Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျမဘဝ ကျမ ဇာတ်ကြောင်း – ၄

ムラカミDecember 29, 20112min50519
London Stock Exchange မှာ the Body Shop ရဲ့ ရှယ်ယာတွေကို အပြည့်အဝ တင်ထားပြီးတဲ့ ကာလက စလို့ပေါ့ရှင်...
ကျမတို့ရဲ့ Share တွေကို ကမာ္ဘမြေဆွဲအား ကင်းလွတ်နေတဲ့ ရှယ်ယာတွေလို့ နာမည်ပြောင် ပေးခံရသပေါ့
ဘာကြောင့်လဲ ဆို share ေဈးနှုန်းက ၅၀၀% အထိ ကို တိုးတက် လာခဲ့တာကိုး ..

အတိအကျပြောရရင် တော့ 31 December 1990 မှာပေါ့ ...ကျမတို့ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခု
ကိုချမှတ် နိုင်ခဲ့တယ်ရှင့်။ အဲ့ဒါကတော့ တရိစာ္ဆန်တွေနဲ့ စမ်းသပ်မှု ကို လုံးဝ စွန့်လွှတ်လိုက်တာပါပဲရှင်။

ကျမတို့ လှဖို့ ပဖို့ ရယ်မှာ သူတို့အသက်တွေ အရေပြား ..ခန္ဓာကိုယ် စတာတွေကို စတေးပစ်ရတယ်ဆိုတာ
လူသားဆန်တဲ့ အလုပ် တခုလို့တော့ ကျမ မထင်ထားဘူးရှင်။ သည်အချက်ဟာ The Body Shop အတွက်
ခိုင်မာတဲ့ ရပ်တည်မှု တစ်ရပ် အဖြစ် အမြဲတစေ စောင့်ထိန်းမယ် လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားခဲ့တာပေါ့ရှင်။

လူသားမျိုးနွယ် အတွက်လည်း ကျမတို့ ဟာ မမေ့မလျော့ခဲ့ပါဘူးရှင် ။ The Body Shop ရဲ့ နှစ်စဉ် turnover
ထဲကနေ ၁% ကိုဆင်းရဲတဲ့ ကမာ္ဘ့ တတိယ နိုင်ငံတွေကို လှူဓါန်းနေတယ်လေ။
ကျမတို့ရဲ့ policy က "Trade Not Aid" ပါ. ..သည်တိုင်း လှူလိုက်တာ ပေးလိုက် ကမ်းလိုက်တာဟာ
တကယ်တန်းမှာ ထိရောက်တဲ့ ကယ်ဆယ်မှု မဖြစ်ဘူးဆိုတာ မှတ်တမ်းတွေ  ကပြောပြလိမ့်မယ်...
ကျမက ကွန်ချက်ပဲ ပြတော့မယ် လို့ ဆုံးဖြတ်လိုက်တယ်။ သည်တော့ ကျမတို့ဟာ ဆင်းရဲတဲ့ တိုင်းပြည်
တွေက နေ ကုန်ကြမ်းတွေ ဝယ်မယ် ..သင့်တင့် လျောက်ပါတ်တဲ့ ဈေးနဲ့ ပေါ့။ သူတို့တွေအတွက်
ပုံမှန် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ထုတ်ကုန်စွမ်းအား ကို ဖန်တီးပေးမလို့ပါပဲ ... ထုတ်ပိုးပစ္စည်းတွေ
စက္ကူ တွေ အပါအဝင် အခြားသော သဘာဝထွက်ကုန် တွေကို ကမာ္ဘ့ဆင်းရဲတဲ့ နိုင်ငံအနှံ့အပြားက ဝယ်ယူ
ခဲ့တယ်ရှင့်။
အနှံ့ အပြား ဆိုတဲ့ စကားစု ကို ပြန်ရှင်းပြပါရစေနော်။ ဆင်းရဲတဲ့ တိုင်းပြည် တခုတည်းကနေ ကျမတို့
ဖြုန်းနိုင်စွမ်း ရှိသလောက် ဘာလို့ အကုန်မဝယ်သလဲ ...ဘာကြောင့်  ၄-၅နေရာ ခွဲဝယ် သလဲ
ဆိုတဲ့မေးခွန်းမျိုးပေါ့.... တခါတလေမှာ ကျမတို့ကို တချို့လူတွေ စွပ်စွဲတတ်ကြတယ်...
anti-capitalist တဲ့  globalization ဆန့်ကျင်ရေးသမား တဲ့ .... ကျမကြားဖူးတဲ့ ပုံပြင်လေးနဲ့ပဲ လွယ်လွယ် ရှင်းပြမယ်နော်.. ။

