Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“လှိုုင်းလေကထန်”

TTNUDecember 27, 20111min49117

“လှိုုင်းလေကထန်”

ပင်လယ်ကမ်းစပ်မှာ လူတွေကို ဖွေးဖွေးလှုပ်နေတာပဲ။ Weekend တိုင်းမှာ ဒီလို
လာနားတတ်ကြတာပဲလေ၊ ဘာဆန်းပါ့မလဲ။ လူတွေလေ အဖွဲ့လိုက်၊ မိသားစုလိုက်၊
စုံတွဲလိုက်၊ တစ်ဦးချင်း၊ အို .. အများကြီးပါ့။

ကလေးတွေ… ဘောလုံးကန်သူတွေ ကန်၊ ပုတ်တဲ့သူတွေ ပုတ်၊ သဲအိမ်ဆောက်သူတွေ
ဆောက်၊သူတို့ ကမ ္ဘာလေးနဲ့ သူတို့ ပျော်စရာကောင်းမှာပဲ။ ကျုပ်တွေး နေမိသေးတယ်ဗျ။
သူတို့ Sandcastle လေးတွေ ထဲမှာတော့ သူတို့ ကိုယ်တိုင် ဘုရင်တွေ ဘုရင်မတွေ
မင်းသားတွေ မင်းသမီးတွေ ဖြစ်နေကြမှာ ဧကန်ပါပဲ။

ဟောဟိုက မိန်းမပျိုလေးတွေ ကြည့်စမ်းပါဦး။ အလိုဗျာ.. ရောင်စုံပန်းလေးတွေ ပွင့်နေ
သလားအောက်မေ့ရပါတယ်။ ဘီကီနီ ရောင်စုံ ပုံစံ အမျိုးမျိုး၊ နေကာမျက်မှန် အကြီး အသေး
အမျိုးမျိုး၊ စက်စက်ကိုယိုနေကြတာပါပဲ။ တစ်ချို ့ မဒီလေးတွေကတော့ သောင်ပြင်ပေါ်မှာ
တဘက်ပဝါ ခင်းပြီး လဲလျောင်းနေကြတယ်။ တစ်ချို ့ ကတော့ ပက်လက်လဲလျောင်းထိုင်တဲ့
ခုံပေါ်မှာ ဦးထုပ်ကြီးတွေဆောင်းပြီး ဇိမ်လုပ်နေကြတယ်။

တစ်ချို ့ ကျတော့လည်း အသားတွေ နေပူလောင်မှာစိုးလို့၊ ပင်လယ်ရေထိရင် မည်းမှာစိုးလို့
ထင်ပါရဲ ့ နေလောင်ကာကွယ်ဆီတွေ လိမ်းနေကြလေရဲ ့။ ကိုယ်တိုင်လိမ်းသူလိမ်း၊
အဖော်မိတ်ဆွေက လိမ်းပေးချင်လည်း လိမ်း၊ ရှုပ်နေတာပါပဲ။

ကျုပ်တို့များ နေလောင်မှာ ရေထိမည်းမှာတွေ စိုးရိမ်တယ်လို့ မရှိပေါင်ဗျာ။ နေထဲ ရေထဲများ
တစ်သက်လုံးနေလာကြတာပါ၊ ဘာ နေလောင်ကာကွယ်ဆီတွေ မှ မသုံးပါဘူး။ အင်းလေ
သုံးရမှန်းလည်း မသိဘူးထားပါတော့။

ဟိုးထားဟိုးထား… အံမာလေး.. ဘောလုံးတစ်လုံး ဝုန်းခနဲ ကျုပ်တို့ ဘက်အထိ
ရောက်လာမလားမှတ်ရတယ်ဟေ့၊ ကောင်လေးတွေ ကမ်းခြေ ဘောလီဘောကစားနေကြ
တာပါလား။ ကျုပ် လေ အမှန်အတိုင်းပြောရရင် သူတို့ကိုတော့ တကယ်အားကျတယ်ဗျာ။
သူတို့လို ဘောလုံးကို အမြင့်ကြီးမြှောက်တင်တာမျိုး Lifting ဆိုတာမျိုးလေ ၊ လက်ပူးမခံပြီး
မ တင်တာမျိုးလေ ကျုပ် သူတို့ထက်သာအောင်လုပ်နှိုင်မယ်ထင်တာပဲ။

