Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၆ ) ( အဆင့် ( ၁၉ ) မှာ တတန်းတည်း )

Foreign ResidentJanuary 20, 20127min54317

စဉ်းစားကြစေလိုပါတယ် ( ၆ )
 
အင်း ဒီ Post ကတော့ ဦး fatty ရဲ့
” အချိန်ကောင်းအခါကောင်း တို့မြန်မာတွေဘာလုပ်ကြမလဲ “
Post မှာ မန့်ထားတဲ့ ရွှေဘိုသားရဲ့ Comment ကို
ချဲ့ပြီး တွေးမိတာလေးပါ ။
 
ရွှေဘိုသား says:
” သူတို့မလာခင်ကတည်းက အလုပ်သမားအခွင့်ရေး
ကိုလည်း အမှန်အကန် ပြဌာန်းထားသင့်တယ်လို့ထင်တယ်ဗျာ ။
လစာကျတော့ သူတို့နိုင်ငံမှာပေးရသလောက်ရဲ့ အစွန်းထွက်လောက်ရှိတဲ့
40000 နဲ့ 50000 လောက်ပဲပေးနေတယ် “
 
ကိုရင် ရွှေဘိုသား ပြောတာတွေ မမှားပါဘူး ။
သို့ပေသည့်
လစာ လည်း သူများနိုင်ငံ တန်းတူ ပေးရမယ် ။
အလုပ်သမား အခွင့်အရေး လည်း သူများနိုင်ငံ တန်းတူ ပေးရမယ် ။
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေကလည်း တင်းကျပ်မယ် ။
အခွန် အတုတ် ကလည်းလိုချင်သေးတယ် ဆိုရင်တော့ ။
 
အဘသာ ငွေရှင်ဆိုရင် မြန်မာနိုင်ငံမှာ စက်ရုံ ဘယ်လာထောင်မလဲကွယ် ။
မြန်မာနိုင်ငံထက် ဥပဒေတွေ အသားကျ တည်ငြိမ် ပြီးသား ၊
ပွင့်လင်း မြင်သာ တည်ငြိမ်တဲ့ နိုင်ငံရေး စံနစ် ရှိပြီးသား ၊
လဘ်ပေးလာဘ်ယူမှုတွေ ပိုကင်းရှင်းတဲ့ တခြားနိုင်ငံတွေမှာ သွားမြုပ်နှံမှာပေါ့ကွယ် ။
 
လစာ
အလုပ်သမား အခွင့်အရေး
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး
ဥပဒေ အခွန် အတုတ်
 
တစ်ခု တောင်မကဘူး နှစ်ခု သုံးခု လောက်တော့
သူများနိုင်ငံထက် လျော့ပေးရမကွဲ့ ။
ဘယ်ဟာတွေ လျော့ပေးမလည်း စဉ်းစားကြည့်ကြတာပေါ့ကွယ် ။
 
ကြုံလို့ပါ အဘ ရထားတဲ့ ၂၀၁၁ အတွက်
Good governance for International Business, Asia Pacific 2011
by Vriens & Partners Pte Ltd ရဲ့
စာအုပ်လေးကို ကိုးကား မျှဝေလိုပါတယ် ။
( စာအုပ်လေး ရထား ဖတ်ထားတာကတော့ ကြာပါပြီ
အခုမှ တိုက်ဆိုင်လို့ တင်ပေးမိတာပါ )
 

 

 

 

 

 

 

 

 

 

 

မူရင်းလင့်လေးကတော့ အောက်မှာပါ ။
—http://www.vrienspartners.com/index.php/vpindex.html—
 
အဲဒီ စာအုပ့်အကြောင်း သတင်းလင့်ကတော့ အောက်မှာပါ ။
—http://www.dutchcham.sg/good-governance-for-international-business-index-in-asia-pacific-for-2010—
 
အဲဒီ Vriens & Partners Pte Ltd အဖွဲ့က
အာရှ ပစိဖိတ် ဒေသ စုစုပေါင်း ( ၁၉ ) နိုင်ငံ မှာ
နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနှင့် ၊
ဘယ်နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံမှုပြုလုပ်သင့်တယ် ဆိုတာကို
ဆာဗေးလုပ်ပြီး အဆင့်သတ်မှတ်ပေးထားတာပေါ့ ။
 
