annonymousOctober 11, 20111min43928
သီတင်းကျွတ်အခါ သမရကို ရောက်လာပြီဆိုတော့ သက်ကြီးဝါကြီးများကို ကန်တော့ကြရတော့ မယ်နော်။ အရင်တုန်းက ပြုလုပ်ခဲ့တဲ့အမှားတွေ ကို ဝန်ချတောင်းပန်ရင်းနဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်လလေး ဖြစ်ပါစေ ဟု ရည်ရွယ်ရင် း ….   ဘုရားရှိခိုးရင်ပဲဖြစ်ဖြစ် ကိုယ်ထက်အသက်ကြီးသူတွေ၊ ရဟန်း၊ သံဃာတွေ၊ မိဘ၊ ဆရာတွေပဲ ဖြစ်ဖြစ် ရှိခိုးကန်တော့ရင် ထိခြင်းငါးပါဖြင့် ရှိခိုးသင့်ကြောင်းဆရာတော်၊ သံဃာတော်တွေ တရားဟောကြား သင်ပြဆုံးမ ထားပါတယ်။ ဆရာ၊ မိဘတွေလည်းသင်ပေးလို ့သိရပါတယ်။ ဒါပေမဲ့ ယနေ ့ ခေတ်လူတော်တော် များများက ဒီလို ထိခြင်းငါးပါးဖြင့်ရှိခိုးတာကို သိပ်မတွေ ့ရတောပါဘူး ။ အထူးသဖြင့်ပေါက်ဆိန်ပေါက် ရှိခိုးနည်းတွေကို မကြာခန ဆိုသလိုတွေ ့ မြင်နေရလို ့ ပြုပြင်စေချင်တဲ့စိတ်ဆန္ဒလေးတစ်ခုနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်လိုက်ပါတယ်။ […]


annonymousOctober 6, 20111min34530
နိုင်ငံ၏စီးပွားရေးကိ ုတိုးတက်အောင် အစိုးရမှအထူးစီမံဆောင်ရွက်နေသော ကာလတွင် သွင်းကုန်/ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် အဆင်မပြေမှုများစွာတွေ့ ကြုံနေရပါသည် ဟု သွင်းကုန်/ပို့ကုန် လိုင်စင်လျှောက်ထားသူတစ်ချို့ထံမှ သတင်းရရှိပါသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဌ ဒေါက်တာအောင်ဝင်း ဆိုသူသည် လိုင်စင် လျှောက်ထားရာတွင် အရေးပါသူတစ်ဦး   ဖြစ်သည်ဟု ကြားသိရပါသည်။ ဒေါက်တာဦးအောင်ဝင်း ကိုယ်တိုင်ပင် မေပလ်ထရေးဒင်း ကုမ္ပဏီ တည်ထောင်၍ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည် ဟု သိရပါသည်။ အထည်ချုပ် ဒုဥက္ကဌ လုပ်၍ နိုင်ငံ ဥပဒေကို ချိုးဖောက်နေသူမှာ အလွန်တရာမှ ရှက်ဖွယ်ကောင်းလှပါသည်။ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူအဖို့ မည်သည့်အမည်ဖြင့် လုပ်ကိုင်ရမည်ကို ပြောနေစရာမလိုအပ်ပါ။ ဒုဥက္ကဌတစ်ဦးဖြစ်၍ ပို၍ပင် သိပါလိမ့်မည်။ ထိုသူသည် ယခုအခါ အချို့သော ကုမ္ပဏီများကို အထောက်အထားမရှိ လိုင်စင်ပိတ်ပင်ခြင်းများ ရှိနေသည် […]


annonymousAugust 18, 20111min1005
သူငယ်ချင်းတို့ရေ မင်းတို့အခါအခွင့်ကြုံကြိုက်ခဲ့မယ်ဆိုရင် …. မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်းမြို့နယ် ရှိ မြို့ဦးပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့ တစ်ခါတစ်ခေါက်တော့ အရောက်လာစေချင်လှသည် အကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။ (လူငယ်စောက်ရှောက်ရေး ဌာန) (အနာဂတ်အတွက်ပန်းကောင်းလေးများ ပွင့်လန်းစေဖို့ မေတ္တာရေ အစဉ်ပက်ဖြန်းကြပါစို့) ဆိုတဲ့စကားနဲ့ အညီ လေလိုင်းကြားကနေ သတင်းကောင်းပါအပ်ပါတယ်။ မြို့ဦးပရဟိတ ဘုန်းကြီးပညာသင်ရေးကျောင်း (လူငယ်စောက်ရှောက်ရေးဌာန) သည် ကျိုက်ထီးရိုးဘုရားနှင့် (၁၇)မိုင်ခန့်အကွာ မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ တောင်စွန်းမြို့ အရှေ့ဘက်စူးစူးအရပ်တွင် တည်ရှိပြီး ဘုရင်နောင်ရပ်ကွက် ။ မင်းလမ်းကြီးတွင် မြို့ဦး ပရဟိတလမ်းညွန်ဆိုင်းဘုတ်ကို တွေ့မြင်နိုင်ပါသည်။ ထိုမှတဆင့် မြှားပြသည့်အတိုင်း လျှောက်လှမ်းလာပါက ကြည်နူးဝမ်းသာ စိတ်အေးချမ်းဖွယ်ရာ မြို့ဦးပရ ဟိတ (ဘ/က ) လူငယ်စောက်ရှောက်ရေး ဌာနသို့ရောက်ရှိမည် […]


annonymousAugust 10, 20111min24613
ကျွန်မတို့နိုင်ငံ က ထေရ်ဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ ခုနောက်ပိုင်းလူတွေကို ကြည့်ရတာ ယဉ်ကျေးမှု ၊ ရိုသေနားလည်မှု ၊ စာနာမှုတွေလဲ အလွန်ခေါင်းပါးတယ် လို့တွေးမိပါတယ်။ အထူးသဖြင့် ကားစီးတဲ့အခါ လူတွေရဲ့ အတ္တတွေကို ပိုတွေ့ရပါတယ်။ ကားပေါ်မှာ ကိုယ့်ထက်အသက်ကြီးသူတွေ့ရင် ပေးထိုင်ရမှန်းမသိတာလား ၊ မမြင်ချင်ယောင်ဆောင်တာဖြစ်ဖြစ်နဲ့ ပေကတ်ထိုင်နေကြပါတယ်။ သံဃာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးတွေကို ငဲ့ညာ သင့်တယ်ဆိုတဲ့အတွေးမျိုးတွေ မရှိကြတော့ဘူး ထင်ပါရဲ့။  ဒါဆို ကားတွေပေါ်မှာရေးထားတဲ့ သံဃာနဲ့အသက်ကြီးသူများ ဦးစားပေးပါဆိုတဲ့စကားက မှားပြီလို့ထင်ပါတယ်။ ကျွန်မမနက် အလုပ်လာတုန်းက အဖြစ်အပျက်လေး တစ်ခုကိုပြောပြချင်ပါတယ်။ ကျွန်မတို့အလုပ်က လှိုင်သာယာမှာရှိလို့မနက်ဆိုလိုင်းကားစီးဖြစ်ပါတယ်။ ကားကလဲ 96 ဒိုင်နာကားပေါ့နော်။ ကားက လူတော်တော်ကြပ်ပါတယ်။ ဘုရင့်နောင်ရောက်တော့ သက်ကြီးပိုင်းသံဃာတစ်ပါးတက်လာပါတယ် ။ သံဃာကြီးက အလွန်အသက်ကြီးနေပါပြီ … […]