ကျုပ်အဖိုးကပြောဖူးတယ်၊ ကျုပ်တို့ မြို ့ရောက်ရင် ဘောလုံးပစ်တာ သင်ရမှာတဲ့။ အဲဒါနဲ့
ကို မြို ့ ဆိုတာကြီးကိုသွားချင်လိုက်တာဗျာ။

ပြီးတော့ ဟို ဘီကီနီမလေးတွေ ဆော့နေကြတဲ့ ကမ်းခြေဘောလီဘော ဆိုတဲ့ အထဲ
ဝင်ပါချင်လိုက်တာ။ သူတို့ကို အမြဲတမ်းအဝေးကလှမ်းမျှော်နေရတာ ကြာပေါ့။

“ဝှီး…ရွှီး…ရွှမ်း…”

အမလေးဗျ !!! ဘာတုန်းဟ၊ အိုး ဒီလူ့နှယ်နော်၊ သူများစိတ်ကူးကောင်းနေတုန်း၊
လှမ်းမျှော်ကောင်းနေတုန်း၊ အရေးကောင်းတော်တော် ဒိန်းဒေါင်းဖျက်တဲ့လူပဲ။

မှန်းစမ်း? ဒီ ပုဂ္ဂိုလ် ဘာလုပ်တာပါလိမ့်။ ဪ..သိပြီ၊ ရေလှိုင်းစီးတာပါလား။
ဟုတ်တယ်ဗျ၊ ကျုပ်တို့ ကယ်လီဖိုနီးယားကမ်းခြေတွေက လှိုင်းကောင်းကောင်းရှိတယ်။
ဟောဗျ၊ ချီးမွမ်းနေကာမှ လှိုင်းက ငြိမ်သွားပြန်ပြီ။ ဒီလူဘာလုပ်နေပါလိမ့်။

အံမာ၊ ကိုယ်တော်က သူ့ Surfboard ပေါ်မှာမှေးထားပြီး နောက်တစ်ခါလာမဲ့ လှိုင်းကို
စောင့်နေတာကိုး၊ တော်တော်ဇိမ်ယူတဲ့လူပဲ။

ကျုပ်ကလဲ သူ့ကို အသာစောင့်ကြည့်နေရင်းနဲ့ စိတ်ထဲတစ်ခုခု အာရုံရသလိုဖြစ်လာတယ်။
ဒါနဲ့ ဒီလူ နားနေရာ သေချာကြည့်လိုက်တော့ …

“ ဟေး.. ဟေ့.. ဟေ့လူ.. ဒုက္ခပါပဲ။ မျက်လုံးစုံမှိတ်ပြီးများ ဇိမ်ခံနေလိုက်တာ၊ သေတော့မှာပဲ။
ဟေ့လူ..ခင်ဗျားနောက်မှာ ငါးမန်း.. ခင်ဗျားနောက်မှာ ငါးမန်း..”

မကြားဘူးဗျာ။ အရေးထဲ “ကိုမောင်မောင်ဇိမ်” လုပ်နေသေးဗျာ။
ကြည့်နေရင်း ငါးမန်းဝင်ကိုက်ပြီ၊ ဘုရားကယ်ပါဗျို ့၊ အမေရေ လုပ်ပါဦး၊ ကယ်ကြပါဦးဗျို ့၊
Help!… Help!… ကျုပ်မှာ (ခြေမကိုင်မိ လက်မကိုင်မိ) ကတုန်ကရင်တွေကိုဖြစ်သွားတာပဲ။
ဒီလူက သတိတော့ အတော်ကောင်းသား၊ သူ့ဘုတ်ပြားကိုမိမိရရ ဆုပ်ကိုင်ထားတယ်။

ငမန်းဆိုတဲ့ အကောင်မျိုးတွေက အလစ်စောင့်တတ်တဲ့ သတ္တဝါတွေကလား။ ဒုတိယအကြိမ်
ကိုမောင်မောင်ဇိမ် ကို ချောင်းပြီးစောင့်ရင်း ခြေထောက်လှမ်းဟပ်ပြီးဆွဲချပါလေရောလား။

