Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘွဲ့တံဆိပ်ဖြုတ်ဖို့ နီးနေပြီလား

KingJanuary 19, 20121min42410

ဘွဲ့တံဆိပ်တွေ ဖြုတ်ဖို့ နီးနေပြီလားဆိုပြီး ဟိုတွေး ဒီတွေး တောင်တွေ မြောက်တွေး မတွေးကြပါနဲ့အုံး … အမှန်က ကျွန်တော့် နာမည်ရှေ့မှာ တပ်ထားတဲ့ ဘွဲ့တံဆိပ်တွေ အကြောင်း စဉ်းစားမိရင်း ရေးလိုက်တာပါဗျ … အားလုံးသိတဲ့အတိုင်း (သိရင်သိမယ် မသိရင်မသိဘူးပေါ့ဗျာ … ရှင်းတယ်ဟုတ်) ကချင်ပြည်နဲ့ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်ဆိုရင် ဘွဲ့တံဆိပ်ရှင်ကြီးများကို မယှဉ်ကောင်းအပ်စွာ တုပထားတဲ့ ကျွန်တော့်ရဲ့ ဘွဲ့တံဆိပ်တွေကို ဖြုတ်ပစ်ဆိုပြီးပေါ့လေ … ဒါပေမယ့်လည်း အခုချိန်ထိတော့ သိသာ ထင်သာ မြင်သာတဲ့ အကြောင်းများမကြားရပြန်သေးတော့ … သစ်ကုလားအုတ်တောင် အဖေ ခေါ်ရလောက်တယ်ဗျာ … မျှော်လင့်မိတဲ့ သတင်းစကားများ မကြားရသေးပြန်တော့ …

အခုလည်းဗျာ

အစိုးရနှင့်ကေအိုင်အို ဆွေးနွေးပွဲအပစ်အခတ်ရပ်ရေး သဘောတူညီချက်မရရှိသေး

ဓါတ်ပုံ(kachinnet)

ရန်ကုန်- ဇန်နဝါရီ ၁၉
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် KIO တို့ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့တွေ့ဆုံဆွေးနွေးမှု့ကို ရွှေလီမြို့တွင် ပြုလုပ်အပြီးတွင် အပစ်အခတ်ရပ်စဲရေးအတွက် တူညီမှု့မရရှိသေးဘဲ စစ်ရေးအရှိန်များကိုထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှု့တည်ဆောက်ရန်ပြသနာဖြစ်ပွားနိုင်သောဒေသများရှိနှစ်ဘက်တပ်များကိစ္စအား  ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီမှု့ ရရှိခဲ့သည်။
အစိုးရနှင့် KIO အကြား နိုင်ငံရေးနည်းလမ်းဖြင့်သာဆက်လက်ဆွေးနွေးသွားရန် ၊ဆွေးနွေးသည့်အကြောင်း အရာများကိုပြည်သူများသိရှိစေရန် မှန်ကန်သောသတင်းများ ထုတ်ပြန်ပေးသွားရန် ၊စစ်ရေးအရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့်ယုံကြည်မှု့တည်ဆောက်နိုင်ရန်အတွက် ပြသနာဖြစ်ပွားနိုင်သောဒေသများရှိ နှစ်ဖက်တပ်များကိစ္စအားညှိနှိုင်းဆောင်ရွက်သွားကြရန်တို့ကိုသာ သဘောတူညီမှု့ရရှိခဲ့ကြသည်။
ထိုအစည်းအဝေးကို ဇန်နဝါရီ ၁၈၊၁၉တွင် ရွှေလီမြို့တွင် ကျင်းပခဲ့သည်။
7Day News Journal

 

တရုတ်နိုင်ငံတွင် ​ကေအိုင်အိုနှင့်​ အစိုး​ရ ​တွေ့​ဆုံပွဲ ပြီး​ဆုံး​

စစ်​ရေး​ အရှိန် ထိန်း​သိမ်း​သွား​နိုင်ဖို့​နဲ့​ ယုံကြည်မှုတည်​ဆောက်ဖို့​အတွက် ပြဿနာ ဖြစ်ပွား​နိုင်​ခြေရှိတဲ့​ ​ဒေသ​တွေမှာ နှစ်ဘက်တပ်​တွေရဲ့​ ကိစ္စကို ညှိနှိုင်း​ဆောင်ရွက်ကြမယ်လို့​ ​ကေအိုင်အိုနဲ့​ အစိုး​ရ ပူး​တွဲထုတ်ပြန်လိုက်ပါတယ်။