ကော်ဖီ ထုတ်လုပ်သူတယောက်ဟာ Brazil က ကော်ဖီစေ့တွေရဲ့ အရည်အသွေး ကိုနှစ်ခြိုက်ပြီး
အဲ့သည့်ကပဲ အမြောက်အများ ဝယ်ယူတယ် ဆိုပါတော့ ။ ဖြုန်းအားကောင်းရင်ကောင်းလာသလို
Brazil က ကော်ဖီတောင်သူတွေ ပိုမို လာဘ်ရွှင်လာတယ်လို့ ပြောကောင်းပြောနိုင်ပေမယ့် .....
သူတို့ ပိုမို တိုးချဲ့ စိုက်ပျိုးလာလို့ ..Amazon တောတွေ ပိုပြုံးတီးလာမယ် ..ဌာနေ တိုင်းပြည်ရဲ့
သဘာဝပတ်ဝန်းကျင် ပိုမို ထိခိုက်လာမယ် မဟုတ်လား ....
တချိန်တည်းမှာ အရည်အသွေး မကွာမယ့် ကမာ္ဘ့ တခြားသော နေရာတခုခုက ကော်ဖီစိုက်တောင်သူတွေ
ရောင်းမကောင်းလို့ ဆင်းရဲတွင်း ထဲက မထွက်နိုင်ဘဲ ရှိနေဦးမှာ မဟုတ်ပါလားရှင် .. သူတို့ကိုလည်း
အခွင့်အရေးမျှမျှတတ ပေးသင့်တာပေါ့..။ ..
ဒါဟာ ကျမတို့ လက်ခံကျင့်သုံးနေတဲ့ ...Community Fair Trade ပါပဲ ....အပေါ်မှာ ပြောခဲ့တဲ့ ...
Trade not Aid ရဲ့ ဆင့်ကဲ ဖြစ်စဉ်ပေါ့ရှင် ....။

ကျမဟာ အလှကုန်ရောင်းသူ ပါ. ... ခုထိ ကျမရဲ့ ထုတ်ကုန်တွေ အကြောင်း မပြောပါလား လို့ ...
အပြစ်တင် မစောပါနဲ့နော်....နောက်တပိုင်းကျမှ ကျမတို့ရဲ့ ထုတ်ကုန်တွေအကြောင်း မိတ်ဆက်ပေးတော့မယ် ...နော်

19 comments

  • ငပေါက်ဖော်

    December 29, 2011 at 11:32 am

    ကျမ ဘာတွေထုတ်မလဲ စိတ်ဝင်စားတယ်မလားဟင်
    ဒါဆို..စောင့်ဖတ်ပါရှင်….အချိန်ရရင် ထုတ်ပြပါ့မယ်

    • inz@ghi

      December 29, 2011 at 11:34 am

      ပြောင်ဘာနဲ့လား ဘဘပေါက်ဖော်ရယ်. …ဂီ ဂယ် စိတ်ပူနေလို့ဘာ…
      🙁

  • Wow

    December 29, 2011 at 1:09 pm

    အင်း အလှကုန်နဲ့ပတ်သက်ပီး Cat Women ကားထဲမှာ ရှယ်ရွန်စတုန်း က သူတို့အလှကုန်လျှို့ဝှက်ချက်ပေါ်သွားလို့ ဟယ်ရီဘယ်လီကို ထောင်ချောက်ဆင်ပြီး သတ်ဖို့လုပ်တာလေ…
    အင်း စီးပွားရေးသမားတွေများ ကိုယ်ကျိုးအတွက်ဆို ဘာမဆိုလုပ်ရဲတယ်…

    • inz@ghi

      December 29, 2011 at 7:35 pm

      ဝိုးရေ…..
      သည်အမျိုးသမီး က သည်လိုလူစားမဟုတ်ပါဘူးဗျာ ….
      အလှကုန်တွေက ညက်ညော သိမ်မွေ့လွန်းတယ်ဗျ….
      နောက်တပိုင်းမှာ ရေးပါ့မယ်ဗျာ …စောင့်ဖတ်ပေးပါနော်….

