Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကြင် ထိုသူသည်ကား ရပ်ဝေးမြေခြား လင်ယောကျာ်း

စဆရ ႀကီးDecember 24, 20111min56821

သက်ရှိကမ္ဘာကြီးသည်ကား အမှောင်ထု ကြီးစိုးနေလေပြီ။ နေ့အလင်းရောင်ကို တုပြိုင်ကာ နီယွန်မီးရောင်များဖြင့် ဆင်ယင်ထားပါသော်ငြား အဘယ်သို့မျှ ထပ်တူ မညီနိုင်ပြီဖြစ်၏။ မီးတိုင်များအောက်တွင်မတော့ ညီညာပြန့်ပြူးနေသော ကတ္တရာလမ်းမကြီးသည်ကား ငြိမ်သက်စွာ လှဲလှောင်းနေ၏။ ဘေးပါတ်ဝန်းကျင်တွင်မတော့ အရာရာသည် အမှောင်ထုအောက်တွင် အိန္ဒြေကြီးမားလှစွာ တိတ်ဆိတ်ပျောက်ကွယ်နေသည်။

Nissan NPR Truck ကားနောက်ခန်းတွင် လူမျိုးပေါင်းစုံပါဝင်သော သင်္ဘောကျင်းအလုပ်သမားများသည် ကြမ်းပြင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ်၊ ကြပ်ကြပ်ညပ်ညပ်ထိုင်ရင်း သဘာဝအတိုင်းတိုးဝင်လာသော လေများကိုခံရင်း အပြုံးအရယ် ကင်းမဲ့စွာဖြင့် လိုက်ပါလာကြလေသည်။ မြို့အစွန်အဖျားဖြစ်သည့်အတွက် ကြည့်စရာမိုးမျှော်တိုက်တာတွေလဲမရှိ၊ ပေါင်တိုဖြူဖြူလေးတွေလဲ ငမ်းစရာမရှိသည့်အတွက် ငိုက်မျည်းရင်းသာ ရှိကြကုန်၏။ တရားဝင်ခွင့်ပြုထားသော ၂၅ ယောက်စာမကသည့်လူဦးရေကို နေ့စဉ်သယ်ပိုးကာ သွားနေရသောကားမှာ ဖမ်းဆီးမည့်ရဲလဲမရှိသဖြင့် အေးအေးလူလူသာ လိုရာခရီးကို မောင်းနှင်နေဆဲဖြစ်သည်။ ဘုရားစူး တိုးတက်စည်ကားလှပါသည်ဆိုသော နိုင်ငံ၊ မြေနေရာ ရှားပါးလှပါသည်ဆိုသော နိုင်ငံတွင် ဘေးပါတ်ဝန်းကျင်တစ်လျှောက် တောအုပ်သာရှိသည့် နေရာများလဲရှိသေးသည်ကို ကိုယ်တိုင်ကြုံမှ လက်ခံရတော့သည်။ တစ်ချိန်က စိတ်ကူးဖြင့် သရုပ်ဖော်ခဲ့သော နိုင်ငံကြီးမှာ မြန်မာပြည်နှင့်မခြား တောကြိုအုံကြားလဲ ရှိသေးပါလားဟု။

Lim Chu Keng သချင်္ိုင်းကို ဖြတ်ကျော်ပြီးသည့်နောက် ကားသည် ညာဘက်တောအုပ်အတွင်းသို့ ကွေ့ဝင်လိုက်ပြီးသည့်နောက် အတန်ငယ်မောင်းပြီးသည့်အခါ ဆူညံပွက်လောထနေသည့် Amakeng အဆောင်သို့ ရောက်ရှိပြီဖြစ်လေသည်။ ကားရပ်လိုက်သည်နှင့် ကားဘေးမှလည်းကောင်း၊ နောက်မှလည်းကောင်း ဖြစ်သလိုနည်းဖြင့် ဆင်းကြတော့သည်။ အချို့မှာလည်း အဆောင်တွင်းသို့ အမောတကော ပြေးဝင်သွားကြသည်။ အချို့မှာကား အဆောင်ရုံးခန်းသို့ သွားကြလေသည်။ ထိုအထဲတွင် ကိုအောင်ခန့်လဲ တစ်ယောက်အပါအဝင်ဖြစ်သည်။

