ခင်ဗျားတို့ရော ချော်လဲကျဘူးလား။

အာဂMarch 25, 20141min19014

၁နှစ်မှ ၁ဝနှစ်

ခဏ၊ခဏချော်လဲကျခဲ့ဖူးတယ်။

ဒူးပြဲတယ်။နှုတ်ခမ်းကွဲတယ်။

ငိုတယ်။ပြန်ထတယ်။

၁ဝ နှစ်မှ နှစ် ၂၀

မကြာမကြာချော်လဲကျဖူးတယ်။

အသည်းကွဲတယ်။ နှလုံးသားဒဏ်ရာရခဲ့တယ်။

ကြေကွဲတယ်။ခံစားတယ်။ နောက်ပြန်ထမိတယ်။

နှစ် ၂ဝမှ နှစ် ၃၀

မကြာခဏ ချော်လဲကျဖူးတယ်။

ဒုက္ခအိုင်ထဲလည်းကျတယ်။လွတ်လပ်မှုတွေအထိနာတယ်။

အထီးကျန်မှုတွေနဲ့ပေတေနေတယ်။ အခုလည်းပြန်ထဖို့ ကြိုးစားနေတယ်။

နောင်….၄၀..၅၀…နေရ ၆၀….ဘယ်လိုမျိုးတွေနဲ့ ဆက်လက်ခြေချော်ဦးမလဲ..။

အာဂ

14 comments

  • ဘရန်းဒက် ကေဇီ

    March 25, 2014 at 5:46 pm

    ခတ်ကျွဲမှန်ရင် ဂျိုရာဘယ်ကင်းပါ့မလဲ။

    ငါ့ မလည်း ဂျိုရာ (အဲလေ) ဒဏ်ရာတွေရှိတာပေါ့။

    အမြဲချော်လဲနေတာပဲ။
    လဲ ဦးမှာပဲ။။

    ဒါပေမဲ့ ကိုယ့်ကိုယ်ကို ပစ်တိုင်းထောင်လို့ ခေါ်တယ်။

    ဘယ်လောက်လဲလဲပြန်မတ်မတ်ရပ်နိုင်ရမယ်ဆိုပြီးးးးးးး

    နာ့ လဲ အောင်လုပ်နိုင်မှာ ဇရာ၊ ဗျာတိ၊ မရဏ ပဲ ရှိပါတယ်ဆို။ 😉

    :mrgreenn:

    • အာဂ

      March 25, 2014 at 6:09 pm

      ဆြာမလည်း တရားတွေဘာတွေတောင်ရနေပြီပဲ..နော်..ခိခိ

      • ဘရန်းဒက် ကေဇီ

        March 25, 2014 at 6:31 pm

        တရားမဟုတ်ပေါင်။
        ကိုယ့်ဘဝမှာ ကိုယ်ကြောက်ရမဲ့သူ၊ ကိုယ့်နိုင်မဲ့သူကို လက်ချိုးရေမိလို့..
        :mrgreenn:

  • alinsett (gazette)

    March 25, 2014 at 5:55 pm

    လဲကျဖူးတယ်
    ပြန်ထလို့ ရဖူးတယ်
    ဘယ်ချက် ပြန်ထ မရအောင် ဗုန်းဗုန်းလဲမယ် မသိ

    • အာဂ

      March 25, 2014 at 6:10 pm

      ကျနော်လည်း အဲဒီအချိန်ကိုတွေးကြောက်နေမိတယ်…အလင်းစက်ရေ..။

  • ko six

    March 25, 2014 at 7:51 pm

    လဲကျဖူးတယ်​ မနာခဲ့ဘူး
    ခဲကျဖူးတယ်​ ထွန်​့ထွန်​့ကိုလူးလို့
    ပွဲကျဖူးတယ်​ ချစ်​သူနဲ့
    ဆွဲချဖူးတယ်​ ညစ်​သူကို နားရင်​းတည်​့တည်​့
    ခွဲရဖူးတယ်​
    အဲ…….
    ခွဲရတာ​တွေများ​တော့ မ​ပြောချင်​​တော့ဘူး

  • တိမ်မည်း

    March 26, 2014 at 10:17 am

    ပြောင်းခြင်းရဲ့ အဝေး… အဝေးဆုံးကို ငေး…
    အငေးဆုံးရဲ့ အဆွေး… အဆွေးဆုံးကို တွေး…
    အတွေးများ ချာချာလည်… အငေးများ ကြာကြာဝယ်…
    အဝေးများ ပြောင်းတော့….
    အော်…… မနေ ့က အကြွေးတောင် မေ့သွားပါပေါ့လား…..

