Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


အာဂAugust 5, 20141min4288
ကျွန်တော်လေထန်ကုန်းကိုရောက်တော့နေ့လည်၁၁း၃ဝနေပြီ။ အသုဘပို့တဲ့လူတွေမတွေတာနဲ့လေထန်ကုန်းမှာကျန်တဲ့လူတွေကိုမေးလိုက်တော့ ဗိုလ်ချူပ်အောင်ဆန်းလမ်းကရုပ်ရှင်တွေရှေ့မှာရှိသေးတယ်..အမြန်လိုက်သွားရင်မီ လိမ့်မယ်ဆိုလို့ဗိုလ်ချူပ်အောင်ဆန်းလမ်းကိုအပြေးထွက်ခဲ့ပါတယ်။ ၃၃လမ်းထိပ်မှာအသိတစ်ယောက်ကိုတွေ့တော့မေးလိုက်တယ်ကားထွက်သွား ပြီလားလို့ပေါ။့အသိကပြန်ပြောရှာပါတယ်။-ကားတွေထွက်လို့မရဘူးပြသနာတွေ တက်နေတယ်-တဲ့ပထမတော့ကျွန်တော်လည်းမယုံပါဘူး။ဒါပေမယ့်ကိုယ်တိုင်မြင် မှပဲယုံခဲ့ရပါတယ်။ ကျွန်တော်ထောက်လှမ်းရေးသမား ဝီဇီရာရုပ်ရှင်ရုံလား။ဘုရင့်ရုပ်ရှင်ရုံလားမသိဘူး။၃၃လမ်းထိပ်ကရုပ်ရှင်ရုံထိပ်ကားလမ်း ကနေဟိုဘက်ကားလမ်းကိုကြည့်လိုက်တော့လူအရောက်၄၊၅၊၆ဝလောက်စုစုနဲ့ရပ် တာကိုတွေ့လိုက်ပါတယ်။ဪ-ဒါနဲ့ကျွန်တော်လည်းမီသေးတယ်ဆိုပြီးကားလမ်းကူး မယ်လို့လုပ်တုန်း။ကျွန်တော်သေသေချာထပ်ကြည့်မိလိုက်တော့ဆရာ့အသုဘကို ပို့မယ့်လူတွေထဲကသုံးယောက်လောက်က၊စာရေးဆရာတာရာမင်းဝေ၊အသက်(၄၁) စတဲ့စာရွက်ဖြူလေးတွေကိုင်တန်းစီပြီးရပ်နေတာတွေ့လိုက်ရတော့ကျွန်တော်သိပ် မသင်္ကာတော့ဘူး။သူတို့ရပ်နေတဲ့ပုံစံကတစ်စုံတစ်ခုကိုဆန္ဒပြနေသရောင်ပဲလေ။ ဒါနဲ့ဒီဘက်ကားလမ်းကနေပဲအရိပ်အကဲကိုလှမ်းကြည့်နေမိတယ်။ဘေးနာကလူတွေ ကလည်းဘာလုပ်နေကြတာလဲ၊ဆန္ဒပြနေကြတာလား၊စသဖြင့်မေးခွန်းတွေနဲ့အုံပြီး ကြည့်နေကြတယ်။ကျွန်တော်ကလည်းတတ်နိုင်သမျှလောက်-မဟုတ်ပါဘူးအသုဘ လိုက်ပို့ဖို့ပြင်နေကြတာပါလို့ပြောပြရသေးတယ်။သူတို့မေးမယ်ဆိုလည်းမေးလောက် စရာအဲဒီမှာရပ်နေကြသူတွေ၊စာရွက်တွေကိုင်ထားကြသူအချို့တွေကအမျိုးသားဒီမိုကရေ စီအဖွဲ့NLDဝတ်စုံတွေနဲ့လေ။ဒါနဲ့ကျွန်တော်လည်းဒီဘက်ကားလမ်းရုပ်ရှင်ရုံရှေ့ကနေပြီး အခြေအနေကိုစောင့်ကြည့်ကာ။ကျွန်တော့်ကင်မရာလေးနဲ့မှတ်တမ်းဓာတ်ပုံလေးတွေရိုက် နေလိုက်ပါတယ်။အဲ့ဒီအချိန်မှာအင်္ကျီအဖြူလည်ကတုံး၊ပုလဲပေါက်ပုဆိုးအနက်နဲ့လူ၃ ယောက်လောက်က၊စာရွက်ကိုင်ထားတဲ့လူတွေကိုရော၊အသုဘပို့မယ့်လူတွေကိုရော၊ ရုပ်ရှင်ကင်မရာနဲ့တစ်မျိုး၊ရုပ်သေကင်မရာနဲ့တစ်မျိုးရိုက်ပြီးမှတ်တမ်းတင်နေတာတွေ့ ရတယ်။ကျွန်တော့်ကလည်းကျွန်တော့်ကင်မရာနဲ့ခိုးကြောင်ခိုးဝှက်ပေါ့၊နောက်တော့အဲ ဒီကင်မရာတွေနဲ့ရိုက်နေတဲ့သူတွေက ကျွန်တော်ဆီကိုလာရိုက်တော့တာပါပဲ။အဲဒါနဲ့ ကျွန်တော်လည်းကျွန်တော့်ကိုရိုက်ရင်ထီးနဲ့ကွယ်လိုက်လွတ်ရင်ပြန်ရိုက်လိုက်လုပ်နေ တော့တာ။မကြာပါဘူးအဲဒီလူတွေကကျွန်တော့်ကိုပေါ်တင်ကြီးထပ်ပြီးလာရိုက်နေတော့ ကျွန်တော့်စိတ်ထဲထောက်လှမ်းရေးတွေထင်လို့အဲဒီနေရာနဲ့ခပ်လှမ်းလှမ်းနေရာကိုပြေး ထွက်သွားလိုက်တယ်။ကျွန်တော်သွားခါနီးတစ်ချက်လှည့်ကြည့်လိုက်တော့အဲဒီကင်မာ ကိုင်တစ်ယောက်ကနောက်တစ်ယောက်ကိုကျွန်တော့်ကိုချက်ပြလိုက်တာတွေ့လိုက်ရ ပါတယ်။ပြီးတော့ကျွန်တော်က၃၃လမ်းထိပ်ဘက်ကကဗျာဆရာအောင်ဝေးတို့၊လေထန် ကုန်းဆိုင်ရှင်တို့ဘက်နားမှာဝင်ရပ်နေလိုက်တော့တယ်။ဓာတ်ပုံလည်းဆက်မရိုက်ရဲတော့ ဘူး။ဆရာအောင်ဝေးတော့ကတော့ကားရဖို့စီစဉ်နေတာတွေ့ရပါတယ်။နောက်မကြာပါဘူး ခုနကကင်မရာကိုင်အဖွဲ့ကလူတစ်ယောက်ကျွန်တော့်အနားကိုရောက်လာပြီးညီလေးက ဘယ်ကလဲ၊ဘာလာလုပ်တာလဲလို့လာမေးတယ်။ကျွန်တော်ကလည်းသူ့မေးခွန်းနဲ့သူ့ကို ပြန်မေးလိုက်ပါတယ်။အဲဒီတော့သူက-အကိုက၈၈မျိုးဆက်သစ်လူငယ်အဖွဲ့ကပါ။ရွှေဘုန်း တို့နဲ့အကိုတို့ကကျောင်းတုန်းကတစ်နှစ်တည်းမိုလို့အခုလိုက်ပို့တာလေ-တဲ့ဒါနဲ့ကျွန် တော်ကလည်းကျွန်တော့်ကစာရူးပေရူးတစ်ယောက်ပါ။ပြီးတော့ဆရာ့ကိုအရမ်းကြိုက်တဲ့ ပရိသတ်တစ်ယောက်ပါ။ဒါကြောင့်အခုဆရာရဲ့ဈာပနကိုလာပို့တဲ့သူပါလို့ပြောလိုက်တယ်။ -အဲဒီတော့မှသူကအော်မသိပါဘူး။အကိုတို့ကမင်းဟိုဘက်နေဓာတ်ပုံတွေရိုက်နေတော့ ထောက်လှမ်းရေးကလူမှတ်လို့။ပြီးတော့မင်းကလည်းအကိုအတို့ကပြန်ပြီးရိုက်ရင်ပုန်းပုန်း နေတာကိုး-။အဲဒီတော့မှကျွန်တော်လည်းဖြစ်မှဖြစ်ရလေအကိုတို့ကိုကျွန်တော်ကလည်း ထောက်လှမ်းရေးကမှတ်လို့ပုန်းနေတာလို့ပြန်ပြောပြလိုက်ရတယ်။ပြီးတော့သူကဒီမှာ ပြသနာတွေတက်နေတဲ့အကြောင်းကိုပြောပြပါတယ်။အသုဘပို့တဲ့ကားတွေက၁၁းဝဝနာရီ လောက်ကလာသွားတယ်။လူတစ်ချို့လည်းကားပေါ်တက်ထိုင်လို့ထိုင်နေကြတာပေါ့။အဲဒီ့ အချိန်မှာအမည်မသိလူနှစ်ဦးယောက်လာပြီးကားသမားတွေကိုမင်းတို့ဒီအသုဘကိုလိုက်မ ပို့ရဘူး။လိုက်ပို့ရင်မင်းတို့တွေအဖမ်းခံရမယ်လို့လာပြောတော့ကားသမားတွေလည်း ကြောက်ပြီးပြန်ပြေးသွားကြတာတဲ့။သူတို့ကတော့ဒါကိုအစိုးရဘက်ကလုပ်တာလို့ထင်ပြီး အခုလိုဆရာတာရာမင်းဝေရဲ့အမည်၊အသက်တွေရေးထားတဲ့စာရွက်တွေ(အမှန်ကကား မှာကပ်မယ့်စာရွက်ပါ)တွေကိုဆန္ဒပြလိုထောင်ပြီးတော့ကိုင်နေကြတာတဲ့။သဘောကတော့ သူတို့နိုင်ငံရေးလုပ်နေကြတာမဟုတ်ဘူး။သူ့တို့မိတ်ဆွေရဲ့အသုဘကိုလိုက်ပို့ကြတာပါ […]


အာဂJuly 30, 20141min5079
ဝေဒနာတွေ သပ်ချလိုက်တော့ ကိုင်းဖျား ကိုင်းနားလေးတွေ တဆက်ဆက်တုန် အော်….. ဖျားခြင်း နာခြင်းထဲ… ချစ်ခြင်းနဲ့ပတ်သက်လို့ …..ဖျားခြင်းက… ဆေးမမီခဲ့…..။


အာဂJuly 16, 20141min47410
အလွမ်းဆိုတဲ့ စကားလုံးကို ဘယ်သူတီထွင်လိုက်တာလဲလို့ စဉ်းစားမိတုန်း….။ အလွမ်းတွေ ခန္ဓာအနှံ့ တစ်ဘုန်းဘုန်းရွာချ…။ ခဏ ခဏ ဖြစ်ဖြစ်…တစ်စ စ ပဲဖြစ်ဖြစ်…။ ရင်ခွင်တံခါးဝ.ထဲ…လာလာ မချိတ်ဆွဲနဲ့…။ ညရေး ညတာ….ဘဝတွေထဲ အလွမ်းကြောင့်…ငါ ဘယ်တော့မှ တစ်ရေးမနိုးရပါစေနဲ့…။ အလွမ်းဆိုတာ ထမ်းထားရတာထက်လေးတယ်။ လွမ်းဆွေး…. (ပျင်းလို့ရေးမိတာပါ။(အာဂ)


အာဂJune 12, 20141min56010
မျှော် ခြင်းဟာ… သော့မရှိတဲ့ တံခါး။ ခြံစည်းရိုးမရှိတဲ့ အိမ်လိုပဲ။ ဝေးကွားခြင်းကို ကုတင်ပေါ် ဆွဲခေါ်ပြီး နီးကပ်သောချစ်ခြင်းတွေနဲ့ ဖက်အိပ်ရရင်…..။ သွေးချင်းချင်းနီသော အလွမ်းများ… ကလေးကုလားဆန်ဆန် ခုန်ပေါက်မြူးတူးနေမှာ…။ တကယ်တော့… အချစ် နဲ့ အလွမ်းဆိုတဲ့ တူရင်းတူးသလောက်နက်တဲ့ တွင်းလိုပဲ..။ ဖြစ်နိုင်ရင်ပေါ့….။ ငါ့ရင်ဘက် ကြွက်တွင်းထဲမှာလဲ…. မင်းနဲ့အတူ လ လေး တစ်စင်းတော့ အတူတူ “သာ” ချင်မိတယ်။ မျှော်စင်လေးထိုးလို့…အလွမ်းကို မိုးလိုခေါ်တာထက်စာရင်…ပေါ့..။ တစ်လက်မဆိုပေမယ့်…..တစ်သက်မက ကွာဟာနေတဲ့… မြေပုံ ထဲကလို ….အလွမ်း….။


