အဘဒေါက်တာမင်းသိင်္ခ၏ စာရေးခြင်းအတတ်ပညာ
ကျွန်တော်တို့မရမ်းတလင်းခြံ အယူတော်မင်္ဂလာခြံမှာ ပညာသင်ခဲ့တုန်းက အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။ ဘာမှ ပူပင် သောကမရှိခဲ့ဘူး။ အဘကျွေးတဲ့ ထမင်းကိုစားတယ်။ အဘ ဝတ်ခိုင်းတဲ့ အဝတ်အစားကို ဝတ်တယ်။ မိုလင်း မနက်(၄)နာရီ လောက်ကတည်းကနေ ညနေ မိုးစုန်းစုန်း ချုပ်တဲ့အထိ အဘရဲ့ ဗေဒင်ပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်တရတယ်။ အမှန်အတိုင်းပြောရရင် အားချိန်နားချိန်ရယ်လို့တောင် မရှိခဲ့ပါဘူး။ တစ်နေ့မှာ (၃)နာရီလောက်ပဲ အိပ်ခဲ့ရတယ်။ ဒါပေမယ့် အိပ်ရေးမဝလို့ မူးနောက်နောက် ဖြစ်ခဲ့တယ်ဆိုတာ မရှိသလောက်ပါပဲ။
ဒါကြောင့် ကျန်းမာရေးကောင်းခြင်းရယ်၊ အိပ်ပျော်ခြင်းရယ် ၊ ပျော်ရွှင်ခြင်းရယ် ဆိုတာကို ကျွန်တော် သဘောပေါက်နေခဲ့တယ်။ အဘမင်းသိင်္ခရဲ့ ခြံမှာ နေတုန်းက ပညာတွေ မျိုးစုံသင်ယူခဲ့ရတယ်။ အဘကလည်း ကျွန်တော်တို့ကို ထမင်းကျွေး လဘက်ရည်တိုက် ပြီး ပညာမျိုးစုံကို သင်ပေးခဲ့တယ်။ ဒါကြောင့် မရမ်းတလင်းခြံ ကြီးဟာ ကျွန်တော်တို့တွေအတွက် တက္ကသိုလ်ကျောင်းတော်ကြီး တစ်ခုဖြစ်ခဲ့ပြီး အဘမင်းသိင်္ခကတော့ ကျွန်တော်တို့တွေအတွက် ဒိသာပါမောက္ခဆရာကြီးပေါ့။ ဒါက ကျွန်တော်တို့တပည့်တွေရဲ့ အယူအဆပါ။
အဓိကကတော့ ကျွန်တော်တို့ရဲ့ နိမ့်ကျနေတဲ့ စိတ်ဓာတ်တွေကို မြင့်တင်ပေးခဲ့တယ်။ ကျွန်တော်တို့တွေဟာ အဘမင်းသိင်္ခဆီကို မရောက်ခင်တုန်းက တကယ့် ဂျလေဘီတွေပါ။ လူရာမဝင်ဘူး။ နိမ့်ကျတယ်။ အနှိမ်ခံရတယ်။ အားငယ်တတ်တယ်။ သိမ်ငယ်နေတယ်။ လူတောမတိုးဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်လုံးဝ မရှိဘူး။ နောက်ဆုံး ကုန်ကုန်ပြောရရင် ကိုယ်ကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း ဖွင့်မပြောရဲခဲ့ဘူး။ နောက်ပြီး ဘာမှတောင် မလုပ်ရသေးဘူး ဖြစ်မှ ဖြစ်ပါ့မလားလို့ ကြိုတွေးနေတဲ့ လူဖျဉ်းတွေပါ။
သုညအောက် ယူဇနာတစ်ရလောက်အထိ နိမ့်ကျနေတဲ့ ကျွန်တော်တို့တတွေရဲ့ စိတ်ဓာတ်တွေကို မိုးကောင်းကင်လောက်အထိ မြင့်အောင် ဆွဲတင်ပေးခဲ့တာပါ။ စကားတွေ ထိုင်ပြောနေရုံတင်မကပဲ စိတ်ကို တွန်းအားပေး စေတဲ့ စိတ်တန်ခိုးကျင့်စဉ်တွေကို မရမ်းတလင်းခြံထဲမှာ နေထိုင်ဖူးသူတိုင်း ကျင့်ကြံဖူးတယ်။ နောက်ပိုင်းကတော့ ဝါသနာပါတယ် လူတွေက ဆက်ကျင့်ကြပေါ့။ တစ်ချို့တွေကတော့ ရပ်သွားကြတယ်။ အဲဒီလို ကျွန်တော်တို့တွေ ဟာ အဘမင်းသိင်္ခဆီမှာ ပညာသင်ကြားခဲ့ရတာပါ။
