အာဂSeptember 20, 201034min3292
http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင် http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်…. http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်…. http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် http:// http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ http:// http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ ့ သေမလဲ သိချင်ကြပါသလား…. http:// https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a…… ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း… http:// http://sharingtofrds.blogspot.com/ နည်းပညာ အတွက် လေ့လာရန်… http:// http://www.myanmarisp.com/computer_ict ကွန်ပြူတာ နဲ့ သတင်း နည်းပညာ.. http://www.imagechef.com/ ကိုယ့်ပုံလေးတွေနဲ့ Logo / Icon လေးတွေလုပ်ချင်ရင်.. http://photofunia.com/ ကိုယ့်ကိုယ်ကိုယ် […]


အာဂSeptember 7, 20101min1442
ဘီယာ စကားဝိုင်း တစ်ခုမှာ အမျိူးသမီး တစ်ယောက်က ပြောတယ် .. .. ….ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ ပြောတတ်လိုက်ကြတာ … ***ယောက်ျားကောင်းတော့မောင်းမတစ်ထောင်****တဲ့။ မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိလို့ကတော့မကောင်းတဲ့မိန်းမ။ ကြေးစားမတဲ့။ ပက်ပက်စက်စက်ပြောလိုက်ကြတာ။ အတော်လည်းမတရားတဲ့ယောကျာ်းတွေ။ မိန်းမတွေဆိုရင် နှိမ်ချင်ကြတယ်။ အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။ သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ခဲ့ရင် .. … …**“*မာစတာကီး*”* ”သော့ဝိဇ္ဖာ” လို့ ခေါ်ကြပါတယ်။ အဲ ဒါပေမဲ့ သော့ခလောက်တစ်ခုကို ဘယ်သော့တံနဲ့မဆို ဖွင့်နိုင်ပြီ/ဖွင့်လို့ရပြီဆိုရင်တော့ .. .. အဲဒီသော့ခလောက်ကသုံးစားလို့မရတဲ့သော့ခလောက် ဖြစ်သွားမှာပေါ့….အစ်မရဲ.— ကျွန်တော်တို့က အစ်မတို့မိန်းခလေးတွေရဲ့ သော့ခလောက်ကို တန်ဖိုးထားလို့ပါ .. […]


အာဂSeptember 7, 20101min1533
ကျောင်းဟောင်း- စင်ကာပူမှာရှိတဲ့ ၁၉၀ဝ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ကျောင်းတစ်ကျောင်း  (မူရင်းရေးသူမှ အမည်ဖော်ပြထားခြင်းမရှိပါ) မှာ သရဲခြောက်တယ်လို့ ဆိုပါတယ်။ ကျောင်းသားဟောင်းတွေဟာ ချောက်ခြားစရာအသံတွေကြားခဲ့ရတယ်လို့ သတင်းပို့ကြပြီး ဖြတ်သွားဖြတ်လာတွေကလည်း ညအခါမှာ အလင်းရောင်တွေ ဖြာနေတာမြင်ရကြောင်းပြောကြပါတယ်။ ကောလဟာလတွေထဲမှာ ပိတ်ထားရတဲ့အိမ်သာအကြောင်း လဲပါဝင်ပါတယ်။  အဲဒီအိမ်သာရဲ့ကြမ်းပြင်မှာ ဖျက်မရတဲ့ သွေးကွက်တွေရှိတယ်လို့ဆိုကြပါတယ်။ တစ်ချို့လူတွေကတော့ ညတိုင်း အဖြူရောင်မိန်းမတစ်ယောက်အိမ်သာထဲမှာငိုနေတာကို  ကြားရမြင်ကြရတယ်ပြောပါတယ်။ အခုတလောမှာတော့အဲဒီအဆောက်အအုံကို ဖြိုချလိုက်ပြီးပြီ ဖြစ်ပါတယ်။ Bedok က အိမ်ခန်းတွေ– Bedok Reservoir မှာရှိတဲ့တိုက်ခန်းတွဲတွေဟာ လူမနေတော့ပေမယ့် ခုထိရှိနေတုန်းပါ။ (လေ့လာချင်သော်ရ၏)  အခန်းတစ်ခုမှာ တစ်အိမ်သားလုံးသတ်သေသွားကြတာရှိပြီး နောက်လူတစ်ယောက်ဟာလည်း ဓါတ်လှေကားထဲမှာ သရဲကြောင့် အသက်ဆုံးရှုံးသွားတာရှိပါတယ်လို့ ပြောကြပါတယ်။ အခုအချိန်အထိ အဲဒီနားကလူတွေဟာ ညဘက်မှာ လူမနေတဲ့အခန်းတွေဆီက အလင်းရောင်တွေကိုတွေ့ရတယ်လို့ ဆိုကြပါတယ်။ သချီုင်း- စင်ကာပူမှာရှိတဲ့သချိုင်းတစ်ခုမှာထူးဆန်းအံ့ဩဖွယ်တွေကြုံကြရပါတယ်။  ဖြတ်သန်းသွားသူအချို့ဟာသချိုင်းကနေ […]