အာဂJune 12, 20141min51713
ဇွန်၁၂။ရန်ကုန်။ ရန်ကုန်တွင်သုံးရက်လောက်ဒီအတိုင်းဆက်တိုက်ရွာလျင်…မြစ်ဝကျွန်းပေါ်ကလှေတွေ၊မော်တော်တွေကို ရန်ကုန်ကိုအမြန်တင်သွင်းမည်။ စိတ်ပါဝင်စားသူ ရှယ်ရာရှင်များအားဖိတ်ခေါ်အပ်ပါတယ်။ ဒီလိုမိုးဆက်တိုက်ရွာဖို့အတွက် မိုးမင်းခေါင်နဲ့ ဆက်သွယ်ပြီးသလို မိုးလေဝသပညာရှင်ဆြာဦးထွန်းလွင်ဆီကလည်း ရွာနှုန်းရှိကြောင်းမေးမြန်းထားကြောင်း။နှင့်မြို့တော်စည်ပင်ကိုလည်း မြောင်းတွေမရှင်းပဲပိတ် ထားဖို့အတွက်လည်း စီစဉ်ထားပြီးကြောင်းနှင့်။ အသေးစားရင်းနှီးမြှပ်နှံလိုများအတွက် ဝါးဖောင်များ။ ဘောကွင်း(တစ်ယောက်စီး)များ။လေယက်မများ၊လော်တက်များ။နှင့် နေအိမ်ထဲရေမဝင်ရောက်စေရန်အတွက် သဲအိပ်များ။ တင်သွင်းဖြန်ချိရန်ရှိပြီး။ ဘောစိ၊သဌေးများသွားလာရလွယ်ကူရန်အတွက်လည်း စပိဘုတ် ပါမစ်များရရှိအောင် ဆောင်ရွက်ပေးပါမည်။ ရန်ကုန်ဗင်းနစ် မြို့တော်စီမံကိန်း ကုမ္ပဏီဥက္ကဌ မစ္စတာ အာဂ နောက်ဆက်တွဲ…သတင်း..>>>>>> နှစ်စဉ် ရေလွှမ်းမိုးခံနေရသော ရန်ကုန်မြို့တော်တွင် မိဘပြည်သူများ ရာသီမရွေး သွားလာနိုင်ရေး အဆင်ပြေစေရန် က.ည.န နှင့် စီးပွား/ကူးသန်းတို့မှ ၂၀၁၅တွင် တင်သွင်းခွင့် ပြုတော့မည့် မော်တော်ယာဉ် အမျိုးအစားများ (၁) မော်တော်ယာဉ် + မော်တော်ဘုတ် CIF 750,000 (၂) ရေပေါ်ပြေး မော်တော်လေယာဉ် CIF 500,000 […]


အာဂJune 6, 20141min3528
နွားနိုသောက်ပြီးအိပ်ဖို့ ကလည်း ဟာ မဖြစ်သေးပါဘူး ။ ပိုက်ဆံ ၂၀၀ဝ နဲ့သုံးဖို့ကလည်း ငါရင်လေးစွာရူး ။ ထမင်းတစ်နပ်လျော့စားဖို့ကျပြန်တော့လည် အာ အဓိပ္ပာယ် မရှိဘူး။ မိုက်ရိုင်းတာ မဟုတ်ဘူး ရိုက်ဖို့ ရိုင်းနေတာ ပါး …ပါး…… ပါး။ တရုတ်ကကျေးဇူးရှိတယ်လို့ အထပ်ထပ်ပြောခါမုူး။ ဖုယောင်းတိုင် ထွန်းပြီးအိပ်ဖို့ အတွက်လည်း ဟာ…. မဖြစ်သေးပါဘူး။ အမြန်လမ်းမှာ ကားတွေမှောက်တာလည်း ငါ မသိသေးပါဘူး။ နောင်ဘဝတော့ မရှိရင်နေပါစေ။ ဒီဘဝ တော့ရှိတယ် ။ အာဏာရူး ဖြစ်ချင် ဖြစ်ပစေ ။ ဒီဘဝတော့ မိုက် ..မိုက်… မိုက်ရိုင်းမယ် ။ ဒီလို ဒီလို မိုက်ရိုင်းမယ်…။ ဘော်ဒါတွေဆုံလာပြီဆို …………လယ်သိမ်းမယ်။ ပြည်သူတွေငတ်နေကြရင်တော့………… ပျော်ကြမယ်။ ခရိုနီတွေ များနေခဲ့ […]


