အာဂMay 11, 20121min92925
မေလ ၈ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) တွင် ကျင်းပပြုလုပ်သော ရွှေမင်းသားဖောင်ဒေးရှင်း၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် သတင်းရယူနေသော Express Times ဂျာနယ်မှ သတင်းထောက် သုံးဦးအနက် ကိုဟိန်းကိုစိုးမှာ သတင်းဓါတ်ပုံရယူရန် ကြိုးစားရာမှ NLD ပါတီ ပါတီဝင်တစ်ဦး၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ The Express Time ဂျာနယ်မှ သတင်းထောက် သုံးဦးကို The Messenger ဂျာနယ်က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။ ကိုဟိန်းကိုစိုး (သတင်းထောက်) The Express Times ဂျာနယ် စတုတ္ထ အကြိမ်မြောက် […]


အာဂApril 30, 20121min2607
Yangon Media Group , 30 April 2012 — အမိုျးသားဒီမိုကရေစီအဖွဲ့ခုျပ် လွှတ်တော်တက်ရေး မတက်ရေး နှင့်ပတ်သက်၍ ယနေ့ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများသို့သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာတွင် ပြောကြား ခဲ့သည်များကို အပြည့်အစုံ ဖော်ပြပေးလိုက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ” အခုအမိုျးသား ဒီမိုကရေစီအဖွဲ့ခုျပ် လွှတ်တော်ကိုယ်စားလှယ် တွေလွှတ်တော်တက်ရေး၊ မတက်ရေး ကိစ္စက ခဏ၊ခဏမေးနေတဲ့ကိစ္စမို့ လို့ အဖြေရပြီဆိုတော့ ဒါကို မြန်မြန်လေး ရှင်းလိုက် ချင်တယ်။အဲဒီတော့ကျမ တို့အနေနဲ့ မနေ့တုန်း ကဆိုရင်တော့ ဒေါက်တာအေးမောင်လာတွေ့တဲ့ကိစ္စ ကိုလည်းအ များသိပြီးသားဖြစ်မှာပါ။ ဒေါက်တာအေးမောင် တို့ရဲ့ရေးတဲ့စာ ကိုထုတ်လား တော့မသိဘူး။ ဒါပေမယ့် မထုတ်ဘူးလား။ မထုတ်သေးဘူးဆို တော့အဲဒီ အကြောင်း အရာတွေကို သိအောင် […]


အာဂApril 28, 20121min57220
ဝေလေလေ ခေါင်းလောင်း အသံထွက်မြည်အောင် ရိုက်နှက်ဖို့…. တူ မရှိသေးဘူး။ အလုပ်လက်မဲ့ဆိုတာ တစ်နေ့စာ ထမင်းတစ်နပ် ကျပျောက်သွားသလိုပဲ ကျပျောက်တဲ့နေ့တွေ ထပ်တလဲလဲ ဆိုရင်တော့ တန်းဖိုးက ငရဲပဲ။ ဘေးနားမှာ အိပ်ပျော်နေသူအတွက် အိပ်မက်လှလှ ရှိချင်ရှိနိုင်တယ်။ မနက်ဖြန်ဆိုတာကို တွေးကြောက်ရွံသူအဖို့ ညတွေကို သတ်ပစ်နေသူလို မအိပ်ဘဲ နေတာပိုကောင်းမယ်။ ဖြေသိမ့်စရာတစ်ခုက သူတောင်းစားမှာတောင် တောင်းတဲ့အလုပ်တစ်ခုရှိနေသေးတာပဲ။ အာဂ


အာဂApril 10, 20121min206535
“ဒီမှာ ခင်ဗျားကို….ဟာဗျာ ရှင်းရှင်း ပြောရရင် ခင်ဗျား မျက်နှာကို အခုလိုရေနဲတောင် မဟုတ်ဘူး အက်စစ်နဲ့ပက်ချင် တာဗျ.။” “ဘာဖြစ်လို့လဲ” “ဘာဖြစ်ရမှာလဲဗျ။ ကျွန်တော့်ဘဝ တစ်လျောက် လုံးခင်ဗျားကိုမုန်းခဲ့တာဗျ။” သူကြီးက သူ့နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း သူကို ဘဝတစ်လျောက်လုံးမုန်းတယ်ဆိုတဲ့ လူငယ်တစ်ယောက် ရှိတဲ့အပေါ် အံဩမှင်သက်မိပြီး ထူးဆန်းသောမျက်လုံးများဖြင့်။ “ဘာလို့မုန်းရတာလဲကွာ။ငါဘာလုပ်ခဲ့မိလို့လဲ” သူကြီးရဲ့ စကားများက ကျွန်တော့်အတွက် အတိတ်ကိုပြန်လည်တွေးတောမိပြီး နာကြည်းသလိုလိုခံစား ရလာသည်။ထို့အတူ ကျွန်တော့်ခံစားချက်များလည်း ပြန်လည်ပေါက်ကွဲလွင့်စင်ကုန်၏။ “ဟာ …..ဘာလို့မုန်းရတာလဲ ဟုတ်လား၊ ခင်ဗျား…..ခင်ဗျား… ဗျာ။” “ တောက် ခင်ဗျားပေးမဲ့ ငွေတစ်သိန်း…” “အေးလေ အခုဆိုရင် ဘီယာ တစ်ဗူး ဖိုးလောက်ပဲတန်ဖိုး ရှိတဲ့ငွေအတွက် ကျွန်တော့် အမေ နွယ်ပင်နဲ့ အဖေ အာဂ တို့ မစားနိုင်မသောက်နိုင် […]


အာဂApril 10, 20121min40027
“ဗွမ်း” မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကာလဖြစ်သည်။ ကျွန်တော် ခွက်စောင်းလေးဖြင့်နာအောင် ပက်လိုက်မိ သူမှာအခြားမဟုတ် အမေရိကားပြန် သူကြီးမင်း မစ္စတာခိုင် ဖြစ်နေသည်။ သို့သော်သူကြီးက တော့ ကျွန်တော့်ကို သိမည်မထင်။ “ဗွမ်း” သူကြီးမင်းက ခွက်စောင်းခုတ်ခံလိုက် ရသောကြောင့်ဒေါသစိတ်ဖြင့် သူရဲ့ နေကာ မျက်မှန်ကို ခပ်ဆတ်ဆတ် လေးချွတ်လိုက်ရင်း။ ဒေါသမျက်ဝန်းတွေဖြင့် ကျွန်တော့်အားကြည့်ကာ။ “မင်းဘယ်လိုလုပ် လိုက်တာလဲကွ” သူကြီးရဲ့လေသံထက် ဒေါသသံသက ပိုမိုပြင်းထန်နေသည်။ “ဒါသင်္ကြန်ပဲလေ ခင်ဗျား အမေရိကားမှာ ဘယ်လောက်အနေကြာကြာဗျာ။ ဒါက ကျွန်တော်တို့ မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်ပဲလေဗျ။ ဒီကိုလာရင် ဒီလို ရေပက်ခံရမှာပဲ ဆိုတာခင်ဗျားမသိ ဘူးလား။” ကျွန်တော် ကလည်း ခပ်ပြတ်ပြတ်နှင့် ဘုပြန်တောလိုက်သည်။ ကျွန်တော် ပြောတဲ့ စကားများကို သူကြီးက သူမျက်နှာကိုရေသုတ်လိုက်ရင်း […]


