a latt kaungOctober 4, 20111min43
ဆရာဦးဘသော်သည် ရန်ကုန်မြို့လယ် ကျောင်းတစ်ကျောင်း က ကျောင်းဆရာ ဖြစ်သည်။ သူသည် တောကျောင်းက ဆယ်တန်း အောင်သည်။ နောက် မိဘတွေက သူ့ကို ပညာရေးတက္ကသိုလ်ပို့ခဲ့သည်။ သူ . . . တောကလာတာ မှန်သော်လည်း မြို့ကို အတော်ချစ်နေသည်။ တစ်ချိန်က ဘီအီးဒီကျောင်းဆင်းတွေထဲမှ အများစုသည် စေလိုရာစေဆိုပြီး အလုပ်တွေလျှောက်ကာ တောတွေ၊ တောင်တွေရှိရာ ပြည်နယ်တွေကို သွားသည့်အတွက် ကျောင်းအုပ်ကြီးတွေ ဖြစ်ကြသည်။ သို့သော် သူတို့သည် နယ်တွင်နေကြရသည်က များသည်။ ဦးဘသော် ရန်ကုန်ကို သဘောကျသည်။ သူ တောမှာရှိစဉ်က ပေါ်တာကြေး၊ မီးကင်းခ စသည့် အခွန်အခ များ အတော်လာသည်။ နောက် . . . သူတို့တောက ပြည်သူ့ဆိုင်ကလည်း အဆင့်နိမ့်ဖြစ်၍ […]


a latt kaungOctober 18, 20101min1684
ဆုတောင်း အိပ်မက်ထဲတွင် ဘကြီးစိန်နှင့် သိကြားမင်းတွေ့သည်။ သိကြားမင်းကပြောသည်. `ကြိုက်ရာဆုတစ်ခုတောင်းပါ´ `မြန်မာပြည်ကလူတွေ ရိုးသား၊ အမြော်အမြင်ရှိတဲ့ ြ့ကံပါတီဝင်စေချင်ပါတယ်` `ဆုတောင်း ၃ခုတောင်မှလား` `မဟုတ်ပါဘူး။ လိုချင်တာပါ` `ဒါဆိုရင် ၂ခုတော့ဖြည့်ဆည်းပေးမယ်` `ဟုတ်ကဲ့။ ကျေးဇူးပါ´ သိကြားမင်းက ရိုးသားခြင်း၊ အမြော်အမြင်ရှိခြင်း၊ ကြံ့ပါတီဝင်ဖြစ်ခြင်းကို ဆုတောင်း၃ခုလို့ ယူဆကာ ၂ခုကိုသာ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်ကလူတွေ ဆုတောင်း ၂မျိုးသာပြည့်စုံကြပါတယ်။ ၁။ ကတော့ ရိုးသား၊ အမြော်အမြင်ရှိရင် ကြံ့ပါတီမဝင်ကြဘူး ၂။ ကတော့ ရိုးသားပြီးပါတီဝင်သူတွေက အမြော်အမြင်မရှိကြဘူး ၃။ အမြော်အမြင်ရှိပြီး ပါတီဝင်သူတွေက မရိုးးသားကြဘူး