ကျနော်ဟာ ကဗျာကို ဝါသနာပါသူ တစ်ယောက်ပါ .. ။ မရေးတတ် ရေးတတ်နဲ့ ကဗျာတွေကိုလည်း မောင်ရွာ ဆိုတဲ့ ကလောင်အမည်ခံပြီး ရေးခဲ့တယ် … ။ ကလောင်အမည်ခံ ထားပေမယ့်လည်း မဂ္ဂဇင်းတိုက်တွေကိုတော့ ကျနော့်ကဗျာတွေကို ပို့ဖူးခဲ့တာတော့ မဟုတ်ပါဘူး။ အခု ကဗျာလေးကိုလည်း ဖတ်ရှုပြီး ဝေဖန်ပေးကြပါဦးလို့ … ။ ခင်မင်စွာဖြင့် မောင်ရွာ တစ်ဖြစ်လဲ အံစာတုံး


ကျွန်ုပ် ငအံနှင့် မောင်ခိုင်မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြလေသည်။ ကျွန်ုပ်တို့မှာ ငယ်စဉ် ကလေးဘဝ နှပ်ချေးတွဲလောင်း ကတည်းက အတူတူ ကစားခဲ့ကြသူများ ဖြစ်၏။ အရပ်စကားနှင့် ပြောရပါလျှင် ဂေါ်လီရိုက်ဖက်၊ ညော့ကွင်းထုဖက် ဟူ၍ ဆိုရပေမည်။ ကျွန်ုပ်တို့ စာသင် အရွယ် ရောက်သောအခါတွင်လည်း ဘုန်းတော်ကြီး ဦးအိပ် ထံတွင် အတူတကွ စာပေ သင်ကြားခဲ့လေသည်။ မောင်ခိုင်မှာ အလွန် ခေါင်းမာသူ တစ်ဦး ဖြစ်သည့်အပြင်၊ အငြင်းသန်သူ တစ်ဦးလည်း ဖြစ်လေသည်။ ၎င်းသည် ၎င်းခံယူထားသော အယူအဆဘက်မှ ရပ်တည်၍ မနိုင်နိုင်အောင် ငြင်းဆိုတတ်သဖြင့် ၎င်းအား ကျွန်ုပ်အပါအဝင် ဦးအိပ် ကျောင်းမှ ကျောင်းသားများက ငငြင်း ဟူ၍ အမည်ပြောင် ခေါ်တွင် ခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် ဤသို့ […]


သတိ သရဲခြောက်နေသည် … ဗြဲ   မနေ့ကပေါ့ …. ။ ကျနော် အံစာတုံး အလုပ်ကနေ အိမ်အပြန်ခရီးမှာ ငေးမိငေးရာ၊ တွေးမိတွေးရာ တွေးရင်းငေးရင်းနဲ့ ပြန်လာခဲ့တယ်။ လမ်းခုလတ် အရောက်မှာ သောက်စည်းကမ်းမရှိတဲ့ လူတစ်ယောက်ကောင်းမှုကြောင့် လမ်းပေါ်မှာ ပက်လက်လန်နေတဲ့ ငှက်ပျောခွံကို ကျနော့် ခြေထောက်က မျက်စိမှောက်ပြီး တက်နင်းမိပါလေရော … ။ ငှက်ပျောခွံပေါ် နင်းမိရာက အစပြုလို့ ကျနော် ချော်လဲကျခဲ့တယ်။ ဒီထက်ဆိုးတာကတော့ နောက်စေ့နဲ့ ကတ္တရာလမ်းနဲ့ မိတ်ဆက်ပြီး တစ်ခေါင်းလုံး မှောင်မိုက်သွားခဲ့တာပါပဲ … ။ ကျနော် အရာရာကို ထင်ထင်ရှားရှား ပြန်မြင်လာတဲ့အချိန်မှာတော့ အင်တာနက်ဆိုင် တစ်ခုရဲ့ ရှေ့မှာ ရောက်နေပြီ။ အဲဒီဆိုင်က ကျနော် သုံးနေကျ အင်တာနက်ဆိုင်။ အိတ်ကပ်ထဲ ငုံ့ကြည့်လိုက်တော့ […]


ဒီနေ့အဖို့ ကျနော်တို့ ရွာမှာ အသုံးတွင်ကျယ်တဲ့ စကားလေးတွေ အကြောင်းကို ပြောချင်ပါတယ်။ စကားက နှစ်မျိုးရှိတယ်ဗျ။ တစ်မျိုးက လူတိုင်း နားလည်တဲ့ စကားမျိုး။ တစ်မျိုးက လူငယ်တွေပဲ နားလည်တဲ့ စကားမျိုး။ အဲ … ပထမ အမျိုးအစားက မခက်ပေမယ့် လူငယ်တွေပဲ နားလည်တဲ့ စကားကတော့ နည်းနည်းလေးတော့ ရှုပ်တယ်။ ရှုပ်မှ လူကြီးတွေ မသိမှာကိုးဗျ … နော့ ။ ရွာမှာ လူအများစု သုံးနေတဲ့ စကားလုံး အချို့ကတော့ … ကိုယ့်မျက်စိထဲ သိပ်ပြီး ဘဝင်မကျတဲ့ လူတစ်ယောက်ကို ပြောတဲ့အခါ … “ဒီကောင်က အယိုင် ပါကွာ” လို့ သုံးပါတယ်။ အယိုင် … အယိုင်ကြီး ပါကွာလို့ ပြောကြတယ်ဗျ။ […]