ကျုပ်လည်း တတ်တဲ့ပညာ မနေသာတော့ဘူးလို့ တွေးပြီး ကျုပ်အဖွဲ့ကို အသံပေးအချက်ပြ
လိုက်ပါတော့တယ်။ ကျုပ်တို့ အဖွဲတွေက လူညီတယ်ဗျ။ ခဏအတွင်းရောက်လာကြပြီး
မောင်ဇိမ်နဲ့ ငမန်းကြားထဲ အုပ်စုလိုက်တိုးဝင်ပြီးဝိုင်းကြီးပတ်ပတ် ရေကူးလိုက်ကြတာပေါ့။

သတိရှိသူမောင်ဇိမ်ခမျာလည်း သွေးစက်လက်နဲ့ သူ့ Surfboard ပေါ်မြန်မြန်မှေးတက်ပြီး
ကမ်းခြေဘက်ကိုကူးပြေးတော့တယ်။ ကျုပ်တို့ အဖွဲ့ကို ကျေးကျေးလေးတောင် သူ့ခမျာ မမန်းနှိုင်ရှာပါဘူး။

ကျုပ် ကမ်းခြေကို လှမ်းကြည့်လိုက်တော့ အရေးပေါ်လူနာတင်ကားပေါ်ကို မောင်ဇိမ်ကို
တင်သွားပြီ။ တော်ပါသေးရဲ ့လို့ စိတ်ဖြေသာတော့တယ်။ ငမန်းက သူ့ကို ပထမတစ်ချက်ခဲလိုက်တာကိုး။ ကျုပ်တို့ အဖွဲ့သာ မဝိုင်းမိလို့ကတော့ ဒီမောင် ထပ်အကိုက်
ခံရပြီး ဟိုပြတ်ဒီပြတ်နဲ့ ကြွသွားမှာသေချာပါတယ်။

ခင်ဗျာ?? ဘယ်လို?? ဪ မိတ်ဆွေက ကျုပ်တို့ အဖွဲ့အတွက် စိတ်ပူနေတာလား။
ကျေးဇူးတင်ပါတယ်နော်။ ကျုပ်တို့က “လင်းပိုင်တွေ” ပါ။ ကျုပ်တို့ အုပ်စုလိုက်ကတော့
ငမန်းသောဘာသော မကြောက်တတ်ကြပါဘူး။

ဒီလိုဗျ။ ကျုပ်တို့ လင်းပိုင်တွေက ဉာဏ်ရည်ဉာဏ်သွေး မြင့်ကြတယ်။ ကျုပ်ညီမလေး
“ခင်ပုချ်ပိုင်” ဆိုရင် သူ့သင်တန်းမှာ ဇင်ယော်တစ်ကောင်မိလို့ သူ့သင်တန်းဆရာက
ငါးတွေဆုချတာ။ ကလေးမက IQ မြင့်ချက် မကျန်ဘူးဗျို ့။ ငါးတစ်ကောင်ချန်ထားပြီး
နောက်ထပ်ဇင်ယော်တွေ ထပ်ဖမ်းနှိုင်တာ။သူဆိုရင် ဇင်ယော်တွေ ခဏခဏမိတယ်။
သိပ်ဉာဏ်ကောင်တဲ့ ကလေးမ။

ဒီ ဖန်တီးဉာဏ်ကို သူ့သူငယ်ချင်းတွေဖြစ်တဲ့ “မောင်လင်းပေပိုင်”၊ “မောင်လင်းပေါက်
ပိုင်”၊ “မောင်လင်းရှုံးပိုင်” ၊ “မောင်လင်းဆန်နီပိုင်”၊ တို့ကို ပြန်သင်ကြားပေးသေးတာကလား။

ကျုပ်တို့လင်းပိုင်တွေ ဘယ်လောက်တော်တယ်ဆိုတာ ကျုပ်ပြောတော့ မိတ်ဆွေက ကျုပ်
ကို ကိုယ့်သကြားကိုယ်ချိုတယ်ထင်နေမှာပဲ။ ကျုပ်ပြောပြမယ် တစ်ခါများ ကျုပ်ကမ်းခြေနား
ရစ်နေတုန်း ကမ်းခြေ သောင်ပြင်ပေါ်မှာ အနားယူနေတဲ့ ပရော်ဖက်ဆာကြီး နှစ်ယောက်
ပြောနေကြတာ ကြားမိတယ်။

ပရော်ဖက်ဆာဦးကြောင်ကြီး ။ ။ အိုင်ဆေး ကိုပေါက်ဖော်၊ ခင်ဗျားလပိုင်တွေအကြောင်း
ဘယ်လောက်သိထားသလဲ

ပရော်ဖက်ဆာဦးပေါက်ဖော် ။ ။ Oh, you mean “Dolphins”?

