ရွာသားများအတွက်နှစ်သစ်ကူးလက်ဆောင်လေးတခုပါ(ပြည်တွင်းတွင်သာကျော်လို့ရပါမည်)
ရွာသူရွာသားများအတွက်နှစ်သစ်ကူးလက်ဆောင်လေးတခုပါနတ်သားလေးလည်း
ဆရာညီနေမင်းဆိုက်ထဲကသင့်တော်တာလေးနဲ့သုံးလိုအဆင်ပြေမယ်ထင်တာလေးရှာပေးလိုက်တာပါadd_onတွဲပေးရမှာနော်
မသိသေးသူများသုံးရလွယ်ပြီးအဆင်ပြေပါလိမ့်မယ်အိမ်သုံးသမားအနေနဲ့ပိုပြီးသင့်တော်ပါတယ်ဆိုင်များတွင်defreezeအုပ်ထားတဲ့
အတွက်စက်ပိတ်လိုက်တာနဲု့ပြန်ပြိးတင်ရမှာဖြစ်လိုပါ
https://addons.mozilla.org/en-US/firefox/addon/phzilla/
(၁)နတ်သားလေးပေးလိုက်တဲ့linkကိုကလစ်လိုက်ပါ။စာမျက်နှာတခုကျလာပါလိမ့်မယ်
(၂)ကျလာတဲ့စာမျက်နှာထဲမှာအစိမ်းရောင်ဘောင်လေးနဲ့ +Add to Firefoxကိုကလစ်လိုက်ပါ
(၃)အပေါ်ဘားတန်းလေးကနေပြီး allow လုပ်မလားnot now လုပ်မလားလို့မေးလိမ့်မယ်/allowကိုကလစ်ပေးလိုက်ပါအဲဒါဆိုdownload
စဆွဲနေပါပြီ(မှတ်ချက်ဒေါင်းလုပ်ဆွဲနေတုံးဘယ်ကမှာမပြောင်းဘဲခဏလေးစောင့်ပေးပါ)
(၄)ဒေါင်းလုပ်ဆွဲပြီးသွားတဲ့အခါမှာသူအလိုလို install လုပ်မလားလို့မေးပါလိမ့်မယ်လုပ်မယ်လို့ဆိုပြီးinstall
ကလစ်လိုက်ပါ
(၅)install လုပ်ပြီးသွားတဲ့အခါကြတော့restart ဆိုပြီးပေါ်လာပါလိမ့်မယ်။
restartဆိုတာလေးကလစ်လိုက်တာနဲ့သင့်ရဲ့မော်ဇီလာခဏပိတ်သွားပါလိမ့်မယ်
၂စကန့်စောင့်လိုက်ပါမော်ဇီလာအော်တိုပြန်တက်လာတာကိုတွေ့ပါလိမ့်မယ်အာလုံးပြီးသွားပါပြီ
အဲဒီလိုလုပ်လိုက်တဲ့အခါထူးခြားလာမှာကတော့လိပ်စာတွေရိုက်၂ရိုက်ထည့်နေတဲ့
နေရာလေးညာဘက်ကြယ်ပွင့်လေးဘေးမှာ(p)ဆိုတဲ့သင်္ကေတလေးရောက်နေတောမှာပါ
အိုကေပါပြီိကို်ယ်ကျော်ကြည့်ချင်တဲ့ဆိုက်ကိုရှာလိုက်ပါacess denied တက်လာရင်pလေးကိုကလစ်လိုက်သူအလိုလိုကျော်သွားပါလိမ့်မယ်
နတ်သားလေးသုံးကြည့်တာတော်တော်လေးအဆင်ပြေပါတယ်metacafeကိုတောင်ကျော်ကြည့်လိုရပါတယ်
ရွာသားများအတွက်2012ကိုကြိုဆိုသောအားဖြင့်ရွာသူရွာသားများကျန်းမားချမ်းသာကြပါစေ
အလုပ်အကိုင်များအဆင်ပြေကြပါစေ
နတ်သားလေးတို့အမိမြန်မာပြည်လေးဒီရေအလားအလျှင်အမြန်တိုးတက်ဖြွံဖိုးလို့ဒီမိုကရေစီအရသာစစ်ကိုခံစားနိုင်ပါစေ
ရွာကြီးလည်းတိုးတက်အောင်မြင်လိုသူကြီးတယောက်လည်းကျန်းမာလိုချမ်းသာပါစေနော်
အဆင်မပြေတာများရှိရင်ပြန်လည်မေးနိုင်ပါတယ်လို့။ရွာသူရွာသားအခက်အခဲများတက်နိုင်သမျှကူညီနိုင်အောင်ကြိူးစားနေပါကြောင်း
13 comments
water-melon
December 26, 2011 at 1:25 pm
ကျေးဇူး ဆိုက်တွေကို ကျော်ချင်နေတာကြာပြီဗျ။ 😀
etone
December 26, 2011 at 4:18 pm
ကျေးဇူး အများကြီးတင်ပါတယ် မိုးနတ်သားရေ.. ကျော်ခွပြီး ကြည့်ချင်တဲ့ဆိုဒ်တချို့ ဘမ်းထားတုန်းမို့ … အခုလို လင့်လေးပေးတာ … အရမ်းကိုပဲ အသုံးဝင်ပါတယ် … ။
manawphyulay
December 26, 2011 at 4:49 pm
ခုက သိပ်တော့ မဘန်းတော့ပါဘူး။ ဘလော့စပေါ့တောင်ပြန်ဖွင့်ပေးထားတော့ အဆင်ပြေပါတယ်။ ရီစတပ်မလုပ်ပဲနဲ့ကော မရဘူးလားရှင့်…
ငပေါက်ဖော်
December 26, 2011 at 6:31 pm
ကျနော်..အဲလိုမျိုးလေး..တစ်ခေါက်ရေးဖူးသဗျ
ရမရတော့ မသိတော့ဘူး..