အာဂJune 4, 20141min59115
ဆယ်နှစ်အရွယ်မိန်းကလေးအပျိုစင်(တစ်ယောက်) သူကျေးဇူးသိတတ်ခြင်း(ကြောင့်) သဘောတူညီချက်။ပြောသည့်အတိုင်းလုပ်ပါမည်ဟု အာမခံချက် (များကြား) ဆင်းရဲပင်ပန်းစွာ အချိန်မရှိတော့သဖြင့် ဆောလျင်စွာ ကတိုက်ကရိုက်(ဖြင့်) ဂုဏ်ရှိသူ၏မယား(ဖြစ်လေ၏) မသင့်မတင့်။ စိတ်သဘောမညီမညွတ်(သောကြောင့်) စိတ်မတည်မတံ၊မငြိမ်မသက် စိတ်တုန်လှုပ်ချောက်ချားလျက် ရန်သူပစ်ခတ်ရန်နှင့် ရန်သူ၏ ပစ်ခတ်မှုကို ကာကွယ်ရန်ပြုလုပ်သော အကာအကွယ်(တို့မရှိသောကြောင့်) နှစ်ဦး နှစ်ဖက်ကြား ကုန်းတိုက်၍ လယ်ကွင်းတွင်ပေါက်လေ့ရှိသည့် အတို့အမြှုပ် အဖြစ်စားရသော ရိုးတံနီ ပင်ငယ်တစ်မျိုး(လို) ဒီရေရှိသော ချောင်းများတွင်နေသောအဆိပ်မဲ့မြွေ(လို) မှားယွင်းချွတ်ချော်လျက် ကွန်လွန်ခြင်းသို့ရောက်သည်။ ကတညုတ အဓိပ္ပာယ် = သူ့ကျေးဇူးကိုသိတတ်ခြင်း (…)ထဲမှစာများမှလွဲ၍ အခြားစကားလုံးများသည်။ မြန်မာအဘိဓာန် ဒုတိယအကြိမ် ပြင်ဆင်ဖြည်စွက်ပုံနိုပ်ခြင်း စာမျက်နှာ ၂ နှင့် ၃ မှ စကားစုများဖြစ်သည်။ မှတ်ချက်။ ။ဆရာဇေယျာလင်း ရေးသလိုမျိုးကလိကြည့်ခြင်း


အာဂMay 16, 20141min69118
ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာလေးတွေကိုပါ။ ကျနော်ငယ်ငယ်က အသိအကိုကြီးတစ်ယောက်ပြောထားတဲ့ အဖြစ်ပျက်လေးပါ။ (၁) ကိုစန်းနဲ့ ညီညီတို့ ကအရမ်းခင်တဲ့ သူငယ်ချင်းတွေပါ။ ပြောရမယ်ဆိုရင် သူတို့က ညီအစ်ကိုတွေထက်တောင်ရင်းနီးခင်မင်ကြသူတွေ။ တစ်ရပ်တစ်ကျေးထဲ မှာ အတူတူကစားကြီးပြင်းခဲ့သူတွေ မူကြိုနေအစ တက္ကသိုလ်ရောက်တဲ့အထိ ခင်ကြမင်ကြသူတွေပေါ့ဗျာ။ (၂) ညီညီ က ၁ဝတန်းနှစ်လောက်ကတည်းက ဆေးလိပ်သောက်တတ်လာတယ်။ အဲဒါကို ကိုစန်းက လုံးဝကိုမကြိုက်ဘူး။ သူကလည်းဘာအသောက်အစားမှမရှိ သူညီလိုချစ်တဲ့ ညီညီ ကို ဆေးလိပ်သောက်တာ လုံးဝမကြိုက်ဘူး။ ဒီလိုနဲ့ သူတို့ ၂ယောက် ၁ဝတန်းအောင်လို့ မြို့တက် ပြီး တက္ကသိုလ်တက်တဲ့အထိ ညီညီ ဆေးလိပ်သောက်တာကို မကျေ မချမ်းနဲ့ တဖွဖွ ဆိုဆုံးမနေတော့တာပဲ။ ကိုစန်း ဘယ်လိုဆုံးမပြောပြော ညီညီကတော့ သောက်မြဲသောက်လျက်ပဲ။ (၃) ညီညီ နဲ့ ကိုစန်းနဲ့ အဆောင်အတူတူနေတဲ့အထိ […]