=================================================================================

ကိုအောင်ခန့်သည်ကား လူပျို၊ လူလွတ်တော့မဟုတ်ပေ။ တစ်ချိန်က မြန်မာနိုင်ငံတွင် စီးပွားရေးအဆင်ပြေခဲ့စဉ်က အဖတ်တင်စေရန် မိန်းမတစ်ယောက် အသည်းအသန်ကောက်ယူကာ နှစ်ယောက်တစ်ဘဝထူထောင်ခဲ့သူဖြစ်သည်။ ကိုအောင်ခန့်မှာ မိဘများလဲမရှိတော့သဖြင့်တစ်ကြောင်း၊ ကိုအောင်ခန့်ဇနီးမှာ ကိုအောင်ခန့်နှင့်လက်ထပ်ပြီး မရှေးမနှောင်းမှာပင် မိဘများ ဆုံးပါးသွားခဲ့သည့်အတွက်လည်းကောင်း နှစ်ကောင်ကြွက်ဘဝဖြင့် ကိုယ့်အိုးကိုယ်အိမ်ထူထောင်ကာ အစွန်အဖျားမြို့နယ်လေးတစ်ခုတွင် လင်ကိုယ်မယား နှစ်ယောက်တည်းသာ နေထိုင်ကြခြင်းဖြစ်သည်။ ဆွေမျိုးမိတ်ဆွေလဲ နည်းပြီး အရှုပ်အရှင်းလဲကင်းသဖြင့် အိမ်ထောင်ရေးသည်ကား ငြိမ်းချမ်းသာယာခြင်းအတိသာဖြစ်တော့သည်။ အိမ်ထောင်သက်နှစ်နှစ်ကြာသည်အထိ တားဆေးအမျိုးမျိုးဖြင့် ကလေးမရရေး ကြိုးစားထားသည့်အတွက်လည်း အနှောင်အဖွဲ့ကင်း၏။ ကံကြမ္မာ ဖန်လာတော့လည်း ကိုအောင်မြင်မှာ ဝင်ငွေကောင်းသော လုပ်ငန်းမှ စောစောစီးစီး အနားယူလိုက်ရသည့်အတွက် အိမ်တွင် အလုပ်မရှိ၊ အကိုင်မရှိ သောင်တင်နေတော့၏။ ဝင်ငွေများများရသောအလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူမို့ မဖြစ်စလောက်လစာလေးရမည့်အလုပ်ကိုလည်း လုပ်ကိုင်လိုခြင်းမရှိပေ။ တစ်ချိန်က ရာထူး၊ ဝင်ငွေ ကောင်းစားခဲ့စဉ်က ငါးအရိုးမျက်သည်ကိုပင် မျက်ရည်များကျကာ ကိုယ်စားသနားပေးသည် အနှီထိုမယားသည်ကား ဆူဆောင့်ခြင်းပြုလေပြီလဲဖြစ်သည်။ ကိုအောင်ခန့်မှာမူကား မနက်မိုးလင်းသည်နှင့် ဈေးသွား၊ ပြန်လာချက်ပြုတ်၊ အိမ်အလုပ်များလုပ်ပြီး အိမ်မြဲနေတော့သည်။ ကိုအောင်ခန့်ဇနီးမှာမူကား ထိုမှပင် ပြင်ပသို့ တစ်နေကုန်ထွက်ရတော့သည့်အလား အိမ်မှ မိုးလင်းသည်နှင့်ထွက်သွားပြီး ညနေမိုးစုန်းစုန်းချုပ်မှပင် ပြန်ရောက်ခြင်းဖြစ်တော့သည်။ ၎င်း၏ဇနီးမှာ Private English Speaking Teacher ဖြစ်သဖြင့် အိမ်များသို့ စာလိုက်သင်ရခြင်းဖြစ်သည်။ ကိုအောင်ခန့်မှာ ယခင်က အလုပ်တွင်သာ အချိန်ကုန်ဆုံးခဲ့ရပြီး ယခုလိုအချိန်တွင်မတော့ အချိန်များစွာပိုနေသည့်အတွက် ၎င်း၏ဇနီးအနား ကပ်နေလိုသောကြောင့် အိမ်တွင်နေပါလားဟုဆိုတိုင်း ဒီပါးစပ်ပေါက်ကြီးတွေက အချိန်တန်ရင် ဒီတိုင်းနေမှာလားဟု ကက်ကက်လန်အပြောခံရသဖြင့် ရှက်လွန်းသောကြောင့် ခပ်မဆိတ်သာ နေရပြီး ငွေရှာနေရတာပဲလေဟုဆိုကာ မပြောရက်မဆိုရက်ပဲ အိမ်မှ နေ့စဉ်ထွက်ခွာသွားသည့် သူ၏ ဇနီးအား မေတ္တာမပျက် လိုက်လံပို့ဆောင်၊ ကြိုရမြဲဖြစ်သည်။

