Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

2010 ရွှေညာဏ်ရှင် မေးခွန်းအဖြေများ(၂)

naywoon niDecember 10, 20111min2863

၅၁။ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တပ်ကုန်းသား-ဗိုလ်သီဟ (BDF)
ပါဝင်တိုက်ပွဲဝင်ခဲ့သောတိုက်ပွဲအမည်…။
တပ်ကုန်းမြို့ အနောက်ဖက် မြောက်မြိုက်ရွာအနီး ဂွေ့ကြီးတိုက်ပွဲ
၅၂။ အတွဲ(၁၀) ပါကျမ်းကြီးကိုပြုစုခဲ့သဖြင့် လန်ဒန်တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းအား
ဒီလစ်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။ မည်သည့်ကျမ်းနည်း။
ROB =The Royal Orders of Burma(မြန်မာနိုင်ငံ အမိန့်တော်ပေါင်းချုပ်)
ရည်ညွှန်း- ငါပြောချင်သမျှငါ့အကြောင်း (ဒေါက်တာသန်းထွန်း စာမျက်နှာ /၈၆)

၅၃။ 2010 ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သီဆိုခဲ့သော အဖွင့်အပိတ်သီချင်း
အမည်နှင့်အဆိုတော်မအည်ကိုဖော်ပြပါ…။
ဝါကာဝါကာ သီချင်း (အဆိုတော်- ရှကီးယား)
၅၄။ စာပေဆုမရရှိခဲ့သောလည်း မြသန်းတင့်၏ လူကြိုက်အများဆုံးဝတ္ထု စာအုပ်……။
ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်။
၅၅။ ဆရာမင်းသုဝဏ် နုစဉ်ခါက နုလုံးသားဖြင့် ဖွဲ့သီအပ်သော ကဗျာတစ်ပုဒ်သည် ယနေ့တိုင် ဂန္ဓဝင်ကဗျာ
အဖြစ် ခံစားနေကြရဆဲဖြစ်၏။ အဘယ်ကဗျာနည်း။
နှင်းဆီပွင့် (မင်းသုဝဏ် ကဗျာပေါင်းချုပ် စာ/၄၉)
၅၆။ ပဋိကတ်သုံးပုံမှာ ကျမ်းမည်မျှပါဝင်သလဲ…..။
ဝိနည်း(၅)ကျမ်း ၊ သုတ် (၃)ကျမ်း ၊ အဘိဓမ္မာ (၇) ကျမ်း (ရည်ညွှန်း – သူခမှတ်စု စာ/၂၂)
၅၇။ Man Matters Most ကို ဘာသာပြန်ပါ…..။
လူသာ ပဓာန
၅၈။ “အိုဇုန်းလွှာ” ဆိုတာဘာလဲ။ “အိုဇုန်း” ကို ဓါတုဗေဒ သင်္ကေတအရ မည်သို့ရေးသလဲ….။
အိုဇုန်းအငွေ့များစုစည်းထားသည့် ပါးလွှာသောဓါတ်ငွေ့တန်းဖြစ်သည်။ ကမ္ဘာ့လေထုအပေါ်လွှာပိုင်းတွင် သဘာဝအလျှောက် လွှင့်မျောနေသော အိုဇုန်းထုကို အိုဇုန်းလွှာဟုခေါ်သည်…။ ဓါတုဗေဒ သင်္ကေတ=O3
၅၉။ မဟာဘုတ်(၄)ပါးကားအဘယ်နည်း….။
ပထဝီ ။ အာပေါ ၊ တေဇော ၊ ဝါယော
၆၀။ ၁ ဘီလှျံသည် သိန်းမည်မျှနှင်ညီမျှသနည်း……..။
၁ဘီလျှံ = သန်း ၁ဝဝဝ
၆၁။ “ဆေးလိပ်လည်းတို၊နေလည်းညိုပြီ၊ ငါ့ကိုပြန်ပို့ကြပါလေ” ကဗျာ၏ခေါင်းစဉ်နှင် ကဗျာဆရာအမည်….။
“ ဧည့်သည်ကြီး” ကဗျာ ။ တင်မိုး (ရည်ညွှန်း – ဖန်မီးအိမ် ကဗျာများ စာမျက်နှာ -၇)
၆၂။ တပ်ကုန်းမြို့၏ ပါရဂူဘွဲ့ ရရှိပြီးသူ (၃)ဦး၏အမည်နှင့် အထူးပြုဘာသာရပ်ကိုဖော်ပြပါ…။
ဒေါက်တာထွန်းလင်း(ဒဿနိကေဒေ)
ဒေါက်တာမလှညွန့် (မြန်မာစာ)

၆၃။ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ရဲ့ အဓိပ္ပါယ်……။
တရားအလှူသည် အလှူအားလုံးကိုအောင်နိုင်၏ ။
၆၄။ “ စာပေလူကြမ်းမင်းသား” ဆိုတာ ဘယ်သူလဲ။ ဘယ်သူကဘယ်သူ့ကိုပေတဲ့နာမယ်လဲ…။
ပေဖူးလွှာအင်တားဗျူးတွင် ဝင်းငြိမ်းက ဆရာအောင်သင်းကိုပေးခဲ့သည့် နာမည်
၆၅။ အယ်လ်နီညို ဆိုတာဘာလဲ…။ လိုတိုရှင်း အဓိပ္ပါယ် ဖွင့်ဆိုပေးပါ…..။
ပူပြင်းခြောက်သွေ့ရာသီဥတု ကိုအယ်လ်နီညိုဟုခေါ်သည်….။ EL Nino(စပိန်) = christ child
( ခရစ္စမတ်ရက်များမှာ ရောက်လာတတ်သည့် ပင်လယ်ရေစီးကြောင်း )

၆၆။ “ ပညာရှာသူ တို့ဝိုင်းကူ” ဆိုတဲ့ စာကြည့်တိုက်ဆောင်ပုဒ်ကို ဘယ်သူက ပေးခဲ့သလဲ….။
ဆရာ ဇော်ဂျီ
၆၇။ အဝေးသင် စီးပွားရေးဒီပလိုမာတွေခေတ်စားနေတယ်။ LCCI, CAT , ACCA တို့ရဲ့ အဓိပ္ပါယ် …………။
LCCI= London Chamber of Commercc and Indudtry
CAT = Certified Accounts Technician
ACCA=Associate of Charter Certifield Accountant

