်သက်လွတ်နဲ့ပဲ နေသားကျသွားတယ်။ ရောက်ဖူးသမျှနေရာတွေထဲမှာတော့ အခေါင်ဆုံးနဲ့ အဆင်းရဲဆုံးရွာလေးပါပဲ။
23 comments
inz@ghi
December 7, 2011 at 12:41 pm
ဒေါင်းမလေးဖစ်တွားဘီလားကွယ်
(ချိတ်ချိုးတော်မူတယ်ဆိုလို့ ပြင်လိုက်ပီနော)
ကင်းခြေမြား မီးဖုတ်ကတော့ ဟိုလူရီးပဲ စားမှာပါကွယ်..
ကိုအင်ဂျီး လည်း စားရဲဘာဘူး
မျှစ်တော့ ကြိုက်တယ်ခည..
တာလဘောတော့ ကြက်သီးထလို့ ကန်တော့ဆွမ်းဘာချလားမူလေးရယ်….
ခစ်ခစ်…
😛
ကိုရင်စည်သူ
December 7, 2011 at 12:48 pm
ဒီလူ ဂီ့ကြီး လက်ကသွက်ပါ့..
သူမရောက်ခင် အမြန်မန့်ဒါဒေါင်မှ
ဦးသွားသေးဒယ်… ကွိကွိ…
ရွှေပြည်က နှေးတဲ့ ကွန်နက်ရှင်ပေမဲ့..
ဇိလေးအတွက်ချို ကိုရင်က
အရှေ့ကျွန်းထက်… စာမြန်းငယ်ရော်.. နော်.. နော့.. 😳 😳
စိုးမိတယ်… 😳
E.T
December 7, 2011 at 2:19 pm
ညီမလေးမီမိုး စိတ်ကောက်နဲ ့တော့။ ကိုကိုတီ ကိုအင်ဂျီးကို ဆူထားပြီပြီ။ နောက်လုပ်ရဲတော့ ပါဘူးတဲ့။ ခုပြင်လိုက်ပီ ဝတုတ်လေး မဟုတ်တော့ဘူး။ ချာတိတ်လေး ဖြစ်သွားပြီ 😛 နောက်ဆို ကိုအင်ဂျီးစရင် ကိုကိုတီကို တိုင် 😀
ကိုရင်စည်သူ
December 7, 2011 at 12:45 pm
ဟင်… မိုး အဲ့ဂလို မစားဘူးတဲ့ အကောင်လေးတွေ တွားမစားနဲ့လေ..
အစားမတော် တစ်လုပ်နော်.. နူတတ်ဒယ်… တိရား.. 😳
သတ်သတ်လွတ်စားတတ်တဲ့ ဖြူစင်တဲ့ စိတ်ဓါတ်က ကိုရင်ရိုပဲ တိရား.. 😎 😎
ဂီ့ကြီးတို့လို အရှေ့ကျွန်းက လူဒွေက အစိမ်းတောင်စားတယ်. ကြားဒယ်.. 👿 😛 😛
သွားမပေါင်းနဲ့နော်… 😐 😐
စိုးတယ်… စိုးမိတယ်.. စိုးရိမ်မိတယ်… 😳 😳
Moe Z
December 7, 2011 at 12:54 pm
ကင်းခြေမျှားမစားရဲရင် ကြွက်ပေါက်စကြည့်
အောက်က related post မှာတွေ့လား
ကျွေးချင်လို့ပါ စေတနာနဲ့ 😛
inz@ghi
December 7, 2011 at 1:02 pm
သည်ဘက် ပို့စ်က လွန်ခဲ့တဲ့ ၈နှစ် ဆိုတဲ့ ဇဂါးရယ်
ဟိုဘက်ပိုစ့် က ၁ဝတန်း အောင်ကစ ဆိုတဲ့ဇဂါးရယ်ကြောင့်….
ဇက်ကလေးဟာ အသက် ၂၄ ပါဆိုတဲ့ ကအင်ဂျီးရဲ့ အယူအဆ
ပိုမို လေးနက်ခိုင်မာသွားဘာဘီကွယ်
အာဟိ…
သင့်ခ်ယူ ဖော် ယွာ အင်ဖော်မေးရှဲန်း…
ဂရားစီးယား ဆယ်ညော်ရီတာ…
P.S rodentsများနှင့် insect တွေကို စားစရာ ဟု
ဘယ်တုန်းကမှ မယူဆခဲ့သောကြောင့် ဇက်ကလေး
တည်ခင်းသော သုံးဆောင်ဖွယ်များကို အားနာစွာဖြင့်
ခေါင်းယမ်းလိုက်ရတာ ဝမ်းနည်းပါတယ်ကွယ်
ပုံ
ယွာ အော်ရီဂျင်နယ်လ် အင်ဂျီး
ကိုရင်စည်သူ
December 7, 2011 at 1:12 pm
မောရသုတ္တံမှာ ဘုရားလောင်း ဥဒေါင်းမင်းက
ဒေါင်းမလေးကြောင့် မန္တန်တွေ အရွတ်ပျက်သွားလို့
မုဆိုးကြီးရဲ့ အဖမ်းကို ခံလိုက်ရတယ်ကွဲ့။
ဘာမှမဟုတ်တဲ့ သာမည ကိုရင်လေးကတော့
ဒေါင်းဖြူမလေးကြောင့်
နှလုံးသားကို မြေမြုပ်
အတ္တကို မီးရှိူ့
ကိလေသာကို မောင်းသွင်းလို့
ရွာထဲမှာ ဘီလူးခေါင်းဆောင်းတဲ့ ဒသဂီစည် ဖြစ်ပါရစေတော့လား.. ကွိကွိ.. 😳 😳
ပုံ
ဒဿစည်စည်
inz@ghi
December 7, 2011 at 1:21 pm
ဟွင်းဟွင်း….