အာဂMay 10, 20141min5258
☻တစ်နေ့သုံးကြိမ် ရေချိုးရခြင်းဘေးမှကင်းဝေးအောင် အရှင်နေမင်း ပူခြင်းလျော့ ပါစေသား။ ☻လာချင်လာ ပျက်ချင်ပျက် ပြည်သူ ဘဝ အနေခက် အောင် စွမ်းဆောင် တော်မူသော် ငညစ်သခင် EPC မင်း လည်းညစ်ခြင်းကင်းကင်းနဲအလင်းပေးပါစေသား။ ☻ယူသော်မှန်ပြီးပေး သော်ငဝိုင်း ပတ်ချာဝိုုင်း အောင်၊ လိပ်တို့ ဘုရင် ပက်ကျိသခင် အရှင်စုတ်ပတ် MPT နတ်လည်း အမြန်လမ်း speed နဲ့အင်တာနတ်ကောင်းအောင်မစပါစေသား။ ☻ပြောတော့ဆွေးနွေး ငြိမ်းချမ်းရေးကွယ်ရာပစ်ခတ် မျက်နှာဖုံးတပ်စစ်ဖိနပ်၊ ပြည်သူအများ အပြေးအလွှားဒုက္ခပိုင်စိုး သေမင်းမျိုးအရှင် တပ်မတော်သည်လည်း ပြည်သူ့ခြေဖဝါး ပြားပြားခ၍ အခစားပါစေသား။


အာဂApril 5, 20141min3895
နွေ……ရောက်ပြီလေ စာတန်းထိုးပြလိုက်တော့….။ လွယ်အိတ်အနွမ်းကလေး နံရံမှာချိတ် ကျောင်းတံခါးပိတ် ခေါင်းလောင်းသံလေးနဲ့ ကြိမ်လုံးဒဏ်လေးရဲ့ ခေတ္တအဝေးမို့ ဟိုရှေ့က ပိတောက်ပင်အိုလို သူက ကလေးပြီပြီ ပျော်ရွှင်မှုတွေ သူဝေချင်နေပြီလေ။ “မိုးဆိုတာကိုယ်ရွာချင်တဲ့အချိန် မရွာတက်သလိုပဲ” သူက နေ နဲ့လ ၊ ရွှေနဲ့မြ လို မိဘ မျိုးက သန္ဓေတည်ခဲ့တာမဟုတ်တော့ ၁ဝ နှစ်သား ကလေးတစ်ရောက်ရဲ့ ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ သူကလေးသွေးနဲ့ ဖာထေးရင်း… လွယ်အိတ်အနွမ်းကလေး ၊ ပုခုံးမှာချိတ် အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့ သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။ သူကလေး ရင်ထဲမှာတော့ နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို ခြောက်ကပ်နေလေရဲ့…။ (ဘဝဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ အရည်ပျော်ကြစေနိုင်တာပဲလို့ ဒီကလေးလေးတစ်ယောက် […]