၆၈။ လူဆိုတာ သေမျိုးပေမယ့် မသေမီ လောကကောင်းကျိုးတစ်ခုခုတော့ ပြုသွားသ်င့တယ် လို့
ဆရာဇောဂျီက ကဗျာနဲ့ လမ်းညွှန်သမှု ပြုခဲ့တယ်…။ ဘယ်ကဗျာလဲ…..။
“ သင်သေသွားသော်” ကဗျာ
၆၉။ “ပုညံ စောရေဟိ ဒူဟရ န္တိ” ၏ အဓိပ္ပါယ်……။
‘ ကုသိုလ်ကောင်းမှုကို “ခိုးသူ” တို့ မခိုးယူနိုင်’
၇၀။ “Don’t be afraid to go out on a limb, That’s where the fruit is” ကိုဘာသာပြန်ပါ…………။
ကိုင်းဖျားထိတက်ဖို့ မကြောက်ပါနဲ့ ။ အဲဒိမှာ အသီးတွေ ရှိတယ် ။
၇၁။ စာပေလောကသားများကလည်း ချစ်ကြည်ညိုပါတယ်။ တစ်သက်တာလုံးအကျိုးပြုစာပေများ
ရေးသားခဲ့သော်လည်း သူ့တစ်သက်တာမှာ “ တစ်သက်တာစာပေဆု” မရရှိသွားသော စာရေးဆရာကား
အဘယ်သူနည်………။
လူထု ဒေါ်အမာ
၇၂။ ဂျပန် တော်လှန်းရေး ကာလတုန်းက တပ်ကုန်းအနောက်ဘက် “ မြောက်မြိုက်” တိုက်ပွဲမှာ
ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ် တာကေဒါ ဟာ အစစ်မဟုတ်ဘူး။ အတုသာဖြစ်တယ်။ တာကေဒါဟာ ၁၉၈၅
ခုနှစ် လောက်မှာမှ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ ဆိုပြီး လျှပ်တစ်ပြက် ဂျာနယ်မှာ “ ကေဒါရှင်းတမ်း”
ဆိုပြီး ရေးသားတာ ဘယ်သူလဲ….။
သခင်တင်မြ (ရည်ညွှန်း- သခင်တင်မြ၏သခင်တင်မြ)
၇၃။ ခရစ်ယန် ဘာသာကိုးကွယ်သော်လည်း ဝိသုဒ္ဓိ မဂ် ကျမ်းကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သည့်
မြန်မာပညာရှိကြီးအမည်….။
ဦးဖေမောင်တင်
၇၄။ လယ်သမား ကိုယ်စားပြု “ငဘ” ဝတ္ထု ဖန်တီးခဲ့သည့် စာရေးဆရာ………။
မောင်ထင်
၇၅။ “ မိနု….သူ့အကြွေးရှိလျှင် ဆပ်ရလိမ့်မည်” ဟု မိန့်ဆိုခဲ့သူကား မည်သူနည်း………..။
ဆရာတော်ဦးဗုဓ်
၇၆။ “ အရှေ့က နေဝန်း ထွက်သည့်ပမာ” သည် နိုင်ငံရေး ဝတ္ထု ဖြစ်သော်ငြား သိန်းဖေမြင့်၏ ကိုယ်ပွား
ဇာတ်ဆောင် မောင်တင်ထွန်းသည် အမျိုးသမီးများနှင့် ဒွေးရော ယှက်တင် ဇာတ်လမ်းဆင်ထားသည်။
ဘယ်သူတွေများလဲ………..။
မခင်သစ် ၊ မမြင့်ဦး နှင် မမြမှီ
၇၇။ ဆရာကြီးရွှေဥဒေါင်း၏ စာအုပ်များအနက် စာပေအကဲဖြတ်သူများက အကောင်းဆုံးစာအုပ် ( Master
Piece) အဖြစ်သတ်မှတ်ထားခြင်းခံရသည့် စာအုပ်ကိုဖော်ပြပါ…။
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
၇၈။ တပ်ကုန်းမြို့သည် မည်သည့်တိုင်းတွေင်ပါဝင်သနည်း……….။
မန ္တလေးတိုင်းဒေသကြီး
၇၉။ ပြန်ကြားရေးဝန်ကြီးဌာန သည် မြန်မာတစ်ပြည်လုံးတွင် စာကြည့်တိုက် မည်မျှဖွင်လှစ်ပြီးကြောင်း
အတည်ပြု ကြော်ညာထားသနည်း……….။
(၅၅၇၅၅)
၈၀။ “ ဒီနေ့ မွေးနေ့ကျော်ရင် သေကိန်းက လွတ်ပြီ” လို့ သန်ခေါင်ယံထိ နေ့စဉ်မှတ်တမ်းရေးနေဆဲမှာ
လူဆိုးဓမြလက်ချက်နဲ့ ရေတိမ်နစ်ခဲ့တဲ့ စာရေးဆရာကြီး….။
သိပ္ပံ မောင်ဝ
၈၁။ ကမ္ဘာ့ အပုဆုံး လူသား(ဂရင်းနစ် စာရင်းဝင်) ၏အမည် ၊ အရပ် ၊ နှင့် နိုင်ငံသားအမည်ကိုဖော်ပြပါ….။
ခါဂျန်ဒရာသာပါ(၂၂” ) နိပေါနိုင်ငံသား
၈၂။ “ တက္ကသိုလ်ဘုန်းနိုင်” ကလောင်အမည်သည် သူစွဲလမ်းခဲ့သည့် ဝတ္ထုတစ်ပုဒ်မှ ဇာတ်ကောင်အမည်ကို
ယူထားခြင်းဖြစ်ကြောင်း ဖွင့်ဟပြောခဲ့ဖူးသည်။ ဘယ်ဝတ္ထုထဲကလဲ….။ ဘယ်သူရေးတာလဲ……….။
ဗန်းမော်တင်အောင်၏ “ ဘုန်းမောင့်တစ်ယောက်ထဲရယ်” ဝတ္ထုမှ ဇာတ်ကောင် “ ဘုန်းနိုင်” အမည်ကို အစွဲပြု၍ ကလောင်အမည်ယူသည်……..။
၈၃။ ကမ္ဘာကျော် ဝတ္ထုကြီးဖြစ်သည့် “ စစ်နှင်ငြိမ်းချမ်းရေး” ကိုရေးသားသည့် စာရေးဆရာကြီးအမည်………။
လီယို တော်စတွိုင်း (ဆိုဗီယက်)
၈၄။ ဗိုလ်ချုပ်အောင်ဆန်း ၏ ဇာတာမည်။ သခင်အမည်၊ ရဲဘော်သုံးကျိပ်အမည်နှင့် ဂျပန်အမည် တို့ကို
ဖော်ပြပါ.။
မောင်ထိန်လင်း ၊ သခင်အောင်ဆန်း ၊ ဗိုလ်တေဇ ၊ အိုမိဒါမွန်ဂျီ
၈၅။ “ ဆင့်ပွားခံစားမှုသည် အနုပညာသစ်တစ်ရပ်ကို မွေးဖွားတတ်ပါသည်” ဆိုလျှင် ခင်နှင်းယု၏ “ ပန်း
ပန်လျှက်ပါ” ဝတ္ထုသည် မည်သို့သန္ဓေ တည်ခဲ့ပါသနည်း။
ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ အမှတ်(၁၀)
၈၆။ နယ်ချဲ့ အင်္ဂလိပ်အစိုးရကို စီးပွားရေးတိုက်ပွဲဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော မွန်လူမျိုး လုပ်ငန်းရှင်ကြီး
အမည်…….။
မွန်သူဌေးကြီး -ဦးနာအောက်
၈၇။ ကိုယ်တစ်ခြမ်းသေနေသော်လည်း ဦးနှောက်မသေသ၍ လူငယ်ထု အကျိုးပြု စာပေများဖြင့် လမ်းပြကြယ်
သဖွယ် ရှေ့ဆောင်လမ်းပြ လူထု စာရေးဆရာတစ်ဦးကားအဘယ်သူနည်း………….။
လူထု (ဦး) စိန်ဝင်း
၈၈။ မြန်မာ့ သာသနာဝင်က၌ “ ဗုစ်အစ၊ ဗုစ်အလယ်၊ ဗုစ်အဆုံး” ဟူ၍ဆိုရိုးရှိခဲ့သည်။ အဘယ်နည်း……….။
“ ဗုစ်အစ= ဗုဒ္ဓ မြတ်စွာ
ဗုစ်အလယ်= ရှင်မဟာ ဗုဒ္ဓ ဃောသ
ဗုစ်အဆုံး = ဆရာတော် ဦးဗုဓ်