သည်ကိုရင်တော့ ဇာတ်တော်ထဲမှာ အလွမ်းဆုံး ဖစ်ချင်ဘီထင့်…
😀
ပုံ
The Legend of the Condor Heroes မှGuo Jing အိ
လေးပညာများ အမွေဆက်ခံ ရရှိထားသည့်
အရှေ့ကျွန်းမှ လေးသည်ကျော်
အင်ရာမဂီ
Moe Z
December 7, 2011 at 1:23 pm
သဂျီးတင်ထားတဲ့ဒေါင်းပုံကလည်း အမလေးပဲတဲ့ကိုရင်ရဲ့ 😛
ကိုရင်စည်သူ
December 7, 2011 at 1:28 pm
သဂျီး တင်ထားတဲ့ ဒေါင်းပုံက အပြာလေး.. (ဟိုမရောက်ဒီမရောက် ဒေါင်းလို့ခုမှ
မိုးလေးပြောလို့ သိဒါ… မိုးလေး.. စားမြန်ငယ်ရော်နော့..)
ပီးတော့ အဲအဲ ပါနေတာလေး.. 😳 😳
ဒဿစည်စည်ပြောဒါက ဒေါင်းဖြူမလေး..
အတောင်လေးတွေ ကားကားလေးနဲ့လေ… ခစ်ခစ်…
သူများကိုရှက်အောင်နော်… လူချိုး.. 😳 😳
ကြောင်လတ်
December 7, 2011 at 10:18 pm
ကင်းခြေများ အိုက်လောက်ကြီးရင် တောအရက် ဦးရေ(အရက်ဆီ) ထဲထည့်စိမ်ထား ဆေးဘက်ဝင်တယ်ဆိုပဲ၊
ဘာကောင်းသလဲတော့မသိဘူး။
သဂျီးရဲ့အဗက်တာက ဒေါင်းလေးဟုတ်လား?
အမီးကဒေါင်း
ခေါင်းကစာ
ခန္တာက ဘဲ
အမောက်လည်းပါ
သဂျိုင်ခီးရဲ့ အဗက်တာ။ ။
ဒဂျီးရေ ချတာနော်၊ချိတ်ချိုးရဝူး။
blackchaw
December 7, 2011 at 1:28 pm
အင်း ဒီပို့စ်က ကာလသား၊ ကာလသမီးတွေ ပျော်တဲ့ပို့စ်ပဲ ဖြစ်ရမယ်။
အဘ မင်းသိင်္ခ ရဲ့ တပည့် အဘ ဘလက် ရဲ့ ဟောကိန်းအရ
ဂီဂီ ရယ် စီစီရယ် မိုးစက် ရယ် မန့်ကြမယ် ဆိုတဲ့ ပို့စ်ပဲ ဖြစ်ရမယ်ဗျို့။
inz@ghi
December 7, 2011 at 1:32 pm
ပေပေ တီတီ မှော်မှော် ဖော်ဖော် တို့လာရင်ပိုမြိုင်မယ်…
အာဟိ….
😀
windtalker
December 7, 2011 at 2:24 pm
တော်သေးတာပေါ့ မိုးဇက် ရယ်
ကရင်ပြည်နယ်မှာ စာသွားသင်ခဲ့တုန်းက
စောဇာဂီ တို ့၊ စောပေါက်ဖော် တို ့၊ စောမှော်ကြီး တို ့၊ စောစူသီ တို ့လို သောင်းကျန်းသူတွေ နဲ ့
မဆုံခဲ့ရလို ့ပေဘဲ….