ပြန်ရောက်သည်နှင့် ပင်ပန်းလာသည်ဟုဆိုကာ ထမင်းစားပြီးသည်နှင့် ဇာတ်ကားကြည့်ပြီး အိပ်ယာစောစောဝင်သွားသည့် ဇနီးဖြစ်သူအား အနှောင့်အယှက်မပေးပဲ ကိုအောင်ခန့်မှာ သူ့ဖာသာသီးသန့်နေနေရရာ နှစ်ယောက်တည်းသာရှိသော အိမ်လေးထဲတွင် အတော်လေးပင် နေစရာရှားပါးလှတော့သည်။ နောက်ဆုံးတွင်မတော့ ကိုအောင်ခန့်မှာ ငွေရှာမှဖြစ်တော့ပေမည်ဟုဆိုပြီး ဝင်ငွေကောင်းသည်ဟုဆိုသော နိုင်ငံခြားအလုပ်များကို လိုက်လံကြိုးပမ်းရာမှ များမကြာမီမှာပင် ရွေးချယ်ခြင်းခံရတော့သည်။ ထိုစဉ်အခါမှ ၎င်း၏ ဇနီးဖြစ်သူမှာ အိမ်ပြန်ချိန်မှန်လာတော့သည်။ ဈေးအတူသွားဖြစ်တော့သည်။ ချစ်စရာ ပီယဝါစာစကားများကိုလည်း မရိုးနိုင်အောင် ကြားရခြင်း ရှိတော့လေသည်။ ဪ… မိန်းမဟူသည် မရှိမကောင်း၊ ရှိမကောင်းပါလားဟု တွေးမိပြန်သေးသည်။

လေယာဉ်ကွင်းတွင် မျက်ရည်အရွှဲသားဖြင့် ကိုအောင်ခန့်၏ ချစ်ခင်လှစွာသော မိန်းမသည်ကား မှာတမ်းများချွေနေသည်မှာ မဆုံးနိုင်တော့ပေ။ အေးဂျင့်မှ စာရေးမဝဝကြီးမှာ ကိုအောင်ခန့်ကို လှမ်းခေါ်နေပြီဖြစ်သဖြင့် တစ်ဦးတည်းသော ချစ်ဇနီးလေးအား မခွဲချင်၊ခွဲချင်ဖြင့် ခွဲခွာကာ ထွက်လာရသော ကိုအောင်ခန့်မှာ လည်ပြန်ကြည့်ရင်း၊ ကြည့်ရင်းနှင့်………

