တစ်ချို့ post အသစ်တွေကို ဖွင့်ဖတ်တဲ့ အခါမှာ Rules for Writers ဆိုတဲ့ ပေ့ကိုပဲရောက်ရောက်နေတာ ဘာကြောင့် လဲခင်ဗျာ. ဘယ်တော့အရေးယူမှာလဲ ( ကလေးများမကြည့်ရ) Face Book က ရ တဲ့ သ တင်း ပါ ၊ ချင့် ချိန် နိူင် အောင် ပါ 3-6-2012 ရက်နေ့တောင်ကုတ်မြို့တွင် အပြစ်မဲ့ မြန်မာခရီးသည် ၁ဝ ဦး ပစ္စည်းယူပြီးရက်စက်စွာအသတ်ခံရ အဲ့လို post တွေ မှာ ဖြစ်နေတာပါ ကျွန်တော်တစ်ယောက်ထဲဖြစ်တာလား..ban ထားတာလား သိချင်လို့ပါ ကျေးဇူးတင်ပါတယ်..


သူများတွေလို ဖူန်ခေါ်လာရင်သီချင်းသံလေးကြားရအောင်. တစ်လ 2000 ပေးပြီး ဆတ်ဆတ်ဆော့ဆော့လုပ်မိပါတယ် လုပ်ပြီး 10ရက်လောက်နေတော့ သီချင်းသံပျောက်သွားရော ခုတော့ သီချင်းသံမကြားရတာ 1လ ကျော်ပြီ သူတို့ကို4ခါလောက်အကြောင်းကြားတော့လဲ လုပ်ပေးပါမယ်တဲ့ စိတ်မရှည်တာနဲ့ မသုံးချင်တော့ဘူးဗျာ ပိတ်ပေးပါတော့ဆိုပြီးအကြောင်းကြားထားတာ ခုတော့ မပိတ်တဲ့ အပြင် 2000ကျပ်တိတိ တီကတဲဖြတ်ချသွားပြန်ရော သီချင်းသံလဲမထွက်ပဲနဲ့ စိတ်လေတယ် ဒါနဲ့ ဖုန်းဆက်ပြောတော့လဲ ကြိုးစားပေးပါမယ်တဲ့.. ဆိုတော့ သူကကြိုးစားပေးမယ်သာပြောနေတာ မရရင် လစဉ် 2000ဖြတ်ခံနေရမှာလားဆိုတော့ သူတို့လဲမသိဘူးတဲ့. ဘာကြီးလဲဗျာ နည်းပညာမနိုင်ရင်လဲ လုပ်မစားပါနဲ့ ဝန်ဆောင်မှု့မရပဲနဲ့ အလကားနေရင်း တစ်လ 2000 ဖြတ်နေမယ်ဆို ဟုတ်သေးဘူးထင်တယ် ခုတော့ လုပ်မိတဲ့ ကျွန်တော့ အမှားပါ မောင့်အပြစ်နဲ့မောင်သာရှိပါစေတော့ နောင်လာနောင်သားများ မမှားရအောင် အသိပေးပါ၏


  လစဉ်ကောက်ခံလျှက်ရှိတဲ့ လျှစ်စစ်မီတာခ ဘီလ်များကိုလဲ မှန်မှန်ကန်ကန်ပေးဆောင်နေပါရက်နဲ့ အခု မီတာခ တွေ ဈေးတက်တော့ ယခင်  မီတာခ အကြွေးကျန် တဲ့ အတွက်ဆိုပြီး  1 သိန်းပါး  ကောက်ခံလာပါတယ် ဘယ်လိုကြောင့် အကြွေးတင်သွားတယ်ဆိုတာ..သိတဲ့သူများရှင်းပြပါလားခင်ဗျာ သုံးရင် သုံးသလောက် လစဉ် မှန်မှန် ဆောင်နေရတာ ပြသနာမရှိပါ ဒီလိုကြီး  အကြွေးကျန်ပါတယ်ဆိုပြီး နင့်နေအောင် တစ်ခါတည်း ဆောင်ရတာတော့ သာမန်လူတန်းစားအတွက်  မလွယ်ပါဘူး မီတာ မှန်မှန်ဖတ်ပြီး..မှန်မှန်လေးကျသင့်သလောက် တောင်းခံသင့်ပါတယ်.