ကချင်လွတ်လပ်​ ရေး​အဖွဲ့​ရဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​တို့​ဟာ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ၂ ရက်ကြာ ပမာဏ​တွေ့​ဆုံပွဲကို ဒီက​နေ့​ အဆုံး​သတ်လိုက်ပြီး​ နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ဆက်လက်ညှိနှိုင်း​ ​ဆွေး​နွေး​ကြမယ်လို့​ ထုတ်ပြန်လိုက်ပါတယ်။
ဆွေး​နွေး​တဲ့​ အ​ကြောင်း​အရာ​တွေကို အများ​ပြည်သူ သိ​စေဖို့​ မှန်ကန်တဲ့​ သတင်း​တွေ ထုတ်ပြန်ဖို့​လည်း​ သ​ဘောတူခဲ့​ကြပါတယ်။
ဒီက​နေ့​ မနက် နှစ်ဘက် ကိုယ်စား​လှယ်​တွေ ​ဆွေး​နွေး​ချိန်မှာ ​ကေအိုင်​အေတပ် တပ်ရင်း​ ၈ ကို မြန်မာ့​တပ်မ​တော်က ဝင်​ရောက် ပစ်ခတ်တယ်ဆိုတဲ့​ ​ရှေ့​တန်း​ စစ်သတင်း​ရပ်ကွက်က ​ပြောပါတယ်။
နှစ်ဘက် ကိုယ်စား​လှယ်​တွေဟာ တရုတ်နိ်ုင်ငံ ​ရွှေလီမြို့​မှာ မ​နေ့​ကနဲ့​ ဒီက​နေ့​ နှစ်ရက်ဆက်တိုက်​တွေ့​ဆုံခဲ့​ကြတာပါ။
ဒီ​ဆွေး​နွေး​ ပွဲနဲ့​ ပတ်သက်လို့​ ​ကေအိုင်အိုဘက်က ကနဦး​ သ​ဘောထား​ ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေ ပင်လုံမှာ သ​ဘောတူခဲ့​တဲ့​ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ့်​ကြမ္မာ ကိုယ်ပြဋ္ဌာန်း​ခွင့်​ရဖို့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ လိုလား​တယ်ဆိုတာကို ​ဖော်ပြခဲ့​ပါတယ်။
စစ်အစိုး​ရ​ ခေတ်က နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ စီမံချက်ကို ​ကေအိုင်အိုက ငြင်း​ဆန်အပြီး​မှာ မနှစ် နှစ်လယ်ကစလို့​နှစ်ဘက် ပြန်တိုက်​နေကြပြီး​ ဒုက္ခသည် ၆၀,၀၀ဝ ​လောက် အိုး​အိမ်ပစ်ပြီး​ ထွက်​ပြေး​နေကြပါတယ်။
ကေအိုင်အိုဟာ အရင် စစ်အစိုး​ရလက်ထက်က အပစ်ရပ်ခဲ့​ပေမယ့်​ မနှစ်ဇူလိုင်ကစလို့​ နယ်ခြား​စောင့်​တပ် မ​ပြောင်း​ဖို့​ ငြင်း​ဆန်ရာက တိုက်ပွဲ​တွေ အကြီး​အကျယ်ဖြစ်ပြီး​ ဒုက္ခသည်​တွေ တိုး​လာခဲ့​ပါတယ်။
ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​လ ၁၈ ရက်​နေ့​ က အစိုး​ရရဲ့​ အ​ကြောင်း​ပြန်စာမှာ ​ကေအိုင်အို လိုလား​တောင်း​ဆိုတဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​မှု လုပ်မယ်လို့​ ပါရှိအပြီး​ အခု ​ဆွေး​နွေး​ပွဲ ဖြစ်​ပေါ်ခဲ့​တာပါ။
ပြည် ​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​မှာ ဦး​အောင်​သောင်း​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်ကြည်၊​ ဦး​အုန်း​မြင့်​၊​ ဗိုလ်မှူး​ကြီး​သန်း​အောင်၊​ ဦး​ခင်ထိန်နန်၊​ ဗိ်ုလ်မှူး​ကြီး​မြင့်​ဆွေ (မပခ တိုင်း​)၊​ ဗိုလ်ချုပ် ​ဇော်ဝင်း​၊​ ဦး​ထွန်း​သိန်း​နဲ့​ ဦး​ထွန်း​ထွန်း​ စသူတို့​ ပါဝင်တယ်လို့​ အစည်း​အ​ဝေး​ရောက်​နေသူ တဦး​က ​ပြောပါတယ်။
ကေအိုင်အိုဘက်က ဦး​လဖိုင်လ၊​ ဦး​ဇော်လွမ်း​ဂမ်၊​ ဦး​လဇိန်ဂျီး​နောင်၊​ ဦး​လဖိုင်​ကျော်၊​ ဗိုလ်မှူး​ကြီး​ ​ဇော်​တောင်နဲ့​ ဦး​မရာ ​နော်ထွဲတို့​ ပါဝင်ပါတယ်။
အေးနိုင် (ဒီဗွီဘီ)