အာဂApril 9, 20121min120946
မန္တလေးဂေဇက်။ရန်ကုန် ရက်စွဲ။၂၀၁၂ခုနှစ်။ဧပြီလ၁ဝရက် တန်ခူးလပြည်ကျော် ၄ရက်။၁၃၇၃ခုနှစ်။ အင်္ဂါနေ့ အကြောင်းအရာ ။ ။ ၂၀၁၂ခုနှစ် ။ဧပြီလ ရရက်။တန်းခူးလပြည်ကျော်၁ရက် စနေနေ့တွင် ကျင်းပပြုလုပ်သော အရက်သမား ရဲဘော် ၈ယောက် (ဗိုလ်ကြီးမိုက်၊ဗိုလ်ဘလက်ချော၊ဗိုလ်ဖက်တီးကပ်၊ဗိုလ်အမတ်ဒိန်(ခ) ဗိုလ်အမတ်မင်း၊ဗိုလ်ကမ်းဝေး၊ဗိုလ်ရွှေတိုက်စိုး(ခ)စုံထောက်အောင်သိုက်၊ဗိုလ်သူရ၊ဗိုလ်အာဂ)တို့လူစုသည် ရန်ကင်းမြို့ ရန်ကင်းစင်တာအနီးရှိ ဘီယာဆိုင်တွင်ဘီယာတစ်ခွက်စတင်သောက် သုံး၍အရက်သမားတို့၏ထုံးစံအတိုင်းရောက်တတ်ရာရာများကိုတွေ့စုံဆွေးနွေးခဲ့ကြသည်။ထို့နောက် မန္တလေးဂေဇက်ရွာသူရွာသားများ(ရန်ကုန်အခြေစိုက်)အရက်သမားများဖြစ်သည့် ရဲဘော်(၈) ယောက်တို့သည် နောက်လာနောက်သား ရွာသူရွာသား အရက်သမားများကောင်းကျိုးအထွေထွေကိုရှေးရှု၍ ဘလက်လေဘယ်သွေးသစ္စာရေသောက် သုံးပြီး ဂေဇက်နည်းစည်းမခြား အရက်သမားများ သမဂ္ဂကို စတင်ဖွဲ့စည်းတည်ထောင်လိုက်သည်။ထို့နောက် သွေးသစ္စာ ဘလက်လေဘယ် များအားဆေးကြောအတည်ပြုရန်အတွက် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အင်းယျားကန်ဘောင်သို့သွားကာ သမဂ္ဂဖွဲ့စည်းရေးကိစ္စရပ်များနှင့် အတည်ပြုစရာကိစ္စရပ်များကို အတည်ပြုပြီး အရက် သွေးသစ္စာများဆေးကြော၍ ကတိပြု ကာဖွဲ့စည်းတည်ထောင်လိုက်သည်။ ရည်ရွယ်ချက်။ ။ မန္တလေးဂေဇက်ရွာအတွင်းရှိ (အနယ်အနယ်အရပ်ရပ်ရှိ )ယမကာချစ်သူများ၊ ယမကာစုသောက်ခြင်းဖြင့် ချစ်ခြင်းမုန်းခြင်းကင်းစွာ၊ပျော်ရွှင်မြူးတူးသွေးစည်းညီညွတ်ရန်။ အနယ်အနယ်အရပ်ရပ်ရှိ […]