မရမ်းတလင်းခြံမှာ နေတုန်းက ဘာပညာတွေ သင်ကြရလဲလို့ တစ်စုံတစ်ယောက်က မေးလာမယ်ဆိုရင် အစုံပေါ့လို့ ပြန်ပြောမိမှာပဲ။ ဒီနေရာမှာ အဘမင်းသိင်္ခ ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို ပြန်ပြောချင်ပါတယ်။ မင်းတို့တွေ ဗေဒင်က မခက်ဘူတဲ့။ အရမ်း လွယ်ပါတယ်။ ခနလောက် သေသေချာချာ သင်လိုက်ရင် တတ်ပါတယ်။ ခက်တာက အောင်မြင်အောင် လုပ်တဲ့ပညာက အရေးကြီးတာတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အောင်မြင်အာင် လုပ်တတ်ဖို့ အရေးကြီးတယ်တဲ့။
စကားပြောဖြင်း အတတ်ပညာတို့ ဟာသအတတ်။ ဂဏန်းအတတ် တို့ သင်ခဲ့ရတာ။ ဗေဒင်ကတော့ အဓိကပေါ့။ နောက်ထပ် ပညာရပ်တစ်ခုကတော စာရေးခြင်း အတတ်ပညာပါပဲ။
ကျွန်တော် အရင်တုန်းက တွေးမိတာက စာရေးဆရာဆိုတာက ပညာတတ်တွေပဲ လုပ်လို့ရတဲ့ အလုပ် တစ်ခုလို့ ထင်ခဲ့တာ။ နောက်တော့ အဘဆီရောက်မှ စာမတတ်လဲ စာရေးလို့ ရပါလားဆိုတာကို သိခဲ့ရတာ။ အဘပြောတာက ငါလဲ စာမတတ်ပါဘူးကွာတဲ့။ စာမတတ်ပေမယ့် လူတိုင်းက စကာပြောတတ်တယ်ကွတဲ့။ စကားပြောသလိုရေးပေါ့ ဆိုတော့ ကျွန်တော်တို့တတွေကို အဘမင်းသိင်္ခက အဲလိုစသင်ပေးခဲ့တာ။
အဲဒီမှာ အဘမင်းသိင်္ခ စာရေးတဲ့အခါမှာ ပုံသေလုပ်ထားတဲ့ စာလေးတွေ ရှိတယ်။ အဲဒါတွေကို ကျွန်တော်က ပြန်လည် မျှဝေချင်တာပါ။ ဒါကြောင့် စာရေးတာကို ဝါသနာပါကြတဲ့ မိတ်ဆွေများလည်း အားမငယ်ပဲ စိတ်ဓာတ်မကျပဲ ဆက်လက်ကြိုးစားဖို့ တွန်းအားပေးချင်ပါတယ်။
ကျွန်တော်တို့ စာရေးတဲ့အခါမှာ ဥပမာ ဝတ္ထုရေးတယ် ဆိုပါစို့။ ကျွန်တော်တို့ ဝတ္ထုထဲက ဇာတ်လိုက်တွေရဲ့ အမူအရာ တွေကို အဘက ပုံသေလုပ်ပြီး ပေးထားခဲ့တာပါ။ အနည်းဆုံးတော့ အဲဒါတွေပါအောင် ထည့်ရေးရမယ်ပေါ့။ ဒါမှ စာဖတ်သူက ကျွန်တော်တို့ရဲ့ ဇာတ်ကောင်ကြီး ဘာဖြစ်နေတယ်ဆိုတာ မျက်လုံးထဲမှာ မြင်ယောင်လာမှာလေ။ ဥပမာ ဆိုကြပါစို့ ။ ကျွန်တော်က ကောင်မလေးတစ်ယောက်ကို ချစ်ရေးဆိုတယ် ဆိုပါစို့။ ဒါဆို ကျွန်တော် ချစ်ရေးဆိုတဲ့ ကောင်မလေးက ရှက်သွားမယ်။ သူရှက်သွားရင် သူ့ရဲ့ ပုံစံက ဘယ်လို ဖြစ်သွားမလဲ။ အဘရဲ့ စာထဲမှာ ရေးထားတာက….
ရှက်သော်….
ရှက်ကြောက် ရိုသေမှု့ဖြင့် ဟန်လုပ်ခြင်း ဖြစ်၏. ထိုသို့ ပြုခြင်း၌ ဖြစ်ပေါ်လာသော အမူအရာတို့သည်…
- (၁)…ပြုံးခြင်း၊
- (၂)…မျက်ခြေမပြတ်ကြည့်ခြင်း။
- (၃)…ယဉ်ကျေးစွာ လှီးလွဲပြောဆိုခြင်း။
- (၄)…နူးညံ့သော အပြုအမူတို့ကို ပြခြင်း စသည်တို့ ဖြစ်၏။ ၎င်းကို အဗဟိတ္တာဟု ခေါ်သည်။ အဲဒီလို ရေးထားတယ်။
အဲဒီတော့ ကျွန်တော် စကားပြောတဲ့ ကောင်မလေးက ရှက်နေတာကို အပေါ်မှာ အဘပြောပြတဲ့ အချက်လေးချက် ပါအောင် ထည့်ရေးရမယ်တဲ့။ သူရှက်သွားတယ်ဆိုတဲ့ စကားထက် အပေါ်က အချက်လေး ချက်ပါအောင် ထည့်ရေးရင် ပိုပြီး ပြည့်စုံတာပေါ့။
နောက်တစ်ခု အံ့အားသင့်တယ် ဆိုပါစို့။ ဒါဆိုရင် ဘာတွေထည့်ရေးရမလဲ။ အဘကတော့ ဒီလို ရေးပေး ထားတယ်။
အံ့အားသင့်သော်…..