====================================================
ဆူဆူညံညံအသံများကြောင့် ကိုအောင်ခန့်မှာ အတိတ်ကအကြောင်းအရာများကို ပြန်လည်တွေးတောနေရာမှ ရုတ်တရက်ကြည့်လိုက်ရာ အဆောင်သို့ပင် ပြန်ရောက်ပြီဖြစ်ကြောင်းတွေ့ရတော့သည်။ အိတ်ကို ကပြာကယာဆွဲယူရင်း ကားပေါ်မှ အမြန်ဆင်းပြီးသည့်နောက်အများသူငါနည်းတူ အဆောင်ရုံးခန်းသို့ခပ်သုတ်သုတ်လေး လှမ်းမိလေသည်။ စာများရောက်နေသည်ကို တွေ့ရသဖြင့် သူ၏ စာများပါလေမလားရယ်ဟု အမောတကော ကြည့်မိသည်။ အတူူနေအခန်းဖော်များမှာ စာကိုယ်စီကိုင်ကာ ပျော်ပျော်ပါးပါးဖြင့် အဆောင်တွင်းသို့ ဝင်သွားကြလေပြီ။ ရုံးဝန်ထမ်းလက်ထဲတွင်လည်း စာတစ်စောင်မှ ကျန်မနေတော့သည့်အချိန်ထိ ကိုအောင်ခန့်မှာ ရင်ခုန်စွာဖြင့်စောင့်မျှော်နေမိသည်။ သူ့နာမည်များ ခေါ်လေမလားရယ်… ဟု။

ရုံးဝန်ထမ်းသည် ရုံးအတွင်းသို့ ပြန်ဝင်သွားသည့်တိုင် ကိုအောင်ခန့်မှာ အပေါက်ဝတွင် ထမင်းထုပ်လေးကိုဆွဲပြီး ငူငူကြီး ရပ်နေမိတော့သည်။ စာမလာ၊ ဖုန်းမဆက်သည်မှာ ၆ လတောင်ကျော်ပြီဟု တွေးမိလိုက်သည့်တစ်ခဏ ရင်ထဲမှ ဆောင့်တက်လာသော ခံစားချက်သည်ကား ကျဆင်းလုလုမျက်ရည်စများကို တွန်းတိုက်လိုက်လေသလားဟု ထင်မှတ်ရသည်။ မျက်ဝန်းမှ မျက်ရည်တစ်စ မြေသို့ အဖော်မပါ ကျဆင်းသွားရလေသည်။ တစ်ကောင်ကြွက် ကိုအောင်ခန့်အဖို့ သူ၏ဇနီးထံမှတစ်ပါး အခြားမျှော်စရာစာများလဲမရှိတော့သဖြင့် ခေါင်းငိုက်စိုက်ချရင်း အဆောင်တွင်းသို့ လေးလံလှသော ခြေလှမ်းများဖြင့် မလှမ်းချင်၊ လှမ်းချင်ဖြင့် လှမ်းဝင်လာရတော့သည်။