အာဂApril 5, 20121min80535
ဒီမဂ္ဂဇင်းက ဘယ်တော့ ထွက်မယ်တော့ မသိဘူး။ ဒါပေမဲ့ စိတ်ထင် မကြာမည်ထွက်တော့မယ်နဲ့တူပါတယ်။ မဂ္ဂဇင်း ရဲ့ ပုံစံကဓာတ်ပုံတွေကြည့်ခြင်းအားဖြင့် ဖက်ရှင်နဲ့ အလှအပဘက် မဂ္ဂဇင်းဖြစ်ဖို့များနေပါတယ်။ အဲဒီမှာ သရုပ်ဆောင်ထားကြသူတွေကတော့ အဆိုတော် ဒီရေတိုး နောက်မော်ဒယ် မာရီနာ တို့ဖြစ်ပါတယ်။ရိုက်ထားတဲ့နေရာကတော့ ချောင်းသာမှာပါ။ ဓာတ်ပုံဆရာကတော့ ကျော်မိုးဦးဖြစ်ပါတယ်။ မဂ္ဂဇင်းတွေ ဆင်ဆာမတင်ရတော့ဘူးဆိုတော့ လုပ်ချင်တာတွေလုပ်လာကြတယ်နဲ့တူပါတယ်။ တကယ်များထွက်ဖြစ်ရင် ဆင်ဆာကဘာမှမပြောရင် နောက်ပိုင်း ဖက်ရှင်မဂ္ဂဇင်းတွေ မှာ သူထက်ငါ အပြိုင်ကြဲလို့ အဖော်အချွတ်၊ စက်ဆီ၊ချောဆီများလုပ်လာကြမလားမသိဘူး။အော် ဒီမိုကရေစီ များ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး…။ဘာပဲပြောပြော ဆက်လက်ဆောင့်ကြည့်ရမှာပါပဲ။ အများအတွက် အဆိပ်အတောက်မဖြစ်ရင်ပဲ..ကျေနပ်လှပါပြီ။ အထက်ပါပုံများကို အဆိုတော် ဒီရေတိုး Facebook ဓာတ်ပုံ ကျော်မိုးဦး face book တို့ မှ ကူးယူတင်ပြပါသည်။ http://www.facebook.com/media/set/?set=a.376766232357035.92031.100000709845432&type=3 http://www.facebook.com/profile.php?id=100001397007662&sk=photos


အာဂApril 2, 20121min40511
7 Day News Journal ,2 April 2012 — ယနေ့ညနေ (ဧပြီ ၂ ရက်) ၆ နာရီသတင်းနှင့် ည ၈ နာရီသတင်းများတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ရွေးကောက်ပွဲ ရလဒ်များကို ကြေညာပေးသွားမည်။ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရလဒ်များကြေညာပေးရာတွင် အပြီးသတ်ရေတွက်စိစစ်နေသော မဲဆန္ဒနယ် ၄၊ ၅ နေရာသာ ကျန်ရှိမည်ဖြစ်ပြီး အများစုပါဝင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။


အာဂMarch 29, 20121min1703
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ မကွေးမြို့ပြည်သူတွေ ဆုတောင်းမေတ္တာပို့ ကျန်းမာရေး အခြေအနေကြောင့် မကွေးခရီးစဉ် ဖျက်သိမ်းလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည် ကျန်းမာလာစေဖို့ သောင်းနဲ့ချီတဲ့ မကွေးမြို့ပြည်သူတွေ မနေ့တုန်းက မြို့ကိုလှည့်လည်ပြီး ဆုတောင်း မေတ္တာပို့ကြကြောင်း သိရပါတယ်။ မနေ့ မနက်ပိုင်းက မကွေး မြသလွန်ဘုရား အင်္ဂါထောင့်မှာ ပြည်သူလူထုက ဝတ်ပြုဆုတောင်း မေတ္တာပို့ခဲ့ကြကြောင်း၊ နောက်ပိုင်းမှာ လူစုခွဲလိုက်ကြကြောင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။ အစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂ရ ရက်၊ ၂၈ ရက်နေ့တွေမှာ မကွေးတိုင်းတွင်းက မြို့နယ် ၄ မြို့နယ်ကို သွားရောက်ဖို့ စီစဉ်ခဲ့ပြီး မြိတ်မြို့ခရီးစဉ်မှာ ကျန်းမာရေး ချို့ယွင်းလာတာကြောင့် မကွေးခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတာပါ။ မကွေးမြို့နယ်မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဦးမြင့်သိန်းက ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ […]