မလိုလားအပ်သည်ကို မြင်သဖြင့် အံ့အားသင့်ခြင်း ဖြစ်၏။ အံ့အားသင့်ခြင်းကြောင့် ဖြစ်ပေါ်လာသော အမူအရာ တို့သည်..
- (၁)…မျက်လုံးအကြောင်းသားဖြင့်ကြည့်ခြင်း။
- (၂)…ရင်၌ဒိတ်ကနဲဖြစ်ခြင်း။
- (၃)…ချွေးစို့ခြင်း။
- (၄)…ပါးစပ်ပွင့်ခြင်းတို့ဖြစ်၏။ အံ့အားသင့်ခြင်းကို ဇဠတာဟု ခေါ်၏။
နောက်တစ်ခု စုန်းပူးတယ်ဆိုပါတော့။ ဘယ်လိုရေးမလဲ။
စုန်းနတ် ဘီလူးဖမ်းသည်ဟု တွေးကြောက်တုန်လှုပ်လျှက် လဲကျခြင်း ၊ တလှုပ်လှုပ် ရှိခြင်း၊ စသော ဖောက်ပြန်မှု့များ ဖြစ်၏။ ထိုသို့ ဖြစ်ပေါ်လာသောအမူအရာတို့သည်
- (၁)..မျက်လုံးမှိတ်ခြင်း။
- (၂)…မျက်ဖြူလန်ခြင်း။
- (၃)…ချွေးထွက်ခြင်း။
- (၄)…အမြှုပ်ထွက်ခြင်း။
- (၅)…မတည်ငြိမ်ခြင်း စသည်တို့ ဖြစ်၏။ ၎င်းကို အပမာရဟု ခေါ်၏။
ဒါတွေက ကျွန်တော်တို့ရဲ့ အဘမင်းသိင်္ခဆီမှာ သင်ယူခဲ့ဘူးတဲ့ စာရေးခြင်းအတတ်ပညာပါ။ အဲဒိတော့ မေးစရာရှိတယ်။ မင်းကော ဘာတွေ ရေးထားပြီးပြီလဲလို့…။ အဲဒီလို မေးလာခဲ့ရင် ကျွန်တော်က ပြန်ပြောချင်တာက ကျွန်တော်လဲ ကြိုးစားနေတုန်းပါပဲ။ တစ်နေ့နေ့တော့ တစ်ခုခုတော့ ဖြစ်လာမယ် ထင်တာပဲလို့ ပြန်ပြောမိမှာပါ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ကျွန်တော် သိထားတာက တစ်ခုခု လုပ်နေတဲ့ လူဟာ တစ်နေ့နေ့မှာ တစ်ခုခုတော့ ဖြစ်လာမယ် ဆိုတာပါပဲ။
ဖျားနာသော်…
သွေးလေဖော်ပြန်သောကြောင့် ဖျားနာခြင်း ဖြစ်၏။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအရာတို့သည်..
- (၁) အိပ်လိုခြင်း။
- (၂) ညည်းညူခြင်း။
- (၃) ကိုယ်လက်တုန်လှုပ်ကိုက်ခဲခြင်း စသည်တို့ ဖြစ်၏။
၎င်းကို “ဗျာဓိ” ဟုခေါ်၏။
လိမ်သော်….
မုန်းခြင်း၊ချစ်ခြင်း၊ ဝန်တိုခြင်းတို့ကြောင့် လိမ်လည် လျှပ်ပေါ်ခြင်း ဖြစ်၏။ ထိုအခါ ဖြစ်ပေါ်လာသော အမူအရာတို့သည် …
- (၁) မဟုတ်မမှန်ပြောခြင်း၊ပြုခြင်း။
- (၂) ကဲ့ရဲ့ခြင်း။
- (၃) ချီမွမ်းခြင်း စသည်တို့ ဖြစ်၏။
၎င်းကို “စလ” ဟု ခေါ်၏။
သေသော်….
သေခြင်းမှန်သမျှ ဖြစ်၏။ ထိုအခြင်းအရာတို့သည်….
- (၁) ကိုယ်လက်အင်္ဂါ လျှောကျခြင်း။
- (၂) ပါးစပ်ပွင့်ဟခြင်း။
- (၃) နှလုံးသွေးရပ်၍ အသက်ရှုု ပြတ်ခြင်းတို့ ဖြစ်၏။
၎င်းကို “မရဏ” ဟုခေါ်၏။
မကောင်းမှုကို ပြုရန်ကြောက်သော်….
မကောင်းဟု ထင်မှတ်ထားသော အရာတို့ကိုပြုရန်ရှက်ခြင်းဖြစ်၏။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအယာ တို့သည် ။
- ၁။ ရှောင်ရှားလိုခြင်း။
- ၂။ မျက်လွှာချခြင်း။
- ၃။ မတုန့်ပြန်ခြင်း။
- ၄။ ကိုယ်ကိုဖုံးလွှမ်းခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ ဗိဠာ” ဟုခေါ်၏။
ဆုတ်နစ်သော်….