၈၉။ 2010 ခုနှစ်၊ AFC President’s Cup ဘောလုံးပြိုင်ပွဲတွင် မည်သည့်အသင်းဗိုလ်စွဲခဲ့သနည်း ။ AFC ပြိုင်ပွဲ
ကျင်းပခဲ့တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ…..။
ရတနာပုံ အသင်း …။ (၆) ကြိမ်
၉၀။ “ ဟောဟို နတ်မောက်ဆီက ထွန်းတောက်လာတဲ့ ကြယ်ပွင့်ဟာ သွေးသောက်တို့ ၊ ကျုပ်တို့ရဲ့
အနာဂါတ် ကြယ်မင်းပင် မဟုတ်ပေလော” ဟူသည်မှာ ထင်ရှားသည့် သမိုင်းနောက်ခံ ဝထ္ထု
နောက်ဆုံးအပုဒ်မှ ဖြစ်သည်….။ မည့်သည့်ဝတ္ထုနည်း…….။
တက္ကသိုလ် ဘုန်းနိုင်၏ “သူ့ကျွန်မခံပြီ” ဝတ္ထု မှ နောက်ဆုံးအပုဒ်
၉၁။ ပီမိုးနှင်း ဆိုတဲ့ ကလောင်အမည်ကို ဘယ်လို အဓိပ္ပါယ် နဲ့ယူခဲ့တာလဲ…………..။
ပီ= Philip နာမည်မှ အစစာလုံး မိုးနှင်း= မွေးဖွားချိန်တွင် မိုးနှင်းများကျနေသည်…။
၉၂။ “ အိပ်လို့မရ ၊ ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ၊ အိပ်ယာတွေလည်း၊ ကြေမွတွန့်လိပ်၊ သိပ်စိတ်ညစ်တယ်”
ဆိုပြီး အိပ်မက်တေ စ ္ဆ အခြောက်ခံရတဲ့ ကဗျာဆရာကားအဘယ်သူနည်း………..။
“ တေ စ ္ဆ” ကဗျာ ၊ ကဗျာဆရာမ ကြည်အေး
၉၃။ အရင်ကတော့ သေနတ်ကိုင်တဲ့ စုံထောက်မဂ္ဂဇင်းပါပဲ…။ နောက်တော့ စာပေသမားတွေရဲ့
စာပေ မဂ္ဂဇင်း ဖြစ်လာတယ်။ ဘယ်မဂ္ဂဇင်းလဲ…။
မိုးဝေ စာပေမဂ္ဂဇင်း
၉၄။ မိုးဝေ ကဗျာခေတ်ဆိုတာ ဘယ်နှစ်တွေကိုပြောတာလဲ………။
၁၉၇ဝ မှ ၁၉၈ဝ ပြည်နှစ် ဝန်းကျင်ကာလ
၉၅။ တပ်ကုန်မြို့ ဂုဏ်ဆောင် သာသနာ့ဗိမာန် ဆောက်လုပ်ပြီးစီးတဲ့နှစ်…..။
၈-၉-၁၉၈၁
၉၆။ “ Hello ” စကားလုံးရဲ့ ဇစ်မြစ် အဓိပ္ပါယ်………..။
HO LA (ပြင်သစ်)
HO La> Hallow > Hellow ( ရည်ညွှန်း = Words & their Stories by Nitau( page-14)

