Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“စကားကုသိုလ်”

aye.kkDecember 25, 20111min77013

ကျမအားငယ်စဉ်က သူတော်ကောင်းမိတ်ဆွေ ဘဘကြီး၏ ။ သွန်သင်ဆုံးမ ပြောကြားမှတ်သားခဲ့မှုလေးအား လေစားကြည်ညိုရ သောအားဖြင့် ဂါဝရတရားထားကာ ။ ဗုဒ္ဓဘာသာဝင်အနေနှင့် ဗဟုသုတရစေချင်ပါ၍ စကားကုသိုလအဖြစ် ဆင့်ပွားနိုင်ပါစေရန် ဖော်ပြလိုက်ပါသည် ။

ဘုရားကိုမွှေးသောအနီရောင်နှင်းဆီပန်းတပွင့်ဖြင့်ကပ်လှူသောအခါ
၁။ နှင်းဆီ ပန်း ပွင့်ဖြင့်ကပ်လှူပါ၏ဘုရား (သုတ္တန်ဒါန – ၅ .ပန်း)
၂။ ပန်း၏ အနီရောင်အဆင်း ဖြင့်ကပ်လှူပါ၏ဘုရား (အဘိဓမ္မာဒါန – ၁.ရုုပဒါန)
၃။ ပန်း၏ မွှေးသော အနံ့ ဖြင့်ကပ်လှူပါ၏ဘုရား (အဘိဓမ္မာဒါန – ၃.ဂန္ဓဒါန)
၄။ ဤပန်း ၊ ၎င်း၏အရောင်အနံ့တို့သည် ၊ ခယဓမ္မာ-ကုန်တတ်သောသဘောရှိ၏ ၊ ဝယဓမ္မာ-ပျက်စီးတတ်သောသဘောရှိ၏ ။

ငါ၏ကိုယ်ခန္ဓာသည်လည်း ထိုနည်းတူစွာပင် ပျက်စီးတတ်သောသဘောရှိ ပါတကား (ဖြစ်ပျက်သိဆင်ခြင်ခြင်း)။
များသောလူတို့သည် ပန်းကပ်လှူပါ၏ဟုတစ်မျိုးတည်းသာကုသိုလ်ယူတတ်ကြ၏ ၊ အထက်ပါလှူနည်းက ၄ မျိုးကုသိုလ်ရသောကြောင့် သူတစ်ပါးတို့ထက် သာလွန်၍ကုသိုလ်ယူတတ်ခြင်းဖြစ်သည် ။ စံပါယ်ပန်း¸စကားဝါပန်းစသည့် ပန်းများကပ်လှူသောအခါ လည်းထိုကဲ့သို့ကုသိုလ်ယူတတ်ပါစေ ။ ပန်းလှူကျိုး၃ပါး -ပန်းလိုလှပ ၊ ဘဝရုပ်ရည်၊ ခန္ဓာကိုယ်တွင်းသန့်ရှင်း ပေသည် ၊ နံစော်ကင်းလို့ ခံတွင်းမွှေးကြည် ပန်းလှူကျိုး ၃ မျိုးရနိုင်သည် ။