ဆုတ်နစ်သော စိတ်ဖြင့် ပျင်းရိစွာ တွေးကြံလဲလျောင်းလိုခြင်း၊ အမြဲအိပ်လိုနေခြင်း ဖြစ်၏ ။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်။
- ၁။ ထိုင်းမှိုင်းသော ကိုယ်လက်မျက်နှာရှိခြင်း။
- ၂။ ကိုယ်ကိုတွေးခြင်း။
- ၃။ မျက်စေ့မှိတ်ထားခြင်းတို့ ဖြစ်၏။ ၎င်းကို “ နိဒ္ဒါ ” ဟု ခေါ်၏ ။
စိတ်ကြည်လင်သော် ….
စိတ်၏ တည်ငြိမ်မှုတို့ကို ဆောက်တည်လျှက် အစဉ်သတိရှိ၏။ ငိုက်မြည်းခြင်းမှ ကင်း၏ ။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည် ။
- ၁။ ကြည်လင်သောမျက်နှာ၊ မျက်လုံးရှိခြင်း
- ၂။ မထိုင်းမှိုင်း၊ မလေးလံသော ကိုယ်လက်လှုရှားမှုရှိခြင်း တို့ဖြစ်၏။ ၎င်းကို “ ဝိဗောဓ ” ဟု ခေါ်၏ ။
စိတ်ဓာတ်ကျသော် ….
ကြံတိုင်း၊ ကြိူးပမ်းတိုင်း မအောင်ဘဲ ပျက်စီးခြင်းကြောင့် စိတ်ဓာတ်ကျဆင်းခြင်း ဖြစ်၏။ ထိုသို့ ဖြစ်လာသည့် အမူအယာသည်
- ၁။ မကြာခဏ မင့်သက်ရှိုက်ရှုခြင်း။
- ၂။ နှလုံးပူပန်ခြင်း။
- ၃။ အဖော်ရှာခြင်း။
- ၄။ မတည်ငြိမ်နိုင်ခြင်းတို့ဖြစ်၏။ ၎င်းကို “ ဝိသာဒ ” ဟုခေါ်၏ ။
မနာလိုသော်…..
သူတပါးထက် သာလိုသောကြောင့် သူတပါးအား ကြံဖန် အပြစ်ရှာခြင်း၊ အတင်းဝင်၍ မကောင်းပြောခြင်း၊ ပြုခြင်း၊ ငြူစူဝန်တိုခြင်း၊ တို့သည် မနာလိုခြင်းဖြစ်၏။ ထိုသို့ဖြစ်လာသောအခြင်းအရာ သည် သူယုတ်တို့၌ တွေ့နိုင်သော အမူအယာမျိုးကဲ့သို့
- ၁။ မျက်မှောက်ကြုတ်ခြင်း။
- ၂။ နှုတ်ခမ်းမဲ့ ခြင်း။
- ၃။ အမျက်ဖြင့်ပြုခြင်း၊ ပြောခင်း။
- ၄။ ရန်စောင်ခြင်း တို့ဖြစ်၏။ ၎င်းကို “ ဣဿာ ” ဟု ခေါ်၏ ။
တူတာကိုတွေ့သော်…..
တူသောဝတ္တုကိုမြင်သဖြင့် အမှတ်ရခြင်း၊ အောင့်မေ့ခြင်းဖြစ်၏။ ထိုအခါ၌ ဖြသ်ပေါ် လာသော အမူအယာတို့သည်
- ၁။ မျက်ခုံးမြင့်ခြင်း။
- ၂။ မျက်တောင်အမြန်ခတ်ခြင်း။
- ၃။ မျက်တောင်ခတ်ခြင်းကိုရပ်ခြင်း။
- ၄။ စိတ်လှုပ်ရှားမှုကို ကိုယ်လက်တို့၌ ထင်ဟပ်ခြင်း၊ မျက်နှာ၌ ထင်ဟပ် ခြင်း။
- ၅။ နှုတ်မှ အသံထွက်ခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ သတိ ” ဟု ခေါ်၏ ။
မစောင့်နိုင်မအောင့်နိုင်ဖြစ်ခဲ့သော်….
လိုအပ်သည်ကို မရခြင်းကြောင့် ပြင်းစွာတောင့်တခြင်း၊ မစောင့်နိုင် မအောင့်နိုင်ခြင်းဖြစ်၏။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမှုအယာတို့သည် ….
- ၁။ စိတ်ပူခြင်း။
- ၂။ ဂဏှာမငြိမ်ခြင်း။
- ၃။ စောစောလျင်လျင်ပြုခြင်း။
- ၄။ မျက်နှာအဆီပြန်ခြင်း။
- ၅။ ချွေးစို့ခြင်း။
- ၆။ မကြာမကြာရှည်လျားသော ပင့်သက်ရှိုက်ခြင်း၊ ချခြင်း တို့ဖြစ်၏။ ၎င်းကို “ ဥဿုက ” ဟု ခေါ်၏။
အားကုန်သော် ….