သူတို့ရဲ့ ဆာဗေးကို Indicator ညွှန်ကိန်း ခြောက်ခု နှင့် တိုင်းတာထားတယ် ။
( ၁ ) Rule of Law တရားဥပဒေ စိုးမိုးမှု / တရားမျှတမှု ။
( ၂ ) Openness to International Trade & Business
အစိုးရရဲ့ နိုင်ငံခြား အရင်းအနှီးတွေ အပေါ် လိုလားမှု / အခွင့်အရေးပေးမှု ။
( ၃ ) Political Stability နိုင်ငံရေး / ပေါ်လစီ / ဥပဒေ တည်ငြိမ်မှု ။
( ၄ ) Taxation အခွန် အတုတ် ကြီးလေးမှု ။
( ၅ ) Corruption လဘ်ပေး လာဘ်ယူမှု ။
( ၆ ) Fiscal & Monetary Administration
အစိုးရ ရဲ့ ဘဏ္ဍာရေး နှင့် ငွေကြေးထိန်းကွပ်မှု ။
 
Overall Ranking ကတော့ အောက်ပါ အတိုင်းပါပဲ ။
မြန်မာနိုင်ငံကတော့ ရှာရ လွယ်ပါတယ် ။
အောက်ဆုံးကနေ စကြည့်လိုက်ရင် လွဲခဲပါတယ် ။
 

 

 

 

 

 

 

 

 

 

 

 

 

ဒါကတော့ မြန်မာနိုင်ငံကို ခြုံငုံ သုံးသပ်ထားတာတွေပါ ။
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Indicator ညွှန်ကိန်း တစ်ခုချင်းစီ ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် တွေနှင့်
Indicator ညွှန်ကိန်း တစ်ခုချင်းစီ အလိုက် နိုင်ငံ အဆင့် ပြန်သတ်မှတ်ထားချက်ပါ ။
 
( ၁ ) Rule of Law တရားဥပဒေ စိုးမိုးမှု / တရားမျှတမှု ။
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

( ၂ ) Openness to International Trade & Business
အစိုးရရဲ့ နိုင်ငံခြား အရင်းအနှီးတွေ အပေါ် လိုလားမှု / အခွင့်အရေးပေးမှု ။
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

( ၃ ) Political Stability နိုင်ငံရေး / ပေါ်လစီ / ဥပဒေ တည်ငြိမ်မှု ။
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

( ၄ ) Taxation အခွန် အတုတ် ကြီးလေးမှု ။
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

( ၅ ) Corruption လဘ်ပေး လာဘ်ယူမှု ။
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

( ၆ ) Fiscal & Monetary Administration
အစိုးရ ရဲ့ ဘဏ္ဍာရေး နှင့် ငွေကြေးထိန်းကွပ်မှု ။
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကြံဖန် ဂုဏ်ယူမယ် ဆိုရင်တော့ ဂုဏ်ယူစရာတစ်ခု ရှိပါတယ် ။
တခြားနိုင်ငံတွေက ( ဘင်္ဂလားဒေ့ရှ် က အစ )
Indicator ညွှန်ကိန်း တစ်ခုချင်းစီအလိုက်
အဆင့်တက်သွားတာ အဆင့်ကျသွားတာ နေရာပြောင်းတာ ရှိပါတယ် ။
မြန်မာနိုင်ငံကတော့ အဆင့် ( ၁၉ ) မှာ တတန်းတည်း နေပါတယ် ။
တခြား နိုင်ငံတွေထက် တည်ငြိမ်တယ်လို့ ပြောရမှာပေါ့နော် ။
 
အဲဒီလို ဆာဗေး တွေ ဆိုတာ
လူ အမျိုးမျိုး ၊ အဖွဲ့အစည်း အမျိုးမျိုး ကလုပ်နေကြတာပါ ။
ဘက်လိုက်မှု ၊ အချက်အလက် မပြည့်စုံမှု ၊ မှားယွင်းမှု တွေ ရှိနိုင်ပါတယ် ။
 