အာဂAugust 30, 20101min1232
ကျွန်တော့် ဒီစာစုရဲ့ခေါင်းစဉ်ကအနည်းအကျဉ်းရင့်သီးကောင်းရင့်သီးနေမှန်း၊ ကျွန်တော်ကိုယ်တိုင် သတိထားမိ ပါတယ်။ဒါပေမယ့်ဒီစာကိုစမရေးခင်ကတည်းက ဒီခေါင်းစဉ်လေးကို နှုတ်ကတဖွဖွနဲ့ အလိုလိုရွတ်ပြီးသားဖြစ်နေ တာရယ်၊ ဒီခေါင်းစဉ်ထက်ပိုထိရောက်မယ့်စကားမရှိနိုင်တော့ဘူးလို့ထင်နေတာရယ်ကြောင့် ဒီခေါင်းစဉ်လေးကို ဒီစာစုမှာပေးမိသွားတာပါ။  စာဖတ်သူအနေနဲ့လည်း အထက်ပါခေါင်းစဉ်လေးကို ဖတ်ပြီး ဘယ်သူတွေကိုပစ်မှတ် ထားရေးသားထားသလဲ ဆိုတာမေးဖို့တောင်မလိုတော့ဘူးလို့ထင်ပါတယ်။ `မိဘ´ ဟုတ်ပါတယ်။ ဒါပေမယ့်တာဝန် မသိတဲ့မိဘတွေ၊မိဘလို့အမည်ခံပြီး၊မိဘမပီသတဲ့လူတွေကိုအဓိကထားဆိုလိုတာပါ။ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာနေထိုင်ပြီးကြုံရာကျပန်းလုပ်ကိုင်စားသောက်ကျတဲ့လူတန်းစားတစ်ရပ် ရှိတယ်ဆိုတာရန်ကုန်မြို့မှာနေထိုင်ကျတဲ့လူတွေအားလုံးသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့စီးမယ့်ဘတ်(စ်)စကားဂိတ်တွေမှာ၊ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်နေကျတဲ့အချိန်တွေမှာ သူတို့လေးတွေဟာသူတို့ရဲ့တစ်oမ်းတစ်ခါးအတွက်လုပ်ကိုင်ဆောင်ရွက်နေကျတာကိုသတိထားကြည့်မိရင်သိသာနိုင်ပါတယ်။ သူတို့လေးတွေဆိုတာအခြားကိုဆိုလိုတာမဟုတ်ပါဘူး၊ပုံစံအမျိုးမျိုးနဲ့လုပ်ကိုင်စားသောက်နေကျရတဲ့ကလေးငယ်တွေကိုုဆိုလိုတာပါ။တစ်ချို့ကရေခဲရေရောင်းနေကြတယ်။တစ်ချို့ကကွမ်းယာရောင်းနေကျတယ်။တစ်ချို့ တောင်းရမ်းစားသောက်နေကြတဲ့စသည်ဖြင့်အလုပ်မျိုးစုံနဲ့သူတို့ဝမ်းရေးအတွက်သူတို့ဖြည့် ဆည်းလုပ်ကိုင်နေကြတာကိုသတိ ထားမိရင်တွေမိကြမှာပါ။ဒါများ အထူးအဆန်း လုပ်လို့ကွာ၊ငါ့တို့နေ့တိုင်းတွေ့နေရတာပဲ။ဘာများထူးဆန်းလို့လဲလို့ကျွန်တော့်ကိုမေးကောင်းမေးကြပါလိမ့်မယ်။ ဟုတ်ပါတယ်တစ်ချို့သော လူတွေအတွက် သိပ်မထူးဆန်းပေမယ့်။ မာသာထရီဇာတို့လိုပုဂ္ဂိုလ်မျိုးရဲ့ခြေတစ်မှုန်စာလောက်စာနာမှု၊ဂရုဏာသက်ဝင်မှုစိတ်ရှိ်တဲ့လူတစ်ယောက်အတွက် ဆိုရင်တော့ အထူးအဆန်းမဟုတ်တောင်မှရံဖန်ရံခါအဖြစ်အပျက်လေး တွေဟာနုလုံးသား အဟာရစာစုလေးတွေဖတ် ရသလိုခံစား ထိရှနိုင်စေမှာအမှန်ပါပဲလို့ကျွန်တော် ထင်မိတယ်။ အဲဒီအထဲကမှ အချို့အဖြစ်အပျက် လေးတွေကို ပြောပြရမယ် ဆိုရင်………………………… ကျွန်တော်မြို့ထဲကနေအိမ်ပြန်ဖို့ ၁၀၅ ဒိုင်နာ(သိရီမင်္ဂလာဈေးကား)  ပေါ်ပန်းဆိုးတန်း မှတ်တိုင်ကနေတက်လိုက် တဲ့အချိန်မှာညဉ့်နက် ၁၂းဝဝနာရီကျော် […]


အာဂJanuary 17, 20101min161
ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့်” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘဝလုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများ ထံမှ သိရှိရသောအချက်အလက်များအပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရ ရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ ဩဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ […]