အာဂNovember 3, 20101min2009
မျိုးရိုးထဲတွင်အဘိုးနှင့်တူသူ ၎င်း၏မျိုးရိုးထဲတွင် ဘိုအေဖြစ်သူနှင့် တူသူမှာ အမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက်သမ္မတ ဖြစ်သည့် အေဘရာဟမ်လင်ကွန်း(၁၈၀၉-၁၈၆၅)ဖြစ်သည်။ တူညီသည့်အချက်များမှာ သူသည် ဘိုအေ ဖြစ်သူကဲ့သို့ပင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်း။ နာမည်၏ ဦးဆုံးစာလုံးသည် အေ ဘရာဟမ်ဖြစ်ခြင်း၊ နှစ်ဦးစလုံး၏ ဇနီးအမည်များမှာ မေရီဖြစ်ခြင်းနှင့် နှစ်ဦးစလုံးတွင်သား တစ်ယောက်သာရှိပြီး၊သားများ၏အမည်များကိုလည်း သောမတ်စ် ဟူ၍ မှည့်ခေါ်ခြင်းတို့ဖြစ် ကြ သည်။ လက်ဆွဲနှုတ်ဆက်ခြင်း မပြုလိုသည့် သမ္မတ အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံး သမ္မတဖြစ်သည့် ဂျော့ဝါရှင်တန်(၁၇၃၂-၁၇၉၉) သည် သမ္မတအဖြစ် နှစ်ကြိမ်ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူ၏သမ္မတသက်တမ်း နှစ်ကြိမ်အတွင်းသူသည် လက်ဆွဲနှုတ်ဆက်ခြင်းကို လုံးဝ မပြုလုပ်ခဲ့ချေ။ လက်ဆွဲနှုတ်ဆက် ခြင်းမပြုရသည့် အကြောင်းမှာ သမ္မတတစ်ဦးအနေဖြင့် လက်ဆွဲနှုတ်ဆက်လျှင် သိက္ခာကျ သည်ဟု ယူဆခြင်းကြောင့်ဖြစ်ပြီး၊ လက်ဆွဲနှုတ်ဆက်ရမည့်အစား ဦးခေါင်းသာညိတ်ပြခဲ့သည်။ […]


အာဂNovember 2, 20101min2027
ကမ္ဘာသမိုင်းတစ်လျောက်လုံးအခမ်းအနားဆုံး ဈာပန မဟာအလက်ဇန်းဒါဘုရင်(၃၅၆ ဘီစီ-၃၂၃ ဘီစီ) ကွယ်လွန်သွားသည့်အခါ ၎င်း၏ ရုပ်အလောင်းကို တင်ဆောင်သည့်မြင်းရထားကို ကျောက်မျက်ရတနာမျိုးစုံဖြင့် စီခြယ်ထားပြီး မြင်း(၆၄)ကောင်ဖြင့် ဆွဲခဲ့သည်။၎င်းရထားကို ဘေဘီလုံမြို့  မှနေ၍ အကွာအဝေး မိုင်ပေါင်း(၁၁၀၀)တွင်ရှိသည့် အလက် ဇန်းဒြီးယားမြို့   သို့ သယ်ဆောင်ခဲ့သည်။ (ဈပန အခမ်းအနားအတွက် စုစုပေါင်းကုန်ကျငွေမှာ(ထိုခေတ်က)ဒေါ်လာ (၆၀၀,၀၀၀,000) ဖြစ်သည်။ သမိုင်းတစ်လျောက် အထူးခြားဆုံး စာကြည့်တိုက် ပါရှားနိုင်ငံ၏ နန်းရင်းဝန်ဖြစ်သည့် အပြင် စာပေကျမ်းဂန် လေ့လာ လိုက်စားသည့် အဘူလ်ကက်စ်ရှမ် အစ်စ်မေလ် (၉၃၈ -၉၅၅) သည် စာအလွန်ဖတ်သူဖြစ်ပြီး ၊သူတွင်စာအုပ် ပေါင်း (၁၁ရ ဝ၀၀)အုပ်ရှိသည်။ သူသည်ခရီးထွက်တိုင်း ယုတ်စွအဆုံး စစ်တိုက်ထွက်ရာ ပင်သူ၏ စာအုပ်များကို သယ်ဆောင်သွားလေ့ရှိသည်။ သူ၏စာအုပ်များကိုသယ်ဆောင်ရသည့် ကုလား အုပ်ပေါင်းမှာ (၄၀၀) […]