အရာအားလုံးသည် ကိုအောင်ခန့်အပြစ်များသာ ဖြစ်တော့၏။ လင်ယောကျာ်းတစ်ယောက်ဖြစ်ပြီး ဇနီးမယားထံ တစ်လတစ်သိန်းတောင် ပြန်မပို့နိုင်တော့သည့်အတွက် စာတစ်စောင်၊ ဖုန်းတစ်ချက်တောင် ခေါ်ဖော်မရတော့ခြင်းဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတော့သည်။ ကိုအောင်ခန့် ဘယ်လောက်ပင် ချွေတာစုဆောင်းပါသော်ငြား သူ့ကျမှ ကံဆိုးလေရက်အားဟု ဆိုရမလိုပင်ဖြစ်သည်။ ငွေဈေးများထိုးကျ၊ ကုန်ဈေးနှူန်းများတက်၊ အချိန်ပိုများဖြုတ်ချခံရခြင်း၊ ပြောထားသည့်လစာမပေးခြင်းတို့ကြောင့် ထမင်းစားကျွန်ခံဘဝဖြင့် သူများအလုပ် လာလုပ်နေရသကဲ့သို့ပင် ဖြစ်သည်။ ယခင်က တစ်လ ၅ သိန်းခန့်ရသည်ဟုဆိုသော ထိုနိုင်ငံတွင် နောက်ကြောင်းပြန်လှည့်ရန်မဖြစ်နိုင်သော ကိုအောင်ခန့်လို အလုပ်ကြမ်းသမားများမှာ ရှေ့သို့သာ မိုက်ရူးရဲဆန်စွာ ဆက်လက်တိုးရတော့သည်။ အိမ်သူသက်ထားမှာ အထင်အမြင်လွဲနေလေပြီလားဟု စိတ်ပူခြင်းဖြစ်သည့်အလျောက် ကိုအောင်ခန့်မှာ တစ်ပါတ်လျင်တစ်စောင်ကျ သတိရသည့်အကြောင်း၊ စာပြန်ရေးပါစေလိုကြောင်း အထပ်ထပ်အခါခါ စာပို့လျက်သာရှိတော့သည်မှာ ယခုဆိုလျင် ၆လကျော်ကြာသည့်တိုင်အောင် မလျှော့သော ဇွဲလုံ့လဖြင့် ဖြစ်သည်။ ကိုအောင်ခန့်ရောက်ကာစက တစ်ယောက်တည်းမနေတတ်တော့သဖြင့် လင်ယောက်ျားရှိရာသို့ လိုက်လာနိုင်ရေး GTI ကျောင်းဆင်းဖြစ်သော ဇနီးမယားမှ လိုအပ်သည့် မွမ်းမံသင်တန်းများ အသည်းအသန်လိုက်တက်နေကြောင်း သိရှိခဲ့ရပြီးနောက်ပိုင်း သေသလား၊ ရှင်သလားမသိအောင်ပင် အဆက်အသွယ် ပြတ်တော့လေသည်။ နာဂစ်မုန်တိုင်းတိုက်စဉ်ကတည်းက အဆက်ပြတ်သွားခဲ့ခြင်းဖြစ်သည်။ ကိုအောင်ခန့်နေထိုင်ရာမြို့လေးသည်ကား မုန်တိုင်းဒဏ်မခံခဲ့ရကြောင်း နောင်တွင်သိလာရသဖြင့် သူ၏ဇနီးမယားမှာ အသက်ရှင်နေဦးမည်ဖြစ်ကြောင်း သေချာပေါက်ခန့်မှန်းမိပြန်သည်။ သို့ပါသော်လည်း အဆက်အသွယ် ပြတ်ပဲ ပြတ်နိုင်လွန်းလှပေစွ။

တစ်နေ့တွင်မတော့ ကိုအောင်ခန့်သည် မမျှော်လင့်ပါပဲနှင့် တစ်မြို့တည်းနေသူငယ်ချင်းတစ်ယောက်နှင့် လမ်းတွင် မတော်တဆတွေ့ရာမှတစ်ဆင့်………………

(တစ်ကယ့်အဖြစ်မှန်အား နာမည်ပြောင်းလဲခံစား တင်ပြထားပါသည်။)

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

21 comments

  • Khin Latt

    December 24, 2011 at 7:32 am

    ကိုအောင်ခန့်ကို အပြစ်တင်တာတော့ မဟုတ်ပါဘူး။
    “အဖတ်တင်စေရန် မိန်းမတစ်ယောက် အသည်းအသန်ကောက်ယူကာ” ဆိုတော့ အဲဒီ မိန်းမရဲ့ ပင်ကိုယ်စိတ်ရင်းကို အချိန်ယူ မလေ့လာနိုင်ခဲ့ဘူးထင်ပါရဲ့။
    ဘာဆက်ဖြစ်မယ် သိချင်နေပါတယ်။ ကောင်းသတင်းမှဟုတ်ပါ့မလား…..

  • MaMa

    December 24, 2011 at 7:55 am

    ရှုံး… လူ လည်း ကိုရီးယားဇာတ်လမ်းတွဲ ရေးတတ်တာပဲ 😀

  • super

    December 24, 2011 at 9:51 am

    ဖတ်လို့ကောင်းနေတုန်း ဖြတ်ပစ်တယ်၊ ကိုရူံးလည်း မြဝတီတို့ မြန်မာ့အသံတို့နဲ့ အမျိုးတော်တယ်ထင်ပ….. 😛

  • စုံ စုံ

    December 24, 2011 at 10:04 am

    ကိုရှုံးရေ ဖတ်လို့ကောင်းမှအဆက်ပြတ်သွားတယ်
    အခုက ကိုအောင်ခန့်ဘက်ကရေးထားတာဆိုတော့
    ကိုအောင်ခန့်ကိုဂရုဏာဖြစ်မိတယ်
    နောက်တပိုင်းမှာကော သူ့မိန်းမအကြောင်းများရေးမလားဆိုပြီး
    သိချင်မိပြန်ရဲ့
    ၂ယောက်စလုံးအကြောင်းကိုသေချာသိမှ ဘယ်သူပိုသနားဖို့ကောင်းလဲ
    သိရတော့မယ်

    • သေသေချာချာသိရပါစေမယ့် စုံစုံရေ.. ဆုံးခန်းတိုင်ခဲ့ရင်တော့ မှတ်ချက်လေးတော့လိုချင်သား
      ကိုယ်တိုင်လဲ အစွန်းနှစ်ဖက်လွတ်အောင်ရေးထားပါတယ်… ဇာတ်ကောင်တွေကို ဆုံးဖြတ်ချက်ပေးသလိုဖြစ်နေမှာစိုးလို့ပါ။ ဘဝအမှန်တွေကို တစ်ခြားသူတွေ ဘယ်လိုမြင်လဲတော့သိချင်သား…

  • နွယ်ပင်

    December 24, 2011 at 10:19 am

    ကိုရင်ရှုံးရေ ဇာတ်ရှိန်မြှင့်ကာမှ ဇာတ်လမ်းကိုဖြတ်ရက်တယ် ..
    မြန်မြန်ရေးပါဗျီု့ ………..

  • TTNU

    December 24, 2011 at 10:27 am

    “ဝင်ငွေ ကောင်းစားခဲ့စဉ်က ငါးအရိုးမျက်သည်ကိုပင်
    မျက်ရည်များကျကာ ကိုယ်စားသနားပေးသည်
    အနှီထိုမယားသည်ကား ဆူဆောင့်ခြင်းပြုလေပြီလည်းဖြစ်သည်။”

    မောင်ရှုံးရေ… အရေးအဖွဲ့လေးတွေ လှတယ်ကွယ်။
    ငါးအရိုးမျက်သည်ကို မျက်ရည်များကျ ပေးတဲ့မိန်းမဆိုတာ
    ဒီလောကကြီးမှာရှိ မရှိ လောင်းကြမယ်ဆိုရင်
    တီချာကတော့… Negative ဘက်မှာနော်။

  • ငပေါက်ဖော်

    December 24, 2011 at 10:33 am

    အင်း..
    ဧကန္တတော့..အနှီမိန်းမ နောက်လင် ယူသွားပြီထင်ပါ့..
    ပုံ၊
    အင်္ဂဝိဇ္ဇာငပေါက်ဖော် 🙄

    ဆက်ပါဦးဗျာ..သိချင်လှပါဘိ..
    ကျွန်ုပ်အထင် မှန်လို ့ရှိရင် အမေတီကန်သွားပြီး ကွမ်းယာထွက်ရောင်းဖို ့အစီအစဉ် အမြန်ဖျက်မှဖြစ်မယ်
    နို ့မို ့..မီလွယ်ဘူး…
    😆

  • pooch

    December 24, 2011 at 1:43 pm

    ရှုံးလူရေးတဲ့စာကို ဖတ်ရင် ဆရာကြီး ရွှေဥဒေါင်းတို့ရေးဟန်တွေကို သွားသတိရတယ် …
    ဖတ်ရတာ စီးစီးပိုင်ပိုင်နဲ့ လေးလေးပင်ပင်ရှိတယ်..
    ကိုယ်တင်ပြချင်တဲ့ ရေးဟန်ကို ရှာတွေ့သွားတယ် သိသွား တယ်ဆိုလို့ ဝမ်းသာပါတယ်…
    ရှုံးလူရဲ့ စာတွေကို အမြဲဝင်ဖတ်ဖြစ်ပါတယ် .. သို့သော် တခါတခါ အချိန်မရတာမျိုး ရေးရမှာ ပျင်းတဲ့အခါမျိုးဆိုရင်တော့ ဝင်မမန်းဖြစ်ဖူးပေါ့ …… အဲ့ဒါလေးတော့ သီးခံပေးပါ… တခါတခါ ကျမလည်း သိပ်ပျင်းတတ်တယ်……

    ဒါကြောင့်မို့လည်း မိန်းမတို့အတွင်းသဘောကို မြစ်လိုပဲ ကွေ့ကောက်တယ် လို့ တင်စားခဲ့ကြတာထင်တယ်…..