နို ့..အခုလို ဂေဇက်မှာ အခုတင်သလို ပြန်ရေးနိုင်မှာ မဟုတ်လောက်ဘူး
ဝှူး
မေ ဂေါ့ ဘလက်စ် ယူ
etone
December 7, 2011 at 2:53 pm
မိုးဇက်ရေ.. ဗဟုသုတရပါပေတယ် … တချို့ ရွာလေးတွေ ဈေးမရှိတော့လည်း .. ဒီလိုပဲ အဆင်ပြေသလို ပေါက်တီးပေါက်ရှာ စားရရှာတယ် … ။ ဒါကလည်း သူတို့ရှေ့က အစဉ်အဆက်စားသောက်လာတဲ့ လူကြီးတွေဆီကနေ အမူအကျင့်လေးတွေ ရသွားတာပဲဖြစ်ရမယ် … ။
ဒါနဲ့ … မိုးဇက် စာလိုက်သင်တဲ့အရွယ်က ဘယ်အသက်ရှိပြီလဲ …. ကလေးတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်လို့ပါ … ။ 🙂
Moe Z
December 7, 2011 at 3:54 pm
ဆယ်တန်းဖြေပြီးကာစလေ ကျောင်းတက်ဖို့စောင့်တုန်း
တကယ်က ကလေးတွေကမိုးစက်ကို ပြန်သင်ပေးတာအများကြီး မမetoneရဲ့
ရွာဆိုတော့ ရေလိုချင်ရင်ရေတွင်းကခပ်မှရတယ်
မိုးစက်က တစ်လလောက်ထိရေတွင်းကို ငုံ့တောင်မကြည့်ရဲဘူး
မနက်အိပ်ယာကမနိုးခင် ကလေးတွေက ရေခပ်ဖြည့်ပြီးသွားပြီ
နောက်မှ ရှက်လို့ ကြိုးစားပြီးခပ်မှ ရဲသွားတာ
ကြောင်ကြီး
December 8, 2011 at 11:52 am
မိုးစက် အသက်က အခု၂၄နှစ်ပါ။ ပို့စ်ထဲမှာတုန်းကတော့ ၁ရနှစ်။ ကိုကြောင်ကြီးနဲ့ အဲဒီရွာကလေးမှာ စတွေ့ကြတာ။ စကားမစပ် ကိုကြောင်ကြီး အဲဒီရွာ သူကြီး လူပျိုကြီး.. ဆက်ပြီးတော့ ညဏ်ရှိသလိုသာ စဉ်းစားကြည့်ပါတော့။ အခုတော့လည်း လွမ်းစရာလေးတွေ ဖြစ်ကုန်ပါပြီလေ…။
Moe Z
December 8, 2011 at 12:06 pm
အဲဒီတုန်းကပေါ့ ဦးကြောင်က မိုးစက်အန်တီလေးကို အတင်းကြီးလိုက်ကပ်နေတာ
အန်တီလေးကပြန်မကြိုက်တော့ နောက်ဆုံး ရွာထဲက
အသက် ၄ဝ လောက်ရှိတဲ့ကရင်မကြီးတစ်ယောက်နဲ့
ဘာညာဘာညာဖြစ်သွားသေးတယ်
အခုဘယ်ရောက်သွားပြီလဲမသိ 😀 😀
FattyCat
December 7, 2011 at 4:46 pm
ဘာတွေဖြစ်ကုန်တာတုန်းဟင်…
ကိုရင်တို့ ဇာကြီးတို့ အီးတီတို့…..
ခက်ပါတယ်…..
amatmin
December 7, 2011 at 5:14 pm
ကင်းခြေမျှား မီးဖုတ်က စားကောင်းတာတော့အမှန်ပဲ မိုးစက်ရေ..
ကင်ထားတဲ့ အနံ့လေးများရ ရင် ပုစွန် ကင်ထက်တောင်မွှေးသေးတယ်..
ကျွန်တော်လည်း အဲဒီ ကရင်ပြည်နယ်ဘက်မှာပဲ စားခဲ့ဖူးလို့သိတာ..
နောင်ခါများ ကြုံခဲ့ ရင်စားသာ စားပစ်လိုက်.. 🙂
Moe Z
December 8, 2011 at 9:37 am
ကိုအမတ်မင်းက စားဖူးတယ်လား ..
တော်ပါပြီ ပဲပြုတ်နဲ့ပဲစားတော့မယ် 😛
koaung
December 7, 2011 at 6:36 pm
အဲဒီလိုရွာမျိုးမှာနေဘူးတယ် ပျင်းဖို့တော့အကောင်းသား
ပေါက်ဖော်
December 7, 2011 at 7:42 pm
ပျင်းရင်
ရေရောပြီး..ကစ်လေ..ကအောင်ရာ….
ချလားမူလေး
နောက်..ဘာကောင်တွေကျန်သေးလဲ….
အိုက်ရွာသားတွေက..ဘာကောင်ဖြစ်ဖြစ် အကုန်ကြိတ်တာဆိုတော့…
နာတို ့ရွာထဲက နှူးဘာကောင်တွေကိုလဲ…ပြုတ်ကျွေးလိုက်စမ်းပါကွယ်….
တူတို ့ရှိတာ..နာ့အတွက် ကိုယ်တာလျော့လွန်းလို ့..
ကွိ..ကွိ..
😆