အာဂOctober 21, 20101min2508
ကမ္ဘာကြီးကလည်း ခပ်လှုပ်လှုပ် မြန်မာ ပြည်က လည်း လှုပ်လှုပ် ရေတွေကလည်း လှုပ်လှုပ် လေတွေကလည်း လှုပ်လှုပ် မြေတွေကလည်း လှုပ်လှုပ် သစ်ပင်တွေ လှုပ်လှုပ် သစ်ရွက်တွေ လှုပ်လှုပ် တရိစာ္ဆန်တွေ လှုပ်လှုပ် လူတွေ လှုပ်လှုပ် စိတ်တွေကလည်း လှုပ်လှုပ် အကျင့် သီလတွေကလည်း လှုပ်လှုပ် ရိုးသားမှုကလည်း လှုပ်လှုပ် အမှန်တရားကလည်း လှုပ်လှုပ် ကောင်မလေးလည်း လှုပ်လှုပ် ကျွန်တော်ကလည်း လှုပ်လှုပ် အချစ်ကလည်း လှုပ်လှုပ် အမုန်းကလည်း လှုပ်လှုပ် ဒီကနေ့လည်း ခပ်လှုပ်လှုပ် မနက်ဖြန်လည်း ခပ်လှုပ်လှုပ် ခပ်သုတ်သုတ်သွား ခပ်သုတ်သုတ်စားလို့ ဘယ်အရာကများ..တည်တည်ငြိမ်ငြိမ် ရှိလဲ..။ ဒေါ သကလည်း လှုပ်တယ် မောဟ ကလည်း လှုပ်တယ် မေတ္တာကလည်း လှုပ်တယ် သစ္စာကလည်း လှုပ်တယ်.။ […]


အာဂOctober 20, 20101min38217
“သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသည်” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းရဲ့ စာရွက်မှာတော့ “သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသင့်သည်” လို့ ရေးထားပါတယ်။ တစ်ကြောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း (သို့မဟုတ်) တစ်လုံး တစ်ပုဒ်၊ တစ်ပုဒ် တစ်လုံးတည်း လို့ပြောရမယ့် ရှားရှားပါးပါးစာပိုဒ် လေးတွေကို စုဆောင်းမိသလောက် တင်ပြလိုက်ပါတယ်။ မှတ်ချက် ။ ။ အသံထွက်ရွတ်ဖတ်လျှင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာ ဖြစ်ပြီး ထိုသို့မဖတ်ခင် ကျေးဇူးပြုပြီး သင့်ငယ်ထိပ်၊ မျက်စိ၊ လျှာ စသည်တို့ကို ပရုတ်ဆီပွတ်ထားပါရန် အကြံပြုလိုပါသည်။ ============================== ========= သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသင့်သည်။ ကုက္ကိုင်းက ကျော်ကျော်က ကြိုးကြိုးကုပ်ကုပ် ကျိုးကျိုးကျွန်ကျွန်ကွ၊ ကိုင်းကုန်ကို […]


အာဂOctober 16, 20101min2466
နံနက် ၅နာရီဆိုရင် ကျွန်တော်လမ်းလျှောက်ထွက်တတ်တယ်။ အသက်ကလေးရလာတော့ ငွေရှာတဲ့အလုပ်ကိုလျှော့ပြီး ကိုယ့်ဘဝအတွက် အရေးကြီးတာတွေကို လုပ်ချင်လာတယ်။ ကိုယ်ဝါသနာပါတာတွေ လုပ်ချင်လာတယ်။ အောင်မြင်မှုနောက် ငွေနောက် လိုက်ရတာကြာလာတော့ ငြီးငွေ့လာတယ်။ မနက်မိုးလင်းကနေ ပြီး မိုးချုပ်တဲ့အထိ ပိုက်ဆံနောက် တကောက်ကောက်လိုက်ခဲ့တာတွေကို ပြန်တွေးကြည့်ရင်… ရင်မောလိုက်တာ။ အသက် (၅၀)နား နီးလာတော့ ငွေနဲ့ကျန်းမာရေး၊ အောင်မြင်မှုနဲ့ ကျန်းမာရေး တစ်ခုခုကို ရွေးချယ်ရတော့မယ်ဆိုတဲ့ အသိလေးဝင်လာတယ်။ ဒီအသက် ဒီအရွယ်မှာ ကျန်းမာရေးကလည်း သိပ်ပြီး မဟုတ်ချင်ဘူး။ ညာဘက်ကျောက်ကပ်ကို ခွဲပြီး ကျောက်ထုတ်ထားတာ နှစ်ခါရှိပြီ။  ဒီတော့ လမ်းလျှောက်ရင် ညာ ဘက်ခြေထောက်က သိပ်မသွက်ဘူး။ လမ်းလျှောက်တယ်ဆိုတော့ လမ်းကောင်းကောင်းကို ရွေးရတာပေါ့။ ကျွန်တော်နေတာက အရှေ့ကျွဲဆည်ကန်မှာ။ ကျွန်တော်တို့အရပ်က လမ်းလျှောက်လို့ သိပ်မကောင်းဘူး။ ဒါကြောင့် မနက်မနက်ဆိုရင် ဆိုင်ကယ်ကို […]