ဒီအဖွဲ့ ကတော့ သတင်း အချက်အလက်တွေကို
World Bank ကမာ္ဘ့ဘဏ်
World Economic Forum, Switzerland ကမာ္ဘ့စီပွားရေး တွေ့ဆုံမှုအဖွဲ့
Transparency International
The Wall Street Journal စတဲ့ အဖွဲ့တွေ နှင့်
ယုံကြည်လေးစားလောက်တဲ့ နိုင်ငံတကာမှာရှိနေတဲ့
စီးပွားရေး အကြံပေး ပညာရှင်တွေနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ
ရယူတယ်လို့ ပြောပါတယ် ။
Detail သိချင်ရင်တော့ တအုပ်လုံး ဖတ်မှရမယ် ။
 
ဒီ ဆာဗေး ကို အဘ အနေနှင့် မှန်တယ် မှားတယ် မပြောလိုပါဘူး ။
ဒါပေမယ့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကတော့
အဲဒီလို ဆာဗေး Result တွေကို လေ့လာပြီးမှ ဆုံးဖြတ်ကြတာပါ ။
မြန်မာနိုင်ငံ ကို နိုင်ငံတကာ ကဘယ်လိုမြင်ကြသလဲဆိုတဲ့ ၊
မြန်မာနိုင်ငံ  ရဲ့ နိုင်ငံတကာ ပုံရိပ် တွေထဲက တစ်ခု လို့ ပြောရင် ရမယ် ထင်ပါတယ် ။
 
အခုဆိုရင် ဘာကြောင့် မြန်မာနိုင်ငံ ကို ရင်းနှီးမြုပ်နှံမှုတွေ မလာပဲ ၊
( တရုတ်ကြီး အပါအဝင် နိုင်ငံတကာက ပေါ့နော် / စက်ရုံတွေ လာမဆောက်ပဲ )
သယံဇာတ တူးဖေါ်တဲ့ ကုမ္ပဏီတွေ ၊ သူ့ ပစ္စည်းရောင်းမယ့် ကုမ္ပဏီတွေပဲ
ရောက်လာရတယ် ဆိုတဲ့ အကြောင်းရင်းကို ရွာသူားတွေ နဲနဲ ရိပ်မိလောက်ပါပြီ ။
 
O K , ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ ။
ရွာသူားတွေကို ဗဟုသုတ သတင်းလေးပေးတာပါနော် ။
 
အခု ၂၀၁၂ မှာတော့ အဘ တို့ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ
အာရုဏ်ဦး ရောင်ခြည် တွေနှင့်
လင်းလက်တောက်ပလို့ နေပါတယ် ။
 
အဘ မသေခင်လေးတော့
ဖွံ့ဖြိုး တိုးတက်တဲ့ ရွှေနိုင်ငံ အစစ်ကြီးကို မြင်ရမယ်လို့
ခိုင်ခိုင် မာမာ ယုံကြည်မိပါတယ်ကွယ် ။
 
တော်သေးဘီ ။
 
အဘ Foreign Resident.

17 comments

  • Khin Latt

    January 20, 2012 at 6:37 am

    အဘ ရေ အားရစရာ အချက်တွေပါဘဲ။
    အမှန်မြင်လိုက်နိုင်ကြရင်တော့ ပြင်နိုင်ခွင့်ရမှာပါ။
    အဲဒီ အချိန် ရောက်လုပါပြီ လို့ မျှော်လင့်ရတာပါဘဲ။
    ကျွန်မတို့ အားလုံး အားမွေးထားကြတာပေါ့။ 🙂

  • ဖားသက်ပြင်း

    January 20, 2012 at 7:41 am

    >>>လစာ
    >>>အလုပ်သမား အခွင့်အရေး
    >>>သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး
    >>>ဥပဒေ အခွန် အတုတ်

    >>>တစ်ခု တောင်မကဘူး နှစ်ခု သုံးခု လောက်တော့
    >>>သူများနိုင်ငံထက် လျော့ပေးရမကွဲ့ ။

    အရပ်စကား နဲ့ပြောရရင် အောက်ကြေးနဲ့ ဖိုက်ရမယ်ပေါ့ …
    အပြည့်အဝ ထောက်ခံ ..(လက်ခံတယ်) အဘရေ ….