      P.S; ကျုပ်ကတော့ ခင်ဗျားပြောသလို marketer ဗျ…

      ဟီး …
      နောက်တာနော…

      ခင်တဲ့ဂီ..

  • blackchaw

    December 29, 2011 at 5:27 pm

    မားကက်တင်း မာယာတွေ အကြောင်း
    သူရေးတော့မယ်။ (အထင်)

    • inz@ghi

      December 29, 2011 at 6:00 pm

      အားပေးတာ ကျေးကျေးပါ ဗျာ….

  • pooch

    December 29, 2011 at 5:49 pm

    The Body Shop products တွေကိုပဲ ဒီမှာ အနည်းအကျဉ်း ယူရောင်းတဲ့ ဆိုင် တွေ့ဖူးတယ် .. ဟိုနေ့က လမ်း ကြုံတာနဲ့ အဲ့ဒီဆိုင် ရှိသေးလား ဆိုပြီး သွားကြည့်တာ ရွှေ့သွားတယ် မှတ်တာပဲ မတွေ့တော့ဘူး…
    အခုတော့ Diamond မှာDecleor တော့ ခုဆိုင်ဖွင့်ထားတာ တွေ့တယ်……..

    အမှန်တိုင်းပြောရရင် the body shop ဒီလောက်နာမည် ကြီးရတဲ့ အကြောင်းကလည်း ဒီလောက်စိတ်ဝင်စားစရာကောင်းမှန်း အခုမှပဲ သိရတော့တယ်… .. ဆက်ပါအုန်း

    • inz@ghi

      December 29, 2011 at 6:02 pm

      အောင်မယ်လေး မမပုရယ် ….
      ဆက်ရေးဖို့ အားပြတ်နေဘာဘီ …..
      ကိုကြည်ပြောသလို မုတ်ဆိတ် နဲ့ မိတ်ကပ်ဖြစ်နေလို့ပါ. ..
      ဝယ်သုံးကြတယ် ဆိုတဲ့ ရွာသူတွေ ရေးမယ်ဆို ရေးပေးစေချင်ပါတယ်….

      ဆက်ရေးရင် ….ကျုပ်တော့ ဂျီပုံး အထင်ခံရတော့မယ်…
      ရင်လေးဒယ် ……

      😀

  • Khin Latt

    December 29, 2011 at 6:21 pm

    —– ကျမတို့ရဲ့ policy က “Trade Not Aid” ပါ. ..သည်တိုင်း လှူလိုက်တာ ပေးလိုက် ကမ်းလိုက်တာဟာ
    တကယ်တန်းမှာ ထိရောက်တဲ့ ကယ်ဆယ်မှု မဖြစ်ဘူးဆိုတာ မှတ်တမ်းတွေ ကပြောပြလိမ့်မယ်… —-

    အဲဒါကို အတော်လေး သဘောကျမိပါတယ်။ အဲဒါ အမှန်ပါဘဲ။

    ဂီဂီ ရေ – ဒီ “ကျမဇာတ်ကြောင်း” အရင် ဇာတ်လမ်းတွဲ တွေ ကို ပြန်ဖတ်ကြည့်ဦးမယ်။
    အရင်က မျက်စိမှောက်ပြီး ကျန်နေခဲ့တာထင်ပါရဲ့။ ကိုဘလက် ရဲ့ အညွန်းထဲမှာ တွေ့ခဲ့ပေမဲ့ သွားမဖတ်ခဲ့မိဘူး။
    အတော်လေး စိတ်ဝင်စားစရာ အပြင် ဗဟုသုတ လဲရတဲ့ Post ပါဘဲ။

    • inz@ghi

      December 29, 2011 at 7:28 pm

      အားပေးတာ ကျေးဇူးပါဗျ …

      စကားမစပ် မျက်စိကျိမ်းထှာ ….