အာဂOctober 14, 20101min810
ရေဒီယို အစီအစဉ်ကောင်းများဖြင့် ပရိတ်သတ်ကို ဆွဲဆောင်ထားနိုင်သည့် City FM ရေဒီယိုတွင် လူကြိုက်များသော ရေဒီယိုအစီအစဉ် (Radio Show) များစွာကို တင်ဆက်ပေးနေသည့် City FM Studio မှ အောက်တိုဘာလအတွင်း အစီအစဉ်သစ်တစ်ခုကို ထပ်မံတင်ဆက်သွားမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်အား “Duet Feeling” ဟု အမည်ပေးထားပြီး ခေတ်မရွေးတဲ့ စုံတွဲ တေးလေးများချည်း သီးသန့် စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကဏ္ဍကတော့ နားဆင်သူ ချစ်သူမောင်မယ်တွေကိုယ်တိုင် ရင်ထဲက ခံစားချက်လေးတွေကို ပီပီပြင်ပြင်ရေးဖွဲ့လို့ သီချင်းတောင်းဆိုနိုင်တဲ့ အစီအစဉ်လေးပါ။ တစ်ပတ်တစ်ခါ တနင်္လာနေ့ နဲ့ သောကြာနေ့ ညနေ ၄ နာရီချိန်တိုင်း တင်ဆက်ပေးမယ့် ဒီ “Duet Feeling” အစီအစဉ်မှာ ဒီ […]


အာဂOctober 13, 20101min38319
ပြည်သူလူထုရဲ့ အချစ်တော် ပါတီတစ်ခုဖြစ်တဲ့ ကြံ့ဖွံ့ ပါတီရဲ့ ့ အမာခံ ပရိသတ် တစ်ဦးကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အောင်ပန်းလှိုင် လမ်း မှာ အမှတ်တမဲ့ တွေ့ရှိခဲ့လို့ အခုလိုပဲ.. မြန်မာ့အလင်း နဲ့ ကြေးမှံသတင်းစာတို့က မှတ်တမ်း တင်ခဲ့ပါ တယ်။ သူကတော့ ပါတီရဲ့ တံဆိပ် ကေသရာဇာ ခြေင်္သ့မင်းကို အားကျလို့ ဒီပါတီ ကို သူတို့အမျိုးတွေ အတွက် အားကိုးတကြီး လိုအပ်နေသောကြောင့် အားပေးရခြင်းနဲ့ ဒီပါတီကိုထောက်ခံရခြင်းဖြစ် ကြောင်း နဲ့ အခုလာမယ့်ရွေးကောက်ပွဲမှာလည်း အထူးတလည်ထောက်ခံအားပေးသွားမည်ဖြစ် ကြောင်း MRTV , MRTV-4 စတဲ့ ရုပ်သံလှို်င်းများ နဲ့ တွေဆုံမေးမြန်ခန်းမှာ ကြံဖွတ်ပါတီ အကြီးအကဲ က ဘာသာပြန်ဆိုတင်ဆက်သွားခဲ့ပါတယ်။ သတင်းအပြည်အစုံကို ယနေ့ည […]