ပရော်ဖက်ဆာဦးကြောင်ကြီး ။ ။ အေးလေဗျာ၊ ဒီလပိုင်တွေရဲ ့ ဦးနှောက်က လူဦးနှောက်
ထက် (၂၅%) ပိုလေးသတဲ့ဗျ။
ပရော်ဖက်ဆာဦးပေါက်ဖော် ။ ။ Really? Tell me more.

ပရော်ဖက်ဆာဦးကြောင်ကြီး ။ ။ ဟုတ်တယ်ဗျ၊ ကျွန်တော်တို့ လူတွေမှာ ဦးနှောက် အကန့် (၃)ခုရှိတာမှာ သူတို့က (၅)ခန်းရှိသတဲ့ဗျာ။

ပရော်ဖက်ဆာဦးပေါက်ဖော် ။ ။ Oh? How strange! Then….

ပရော်ဖက်ဆာဦးကြောင်ကြီး ။ ။ လူတွေရဲ ့ အာရုံခံတွေက(၂)ကန့် ထဲမှာပဲရှိတာ၊
လပိုင်တွေရဲ ့ ဦးနှောက် (၄) ခန်းလောက်မှာ အာရုံခံတွေ ရှိကြတာ။

ပရော်ဖက်ဆာဦးပေါက်ဖော် ။ ။ I see. It’s really amazing.

ပရော်ဖက်ဆာဦးကြောင်ကြီး ။ ။ ဒါကြောင့် သိပ္ပံပညာရှင်တွေ အခုထိ လပိုင်တွေရဲ ့
အာရုံခံစွမ်းရည်ကိုသိနှိုင်ဖို့ အထူးသဖြင့် အန ္တရာယ်အနံ့ကိုသိတယ်ဆိုတာကို လေ့လာနေကြဆဲပေါ့။ ပြီးတော့ ခင်ဗျားစဉ်းစားကြည့်လေ…လူဆိုတာက…

ပရော်ဖက်ဆာဦးပေါက်ဖော် ။ ။ ခလူး…ဖလူး…ခလဲ….(အိပ်ပျော်နေ)။

ချစ်စရာကောင်းလိုက်တဲ့ ပရော်ဖက်ဆာကြီးနှစ်ယောက်။ သူတို့ဆွေးနွေးနေကြတာ
ကျုပ် ကြားပြီး ပီတိတွေဖုံး ပြုံးပြုံးကြီးနဲ့ “ကျွီ” ခနဲ အော်မိတော့တာ၊ မြန်မြန်ပါးစပ်ကို
လက်ဝါးလေးနဲ့အုပ်ပြီး လစ်မယ်ကြံပါတယ် ။

“အိုး ကျုပ်မှာလက်မှ မရှိဘဲကိုး”။ ဟီ ဟိ။

17 comments

  • TTNU

    December 27, 2011 at 9:56 am

    ဤ ဇာတ်လမ်းတွင် မေတ္တာဖြင့် ပါဝင်ကူညီပေးသော လေးစားရပါသည့် ပရော်ဖက်ဆာဆရာကြီး
    နှစ်ဦး… ( ဦးကြောင်ကြီး နှင့် ဦးပေါက်ဖော်) တို့အား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

    “ခင်ပုချပိုင်”၊ “မောင်လင်းပေပိုင်”၊ “မောင်လင်းပေါက်
    ပိုင်”၊ “မောင်လင်းရှုံးပိုင်” ၊ “မောင်လင်းဆန်နီပိုင်”၊ စသောအမည်များများကို(ခွင့်မတောင်းသော်လည်း)
    အသုံးပြုခွင့်ပေးသော ချစ်မိတ်ဆွေများအား ကျေးဇူးဥပကာရ တင်ရှိပါသည်။