    • Pooch ရေ.. အရွယ်ကိုမသိတော့လည်း တန်းတူလိုပဲ သတ်မှတ်ပြီးပြောပါ့မယ်
      ကျွန်တော်က အရေးအခင်းဖြစ်တဲ့ ဆယ်စုနှစ်မှာ မွေးဖွားခဲ့သူပါ။ အဲလောက်ဆို ခန့်မှန်းမိမယ်ထင်ပါတယ်။

      မိန်းမတို့ရဲ့သဘောသဘာဝ၊ အိမ်ထောင်သည်တို့ရဲ့ ဖြစ်နေကျတွေကို နောင်Post တွေမှာ အစလေးတွေ ထုတ်ပေးထားပါတယ်.. ယူတတ်ရင် ရမှာပါ Pooch ရေ

  • comegyi

    December 24, 2011 at 4:07 pm

    ငပေါက်ဖော်ရယ်
    နီပြောတာ ကိုအောင်ခန့်ကြားသွားလို့ဖြင့်
    ရင်ဘတ်မှာ
    ဆူးတွေ တစ်ချောင်းပြီးတစ်ချောင်း
    ပေါက်လာပါဦးမယ်
    ဟုတ်ကဲ့ ဆူး ဆိုလို့ ရွာထဲက မဆူးကို ဆိုလိုတာမဟုတ်ပါကြောင်း
    ဆရာကြီးရွှေဥဒေါင်းရဲ့ ဆူးကိုဆိုလိုပါကြောင်းခင်ဗျ…..

  • windtalker

    December 24, 2011 at 7:41 pm

    ဒီတစ်ခါတော့
    ဒီအယူအဆလေးကို ကြိုက်တယ်ဗျာ
    “ဝင်ငွေများများရသောအလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူမို့ မဖြစ်စလောက်လစာလေးရမည့်အလုပ်ကိုလည်း လုပ်ကိုင်လိုခြင်းမရှိပေ။”
    လွှတ်မှန်ကြောင်း မန် ့ခဲ့ပါသည် ။

  • Shanma TUmdy

    December 24, 2011 at 9:38 pm

    သူ့မိန်းမဖက်ကထပ်ရေးထားရင်ကောင်းမယ်.

  • ကြောင်ကြီး

    December 25, 2011 at 12:15 pm

    မရှိမကောင်း ရှိမကောင်း
    မပေါင်းလဲခက် ပေါင်းလဲခက်
    မိန်းမဟူသည် တိမ်မယောက်နက်..
    သိသောသူများ ဝယ်၍စား
    ပျော်ပျော်ပါးပါး လူ့မင်းသား…
    ကံဆိုးတနေ့ အေနဲ့တွေ့
    သေဖို့ရက်စေ့ နီးပြီဟေ့….
    မဖြစ်လိုကရှောင်
    ဖြစ်လိုကဆောင်
    အပြစ်ဆိုကယောင်
    အချစ်ပိုကထောင်သမို့
    အစစ်ကိုအရ ဆောင်ကြပါဗျို့…။ 😀

  • ဆူး

    December 26, 2011 at 9:14 am

    တနေ့ကတည်းက မအားတာနဲ့ မကြည့်ဖြစ်တာ ဒီနေ့မှပဲ တွေ့တော့တယ်။
    ဘဝတွေမှာ ပုံစံ မတူ မူကွဲလေးတွေ များလွန်းလို့ကိုရီးယား ကားတွေ အလုပ်ဖြစ်နေတာ ဆိုတော့.. ကိုစိုင်းရဲ့ ပုံစံမတူ မူကွဲ ဘဝ ဖြစ်စဉ်လေးတွေကလည်း ဖတ်တဲ့ လူကို ဆွဲဆောင်မှု ရှိတာ အမှန်ပဲ.. နောက်ထပ် အပိုင်းလေး ရှာဖတ်လိုက်အုန်းမယ်။

Leave a Reply