    အခြေကျပြီးမှ တဆင့်ပြီး တဆင့် မြှင့်ယူ ရတာ ပြဿနာမဟုတ်တော့ဘူး..
    ကနဦးတော့ ဒါတွေကို အင်ဆန်းတစ်ဗ် အနေနဲ့ သုံးပြီး ဈေးချိုတာလေးနဲ့ပဲ
    ဝင်လာအောင် လုပ်ယူရမယ် ထင့် …(အော် ကိုယ်က နံပါတ်-၁၉ ကိုး …)

  • MaMa

    January 20, 2012 at 8:36 am

    သဂျီးကပြောတော့လဲ စနစ်ကြောင့်မဟုတ်ဘူးတဲ့ FR ရေ။ 😥

  • maungmoenyo

    January 20, 2012 at 10:39 am

    လူတွေရဲ့အကျင့်စရိုက်ကစပြီး စနစ်ရဲ့လွှမ်းမိုးမှုက ကောင်းကောင်းကြီးနေရာယူထားပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ စနစ်ဆိုတာ နိုင်ငံတနိုင်ရဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုလို့ထင်စရာ ကောက်ချက်ယူစရာဖြစ်ပေမဲ့၊ လူဆိုတာစနစ်ရဲ့သားကောင်ပါ။ ကမ္ဘာဦးကျောက်ခေတ်ကစပြီး လူတွေရဲ့စိတ်နေစရိုက်နဲ့ ကြံစည်တွေးတောမှုတွေဟာ စနစ်ပေါ်မှာအခြေခံပါတယ်။ စနစ်ဆိုရာမှာ လူတစ်ဦးချင်းရဲ့ စနစ်ကိုလည်း နိုင်ငံရဲ့စနစ်က ရောင်ပြန်ဟပ်ပါတယ်။ ငြင်းလို့မရတဲ့ကိစ္စပါ။
    မြန်မာနို်င်လွတ်လပ်ရေးရပြီး(၁၀)နှစ်ကြာမှလွတ်လပ်ရေးရတဲ့တံငါရွာကြီး သာသာရှိတဲ့စင်္ကာပူဟာ၊ ခုချိန်ဘာဖြစ်လို့ မြန်မာက ပြန်မော့ကြည့်နေရတဲ့ဘဝရောက်နေရတာလဲ။
    တိုးတက်တဲ့နိုင်ငံတွေနဲ့ ခေတ်နောက်ကျကျန်နေတဲ့နိုင်ငံသား(၂)ဦး(ပျမ်းမျှ နိုင်ငံသားတစ်ဦးစီ) ရဲ့တွေးခေါ်မှုတွေဟာ ဘာဖြစ်လို့ကွာခြားနေရသလဲ။
    ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ လူဟာနိုင်ငံရေးသတ္တဝါ ပါဆိုတဲ့ မှီငြမ်းစကားဟာ ဘာကိုဆိုလိုတာလဲ။
    ဒေါ်စု က (၈၈) အရေးအခင်းကာလပြီးခါစက ဂေါတမဟာ တို့အားလုံးလို သာမာန်လူသားတစ်ဦးပါဘဲ လို့ ပြောတော့၊ နိုင်ငံတကာတတ်သိပညာရှင်များအားလုံးက ကောင်စွာသဘောပေါက်နားလည်ကြပေမဲ့။ ဗိုလ်ချုပ်စောမောင်အပါအဝင် သွားလေသူ သခင်နုအပါအဝင်၊ ဗိုလ်အောင်ကြီးလို သူတွေက ဘာ့ကြောင့် စွေ့စွေ့ ခုန်ဖြစ်သွားကြရတာလဲ။
    လူ့ဘဝအဆင့်မြင့်တန်းမှီလုံခြုံစွာနေနိုင်တဲ့ဘဝ ကိုရောက်ဖို့နေနေသာသာ ဒီမိုကရေစီလို့ခေါ်တဲ့ ဝေါဟာရအဓိပ္ပါယ်ဖွင့်ဆိုရေး ဝဲဩဂမှာ ဒီနေ့အထိ ရုန်းထွက်ရဘို့ မြန်မာပြည်သူတွေဘာ့ကြောင်ကြိုးစားနေကြရတုံးလဲ….။
    ဗဟိုနိုင်ငံရေးတက္ကသိုလ် အခြေခံကေဒါသင်တန်းဆင်းစ တယောက်ရဲ့အတွေးအခေါ်ပါဒတယူသန်စိတ် နဲ့ မြောက်ကိုရီးယားရဲ့ ကင်ဂျုံအီး အသုဘမှာ စစ်သားတွေ ချုံးပွဲချ ငိုကြတဲ့ တီဗွီမြင်ကွင်း ဘာကြောင့် အလားသဏ္ဍာန်တူနေရတာလဲ။
    ပြည်တွင်းရဲ့အားသည်ပြည်တွင်းမှာရှိသည် ဆိုတဲ့ ကြွေးကျော်ချက်နဲ့ မြန်မာ့ဆိုရှာ်လစ်လမ်းစဉ်ကိုထူထောင်ခဲ့တဲ့ founder ကြီးဗိုလ်နေဝင်း။ သူ့နဲ့ မိသားစုကို house arrest လုပ်တော့ စင်္ကံာပူမှာဆေးကုခွင့် ကို ညသန်းခေါင်ကြီး နဝတခေါင်းဆောင်တွေအိမ်ကို ဖုံးဆက်ခွင့်တောင်းရတာလဲ။
    ဒါတွေအားလုံးဟာ………………………………………………………………………………