အထာရောဂါနှိပ်စက်၍ အားကုန်ခြင်း၊ မွေ့လျော်ပျော်ပါး၍ အားကုန်ခြင်း ဆာလောင်မွတ်သိပ်သောကြောင့် အားကုန်ခြင်း ထိုသို့ဖြစ်ပေါ်လာသောအမူအယာတို့သည်
- ၁။ ကိုယ်လက်မလှုပ်မသယ်ချင်ခြင်း။
- ၂။ အသားတုန်ခြင်း။
- ၃။ ခြေလက်တုန်ခြင်း။
- ၄။ မျက်နှာညိူး နွမ်းခြင်း
- ၅။ မောဟိုက်ခြင်း စသည်တို့ ဖြစ်၏။ “ ဝိလာနိ ” ဟု ခေါ်၏ ။
စိတ်ချောက်ချားသော်……
မိုးချုန်းခြင်းစသည်တို့ကြောင့် စိတ်ချောက်ချား၍ ထိတ်လန့်ခြင်းတို့ဖြစ် ၏။ ထိုသို့ဖြစ်လာသေည့် အမူအယာကား
- ၁။ တကိုယ်လုံးတုန်လှုပ်ခြင်း။
- ၂။ မျက်လုံးပြူးကျယ်လှုပ် ရှားလားခြင်း။
- ၃။ ပါးစပ်ပွင့်ဟာလာခြင်း။
- ၄။ ယောက်ယမ်းရှိုက်ငင်အသံထွက်ခြင်း စသည်တို့ဖြစ်၏။ “ တာသ ” ဟု ခေါ်၏။
ငိုက်လျှင်…..
ငိုက်မျည်းခြင်းဖြင့် အိပ်ချင်ခြင်းကြောင့် ဖြစ်လာသည့် အမူအယာတို့သည်။
- ၁။ မျက်လုံးစင်းခြင်း။
- ၂။ မျက်လုံးတဝက်ပိတ်ခြင်း။
- ၃။ ကိုယ်နှင့်ခေါင်းကို မထိန်းနိုင်ဘဲ ယိမ်းယိုင် ခြင်း။ စသည်တို့ဖြစ်၏။ ၎င်းကို “ သတ္တ ” ဟု ခေါ်၏။
ကိုယ်လက်လေးလံသော်…..
ကိုယ်လက်လေးလံခြင်း အစားကြီးခြင်း မူးယစ်ခြင်။ ငြိမ်းငြိမ်းနေလို ခြင်း အလုပ်ကိုရှောင်ခြင်း။ ထိုသို့ပျင်းသောကြောင့် ဖြစ်ပေါ်လာသည့်အမူအယာကား
- ၁။ နေရာတိုင်း၌ အမြဲမှီခြင်း။
- ၂။ လဲလျောင်းနေလိုခြင်း။
- ၃။ ကိုယ်လက်မလှုပ်လိုခြင်းတို့ဖြစ်၏။ “ အာလသျှ ” ဟုခေါ်၏။
သူတပါး၏ အပြစ်ကိုသိရလျှင်….
သူတပါးတိုအပြစ် ကျူးလွန်ထားသည်ဟု ထင်ခြင်းကြောင့် ရဲရင့် စွာ ကြမ်းတမ်းခက်ထန်လာမှုဖြစ်၏။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်။
- ၁။ အသားတုန်ခြင်း
- ၂။ မျက်နှာနီခြင်း။
- ၃။ မျက်လုံးအရောင်တောက်ခြင်း။
- ၄။ ခြေလက်ကျွတ်ဆတ် လှုပ်ရမ်းခြင်း။
- ၅။ နှုတ်ခမ်းတင်းတင်းစေ့ခြင်း။
- ၆။ ချွေးစို့ခြင်း။
- ၇။ ထိုးခုတ်ရိုက်နှက်ပစ်ခတ်ခြင်း စသည်တို့ဖြစ်၏။ ဤသို့ သူတပါး၏အပြစ်ကိုသိ၍ ဖြစ်ပေါ်လာမှုကို “ ဥဂ္ဂတာ ” ဟု ခေါ်၏။
ဆင်းရဲသော်…..
ဆင်းရဲခြင်း၊ မွဲခြင်းစသည်တို့ကြောင့် အားငယ်ခြင်း၊ စိတ်ဆင်းရဲခြင်းတို့ဖြစ်၏။ ထိုသို့ ဆင်းရဲရသောကြောင့် ဖြစ်ပေါ်လာသော အမူအယာတို့သည်။
- ၁။ ကိုယ်လက်ညစ်နွမ်းခြင်း။
- ၂။ ဆံပင် မသပ်ရပ်ခြင်း။
- ၃။ မျက်နှာညိူးငယ်ခြင်း တို့ဖြစ်၏။ ဤသို့ ဆင်းရဲခြင်း၊ မွဲခြင်းကို “ ဒီနတာ ” ဟု ခေါ်၏။
အံ့အားသင့်သော်….