      • Khin Latt

        December 29, 2011 at 8:18 pm

        မျက်စိကျိန်းအောင် တမင် လုပ်ထားတာမဟုတ်ပါဘူး။ မတော်တဆ ပါကွယ်။ 🙂 😉 😀

  • windtalker

    December 29, 2011 at 7:26 pm

    သူ ့ရဲ ့ပရဟိတ စိတ်ဓါတ် ကိုတော့ အရမ်းလေးစားမိတယ် ဗျာ
    စကားမစပ်
    ကျွန်ုပ် မစ်စတာပေ့ ထံကနေ ကျောက်စိမ်းကောင်းကောင်းလေးတွေ ဝယ်လို ့ရကြောင်း
    သူမ ကို ပြောပေးဘာနော

    • inz@ghi

      December 29, 2011 at 7:29 pm

      သူဆုံးရှာပြီဗျ…..

      သည်ရက်ပိုင်း သူ့အကြောင်း သွန်ရေးပါ့မယ်ဗျာ…
      ရုံးလည်း ပိတ်ထားတုန်း..မို့..

      ခင်တဲ့ဂီ

  • MaMa

    December 29, 2011 at 8:11 pm

    သည်ရက်ပိုင်း သွန်ရေးမယ်ဆိုတော့ ရေပုံးခံပြီး ဖတ်ရမယ်ထင်တယ်။ 😀
    ဒါထက်စကားမစပ် ဂျာပွန်မှာ ၂၀၀ဝ အောက်မော်ဒယ်တွေ မြန်မာပြည်က အဝယ်များလို့ ဈေးတက်သွားတယ် ပြောသံကြားတယ်။ ဟုတ်လားမသိလို့ ဂျာပွန်အခြေစိုက် ဂေဇက်က မောင်ဂီဆီက အတည်ပြုချက် ရချင်လို့ပါ။

    • Khin Latt

      December 29, 2011 at 8:20 pm

      ဖြစ်နိုင်ခြေရှိပါတယ်မမရေ။

    • inz@ghi

      December 29, 2011 at 8:27 pm

      ဟုတ်ကဲ့ …
      (သတင်းသမား လို သဘောထားပြီး …)မှန်တာဖြေရရင် …ကျနော် သေချာမသိပါဘူးဗျာ…
      (မိတ်ဆွေလို သဘောထားပြီး ..မြင်တွေ့ကြားသိ) အရ သုံးသပ်ရရင် ..
      ဆြာကြီးတွေ (ဆြာကြီးတွေ အများကြီး မရှိပါဘူးဗျာ …သို့သော် ရှိတဲ့ ဆြာကြီးတွေရဲ့ ..)ကစားကွက် အနေအထားအရ ..
      သည်က dealer တွေ အနေဲ့ …..ဈေး အမာအပျော့ ဆိုတာ ရှိနိုင်ကြောင်းပါ..

  • comegyi

    December 30, 2011 at 1:02 am

    သဘော်ဒီရှော့က
    မတ်ကက်ကို ကိုင်တွယ်တဲ့အခါ
    အနုပညာနဲ့
    ကိုယ်ကျင့်တရားစံနှုန်းလည်း ပါတာကိုး
    ကိုဂီ ဟုတ်လားဗျ…….

  • FattyCat

    December 30, 2011 at 11:51 am

    နားထောင်ချင်မှန်းမသိ မထောင်ချင်းမှန်းမသိ ဝယ်ချင်မှန်းမသိ မဝယ်ချင်မှန်းမသိ အတင်းလိုက်ရောင်းနေတဲ့..အားနာတတ်တဲ့ မြန်မာလူမျိုးအကျင့်ကို အခွင့်ကောင်းယူပီး အတင်းလုပ်ယူနေတဲ့ မြန်မာပြည်က Marketing တွေကို ကြည့်ပြီး စိတ်ပျက်နေတာကြာပြီ
    ဒီလိုမျိုး စနစ်တကျ Marketer ဖြစ်ဖို့ရေးပေးစမ်းပါ..Print ထုတ်ပြီး ဖတ်ခိုင်းပြစ်မယ်

Leave a Reply