ကုသိုလ်ရေပေါက်ရေစက်ကဲ့သို ့။

၁။မိမိစားသောက်သောအခါတိုင်း စားသောက်သည့် အစားအသောက်ဟူသမျှ
တို ့ကိုလက်နှင့်ဇတိမပြီး ။ “ဗုဒ္ဓံပူဇေးမိ၊ဓမ္မံပူဇေးမိ၊သံဃံပူဇေးမိ”ဟုဆိုပြီး ( အာရုံပြုပြီး ) မှစားသောက်ပါက ကုသိုလ်ရပါသည် ။
ဒါက စားခါနီးတိုင်းစားသောအခါတိုင်းဒါန-အလှူကုသိုလ်ရခြင်း ဖြစ်သည် ။
၂။အိပ်ခါနီးတိုင်းအိပ်ရာပေါ်ရောက်သောအခါမှာ“သတ္တဝါများချမ်းသာကြပါစေ၊ကျမ်းမာကြပါစေ၊
ဘေးရန်ကင်းကြပါစေ၊ကြောင့်ကြခြင်းကင်းကြပါစေ၊မိမိတို့ကိုယ်ကိုကောင်းစွာစောင့်ရှောက်
ဆောင်ရွက်နိုင်ကြပါစေ”စသည်ဖြင့်မိမိကြိုက်နှစ်သက်သလို မေတ္တာပို့ပြီးမှအိပ်ပါက အိပ်ခါနီးတိုင်းမေတ္တာကုသိုလ် ရခြင်းဖြစ်၍ ကုသိုလ်ကအနည်းငယ်စီဖြစ်သော်လည်း နေ့စဉ်နေ့တိုင်းပြုလုပ်သွားပါက ထိုကုသိုလ်နှစ်မျိုးပေါင်းလိုက်သောအခါ ကာတွန်းဆရာတစ်ယောက်ရေးသလို “ရေပေါက်ရေစက်၊ကြိမ်ကြိမ်သက်လည်း၊ထဲနက်ကျယ်ဝန်း၊ပင်လယ်ထွန်း၏”တဲ့
သတိနှင့်အလေ့အထရှိပါက ။ ဆောင်ရွက်ရန်လွယ်ကူသည်ကို သူတော်ကောင်းမိတ်ဆွေ ဘဘကြီး(U.G.S)ပြောကြားခဲ့သော ။ ကုသိုလ်စကားတို ့အား ။ ငယ်စဉ်တောင်ကျေး ကလေးဘဝက ။ နာယူမှတ်သားရခဲ့ခြင်းအပေါ် စာဖတ်သူတို့ မသိရှိရသေးပါက သိရှိနိုင်ကြပါစေရန် စေတနာထားကာ ရေးသားလိုက်ရခြင်းဖြစ်ပါသည် ။။

13 comments

  • windtalker

    December 25, 2011 at 8:53 pm

    အေး.ကေကေ ရဲ ့စေတနာ ကို ဖတ်အပြီး
    ကျုပ် ထမင်းစားတဲ့အခါ ရွတ်ဆိုပုံလေး ကို လည်း ပြောချင်လာတယ်ဗျာ
    ဆရာ အီကြာကွေး ရေးတာ ဖြစ်မယ် ထင်တာဘဲ
    ထမင်းစားခါနီးကြရင်
    ထမင်းပန်းကန်ကို ကိုင်ပြီး
    သရဏဂုံသုံးပါး ရွတ်ဆိုတယ် ဗျ
    သရဏဂုံ တည်ပြီးမှ စားပါတယ် ဗျို ့

    • ငပေါက်ဖော်

      December 25, 2011 at 9:09 pm

      ဆရာလေး ဒေါ်ဝူးဝူး လာရင်တော့ နောက်ထပ် ကုသိုလ်ရနည်းတွေ ထပ်သိရမယ်ထင်သဗျ
      အခုတော့….ဒေါ်အေးကေကေလဲ စာကုသိုလ် ရသွားပါပြီနော့..

    • နီကီတာ

      December 26, 2011 at 10:52 am

      ကိုပေ
      တစ်ခုလောက်မေးလို့ရမလား
      ဘီဘီသောက်ခါနီးရင်ရော .. ဟင်

  • thit min

    December 25, 2011 at 8:59 pm

    ရေပေါက်ရေစက်၊ကြိမ်ကြိမ်သက်လည်း၊ထဲနက်ကျယ်ဝန်း၊ပင်လယ်ထွန်း၏
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဟုတ်ပါပေသည်။ မှန်ပါပေသည်။ ကျေးဇူးတင်ရပါသည်၊မအေးကေကေခင်ဗျား။

  • TTNU

    December 25, 2011 at 10:54 pm

    မအေးရေ…
    သာဓုပါနော်။ ကျမလည်း ဒီအကျင့်လေးတွေကို ခုံခုံမင်မင် လုပ်ပါတယ်။

    စကားအကောင်းကနေ ဖောက်ပြောချင်လို့…
    ဖောင်ကြီးတက်တော့လေ ထမင်းစားတော့မယ်ဆိုရင်
    “နိုင်ငံတော်မှ ကျွေးမွေးသော ထမင်းကိုစား၍ နိုင်ငံတော်ကို သစ္စာရှိပါမည်” လို့
    (၆)လ လုံးလုံး အော်ခဲ့ရဖူးတယ်။

  • comegyi

    December 26, 2011 at 1:08 am

    ဝင်ရောက်ဖတ်ရှု မှတ်သားသွားပါတယ်ခင်ဗျား….

  • aye.kk

    December 26, 2011 at 4:07 am

    ကိုဝင်းတော့ကာရေ..
    မိမိစားသောက်သောအခါတိုင်းစားသောက်သည့်အစားအသောက်ဟူသမျှကို..
    သရဏဂုံတည်ပြီးမှစားတဲ့အကျိုးကျေးဇူးကကြီးမားတယ်ဆိုတာဘကြီးကရှင်းပြဘူးပါတယ်..
    ဥပမာကိုယ့်ကိုသူများမကောင်းကြံချင်လို့အစားအသောက်ထဲအဆိပ်ခပ်ပြီးကျွေးရင်တောင် ကိုယ်စားရမယ့်ဟာကလက်ထဲကနေလွတ်ထွက်ကျသွားရကာဖယ်ရှားပေးပစ်စေနိုင်တယ်ပေါ့နော်..
    ဒါကြောင့်မို့ဘာပဲစားစား ၊ စားတဲ့အခါတိုင်းအလေ့အကျင့်လုပ်ပြီးစားဘို့ဆုံးမသွန်သင်ပေးခဲ့ပါတယ်..
    ကုသိုလ်လဲအမြဲရတယ်ဆိုပြီးပေါ့နော်..။
    ငပေါက်ဖော်.ကိုသစ်.တီတီနု.ကမ်းဂျီး ဖတ်ရှု ့အားပေးသွားတဲ့အတွက်ဝမ်းသာမိပါတယ် ၊ အားလုံးကိုကျေးဇူးပါ..။

  • ဆူး

    December 26, 2011 at 9:34 am

    အန်တီရေ.. အန်တီ ပြောသလိုတော့ ပန်းကပ်တဲ့ အခါ မရွတ်ဖူးပေမဲ့ စပါယ်ပန်း ကပ်တဲ့ အခါတော့ မွေးသော ပန်းများ ဆပ်ကပ်လှူဒါန်းပါတယ်လို့ ရွတ်ပါတယ်။
    စပါယ် ဆိုတဲ့ နာမည် တော့ မပါဘူး။

    ရတန် ၈တန်း လောက်တုန်းကတော့ အားအားရှိ.. သတ္တဝါတွေ အားလုံး ကျန်းမာပါစေ ချမ်းသာပါစေလို့ ရွတ်ပြီး မေတ္တာပို့တဲ့ အလုပ်ကို စလုပ်ခဲ့တာ.. အခုမှ ကြီးမိုက်.. ဖြစ်ပြီး တနေ့ တနေ့ ဘာစိတ်တွေနဲ့ နေနေမှန်းကို မသိဘူး။
    စိတ်တွေ ညစ်ပတ်ပြီး ဖုန်ကပ်နေပြီ။ လျှော်လည်း မလျှော်ချင်ဘူး ပျင်းနေတာ.. 🙁

  • aye.kk

    December 26, 2011 at 5:55 pm

    ဆူးလေးရေ..
    အံတီပြောချင်တာလေးက..ပျက်အစဉ်ပြင်ခဏပါကွယ်..
    စိတ်ဆိုတာလေးကကောင်းတဲ့အာရုံမှာဆို..သူကမပျော်ဘူးလေ..ခက်တော့ခက်သားဘဲ..။

  • YingLamp

    December 26, 2011 at 6:36 pm

    အမကေကေရေ .. ကျနော်ကတော့ ထမင်းစားခါနီးတိုင်း ရတနာမြတ်သုံးပါးတို ့အား ဆပ်ကပ်လှူဒါန်းဦးချပူဇော်ပါဧ။် လို ့ စိတ်ထဲမှာရွတ်ဆိုပါတယ် ..ဒီအကျင့်လေးက ဘယ်ကစပီးရလာတာလဲ ဆိုတာလဲ ပြောပါရစေ .. ကျနော်တို ့ဖားတွေနဲ ့ တူတူအလုပ်လုပ်ရပါတယ် ..သူတို ့က ထမင်းစားခါနီးတိုင်း မျက်လုံးလေးမှီတ်ပီး ဘာတွေရွတ်တယ်မသိဘူး .. ဒါနဲ ့သိချင်လို ့မေးကြည့်တော့ ကျ်အစားစာအတွက် ဖန်ဆင်းပေးသော ဘုရားသခင်ကို ကျေးဇူးသိပါဧ။် ဆိုတဲ ့သဘောမျိုး ရွတ်တာပါတဲ ့..ဒါနဲ ့ ကျနော်လဲ စဉ်းစားကြည့်တယ် .. ဘုရားကတော ့ဖန်ဆင်းတာမဟုတ်ဘူး .. ဒီထမင်းဟင်းက ဘုရားဟောအရဆိုရင် ကံနဲ ့ပဲဆိုင်တယ် .. ဒီတော့ တခုခုလဲ ရွတ်ချင်တယ် ဆိုပီး စဉ်းစားမိရာကနေ ခုလိုရွတ်ဖြစ်သွားတာ .. အခုဆို အတော်တောင် အကျင့်သားရနေပါပီ .. 🙂

  • aye.kk

    December 26, 2011 at 7:16 pm

    စိတ်ထားတတ်တော့မြတ်ပါတယ်..ကုသိုလ်လဲရဝမ်းလဲဝတာပေါ့နော်..
    ဗုဒ္ဓဘာသာကိုယုံကြည်မြတ်နိုးသူတိုင်း..စေတနာကောင်းရင်ကံကောင်းမယ်ဆိုတာခံယူထားကြတာပါ..
    မောင်လေးအနေနဲ့က..ယုံကြည်သဒ္ဒါရှိပြီးလုပ်တာမို့..ကုသိုလ်အများကြီးရပါတယ်..
    ဆိုတာပြောပြလိုက်ပါရစေကွယ်..။

  • zaw min

    December 26, 2011 at 7:37 pm

    ကောင်းသောအလုပ်၊ကောင်းသောအကျင့်၊ကောင်းသောစိတ်ထားတို့သည် ကောင်းကျိုးကိုသာပေးပါ၏။
    မကောင်းသောအလုပ်၊မကောင်းသောအကျင့်၊မကောင်းသော စိတ်ထားတို့သည်လည်း တူသော မကောင်းကျိုးကိုသာပေးပါ၏။
    မည်သည့် သာဘာမဆို ယုံကြည်မူသဒ္ဒါသည် အရေးကြီးဆုံးပဲဖြစ်ပါလိမ့်မည်။ဘာသာတိုင်းဘာသာတိုင်းရဲ့ အဆုံးအမ(ဓမ္မ)တွေက မကောင်းမူဆိုတာတွေကိုရှောင်ကြဉ်ကြဖို့၊ကောင်းမူဆိုသော အပြုအမူအလေ့အထများကို လုပ်ဆောင်ကြဖို့လမ်းပြပေးထားတာတွေပါပဲ..အမှန်တကယ်လိုက်မလုပ်ဖြစ်သေးတာ၊မနိုင်သေးတာက မိမိတို့ကိုယ်တိုင်ပါပဲ…။
    အလွယ်ဆုံးပါပဲဆိုတဲ့ အလေ့အကျင့်လေးကို လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်…။
    စေတနာနဲ့ မျှဝေပေးသော အမ aye.kk ကိုလည်းကျေးဇူးတင်ပါတယ်…။

  • aye.kk

    December 26, 2011 at 8:10 pm

    မောင်လေးဇော်မင်းရဲ ့အမြင်ကအမနဲ့ထပ်တူထပ်မျှပါပဲလို့ပြောလိုက်ပါရစေကွယ်..။

Leave a Reply