ရွာထိပ်ကို ကျွန်တော် ရောက်တော့ နှင်း မရောက်သေးပါ။ နှင်း အလာ လမ်းကို တစ်ချက်တစ်ချက် ငေးမျှော်ရင်းး ကျွန်တော် ခရေပင်ကြီး အောက်မှာ ထိုင်နေမိသည်။ မြောက်လေ မြူးမြူးက ရှူးရှူးရှဲရှဲ တိုက်လာသည်။ လေတိုက်ခြင်းကြောင့် ခရေပင်ကြီး အနည်းငယ် လှုပ်ခတ် လာပြီး ခရေရွက်တို့အချင်းချင်း ထိခတ် သံ တဖျတ်ဖျတ်ကို ကြားရသည် ။ မြောက်လေနှင့်အတူ ပါလာတာကတော့ ကျွန်တော် ဘာပန်းမှန်း မသိသည့် ပန်းရနံ့သင်းသင်းကလေးဖြစ်ပြီး ကျွန်တော် ကောင်းကောင်း သိနေသော ခရေပန်း ရနံ ့ကလေး လည်း ပါလာသည်။ ခရေပန်းရနံ ့။ ဟုတ်သားပဲ ။ နှင်းခေါင်းက ဆံထုံးကလေးထက်မှာ ခရေပန်းကုံးကလေး ရစ်ပတ်သီကုံးထားတာ မြင်ဖူးသည်။ […]