    • the best

      January 21, 2012 at 12:08 am

      မြန်မာပြည်သူတွေဟာ စနစ်ရဲ့ သားကောင် လား ။ အစိုးရရဲ့ သားကောင် လား ။ စီးပွားရေးလက်ဝါးကြီးအုပ်ူတွေ ရဲ့ သားကောင် လား

  • manawphyulay

    January 20, 2012 at 11:11 am

    အဘပြောမှ တွေးစရာ စဉ်းစားစရာ တစ်ပုံတစ်ပင်ကြီးပါပဲ။ ရွှေရေစိမ်တော့ မလိုချင်ဘူး။ အမှန်အကန်စစ်စစ်ကိုပဲ ပြည်သူအများက လိုလားတောင့်တကြတာပါ။ ဖြစ်မြောက်လာဖို့လည်း မျှော်လင့်နေမိတယ်။

  • kyeemite

    January 20, 2012 at 1:03 pm

    အဘ Foreign Resident.ရေ ..ဒီပို့စ်လေးတင်ပေးတာကျေးဇူးပါ..
    ကိုယ့်ဟာကိုယ်ဆို ဒီလိုအချက်အလက်တွေဘယ်မှာရှာရမှန်းတောင်မသိဘူး..
    ကူးထားလိုက်ပါတယ်..သူများတွေကိုရှယ်ဘို့ပါ..

  • စိန်ပေါက်ပေါက်

    January 20, 2012 at 1:55 pm

    မြန်မာက အငြိမ်ပဲနော်
    တစ်တန်းထဲပဲ..ငြိမ်ပြီးရပ်နေတယ်..
    ခက်တာက အောက်အတန်းဖြစ်နေတာတစ်ခုပဲ
    ကွိ..ကွိ. 😆
    အချက်အလက်တွေအတွက်..တိုင်းကျူးအူးဖော

  • pooch

    January 20, 2012 at 2:35 pm

    အရင်က ဘယ်လိုတွေပဲ အဆင့် သတ်မှတ်ချက်တွေနိမ့်ခဲ့ နိမ့်ခဲ့ အခုတော့ အဲ့ဒီထက်သာဖို့ အခွင့်အရေးတို့ မျှော်လင့်ချက်တို့ အိမ်မက်တို့ ရှင်သန်လာပြီမို့ မဝေးသော တနေ့မှာ ရွှေပြည်တော် မျှော်တိုင်းမဝေးတော့ပြီလို့ ………………..

    • windtalker

      January 20, 2012 at 9:27 pm

      ဟုတ်ပါတယ်
      အကောင်းမြင် စိတ်နဲ ့ဘဲ
      တစ်ဘက်တစ်လမ်း က နေ
      ဝိုင်းဝန်း စည်းကမ်းရှိရှိ စနစ်တကျ
      ကူညီပံ့ပိုးကြရမှာပါ

  • ဇွဲမာန်(အင်းဝ)

    January 20, 2012 at 11:19 pm

    အကောင်မြင်စိတ်ရှိတက်သူဖို့ တိုးတက်ခြင်းလမ်းစပဲ

  • ဦးဦးပါလေရာ

    January 20, 2012 at 11:42 pm

    အခုတော့ နဲနဲ စပြောင်းနေပြီဆိုတော့
    နောင် နှစ်နှစ်လောက်အတွင်း ဘယ်လောက် အလုပ်ဖြစ်အောင်ပြောင်းလဲနိုင်မလဲဆိုတာ
    စောင့်ကြည့်သေးတာပေါ့။