အာဂApril 2, 20141min6379
မနက်ဖြန် ဟာ…မနက်ဖြန် လိုခပ်ယို့ယို့လေးနေပဲတာကောင်းတယ်။ မှောင်တာတွေများ နေရင် မီးထွန်းဖို့လိုအပ်တယ်။ ချစ်ခြင်းတရား က ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းလိုပဲ။ နေမရှိဘဲနဲ့ လတစ်စင်း ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား။ နင်မရှိရင်ရော……ငါ……။ တိမ်တွေက ငါ့ရင်ဘတ်လိုမျိုုး စကားမပြောတတ်ဘူး။ ဒါပေမဲ့…..ခံစားမှုတွေပျံသန်းတယ်။ စိတ်စေရာလိုက်ရွေ့လျားတယ်။ နေပူရင် မိုးရွာစေချင်တယ်။ မိုးရွာရင် နေပူစေချင်တယ်။ ချစ်နေတုန်း မုန်းစေချင်တယ်။ မုန်းနေတုန်းကျပြန်ချစ်စေချင်တယ်။ အမြင့်မှာ ထိုင်နေတုန်းက လေတိုက်လို့တိုက်မှန်းမသိ။ မြေပြင်ပေါ်ဗုံးဗုံးလဲကျတော့မှ….နှလုံးသားက တအီအီနဲ့..။ သစ္စာတရားဆိုတာ တစ်ခါတစ်ခါကြတော့ ခြစ်ရာများတယ်။ မြန်မာလို့လည်း ချစ်တယ်။ မြန်မာလိုလည်း သစ္စာမဲ့တယ်။ တစ်ကမ္ဘာလုံးလည်း….အချစ်အမုန်း..နဲ့..ကိစ္စတုံးနေကြ။ ပြောပြီးသား စကားလုံးတွေကို လေထဲကနေပြန်ပြန်ဖမ်းရမယ်ဆို အမှန်တွေ..အမှားတွေ…အချင်းချင်း ခလုပ်တိုက်မိတော့မှာပဲ။ နေဝင်ချိန်ကိုပဲ တစ်ချိန်လုံး ဘဝကကြည့်ကြည့်နေရတော့ နေထွက်ချိန်ကိုတွေ့ရရင်…တစ်မျိုးကြီးပဲ..။ မိန်းကလေး။ကောင်မလေး။ယောက်ျားလေ။ကောင်လေး။ မိန်းမကြီး၊အဘွားကြီး၊ယောက်ျားကြီး၊အဘိုးကြီး။ လူတိုင်းရင်ဘတ်ထဲမှာဘာကြောင့် အချစ်သစ်ပင်ကို ပျိုုးခဲ့ကြတာလဲ။ မြေမြိုတာထက် အချစ်မြိုခံရတာခက်ခဲတယ်။ […]


အာဂMarch 25, 20141min45514
၁နှစ်မှ ၁ဝနှစ် ခဏ၊ခဏချော်လဲကျခဲ့ဖူးတယ်။ ဒူးပြဲတယ်။နှုတ်ခမ်းကွဲတယ်။ ငိုတယ်။ပြန်ထတယ်။ ၁ဝ နှစ်မှ နှစ် ၂၀ မကြာမကြာချော်လဲကျဖူးတယ်။ အသည်းကွဲတယ်။ နှလုံးသားဒဏ်ရာရခဲ့တယ်။ ကြေကွဲတယ်။ခံစားတယ်။ နောက်ပြန်ထမိတယ်။ နှစ် ၂ဝမှ နှစ် ၃၀ မကြာခဏ ချော်လဲကျဖူးတယ်။ ဒုက္ခအိုင်ထဲလည်းကျတယ်။လွတ်လပ်မှုတွေအထိနာတယ်။ အထီးကျန်မှုတွေနဲ့ပေတေနေတယ်။ အခုလည်းပြန်ထဖို့ ကြိုးစားနေတယ်။ နောင်….၄၀..၅၀…နေရ ၆၀….ဘယ်လိုမျိုးတွေနဲ့ ဆက်လက်ခြေချော်ဦးမလဲ..။ အာဂ