အာဂMarch 20, 20121min2815
။ ကျုပ်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။ အဘွားရဲ့အဖေ၊ ဘိုးကြီး အဘိုးရဲ့အမေ ဘွားကြီးတို့နဲ့ တောင်နေခဲ့ဖူးသဗျ။ အဲဒီ အဘိုး- အဘွား ဘိုးကြီး ဘွားကြီးတွေက ရှေးလူကြီးတွေမဟုတ်လား၊ ရှေးရိုးဆန်တာပေါ့ဗျာ။ အဲဒီတော့ သူတို့နားဝင်ဆိုးတဲ့ စကားမျိုး ကြားလိုက်ရရင် သူတို့လက်သုံးစကားနဲ့ပဲ တွင်တွင်ကြီးတုံ့ပြန်တော့တာပေါ့။ သူတို့ လက်သုံးစကားက ´ကြားရ- ကြားရ နားဝမချမ်းသာလိုက်လေကွယ်´တဲ့။ အခု ကျုပ်ကိုယ်တိုင်လည်း ရှစ်ဆယ်ကျော် အဘိုးကြီးဖြစ်လာတော့ နားခါးတဲ့စကားသံတွေ၊ ပြောသံ-ဆိုသံတွေ ကြားလာရရင် အဘိုးကြီးနည်းနဲ့ တုံ့ပြန်မိလာတယ်ဗျာ၊ ကြားရ- ကြားရ နားဝမချမ်းသာလိုက်တာလေသကွယ်။ ကျုပ်နားခါးနေတဲ့ စကားက ကြားဖြတ်ရွေးကောက်ပွဲတွေအကြောင်းဗျ။ ခင်ဗျားတို့ အားလုံးလည်း အဲဒါတွေကြားနေကြရမှာ ပေါ့ ။ကြားတိုင်းလည်း နားခါးနေကြမှာပေါ့ ။ ပြည်သူတွေအားလုံးလည်း နားခါးနေကြမှာပေါ့ ။ ဒီချုပ်အဖွဲ့ဝင်တွေ အားလုံးလည်း နားခါးကြမှာ […]


အာဂMarch 13, 20121min2969
မြန်မာနိုင်ငံသို့ ဘရာဇီးစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ အများအပြားလာရောက်ရန် အစီအစဉ်ရှိပြီး ကမ္ဘာကျော်ဘောလုံးသမား ပီလီနှင့် ရော်နယ်လ်ဒိုတို့လည်း လာရောက်ရန် စီစဉ်လျက်ရှိကြောင်း ၁၀-၃-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ ဘရာဇီးသံအမတ်ကြီးက ပြည်မြန်မာဂျာနယ်သို့ ပြောကြားခဲ့သည်။ ရန်ကုန်မြို့()တွင် ၁၀-၃-၂၀၁၂ ရက်ကကျင်းပသည့် ညစာစားပွဲတစ်ရပ်၌ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီး()က မြန်မာနိုင်ငံ၌ သံရုံးဝန်ထမ်းမဟုတ်သော ဘရာဇီးနိုင်ငံသား ၁၅ ဦးခန့် ခေတ္တလာရောက်နေထိုင်၍ လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း၊ အများစုမှာ ဘောလုံးနည်းပြများနှင့် ဘောလုံးသမားများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများသည် ဘရာဇီးတို့ကဲ့သို့ ဘောလုံးအားကစားကို အထူးစိတ်ဝင်စားသည်ကို သိရှိရကြောင်း၊ ကမ္ဘာလောလုံးအဖွဲ့ချုပ်နှင့် ဘရာဇီးနိုင်ငံ၏အားကစားသံတမန်တစ်ဦးဖြစ်၍ ကမ္ဘာ့ဖလားကိုသုံးကြိမ်တိုင်ရရှိခဲ့သည် ကမ္ဘာကျော်ဘောလုံးသမားဟောင်း ပီလီသည် ၂၀၁၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် စည်းရုံးလှုံ့ဆော်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်လျက်ရှိကြောင်း၊ ကမ္ဘာ့အကောင်းဆုံးဘောသမားဆုကို ၁၉၉၆၊၁၉၉ရ နှင့် ၂၀၀၂ ခုနှစ်တို့တွင် သုံးကြိမ်တိုင်တိုင်ရရှိခဲ့သည့် ဘရာဇီးလက်ရွေးစင်ဟောင်း […]


အာဂMarch 13, 20121min2488
လိုင်းကားများအပေါ်တွင် ၁၅-၃- ၂၀၁၂ ရက်နေ့မှစတင်၍ I pay ကတ်စံနစ်ကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ၁၂-၃-၂၀၁၂ ရက်တွင် ( Kispa Nadi Express Limited )မှ သိရသည်။ ဆက်လက်၍ အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ´ငွေကိုကိုင်ပြီး ကားစီးစရာမလိုဘူး။ ဒီကတ်ရှိရင် ကိုယ်စီးမယ့်ခရိးစဉ်အတွက် ကျသင့်တဲ့ငွေကို ကတ်ထဲကနေ နှုတ်ယူသွားမှာဖြစ်တယ်။ အခုဆိုရင် ဒီစနစ်ကို သုံးဖို့အတွက် ယာဉ်နောက်တွေကို သင်တန်းတွေပေးနေပြီ။ ကတ်ကိုသုံးရင်လည်း တစ်စက္ကန့်လောက်ပဲကြာတော့ အချိန်တွေလည်းမကြန့်ကြာဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက် စီစဉ်နေတာကတော့ကြာပါပြီ။ အခု ၁၅ ရက်ဆိုရင်တော့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ ဒီလိုလုပ်လိုက်ရင် ခရီးသည်တွေလည်းပိုပြီးအဆင်ပြေသွားမယ်ထင်ပါတယ်။ ဒါမှ ကိုယ်က ၂၀ဝ ကျပ်ပေးရတဲ့ခရီးကို သွားမယ်ဆိုရင် စက်ကကတ်ထဲကနေ ၂၀ဝ ပဲဖြတ်သွားမှာပါ။ အခုလိုလုပ်ပေးတာအားလုံးအတွက် အဆင်ပြေသွားအောင်ပါ´ဟု ပြောကြားသည်။ အဆိုပါ […]


အာဂFebruary 14, 20121min110630
ထူးထူးခြားခြား အမျိုးသီးသန့် ယာဉ်လိုင်း ကား ယနေ့ရန်ကုန်မြို့မှာစတင်ပြေးဆွဲနေပြီဟုသိရပါတယ်။ ကားလိုင်းကတော့ မြန်မာ့စီးပွားရေးဦးပိုင်က ပါရမီ၊ အဓိပတိ ယာဉ်လိုင်းဖြစ်တယ်လို့သိရပါတယ်။ ကားရဲ့အရှေ့အနောက် ၊ဘေးပတ်ပတ်လည်မှာ အမျိုးသမီးများအတွက် သီးသန့်လို့ ဆိုင်းဘုတ်များရေးဆွဲထားတယ်လို့သိရပါတယ်။ ချစ်သူများနေ့ဖြစ်တာကြောင့် အကြောင်းမသိပဲတက်စီး မိတဲ့ စုံတွဲအချို့လည်း အနည်းငယ်ဒုက္ခရောက်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါယာဉ်လိုင်းမှာ မူလဆိုခဲ့ သလို အမျိုးသမီး ယာဉ်မောင်၊စပယ်ရာ တို့ထားရှိမယ်ဆိုပေမဲ့ ယခုလောလောဆယ်မှာတော့ အမျိုးသား ယာဉ်မောင်း၊စပယ်ရာတို့နှင့်သာ ပြေးဆွဲနေကြောင်းလည်းသိရှိရပါတယ်။ အမျိုးသမီးသီးသန့် ဆိုသော်ငြား အမျိုးသားကလေးငယ်များကိုတော့ စီးခွင့်ပေးထားပါတယ်။ထိုသို့အမျိုးသမီးသီးသန့် ယာဉ်လိုင်း စီးခမှာ ၂၀ဝကျပ်ဖြစ်ပြီး အမျိုးသမီးထုအများ စုကတော့ ထောက်လှမ်းရေး ရန်ကကင်းဝေပြီးဖြစ်လို့ ဝမ်းမြောက်စွာကြိုဆိုကြတယ်လို့လည်းသိရှိရပါတယ်။