အဲဒီလို အဲဒီလို ဆိုနေကြပြန်တော့ ……………………….

10 comments

  • “”ကေအိုင်အိုဘက်က ကနဦး​ သ​ဘောထား​ ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​
    တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေ ပင်လုံမှာ သ​ဘောတူခဲ့​တဲ့​ အမျိုး​သား​တန်း​တူ​ရေး​နဲ့​
    ကိုယ့်​ကြမ္မာ ကိုယ်ပြဋ္ဌာန်း​ခွင့်​ရဖို့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ လိုလား​တယ်ဆိုတာကို
    ​ဖော်ပြခဲ့​ပါတယ်။””
    ဆိုတော့ အနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေအပေါ်မှာ အများစုဖြစ်တဲ့ ဗမာတွေက
    အခွင့်အရေးပေးလိုက်လျောညှိနှိုင်းသင့်ပီလို ့မြင်မိပါတယ်။

  • MaMa

    January 20, 2012 at 7:08 am

    သတ်ပုံအဖွဲ့၏ ဥသျှောင် (ရာထူးအဆင်သင့် ရှိပြီးသား) အဂ္ဂမဟာကြီး ဘွဲ့တံဆိပ် အမြန်ဆုံး ဖြုတ်နိုင်ပါစေ။ 🙂

  • kyeemite

    January 20, 2012 at 1:28 pm

    အရင်ကထက်စာရင်တော့ နီးလာပီလို့ပြောလို့ရပါတယ်..ဟုတ်ဖူးလား?

  • Thel Nu Aye

    January 20, 2012 at 2:58 pm

    ဟုတ်ကဲ့ ————– တဖြည်းဖြည်းနီးလာပြီဆိုတာကတော့မလွဲနိုင်ပါဘူး။ အဲဒီတဖြည်းဖြည်းကဘယ်လောက်အထိဖြည်းလဲဆိုတာတော့ အင်း ————— နီးပါပြီ။နီးပါပြီ။

  • စိန်ပေါက်ပေါက်

    January 20, 2012 at 3:15 pm

    အမြန် ငြိမ်းချမ်းကြပါစေ.လို ့ပဲ
    ခက်တာက
    သူရို ့ကလဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကများတယ်

  • အာ ချောင်

    January 20, 2012 at 5:10 pm

    ကြားထဲကလုပ်ငန်းသွားလုပ်တဲ့သူတွေ ကုမ္ပဏီဝန်ထမ်းတွေကကြားညပ်နေတယ်
    စက်ကြေးပေးရ ဗုံးသံကြောက်ရနဲ့လေ..

  • မြန်မာအစိုးရစစ်ကြောင်းများ ဟူးကောင်းသို့ ချီတက်

    ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့(Danai)သို့ မြန်မာအစိုးရတို့၏ ရိက္ခာသယ်လာသော စစ်ကား အစီး ၄ဝ တက်သွားရာ ၃ စီးမှာ အစိုးရစစ်သားများဖြစ်ကြောင်း မျက် မြင်သက်သေများပြောသည်။

    ထိုအစိုးရကားသည် ရှထူးဇွပ်(Shahtu Zup)ရွာမှ ဇန်နဝါရီလ ၁၆ ရက်ညတက်သွားပြီး နောက်ရက်ည ၂ဝ စီးပြန်ဆင်းသွားကြောင်း ဆက်ဆိုသည်။