၉၇။ “ ဗမာ မော်ဒန်ကဗျာရယ်လို့ မူးလို့တောင်ရှူစရာ မရှိဘူး” ဆိုပြီး မချင့်မရဲစိတ်နဲ့ မော်ဒန်ကဗျာခေတ်ကို
ရှေ့ဆောင်လမ်းပြ ခေါ်ဆောင်သွားတဲ့ ခေတ်ဦးမော်ဒန် ဘာသာပြန်စာအုပ်……။
မောင်သာနိုး ၏ ထင်းရူးပင်ရိပ်
၉၈။ “ စာဖတ်တာဟာ ဘဝကို တိုးတက်ပြောင်းလဲစေတယ်” ဆိုတဲ့ ဒဿနကို လက်ကိုင်ထားခဲ့လို့ ဖဲသမား ၊
မြင်းသမား ၊ ထောင်ထွက်လူဆိုးဘဝကနေ ၊ စာပေဖောင်ဒေးရှင်း ထူထောင်ပေးသည် အထိ တိုင်းပြည်ကို
အလုပ်အကျွေးပြုသွားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးအမည်….။
ပခုက္ကူ ဦးအုံးဖေ
၉၉။ မြင်းထိန်း ငတာ ဆိုတာ ဘယ်သူလဲ……။
“ရာဇဓမ္မသင်္ဂဟ ကျမ်း” ကို – ကိုယ်နှင့် မတန်မရာ ချီးကျူးပြောဆိုနေသဖြင့် ယောအတွင်းဝန်က အဝတ်ပုဆိုးပေးကာ နှုတ်ပိတ်တားမြစ်ခံရသည့် “ ငတာ” အမည်ရှိ မြင်းထိန်းသမား ။
၁၀၀။ ရာပြည့်မေးခွန်းကိုတော့ ဆရာကြီး ဦးသုခ ရဲ့ လက်စွစြကားနဲ့ မေတ္တာပို့လိုက်ပါမည်…..။
“ သုခိအတ္တာနံ ပရိဟရန ္တု” ဆိုတာ ဘာ အဓိပ္ပါယ် ရပါသလဲ………..။
သတ္တဝါ အပေါင်းတို့သည် မိမိ၏ ခန္ဓာ ကိုယ်ကို ချမ်းသာစါာဆောင်ရွက်နိုင်ပါစေ……….။

ဒီမေးခွန်းတွေက 2010 ကမေးခဲ့တဲ့ မေးခွန်းတွေ ဖြစ်ပြီး 66 ကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆုချီးမြှင့်ပေးခဲ့ပြီး ဖြစ်ပါတယ်…။ ယခုနှစ်မေးခွန်းတွေ ကတော့ နောက်မှဆက်တင်ပေးပါမယ်….။ 2011 စာပေဟောပြောပွဲက 67 ကြိမ်မြောက်ဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်…။ ရက်မသတ်မှတ်နိုင်သေးပါဘူး…။

3 comments

  • naywoonni

    December 10, 2011 at 6:17 pm

    သူကြီး ရေ… ဘယ်လိုဖစ်တာလဲ …။ ပို့စ်တင်တော့ 5 ပွိုင့် …။ကော်မန့်ရေးတာက 6 ပွိုင့် …..။ လှမ်းကြည့်လိုက်ပါဦး

  • windtalker

    December 10, 2011 at 7:36 pm

    ခရစ်စမတ်လက်ဆောင်
    ရွာသူား များအတွက်
    အယ်လ်ဗီ ဘရင်းအစစ်
    ဝတ်စုံတစ်စုံစာစီ ( အင်းကျီ ၊ ဘောင်းဘီ )
    ပရဲဆင့် လှမ်းပို ့ပေးမှာမို ့တဲ့
    အဲဒီလို ဖြစ်သွားတော့တာပါဘဲတဲ့
    ပီအမ်ကနေ ၊ ကိုယ်ဝတ်နေကြ အင်းကျီ ဘောင်းဘီ ဆိုက်များကို
    သဂျီး ဆီ ပို ့ပေးကြပါတဲ့
    ပုံ ။ ။ သဂျီး ၏ ညွှန်ကြားချက်အရ

  • small cat

    December 11, 2011 at 7:34 am

    နှစ်ပိုင်းစလုံးကော်ပီ ကူးလိုက်ပါတယ်။

Leave a Reply