  • the best

    January 21, 2012 at 12:12 am

    မြန်မာပြည်သူတွေဟာစနစ်ရဲ့ သားကောင် လား ။ အစိုးရရဲ့ သားကောင် လား ။ စီးပွားရေးလက်ဝါးကြီးအုပ် တွေ ရဲ့ သားကောင် လား ။

    • maungmoenyo

      January 21, 2012 at 9:04 am

      လူဟာ စနစ် ရဲ့သားကောင်လို့ ဆိုပါရစေ။ စနစ် ဆိုရာမှာ လူတစ်ဦးချင်းရဲ့ စနစ်၊ မိသားတစ်စုချင်းရဲ့စတစ်၊ ရပ်ကွက်/ကျေးရွာ တစ်ခုရဲ့စနစ်၊ မြို့ တစ်မြို့၊ တိုင်း/ပြည်နယ် ပြီးတော့ နိုင်ငံတော်တစ်ခုလုံး။ အဆုံးစွန်ပြောရရင် လူသားတစ်ရပ်လုံးရဲ့စနစ်…။
      သေချာတာကတော့ စနစ်က လူ့ရပ်ဝန်းတစ်ခုကို ကောင်းကောင်းကြီး လွှမ်းမိုးအရိပ်ထိုးနေပါတယ်။
      မြန်မာပြည်မှာမွေးဖွားကြီးပြင်းပြီး အမေရိက လိုနိုင်ငံရောက်သည့်တိုင် ကာလအတော်ကြာ အထိ (၁၀)နှစ်(၁၅)နှစ်လောက်ကြာတဲ့အထိ မြန်မာနိုင်ငံရဲ့ စနစ် တွေးခေါ်မှုက လွှမ်းမိုးနေရာယူထားပါတယ်။ အဲ့ဒီကာလကိုကျော်လွန်ခါမှ အမေရိကရဲ့ စနစ်အတွေးအခေါ်ကမသိမသာ နဲ့ နေရာယူလာလေ့ရှိပါတယ်။ ကိုယ်ကမသိပေမဲ့ ကိုယ့်အတွေးအခေါ်အယူအဆပြောင်းလာတာကို ဘေးကလူက (မြန်မာနိုင်ငံမှာ ရှိနေတဲ့သူက) ကောင်းကောင်းကြီးရိပ်မိပါတယ်။ လူတစ်ဦးချင်း ကွာခြားမှုတွေတော့ရှိတာပေါ့လေ…။
      ဒါပေမဲ့ အဲ့ဒီနိုင်ငံရဲ့စနစ်က အဲ့ဒီနိုင်ငံသားပေါ်မှာလွှမ်းမိုးမှုရှိတာကိုတော့ ငြင်းလို့မရပါဘူး။

  • unclegyi1974

    January 21, 2012 at 9:58 pm

    ထောက်ခံတယ်ဗျို့
    နောက်တခုထပ်ဖြည့်လိုက်မယ်
    အမြတ်လိုချင်ရင်အရင်းတော့ထည့်ရမယ်
    အရင်းမပါပဲအမြတ်တော့မရနိုင်ဖူး
    နဲနဲမြတ်တာကိုယူမလားနဲနဲတော့ရင်းရမယ်၁ဝရင်းပြီး၁၀၀ဝတော့မရနိုင်ဖူး
    များများမြတ်တာကိုယူမလားများများရင်ရမယ်
    နိုင်ငံတိုးတက်ချင်တယ်ဘာမှလည်းမရင်းချင်ဖူးဆိုရင်
    တဟုန်ထိုးတိုးတက်ဖို့ကခက်ပါတယ်
    ဘာလုပ်ကြမလဲ

  • swe aung

    January 30, 2013 at 12:10 pm

    ဘဘဖော ရဲ့ post တွေ ရှယ် ခွင့်ပြုပါနော်
    ခင်မင်လေးစားစွာဖြင့်

  • အဘရေ တော်တော်လေးဗဟုသုတရပါတယ်။
    ဘာမှမပြောလိုတော့ပါ။
    လစာအတိုးကိုသာစောင့်နေရပါသည်။

Leave a Reply