    “ကျနော်က အဲဒီည အရမ်းအိပ်ပျော်နေတာ အိမ်ရှင်က အစိုးရစစ်ကားတွေအရမ်းတက်လာတယ်ဆိုပြီး ကျနော့်ကိုနိုးတယ်။ ကျနော်လည်းလန့်ပြီးနိုးလာတယ်။ ကြည့်လိုက်တော့ မိုးကာနဲ့အုပ်ထားတဲ့ ၁ဝ ဘီးကား အကြီးကြီးတွေ တစ်စီးပြီးတစ်စီးတက်သွားတယ်။ ကားဖြတ်သွားတဲ့အချိန်မှာ လမ်းမှာရော အစိုးရစစ်သားတွေ ရွာတစ်လမ်းလုံး ရပ်ပြီးစောင့်နေတယ်။ လုံခြုံရေးယူတာထင်တယ်။ ကျနော်တောင် တိုက်ပွဲကြီးဖြစ်တော့ မလားဆိုပြီ အရမ်းကြောက်နေတာ။” ဟု မျက်မြင်သက်သေတစ်ဦးက ကချင်သတင်းဌာန သို့ပြောသည်။

    သူကဆက်ပြီး “ကျနော်ဒီနေ့ မြစ်ကြီးနား ပြန်လာတော့ ဒွမ်ဘန်(Dumbang) မရောက်ခင် ဘုန်းကြီးကျောင်းမှာ အစိုးရစစ်ကား ၅ စီးနဲ့ စစ်သားအယောက် ၂၀ဝ လောက် ထမင်းစားနေတယ်။” ဟု ဆက်ဆိုသည်။

    ထိုကားအစီး ၄ဝ တွင် ၃ စီးမှာ အစိုးရစစ်သားများဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရာရှိတစ်ဦးလည်း ကချင်သတင်းဌာ သို့ အတည်ပြုပြောဆိုသည်။

    မြန်မာအစိုးရ နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များကြား တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဒုတိယနေ့ (နောက်ဆုံးနေ့) နိုင်ငံရေး တွေ့ဆုံဆွေးနွေးနေစဉ် ယခုလို အစိုးရစစ်ကြောင်းများ ဟူးကောင်းသို့ စေလွှတ်ခြင်းဖြစ်သည်။

    KIO ၏ အနောက်ပိုင်းတိုင်း ဟူးကောင်းဒေသသည် KIA တပ်မဟာ ၂ နယ်မြေဖြစ်ပြီး တနိုင်းအနီး အောင်လောဒ် (Awng Lawt)တွင် တပ်မဟာဌာနချုပ် အခြေစိုက်ထားသည်။
    20 . Jan . 2012 Written by KNG
    http://burmese.kachinnews.com/news/726-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9F%E1%80%B0%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%81%E1%80%BA%E1%80%AE%E1%80%90%E1%80%80%E1%80%B9.html

  • သမ္မတဦးသိန်းစိန်၏ အကျိုးမရှိ ကချင်ထိုးစစ် ရပ်ဆိုင်းအမိန့်
    အကျိုးမရှိတဲ့ ကချင် ထိုးစစ်ရပ်ဆိုင်းခြင်း ကြေညာခဲ့တဲ့ နိုင်ငံတော် သမ္မတ သိန်းစိန်။
    ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကို ဆက်လက်တိုက်ခိုက်နေသည်။

    မြန်မာအစိုးရတပ်၏တိုက်ခိုက်မှုများသည် သမ္မတဦးသိန်စိန်က ၎င်း၏စစ်တပ်ကို တနိုင်ငံလုံးထိုးစစ်ရပ်တန့်ရန် ထပ်မံညွှန်ကြားပြီးနောက် ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

    ယမန်နေ့ ဇန်နဝါရီလ (၁၉) ရက်တွင် မြန်မာ-တရုတ် ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းဖြတ်သန်းရာ ရှမ်းပြည်မြောက်ပိုင်း၌ KIA နှင့် မြန်မာအစိုးရတပ်ကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

    နမ့်တူ-မံတုံ-ကွတ်ခိုင် ရွှေပိုက်လိုင်းလမ်းကြောင်းရှိ KIA တပ်ရင်း (၈) သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရသည်ဟု ပြောသည်။

    သုံးနာရီကြာ မြန်မာအစိုးရတပ်က လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်သော်လည်း KIA တပ်ရင်း (၈) မံတုံစခန်းမှ ဆုတ်ခွာပေးရခြင်းမရှိဟုု KIA အရာရှိများပြောသည်။

    ရခိုုင်ကမ်းခြေမှ တရုတ်ပြည် ကူမင်းသို့ဦးတည်မည့် ထိုရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် KIA နယ်မြေများကို ဖြတ်ကျော်သွားမည်ဖြစ်သည်။