  • inz@ghi

    December 27, 2011 at 10:03 am

    ဘီကနီ တော့ပါတယ်. ဂီဂီတော့မပါရဝူး…
    ဟင့်
    :'(

  • ငပေါက်ဖော်

    December 27, 2011 at 10:22 am

    တီချယ်ကြီးက ဒါလဲ ရသဗျ..အဟဟ
    အဲဒီဇိမ်ယူနေတဲ့လူကြီးကို ငမန်းဆွဲတာ အောက်ပိုင်း ပျက်သွားတယ်မလားဟင်..
    မပြတ်လဲ ဆေးရုံရောက်ရင် ဖြတ် ပလိုက်ကြပါ ဒေါက်တာတို ့ရေ.. 😆
    နောက်ခါ ဘီကနီနဲ ့ မိန်းမပျိုလေးတွေကို ဓာတ်ပုံပါ တွဲတင်ပေးပါနော်
    ရီကွက်စ် လုပ်ပါရဲ့

    ပုံ
    ပရော်ဖတ်စာအော်စကာဂျော်ကာတော်ကာငစွာဂွစာ ငပေါက်ဖော်-(ခေတ္တပင်လယ်အောက်)

  • etone

    December 27, 2011 at 10:31 am

    ဟီး … တီချယ်ကြီး ဒီတခါတော့ လင်းပိုင်တွေအကြောင်းရေးထားပါလား … ။
    လူတွေကို ကူညီတတ်တဲ့ လင်းပိုင်လေးတွေအကြောင်း …ဗဟုသုတလည်းရသလို စာရေးသားကောင်းတာကြောင့်လည်း ….ကိုယ်တိုင်ကမ်းခြေရောက်သွားသလိုခံစားမိပါတယ် … ။

    ဒါနဲ့ … တစ်ယောက်နဲ့တစ်ယောက် လိုးရှင်းလိမ်းပေးနေတာ .. ဘယ်ဒူတွေများပါလိမ့် .. 😀

  • manawphyulay

    December 27, 2011 at 10:44 am

    မေတ္တာနဲ့ ကူညီတဲ့သူတွေကို တီချယ်ကြီးက လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်ပေးမှာလားဟင်… တီဗီမှာ မြင်တာတော့ အမြဲပေးတာမြင်မိလို့ပါ။ 😛

  • TTNU

    December 27, 2011 at 11:11 am

    Arkar11 ရေ … Oscar နဲ့ ပါတ်သက်တဲ့ Link ပေးလို့ ကျေးဇူးတင်ပါတယ်နော်။
    ဒီ ပို့စ်နဲ့ မဆိုင်ဘဲနဲ့ လှမ်းပြောရတာခွင့်လွှတ်။ အော်စကာအထိပြန်သွားရင် မဖတ်ဖြစ်မှာစိုးလို့ပါ။

    မောင်ဂီရေ.. မင်းခရီးထွက်မယ်ဆိုလားလို့ ဒီပွဲထဲမှာ မကခိုင်းလိုက်တာ။ နောက်တစ်ခါ၊ OK?။

    ကိုပေါက်ဖော်ရေ… Oh, sorry. Prof. Oscar Joker Talker Ngasawr Gwasar Ngapaukhpaw!
    ဟူး…မောသကွဲ့။

    အိတုန်လေးရေ…တစ်ယောက်နဲ့တစ်ယောက် လိုးရှင်းလိမ်းပေးနေတာ .. ဘယ်ဒူတွေများပါလိမ့်
    သိတယ်မဟုတ်လား။ ချောင်းသာရောက်တုန်းလက်ဆော့ထားတဲ့ ပုံတွေထဲမှာ…….

    မနောဖြူလေးရေ… လက်ဆောင်လား၊ ပေးမှာပေါ့၊ ဘယ်နေပါ့မလဲ သမီးရာ။ ခက်တာက ကိုယ့်
    သရုပ်ဆောင်တွေက ရုပ်ကိုမမြင်ဘူးတာ။ 😛

  • MaMa

    December 27, 2011 at 2:48 pm

    တီတီနုရေ- အတွေးသွက်သွက် အရေးသွက်သွက်နဲ့ ရေးသွားလိုက်တာ စာရေးသူကို အနှစ်၂ဝလောက် ငယ်တယ် ထင်သွားရတယ်။ 🙂
    (တခါတည်း မျက်စေ့ထဲမှာ ကမ်းခြေပုံတောင် ပေါ်လာတယ်။)

    • TTNU

      December 27, 2011 at 3:19 pm

      မမပိုင်ရေ…
      အဲလေ မဟုတ်ပါဘူး မမရေ…
      ကမ်းခြေရောက်သွားပြီလား။
      စိတ်အေးအေးနဲ့ ရေကူးနော်၊ တီချာ ဒိုလဖင်တို့ အဖွဲ့ကိုမှာ
      ထားပေးမယ်။ ဟိုဖြူဖြူချောချော မမ ဆိုတဲ့ ပျိုမဒီလေးကို
      Jaw မဖမ်းမိအောင် ကာကွယ်ပေးကြနော်လို့။ 😀

  • blackchaw

    December 27, 2011 at 3:26 pm

    တီချာကြီးရေ။
    လင်းပိုင်တွေ နာမည်ပေးထားတာလေး တော်တော်သဘောကျမိတယ်။
    လင်းပေပိုင်၊ လင်းပေါက်ပိုင်၊ လင်းရှုံးပိုင်၊ လင်းဆန်နီပိုင် ဆိုတဲ့ လင်းပိုင်လေးတွေကို
    ရုံသွင်းပြစားလိုက်ရင် …..ဒန်တန့်တန်….။

  • windtalker

    December 27, 2011 at 3:35 pm

    မောင်ဇိမ် က ဗြောင်လိမ်
    ခင်ပုချ်ပိုင် က ဖင်ခုထိုင်
    ပရော်ဖက်ဆာဦးပေါက်ဖော် က ဗော်ဒကာအထူးသောက်သနော်… (ခက်တာက အင်ကြီးဖြစ်နေတယ်)
    ပရော်ဖက်ဆာဦးကြောင်ကြီး တော်သဗျာ နဖူးပြောင်ကြီး
    ( သိရသလောက် ကို ပြန်ဖွလိုက်ပါသည် ဟီဟိ )

  • comegyi

    December 27, 2011 at 11:00 pm

    ကမ်းခြေမှာ ဘီကနီတွေဖြူနီပြာဝါတွေအများကြီးပါလား….
    လန်ကွတ်တီတွေနဲ့ကော မရှိကြဘူးလား
    တီချယ်ကြီးခင်ဗျ………

  • လင်းပေါက်ပိုင်ကတော့ မေတ္တာနဲ့ကူညီမယ်ဗျာ။
    ပြစားချင်စားလို့ရတယ်။
    ဘာမှမယူ အလကားကူမယ်
    မာမီရေ………………………………………….

  • မာမီ ရွာထဲမှာ ပေါက်က နှစ်ပေါက်ရှိတယ်နော်။
    ကွဲပြားအောင်ခွဲပြောမှရမယ်။

    ပုံ
    ပေါက်ငယ်လေးနှင့်ကိုပေါက်
    ပူးတွဲတင်ပြသည်

  • pooch

    December 27, 2011 at 11:18 pm

    တီချယ်ရေ ခင်ပုချ်ပိုင်က ရေထဲမှာသာ စင်ယော်တွေ အများကြီးဖမ်းနိုင်တာ တကယ့်အပြင်မှာတော့ ခြင်သတ်ရင်တောင် အဖြစ်ရှိချင်တာ မဟုတ်ဖူး……. 🙁

    • TTNU

      December 27, 2011 at 11:35 pm

      Come on! You are talented, I know you, my dear. 😀

  • TTNU

    December 27, 2011 at 11:33 pm

    သို့
    ချစ်လှစွာသော လင်းဘလက်ပိုင်၊ လင်းပေပိုင်၊ လင်းပေါက်ပိုင်၊
    ကမ်းကြီးပိုင် တို့ရေ….
    ခင်ပုချ်ပိုင်ရေ…

    ကိုဘလက်ရေ အမည်တွေ ထည့်သာရေးရတာ တီချာမှာ သူတို့ မကြိုက်မှာစိုးနေလို့။
    မောင်ပေ ရေ ကဗျာလိုင်းမှာလည်းသင်သည်တော်၏ ပါလားနော်။
    ကိုကမ်းကြီးရေ..ကျေးဇူးနော် ဝင်မန်းပေးလို့လေ။
    ကိုပေါက်ရေ… This one is you. ပါကွယ်။

    မေတ္တာဖြင့်
    တီချာ

  • kay jonas

    December 29, 2011 at 10:17 am

    တီချယ် ဖတ်လို.ကောင်းပါတယ် ပုံလေးတွေနဲ.ဆိုရင် အတိုင်းထက်အလွန်ပေါ့ဗျာ 😀

Leave a Reply