မလိုအားအပ်သည်ကို မြင်သဖြင့် အံ့အားသင့်ခြင်းဖြစ်၏။ အံ့အားသင့်ခြင်း ကြောင့် ဖြစ်ပေါ်လာသော အမူအယာတို့သည်
- ၁။ မျက်လုံးအကြောင်သားဖြင့်ကြည့်ခြင်း။
- ၂။ ရင်၌ဒိတ်က နဲ့ဖြစ်ခြင်း။
- ၃။ ခွေးစို့ခြင်း။
- ၄။ ပါးစပ်ပွင့်ခြင်းတို့ဖြစ်၏ ။ အံ့အာသင့်ခြင်းကို “ ဇဠတာ ” ဟု ခေါ်၏ ။
ကြေနပ်သော်…..
အလိုပြည့်ခြင်းကြောင့် ကြေနပ်ခြင်းဖြစ်၏။ ကြေနပ်မှုကြောင့် ဖြစ်ပေါ်လာသော အမူအယာတို့သည်
- ၁။ စကားပြောလာခြင်း။
- ၂။ ပြုံးခြင်း။
- ၃။ မျက်နှာကြည်လင်ခြင်းတို့ဖြစ်၏။ ကြေနပ်ခြင်းကို “ စိတိ ” ဟုခေါ်၏ ။
ကိုယ်ပန်းစိတ်ပန်းဖြစ်သော်…..
အလွန်အားထုတ်ခြင်းကြောင့် ကိုယ်ပန်းစိတ်ပန်းဖြစ်၏။ ဤသို့ ပင်ပန်းမှုမျိုးကြောင့် ဖြစ်လာရသော အမူအယာတို့သည်။
- ၁။ ချွေးထွက်ခြင်း။
- ၂။ အသက်ရှုပြင်းခြင်း။
- ၃။ မျက်စေ့ပြားခြင်း။
- ၄။ ကိုယ်လက်ညောင်းညာခြင်းတို့ ဖြစ်၏။ ဤသို့ ကိုယ်ပန်းစိတ်ပန်းဖြစ်ခြင်းကို “ သမ ” ဟု ခေါ်၏။
သင်္ကာမကင်းဖြစ်သော်…..
မိမိ၏ အရာအမူသည် ဤသို့များ ပျက်စီးလေမည်လား၊ သူတပါး တို့ ကဲ့ရဲ့ကြလေမည်လား၊ အကျိုးမဲ့များဖြစ်လေ မည်လား။ ဤသို့သော ယုံမှားမှုကြောင့် ဖြစ်ပေါ်လာသော အမူ အရာတို့သည်
- ၁။ တုန်လှုပ်ခြောက်ခြားခြင်း။
- ၂။ ငေးစိုက်ခြင်း။
- ၃။ ရုပ်ပျက်ခြင်း။
- ၄။ အသံ ပျက်ခြင်း တို့ဖြစ်၏။ “ သင်္ကာ ” ဟု ခေါ်၏။
သံသယဖြစ်သော်….
ဤဟာလုပ်ရသည်နှင့် ထိုဟာလုပ်ရသည်တို့တွင် မည်သည့် အရာက ကောင်းသနည်းဟု ဆုံးဖြတ်ရခက်သောအခါ သံသယဖြစ်လာ၏။ စိတ်၌ ဒွိဟဖြစ်လာ၏။ ထိုအခါ၌ ဖြစ်ပေါ်လာ သော အမူအယာတို့ကား
- ၁။ မျက်မှောက်ချီ၏။
- ၂။ ဦးခေါင်းအနည်းငယ် လှုပ်ရမ်းသွား၏။
- ၃။ မျက်ခုံးတွန်သွား၏။
- ၄။ လက်လှုပ်သွား၏။ ဝေခွဲမရခြင်းကို ဆိုလိုသည်။ “ တက္က ” ဟု ခေါ်၏။
ငြီးငွေ့သော်…
မိမိကိုယ်ကို မိမိငြီးငွေ့ခြင်း အလုပ်ကို ငြီးငွေ့ခြင်း ဇနီးကို ငြီးငွေ့ခြင်း စည်းစိမ် ကို ငြီးငွေ့ခြင်းစသည့် ငြီးငွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသောအမူအယာတို့ကား
- ၁။ မျက်ရည်စို့၏။
- ၂။ ပင့်သက်ရှိုက်၏။
- ၃။ ရုပ်ပျက်ဆင်းပျက်ဖြစ်၏။
- ၄။ စွန့်လွှတ်ရန်အကြောင်းရှာ၏။ စွန့်လွှတ်ခြင်းကို “ နိဗွေဒ ” ဟု ခေါ်၏။
တွေဝေသော်…..
ထိတ်လန့်တုန်လှုပ်ခြင်း ပြင်းစွာ ထိခိုက်နာကျင်ရခြင်း၊ ထို့ကြောင့် ရုတ်တရက် တွေဝေသတိကင်းမဲ့၏။ ထိုသိုဖြစ်သောအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်။
- ၁။ လဲကျသတိကင်း ခြင်း။
- ၂။ မေ့မြောခြင်း။
- ၃။ အစဉ်ထုံထိုင်းလျှက် အလိုရမက်ကြောင့်၎င်း၊ တွေဝေသတိကင်းမဲ့ခြင်း။
- ၄။ မိုက်မဲစွာပြုခြင်း။
- ၅။ ရက်စက်ရိုင်းပြခြင်း။
- ၆။ အသိကင်းမဲ့ခြင်းတို့ ဖြစ်၏။ ၎င်းကို “ မောဟ ” ဟု ခေါ်၏။
သံယောဇဉ်ကြောင့် စိတ်ဖောက်ပြန်ခြင်းနှင့်တူသော်….
တွယ်တာမှုသံယောဇဉ်တို့နှင့် ယှဉ်၍ ပြင်းစွာတုန်လှုပ်ခြင်း၊ သည်းခြေ၊ နှလုံး ထိခိုက်ခြင်း၊ အသဲနာခြင်။ စသည်တို့ကြောင့် ဖောက်ပြန်ရှုးသွပ်ခြင်းဖြစ် ၏။ ထိုသို့ဖြစ်သောအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်
- ၁။ ရယ်ခြင်း။
- ၂။ ငိုခြင်း။
- ၃။ သီချင်းဆိုခြင်း။
- ၄။ မြည်တမ်းခြင်း။
- ၅။ မိမိစိတ်ကို မထိန်းနိုင်ခြင်း စသည်တို့ဖြစ်၏ ။ ၎င်းကို “ ဥမ္မာဒ ” ဟု ခေါ်၏။
ဆုံးဖြတ်သော်….
သုံးသပ်လျှက် ယုံမှားကင်းစွာ ဆုံးဖြတ်ရဲခြင်း။ ထိုသို့ဖြစ်လာသည့် အမူအယာ တို့သည် အမူအယာတို့သည်
- ၁။ ပိုင်နိုင်သောအပြော။
- ၂။ ပိုင်နိုင်သောအပြုံး။
- ၃။ ပိုင်နိုင်သော မျက်နှာထား။
- ၄။ ခံ့တည်သောလှုပ်ရှားမှု တို့ဖြစ်ကြ၏။ ၎င်းကို “ ပတိ ” ဟု ခေါ်၏။
အရက်မူးသော်…..
အရက်သောက်ခြင်းကြောင့် ရွှင်ပျော်မူးယစ်ခြင်းဖြစ်၏။ ထိုသို့ ဖြစ်သောအခါ၌ ဖြစ်ပေါ်လာသော အမူအယတို့သည်
- ၁။ အပြောအဆို အပြုအမူတို့ ချွတ်ချော်ခြင်း။
- ၂။ အသံလေး ခြင်း။
- ၃။ ခြေလှမ်းမမှန်ခြင်း။
- ၄။ မျက်လုံးအကြည့်မမှန်ခြင်းတို့ဖြစ်၏။ ၎င်းကို “ မဒ ” ဟု ခေါ်၏။
စော်ကားခံရသော်….
ကဲ့ရဲ့စော်ကားခြင်းကြောင့် သီးမခံခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်း ဖြစ်၏။ ထိုသို့ဖြစ်သောအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်
- ၁။ အသံကျယ်လောက်ကြမ်းတမ်းခြင်း။
- ၂။ ကိုယ်လက်ဦးခေါင်း လှုပ်ရမ်းခြင်း။
- ၃။ ခြိမ်းခြောက်ရိုက်နှက် ထိုးခုတ်ပစ်ခြင်း စသည်တို့ဖြစ်၏ ။ ၎င်းကို “ အမရိသ ” ဟု ခေါ်၏။
စုန်းပူးသော်….
စုန်း၊ နတ်၊ ဘီလူး ဖမ်းသည်ဟု တွေးကြောက်တုန်လှုလျှက် လဲကျခြင်း၊ တလှုပ် လှုပ်ရှိခြင်း စသော ဖောက်ပြန်မှုများ ဖြစ်၏။ ထိုသို့ဖြစ်သောအခါ၌ဖြစ်ပေါ်လာသောအမူအယာတို့သည်
- ၁။ မျက်လုံးမှိတ်ခြင်း။
- ၂။ မျက်ဖြူလန်ခြင်း။
- ၃။ ချွေးထွက်ခြင်း။
- ၄။ အမြှုပ်ထွက်ခြင်း။
- ၅။ အတည်ငြိမ်ခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ အပမာရ ” ဟု ခေါ်၏။
နောင်တရသော် …..
လိုအပ်သည်ကို မရခြင်း၊ အပြုမှားကို ပြုမိသောကြောင့် နောင်တဖန်ပူပန် လျှက် ကြံစည်တွေးတောခြင်းဖြစ်၏။ ထိုသို့ဖြစ်လာသည့် အမူအယာတို့သည်
- ၁။ ဆိတ်ဆိတ်နေခြင်း။
- ၂။ ကြံမှိုင်ခြင်း။
- ၃။ ပင့်သက်ရှုရှိုက်ခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ စိန္တာ” ဟု ခေါ်၏။
ရှက်သော် ……
ရှက်ကြောက်ရိုသေမှုဖြင့် ဟန်လုပ်ခြင်းဖြစ်၏။ ထိုသို့ ပြုခြင်း၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်
- ၁။ ပြုံးခြင်း။
- ၂။ မျက်ချေမပြတ်ကြည့်ခြင်း။
- ၃။ ယဉ်ကျေးစွာ လှီးလွှဲပြောဆိုခြင်း။
- ၄။ နူးညံ့သောအပြုအမူတို့ကို ပြခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ အဗဟိတ္တာ ” ဟု ခေါ်၏။
8 comments
comegyi
December 27, 2011 at 5:54 am
ကိုရင်ရေ့
သရုပ်ဖော်အရေးအသားအတွက်ဆိုရင်တော့
မရှိမဖြစ်နည်းတွေပေါ့ ဖတ်တော့ဖတ်သွားတယ်
မှတ်လို့မနိုင်တော့
ကူးသွားတယ်ဗျာ…….ဟဲဟဲ….
weiwei
December 27, 2011 at 8:20 am
စနစ်တကျစာရေးချင်သူတွေအတွက် အရမ်းအသုံးတည့်မယ့် ပို့စ်လေးတစ်ခုပါပဲ …
ကျွန်မဆယ်တန်းအချိန်တုန်းက ဘဘမင်းသိင်္ခရဲ့ ဝတ္ထုတွေအကုန်လုံး ဖတ်ခဲ့ဖူးပါတယ် …
အဲဒီအထဲမှာ ပုဏ္ဍားဘကွန်း ဝတ္ထုထဲမှာ ဝတ္ထုရေးပုံရေးနည်းအတတ်ပညာတစ်ခု ပါတယ်လို့ မှတ်မိနေတယ် … ပုံပြင်ကို စိတ်ဝင်စားအောင် ရေးနည်းလေးပေါ့ …
ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ် …
ငပေါက်ဖော်
December 27, 2011 at 9:57 am
သဗ္ဗေသတ္တာ ကမ္မသကာ ဘာညာသာရကာ နေကြာကွာစေ့..
အဲ..အဲ..
များကြီးပဲ ကိုရင်ရေ့…
ဘရိန်းမန်မရီက ဖူးလ် နေပြီမိုလို ့.. တူးဂစ် တစ်ကဒ်လောက် ထပ်ဆိုဒ်ရဦးမယ်..
တစ်သိန်းလောက်ချေးပါ..
တိုရင့်စာတွေမှတ်ဖို ့..မန်မရီကဒ်ဝယ်ရမယ်..ဝယ်မှရယ်..တူ ့နှယ်..တဲ့နှယ်
zaymdy
December 27, 2011 at 10:38 am
ကျေးဇူးပဲ ကိုရင်ရေ အဘမင်းသိင်္ကစာအုပ်တွေတော်တော်များများ ဖတ်ဖူးပါတယ် တော်တော်များများလည်း ကောင်းပါတယ် အဲတုန်းကတော. မနောမယခြံကြီးကို အမှန်ကို ရောက်ဖူးခြင်နေတာပေါ့ ကိုရင်က ရောက်သွားသေးတယ်ဆိုတော. ကံထူးတာပဲ စာရေးခြင်း အတတ်ပညာ လေးကို အခုလို. ပြန်ရေးပေးတည်း အတွက် ကျေးဇူးပါ မှတ်သားသွားပါတယ်…
manawphyulay
December 27, 2011 at 11:09 am
ကိုရင်ရေ… ကိုရင်လည်း အဘတပည့်ဆိုတော့လေ ခေါင်းလျှော်တာတွေ ကုသိုလ်ယူချင်ရင်ပြောနော် မနောလည်း ခေါင်းလျှော်ချင်လို့…. 😛
နီကီတာ
December 27, 2011 at 2:27 pm
အရှည်ကြီးပဲ
ကူးယူသွားတယ်
နောက်မှ အေးဆေးဖတ်တော့မယ် နော့
etone
December 27, 2011 at 4:28 pm
ကိုရင်ရေ … ဖတ်ရတာ အတော် ဗဟုသုတရစေပါတယ် … ဖတ်ရင်း မမှတ်နိုင်လို့ … ကူးပြီးမှတ်ထားရပါတယ် … ။ ဆရာကြီး မင်းသိင်္ခက သူ့တပည့်တွေကို စာရေးဖို့ ဂိုက်လိုင်းချပေးခဲ့တာ …အတော်ဟန်ကျတာပဲ … ။
ဒါနဲ့.. ဓါတ်ပုံထဲမှာ မိုက်ကိုင်ထားတာက ကိုရင်မဟုတ်လား 😀
fatty
December 27, 2011 at 4:35 pm
ကိုရင်ရေ အခုလိုစိတ်ရှည်လက်ရှည် စေတနာအပြည့်နဲ့တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
အသက်၏ရှည်ခြင်း အရပ်၏ရှည်ခြင်း စသောရှည်ခြင်းများနှင့်ပြည့်စုံပါစေလို့။