    ၂၀၁၁ ခုနှစ်တွင် မူလလျာထားသည့် လမ်းကြောင်းမှ ပြောင်းလဲရန် သီပေါမြို့တွင် မြောက်ဘက်သို့ ၉ဝ ဒီဂရီ ရွှေ့ပြောင်းလိုက်ရာ ထိုပိုက်လိုင်းသည် မြောက်ဘက် KIA နယ်မြေများသို့ ဦးတည်လာသည်။

    ယခင်လမ်းကြောင်းမှာ သီပေါမြို့အရှေ့ဘက်မှတဆင့် လာရှိုးမြို့ကိုဖြတ်သန်း၍ မြောက်ဘက် တရုတ်ပြည် ကူမင်းသို့ ဦးတည်၍ ထိုလမ်းကြောင်းတစ်လျှောက် KIA နယ်မြေ အနည်းငယ်သာပါဝင်သည်။

    [B]သဘောတူညီချက် မရရှိသေးသည့် ဆွေးနွေးပွဲ[/B]
    တိုက်ပွဲဆက်နေချိန် ထိုနေ့၌ တရုတ်နို်င်ငံ ရွှေလီမြို့တွင် မြန်မာအစိုးရနှင့် KIO နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန် ၂ ရက်ကြာတွေ့ဆုံမှုအပြီး တစုံတရာ သဘောတူညီချက်မရရှိဘဲ စစ်ရေး၊ နိုင်ငံရေး ဆက်လက်ညှိနှိုင်းသွားမည်ဟု အကျဉ်းချုံး ဖော်ပြထားသည်။

    [B]ထိရောက်မှုမဲ့ ဦးသိန်းစိန်၏ အမိန့်[/B]
    လွန်ခဲ့သည့်လ ဒီဇင်ဘာလ ၁ဝ ရက်နေ့နှင့် ပြီးခဲ့သည့်ရက်သတ္တပတ်က ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်က ထိုးစစ်ရပ်တန့်ကြောင်း နှစ်ကြိမ်တိုင်တို်င် ကြေညာခဲ့သည်။

    သို့သော် မြန်မာအစိုးရတပ်က KIA နှင့် ကချင်ပြည်သူများအပေါ် ထိုးစစ်ဆင်နေဆဲဖြစ်သည်။ ဇန်နဝါရီလ ၁ရ ရက်တွင် တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်ဆိုင်းကြောင်း ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီမှ သမ္မတ၏ညွှန်ကြားချက်ကို ပြင်သစ်သတင်းအေဂျင်စီ AFP ကို နေပြည်တော်၌ ရှင်းလင်းပြောဆိုခဲ့သေးသည်။

    တမင်ရည်ရွယ်ခြင်းမဟုတ်ဘဲ အစိုးရတပ်သည် တစ်ဖက် ခုခံတိုက်ခိုက်သူများနှင့် ရင်ဆိုင်တွေ့ကြုံ နေရသဖြင့် တိုက်ပွဲများ ဆက်ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ရဲချုပ်ဟောင်း ဝန်ကြီးက AFP သို့ ရှင်းလင်းပြောဆိုသည်။

    “အောက်ခြေအဆင့်မှာ တာဝန်အရ ကင်းလှည့်အတဲ့အချိန် မမျှော်လင့်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆုံတွေ့ကြတော့ ပစ်ခတ်ကြတာဖြစ်တယ်။ တခါတလကျတော့ အမိန့်(မပစ်နဲ့)တွေက အောက်ခြေအဆင့်ကို မရောက်နိုင်ဘူး” ဟု ဦးခင်ရီက AFP ကိုပြောသည်။

    ရံဖန်ရံခါသာ ဖြစ်ပွားသည့် မမျှော်လင့်ဘဲဖြစ်ပွားရသည့်တိုက်ပွဲများသာဖြစ်သည်ဟု ဝန်ကြီးက ဆိုထားသည်။

    ယမန်နေ့ ရှမ်းပြည်မြောက်ပိုင်းရှိ KIA ကိုတိုက်ခိုက်ရာ၌ ထိုုသို့ လက်နက်ကြီးများအသုံးပြုပစ်ခတ်ရန် အတွက် မြန်မာအစိုးရတပ်ဗဟိုဌာနချုပ်မှ ခွင့်ပြုရသည်ဟု စစ်ရေးကျွမ်းကျင်သူများကပြောသည်။

    သမ္မတဦးသိန်စိန်၏ ထိုးစစ်ရပ်တန့်ရန်ညွှန်ကြားချက်သည် နိုင်ငံတကာတွင် မျက်နှာပန်းလှစေရန် သာဖြစ်ပြီး ထိရောက်မှုမရှိသည်ကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။