    😀

  • black chaw

    March 26, 2014 at 11:00 am

    ဘယ် နှကြိမ် ဘယ်နှခါ မှန်း မမှတ်မိလောက်အောင်ကို ချော်လဲခဲ့ဘူးပါတယ်…။
    လဲတိုင်းလဲ ပြန်ထနိုင်ခဲ့ပါတယ်…။
    ကိုယ့် အား နဲ့ ကိုယ်ပြန်ထနိုင်တာရှိသလို
    ထူပေးတဲ့သူ ရှိလို့ ပြန်ထနိုင်ခဲ့တာလည်း ရှိပါတယ်…။
    ဘာပဲဖြစ်ဖြစ်…လဲပြီဆိုမှတော့ ပြန်ထနိုင်ဖို့ က အရေးကြီးပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဦးဘလက်…။

  • surmi

    March 26, 2014 at 11:09 am

    မရေမတွက်နိုင်အောင် လဲဖူးမယ်လို့ ပြောနိုင်တယ် …
    အခုလဲ လဲလိုက်ထဖို့အားယူလိုက် …
    နောက်ဆုံး လဲ လွန်းလို့ မနာအောင်လဲကျနည်းတွေ သင်ယူနေမိတယ်

  • kyeemite

    March 26, 2014 at 11:39 am

    လူမှန်ရင်တော့ လဲကျဖူးကြတာချင်းအတူတူပါပဲ…
    အဲ…ကွကိုယ်ပြန်ထလား..သူများထူမှထနိုင်လား..ဒါပဲစကားပြောတာ

  • Foreign Resident

    March 26, 2014 at 11:42 am

    တစ်ခုဘဲ ပြောမယ် ။
    ၅ဝ ကျော်မှ လဲ ရင်တော့ ပြန်ထရန် မလွယ် ။

    အမှန်တကယ် ချော်လဲရင်လည်း အရိုးကျိုးမယ် ။
    စီးပွားရေး အရ ချော်လဲရင်လည်း နလန်ထူဖို့ အချိန် / အင်အား မကျန်တော့ဘူး ။

  • Ma Ma

    March 26, 2014 at 7:34 pm

    တစ်ခါလဲရုံနဲ့ အပြီးထိုင်လိုက်တော့မှာလားးးး
    အကျိုးရယ်မှ မဟုတ်သေးဘဲ…….
    စိုင်းထီးဆိုင်ရဲ့ အဲဒီသီချင်းလေး သိပ်ကြိုက်တယ်။

    ခြေလက်မပါလည်း စာရေးနိုင် ပန်းချီဆွဲနို်င်တယ်။
    ခြေတုတပ်ထားတဲ့ ကလေးလေးတွေ အပြေးပြိုင်ပွဲ တာထွက်တဲ့ ပုံလေး ဖေစ့်ဘုတ်မှာ မြင်ဖူးတယ်။

    ဆရာတစ်ယောက်ရေးပေးဖူးတဲ့ စာလေးတစ်ခု စိတ်ထဲစွဲနေတာရှိတယ်။
    ဝီရိယကို အစွမ်းကုန်ထုတ်ပါ။
    ဉာဏ်ကို လွှာပြီးသုံးပါ။
    ဘာမှဖြစ်မလာတော့လည်း ကံကိုသာ ပုံချလိုက်ပေါ့တဲ့။

    ကိုယ့်ဘက်ကတော့ အစွမ်းရှိသလောက် ကြိုးစားပါ ဂဂ ရေ။ 🙂

  • 50 ကျော် ချော် လဲ

    ဒူး ကွဲ

    အသား ပြဲ

    အရိုး ကျိုး

    အတော် ဆိုးတ ဲ့ ဝေ ဒ နာ

    လူ ကူ ကာ

    ထူ ပင် ထူ သော် ငြား

    အ လ ကား ပါ ဘဲ

    ဂဂ

  • kotun winlatt

    March 28, 2014 at 7:35 pm

    ချော်လဲဘူးတာပေါ့…
    လဲတိုင်း အနာတရ တစ်ခုခုတော့ ကျန်ခဲ့မြဲပါ…
    ဒါပေမယ့် ချော်လဲတိုင်း ဘယ်တော့မှ ရောမထိုင်ဘူး….
    ချော်လဲတိုင်း ပြန်ပြန်ထပီး မတ်မတ်ရပ်နိုင်ဖို့ ကြိုးစားရမှာပါပဲ..ဆြာဂရယ်….

Leave a Reply