Phzilla ရယ် Tor-proxy ရယ် Mmitd Add on ရယ် သုံးခုပဲ
http://myanmargazette.net/26559/computers-technology
🙄
မိုးနတ်သားလေး
December 26, 2011 at 9:11 pm
အမရေ
restartချခိုင်းတယ်ဆိုတာ
ကွန်ပျူတာကိုတစ်ခုလုံးကိုချခိုင်းတာမဟုတ်ပါဘူး
မော်ဇီလာတခုထဲကိုဘဲချခိုင်းတာပါrestartလိုပေါ်လာတာလေးကလစ်လိုက်တာနဲ့
ကိုယ်ဖွင့်ထားမော်ဖီလာလေးဟာလေးငါးစက္ကန့်လောက်
ပိ်တ်သွားပြီးတာနဲ့ပြန်တက်လာမှာပါwindow တခုလုံးကိုrestartချပေးဖို့မလိုပါ
char too lan
December 26, 2011 at 5:07 pm
သူများဟာကျော်ဖို့နေအုံး ကျနော်မှာက ရွာထဲတောင် http://www.polysolve.com ကနေကျော်ဝင်နေရတာ တစ်ပတ်လောက်ရှိပီ ဘာအချိုးချိုးနေလဲ မသိဘူး
မိုးနတ်သားလေး
December 26, 2011 at 9:16 pm
အကိုရေ
မိုးနတ်သားလေးပေးတဲ့ဟာကpolysoveတို့vtunnelထက်အများကြီး
သာနေပါတယ်စမ်းလုပ်ကြည့်လိုက်ပါ
ွတကယ်ကိုကောင်းလို့ရွာသားအာလုံးအသုံးတည့်စေချင်တဲ့စေတနာ
နဲ့တင်ပေးထားတာပါ
ကိုရင်စည်သူ
December 27, 2011 at 4:27 am
အမငီး.. မိုးနတ်သားက ချာတူးလန်ကို အကိုတဲ့…
မိုးကြိုးတွေပွတ်ကုန်တော့မယ်… 😀 😀
ချာတူးလန်းက ရွာသူခင်ည…
ကျနော် ကျနော်နဲ့သုံးတော့… မန်းလေးသူလားမသိဘူး… 😛 😛 😛
ငပေါက်ဖော်
December 26, 2011 at 7:15 pm
ငပေါက်ဖော်
December 26, 2011 at 7:17 pm
ဟုတ်ဘူး..ဟုတ်ဘူး..
အနော်လဲ ရေးဖူးတယ်ခင်ည..အဲတာပေါမို ့ 😆
http://myanmargazette.net/26559/computers-technology
Sky ko ko
December 26, 2011 at 8:04 pm
ကျေးဇူးပါခင်ဗျာ…
ကျနော်တို့ရွာကို မရောက်တာကြာသွားတယ်….
တစ်ခြားအလုပ်တွေရှုပ်နေတာနဲ့ ရွာထဲမဝင်အားဘူး ဖြစ်ဖြစ်နေတာ..
အခုဝင်လာတော့ ကိုယ့်အတွက် အသုံးဝင်တဲ့ အကြောင်းအရာတွေ.. တွေ့ရတယ်…
ကျေးဇူးပါ မိုးနတ်သား…
ကောင်းကင်မှာ ပြန်ဆုံကြဦးမှာပါ…
kokoover
December 27, 2011 at 7:06 pm
ကျော်လို့မှ့ မရရင် p လေးကို right click ထောက်ပြီး Privacy level -phproxy only ကိုကလစ်လိုက်ပါ၊
အဆင်ပြေပါတယ်၊။ ကျေးဇူပါ ကိုမိုးနတ်သားကြီး
အေမီ
December 27, 2011 at 8:43 pm
မိုးနတ်သားရေ…………ကျေးဇူးအများကြီးတင်ပါတယ်နော်…..
အရမ်းကို အဆင်ပြေပါတယ်။ ဒါနဲ့ စကားမစပ် Skynet သုံးသူတွေက blogspost.com တွေကိုသွားလို့မရဘူးလေ။ အရင် အေမီသုံးတဲ့နည်းက proxy ပြောင်းပေးတဲ့ webpage ကိုတစ်ခါသွား အဲဒိကမှ ကိုယ်သွားချင်တာကို ထပ်သွားရတာလေ။ ခုတော့ အရင်ထက် အချိန်ကုန်သက်သာသွားပြီ။ 🙂 🙂