    [B]KIO လိုင်ဇာဌာနချုပ်ကို မြန်မာအစိုးရတပ် ဝန်းရံနေဆဲ[/B]
    ရွှေလီတွေ့ဆုံပွဲ မ စတင်ခင် ဇန်နဝါရီလ ၁ရ ရက် အင်္ဂါနေ့တွင် မြန်မာအစိုးရတပ် လက်နက်ကြီးများနှင့် သံချပ်ကာကားများ လိုင်ဇာဘက်သိုု့ ဦးတည်လာကြသည်။ ၎င်းတို့သည် လိုင်ဇာမှ မိုင် ၃ဝ အကွာခန့်ရှိ ဂါးရာယန်တွင် စခန်းချနေကြသည်ဟု ၎င်းဒေသရှိ မျက်မြင်များပြောသည်။

    ဇန်နဝါရီလ ၁၅ ရက်တွင်လည်း စစ်ကား ၂၅ စီးပါမြန်မာအစိုးရစစ်ကြောင်းသည် လိုင်ဇာမှ ၁ဝ မိုင်အကွာ ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသည်ဟု စစ်ရေးစောင့်ကြည့်သူများပြောသည်။

    ထို့အပြင် ကချင်ပြည်နယ်အနောက်ဘက် KIA တပ်မဟာ ၂ ဌာနချုပ်တည်ရှိရာ ဟူးကောင်းဒေသ တနိုင်းဘက်သိုု့လည်း ဇန်နဝါရီလ ၁၆ ရက်တွင် ကားအစီး ၄ဝ ပါ မြန်မာအစိုးရစစ်ကြောင်း တစ်ခု ချီတက်သွားကြသည်ဟု မျက်မြင်များက ပြောသည်။

    ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့်ရင်ဆိုင်ရာတွင် တပ်ရင်း ၁၆ဝ ခန့် အသုံးပြုနေသည်ဟု KIO တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ လာနန် သုံးသပ်သည်။

    20 . Jan . 2012 Written by KNG
    http://burmese.kachinnews.com/news/728-%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%A5%E1%80%AE%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%B9%E1%81%8F-%E1%80%A1%E1%80%80%E1%80%AD%E1%80%BA%E1%80%B3%E1%80%B8%E1%80%99%E1%80%9B%E1%80%AD%E1%80%BD-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%80%B9-%E1%80%9B%E1%80%95%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%99%E1%80%AD%E1%80%94%E1%80%B9%E1%82%94.html

  • windtalker

    January 20, 2012 at 9:14 pm

    အင်းကူး ရေ
    ကျုပ် ဦးလေး ခဗျာ ၊ ပြန်လာတော့
    လမ်းမှာ ကေအိုင်အေ တိုင်း ကို အာကေ ပေးရတယ်တဲ့
    ကျောက်ပါလား မေးတယ်တဲ့
    ခြေထောက်နဲ ့ကန်စမ်းတာဆိုဘဲ
    နောက်ပြီး…သူတို ့စစ်ဆေးပြီးလို ့၊ သူတို ့တောင်းတဲ့ အာကေ ပေးပြီးလို ့ရှိရင်
    ဒီလမ်းအတိုင်းသွားဆိုပြီး လွှတ်တယ်တဲ့
    သူရို ့ပြောတဲ့ လမ်းအတိုင်းဘဲ လျှောက်လာရတယ်
    မိုင်းတွေထောင်ထားတယ် ဆိုလို ့…
    အဲဒါဗျာ
    ဘယ်သူက မှားတာလဲ မေးတော့
    “ရေမဆေး” သမားတွေ မှားတာလို ့တော့ ပြောတာဘဲ ။
    သူရို ့တွေ က ကုမ်ပဏီကို ဝင်လုတော့ ကုမ်ပဏီက စစ်တပ်နဲ ့ပြန်ဝိုင်းတာကနေ စတာတဲ့ ။
    ပြောကြတာဘဲ ဗျ
    ၁၈.၁.၂၀၁၂ က လမ်းကြောင်း ပြန်ဖွင့်ပြီ လို ့သိရပါတယ်

  • ဇွဲမာန်(အင်းဝ)

    January 20, 2012 at 9:38 pm

    သူချောင်းကိုယ့်ချောင်းရှိနေသ၍ ငြိမ်းချမ်းရေးဆိုတာမရှိသေးပေ…။

Leave a Reply