အာဂOctober 11, 20101min31320
အရမ်း သဘောကျမိတဲ့ ပုံလေးတစ်ပုံ ပါ ။ လမ်းဘေးမှာ ဆင်းဆင်းရဲရဲ့နဲ့ ထမင်းချက်နေတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့ သားသမီးလား ၊မြေးလားမသိတဲ့ ကလေးလေးတစ်ယောက် ရဲ့  ဘာသာရေး ကြည်ညိုကိုင်းရှိင်းမှု ပုံရိပ်လေးပါ။ ကလေးလေးက ပုံမှာ ကြည့်ရတာ အသက်တော်တော်ငယ်သေးတဲ့ပုံပါပဲ။ ဦးဇင်းကြီးရဲ့ အကြည့် ကလည်း ပိတီတွေ နဲ့ အသက်ဝင်လှပါတယ်။ ဘေးကအဒေါ်ကြီးက လည်း သူကလေးရဲ့ လိမ္မာရေးခြားရှိမှု ကိုကြည့်   ပြီး ပိတီဖြစ်နေပုံပါပဲ..။ နောက်တွေးမိတာက ဒီလိုလူမမယ်ကလေးတောင် သံဃာတော် ကိုရိုသေလေးစား ရမှန်းသိပြီး တိုင်းပြည်အုပ်ချုပ်နေတဲ့ လူတွေက မသိပဲ သံဃာတွေကို ပြီးခဲ့ တဲ့ အရေးအခင်းမှာ ရိုက်နှက်သတ်ပုတ် ကိုယှဉ်ကြည့်ပြီး ဒေါသထွက်ရပါတယ်။ မှတ်ချက်။ ။ မည်သူရိုက်ထားသည့်ပုံလည်းတော့မသိပါ။ ဓာတ်ပုံပိုင်ရှင် အနေဖြင့် ခွင့်လွတ်နားလည်လိမ့်မည်ဟုလည်း ယူဆမိပါသည်။


အာဂOctober 1, 20101min2668
ငါ တို့ စစ္စလီကျွန်းမှာ လူမိုက်တွေပေါတယ်။ ဟေ့ ပီလို မင်းရဲ့ အော်စတင်ကား မီးကိုပိတ်လိုက် ဟောဟို မှာ လက်နက်ကိုင် ငနဲတွေကိုတွေ့လား သူတို့က အလင်းရောင်ကိုမကြိုက်ဘူး သူတို့လို အမှောင်ထဲမှာ ငြိမ်ကုတ်ပြီးနေမှ သူတို့က သဘောကျတာ။ မဟုတ်ရင် သူတို့ကျည်ဆံ နှုတ်ခမ်းဝ ကမင်းပါပြင်ကို နမ်းသွားလိမ့်မယ်..ပီလို ငါပြောတာကို နားထောင် ပီလို မင်း စကားကို အော်ကျယ်ကျယ် မပြောနဲ့ သူတို့ က မာဖီယား ဂိုဏ်းသားအကြီးစားတွေပဲ သူတို့ က သူတို့ God Father တွေရဲ့ အရှိန်နဲ့လူတွေကို တွန်းတိုက်နေတဲ့ကောင်တွေကွ။ သူတို့က သူခိုးအကြီးစားတွေပဲလို့မင်းပြောတာမှန်တယ် ပီလို နီကိုးလာစ်ကေ့ က စက္ကန့် ၆ဝ အတွင်း ကား အစီး၆ဝ ခိုးနိုင်တယ်ဆိုတာ […]


အာဂSeptember 29, 20101min33715
မသိအောင် ၊မတတ်အောင် လုပ်ထားခြင်း ခံရလေလေ အလိုလို ကြောက်ရွံ့လေပဲ။ ဆင်းရဲမှာကို ကြောက်လို့ ငတ်မှာကို ကြောက်လို့ သိက္ခာကြမှာကိုကြောက်လို့ ဂုဏ်ငယ်ရှိမှာကို ကြောက်လို့ ကြောက်တတ်တဲ့ ဆွေမျိုးတွေကိုကြောက်လို့ ကြောက်တတ်တဲ့ မိဘတွေကိုကြောက်လို့ ကြောက်တတ်တဲ့ ချစ်သူကိုကြောက်လို့ ကြောက်တတ်တဲ့ ဆရာကိုကြောက်လို့။ ရှူး …တိုး…တိုး…ပြောပါကွာလို့ ကြောက်တတ်တဲ့ သူငယ်ချင်းကသတိပေးတဲ့ စကားကို ကြောက်လို့ ကြောက်တတ်တဲ့ အလုပ်ရှင်ကိုကြောက်လို့ ကြောက်တတ်တဲ့ လူကြီးလူကောင်းကိုကြောက်လို့ သွေးသံရဲရဲတွေကို ကြောက်လို့ သေနတ်တွေ၊ ဓားတွေ၊တုတ်တွေ၊ကြိုးတွေ လှောင်အိမ်တွေ၊ထောက်ချောက်တွေကိုကြောက်လို့ ကြောက်လို့လိုက်လုပ်ရတဲ့သူကို ကြောက်လို့ လုပ်ပိုင်ခွင့်ကလေး ပျောက်သွားမှာကိုကြောက်လို့ ကြောက်လို့…. ကြောက်လို့….. ကြောက်လို့…….. ကြောက်လို့……….အနာဂတ် တစ်ခုလုံး…လုံးပါးပါးခဲ့…။ ကျွန်တော်အပါအဝင် ကြောက်တတ်တဲ့ ပတ်ဝင်းကျင်သာ ကြားဖူးတဲ့ စကားပုံတစ်ခုအတိုင်း ကြောက်တတ်ရင်သိပ်ကောင်းမှာပဲ။ `သူရဲကောင်းတို့ အကြောက်ဆုံးအရာက ကြောက်ရမှာကို ကြောက်တာပါပဲ´ […]


အာဂSeptember 29, 20101min2588
ပြတ်ပြတ်သားသားပြောရရင်ခင်ဗျားကကျွန်တော်မဟုတ်ဘူး။ ခင်ဗျားစီးတဲ့ကားအမျိုးအစား ကျွန်တော်မသိသလို ကျွန်တော်စီးတဲ့ ဖိနပ်တံဆိပ်လည်း ခင်းဗျားသိမှာမဟုတ်ဘူး။ ခင်ဗျားနင်းခဲ့တဲ့ လည်မျိုတွေ ခင်ဗျားမမှတ်မိသလို ကျွန်တော်ကိုတွန်းချနေတဲ့ လက်တွေကိုလဲ မှတ်မိတော့ဘူး။ ခင်ဗျားက လောကဓံကို ဖယောင်းတိုင်းမီးမှုတ်သလို ချူပ်ငြိမ်းလို့ရပေမဲ့ ကျွန်တော်က ဒုက္ခတွေကို တစ်စတစ်စလိုက်ကောက်လို့ မဆုံးဘူး။ ခင်ဗျားဒုက္ခက ကျွန်တော်ဒုက္ခထက် တစ်ခါတစ်ခါ ပိုများနေမလား။ ခင်းဗျားအရာရာကိုဖန်ဆင်းနိုင်တဲ့ နတ်တစ်ပါးဖြစ်သလို ကျွန်တော်က အရာရာမဖြည့်စီးနိုင်တဲ ့လိုအပ်မှုနတ်သားဖြစ်တယ်။ ခင်းဗျားက အမှားကိုအမှန်လုပ်တတ်တဲ့ ပါရဂူ ကျွန်တော်က အမှန်ကို အမှန်မပြောရဲတဲ့ ငကြောက် ကျွန်တော်က သေမှာထက် ငွေမရှိတဲ့ဘဝကိုရောက်မှာပိုကြောက်သလို ခင်ဗျားက ငွေမရှိမှာထက်သေမှာပိုကြောက်တယ်မဟုတ်လား။ ခင်ဗျားနဲ့ကျွန်တော်တူတာဆိုလို့ အချိန်တန်ရင်သေမှာရယ်၊ သောကအကြီးအသေးတွေရယ်၊ အကောင်းမမြင်တက်တဲ့သံသယအချို့ ့ရယ်၊မိသားစုအတွက်ရယ်ပဲရှိတယ်…။ ကဲ ခင်ဗျား…………ကကျွန်တော်နဲ့မတူပါဘူးဆိုနေမှပဲ..။


အာဂSeptember 21, 20101min26014
(၁) မောင်ရန်လင်း တစ်ယောက် မြောက်ဒဂုံမြို့နယ် နေအိမ်အနီးရှိ ရေအိုင်ထဲတွင် ဆော့ကစားနေသည်။ ငါးကလေးများအား လိုက်လံ ဖမ်းဆီးနေသည်။ ခဏအကြာ “အား” ခနဲ အော်သံနှင့်အတူ ရေအိုင်တစ်ခုလုံး ရဲရဲတောက် နီရဲသွားသည်။ ထိုအခါမှ မိခင်ဖြစ်သူသည် အပြေးအလွှား ရောက်လာကာ မောင်ရန်လင်းအား ပွေ့ချီ၍ ကြည့်ရှုမိတော့သည်။ မောင်ရန်လင်း ခြေဖဝါးတစ်ခုလုံး သွေးသံရဲရဲနှင့် ဟက်တက် ကွဲနေသည်ကို တွေ့ရသည်။ ပုလင်းကွဲကြောင့်လား၊ သံပြားကြောင့်လားတော့ မသိ။ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ရောက်လာတော့သည်။ ဒေါက်တာ ထူးထူးကျော်နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းမှ သူနာပြုဆရာမများက ဝိုင်းဝန်း၍ ကူညီဖေးမ ကုသပေးတော့သည်။ ကွဲသွားသော ခြေဖဝါး မှ ဒဏ်ရာအား ထုံဆေးပေးကာ ဆေးထည့်၍ ချုပ်ပေးလိုက်သည်။ မောင်ရန်လင်း ခမျာ နာကျင်လွန်း၍ […]