ကျနော်က အင်တာနက်ပေါ်မှာ ကလိနေရတာကို အလွန် ဝါသနာပါတဲ့ လူတစ်ယောက်ပါ။ ဒီနေ့လည်း ကျနော် ပို့စ်တင်မယ်လုပ်ရင်းနဲ့ ပို့စ် Editor ကို ကလိနေမိတယ်။ အဲဒီမှာတင် ကျနော် ကလိမိတာတွေကို ပို့စ်အဖြစ် တင်လိုက်မယ် ဆိုပြီး အခု ပို့စ်လေးကို တင်လိုက်ပါတယ်။ ဒီနေ့ ကျနော် ကလိ မိသမျှ ကတော့ …………… ပထမဆုံး Gazette မှာ Login ဝင်လိုက်တယ်။ ဒီတော့ Dashboard ကို ရောက်သွားတာပေါ့။ ပို့စ် အသစ်တင်မယ် ဆိုတော့ Posts ခေါင်းစဉ်အောက်က Add New ကို နှိပ်လိုက်တယ်။ ပေါ်လာပါပြီ။ ရိုးရိုးလေးပါပဲ။ အပေါ်က Box ထဲကို ခေါင်းစဉ် ရိုက်ထည့်တယ်။ နောက်တော့ အောက်က […]


တောင်တစ်တောင်။ အမည်က ကျောက်တစ်လုံးတောင်။ အဲဒီတောင်မှာ ဥစ္စာစောင့်တွေ ရှိတယ်လို့ နာမည်ကြီးတယ်။ ပါးစပ်ရာဇဝင်အရ အဲဒီတောင်ထဲမှာ နောင်ပွင့်တော်မူမယ့် အရိမေတ္တယျ မြတ်စွာဘုရားရှင်ကို ကျောင်းဆောက်လှူဒါန်းဖို့အတွက် ရတနာတွေ ရှိတယ်လို့ ပြောကြတယ်။ အဲဒီတောင်က ကျွန်းတောရွာ ပိုင်နက်ထဲမှာ ရှိတယ်။ အရင်တုန်းက တောင်မှာ ဂူပေါက်ကြီးရှိပြီး ကျွန်းတောရွာက လူတွေ ပွဲလမ်းသဘင် ရှိပြီဆိုရင် လက်ဝတ်ရတနာတွေကို ဥစ္စာစောင့်တွေက ငှားပေးတယ်ဆိုပဲ။ နောက်ပိုင်း အလိုရမက်ကြီးပြီး ကတိမတည်တဲ့ လူတစ်ချို့ကြောင့် ဥစ္စာစောင့်တွေက သူတို့ရဲ့ ဂူပေါက်ကြီးကို အပြီး ပိတ်ပစ်ခဲ့ကြတယ်လို့ လူကြီးတွေရဲ့ ပါးစပ်ရာဇဝင် တွင်ခဲ့ပါတယ်။ ကျောက်တစ်လုံးတောင်နဲ့ ပတ်သက်လို့ တစ်နည်းအားဖြင့် ကျောက်တစ်လုံးတောင်က အစောင့်အရှောက်တွေ၊ ဥစ္စာစောင့်တွေနဲ့ ပတ်သက်လို့ ကျွန်းတောရွာကလူတွေ မျက်မြင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေကလည်း များပါတယ်။ ကျောက်တစ်လုံး […]


ကျွန်ုပ်၏ ထက်သန်လှသော ကဗျာ လက်စောင်းကြောင့် အမည်မသိ ကမ္ဘာကျော်၊ မြန်မာကျော်၊ အကုန်ကျော် မဂ္ဂဇင်းကြီး၏ မျက်နှာဖုံး စာမျက်နှာတွင် ဖော်ပြခံခဲ့ရသော ကဗျာတစ်ပုဒ်အား ဤနေရာမှာ ရွာသူားအပေါင်း သိစိမ့်သောငှာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ၏ (အမှန်ကား ရေးမိရေးရာ ရေးသားထားသော ကဗျာသာ ဖြစ်၏ ) ။ ကျွန်ုပ်၏ ချစ်တတ်လှသော နှလုံးသားကြီး ပေါက်ကွဲပြီးနောက် ပေါက်ဖွားလာခဲ့တဲ့ အဆိုပါ ကဗျာငယ်အတွက် ကျွန်ုပ်အား ရက်စက် သွားခဲ့သော ချစ်သူအား ကျေးဇူးအထူး တင်ရှိပါကြောင်း … (အမှန်ကား သူငယ်ချင်းရဲ့ အသဲကွဲဖီလင်ကို ဘာသာပြန်ဆိုခြင်းသာ ဖြစ်၏ ) ။ ဖတ်ချင်သလိုဖတ်၍ မန့်ချင်သလို မန့်သွားကြပါကုန် …. ပုံ အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး […]


ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့က “တယ်ညံ့သကိုး” ဆိုတဲ့ ပို့စ်လေးနဲ့ ကျွန်တော် ဂေဇက်မှာ စတင် ခြေချခဲ့ပါတယ်။ အဲဒီလို ခြေချဖြစ်ခဲ့တဲ့ အကြောင်းကလည်း ကျွန်တော့်ရဲ့ ညီငယ်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့၊ ဂေဇက်ရဲ့ မန်ဘာတစ်ယောက် ဖြစ်တဲ့ BigDefender ရဲ့ ဆွဲခေါ်မှုကြောင့် ဖြစ်ပါတယ်။ အစ ပထမတော့ ကျွန်တော်ဟာ ဂေဇက်မှာ စာတွေ ရေးပြီး တင်ခဲ့ပေမယ့် ရေးပြီး တင်တယ် ဆိုရုံလောက် အနေအထားပဲ ဖြစ်ခဲ့ပါတယ်။ အန်တီဆူး ပြောသလို ဂေဇက်မှာ ပို့စ်တင်လိုက်တာနဲ့ ကိုယ်ပိုင်မြေကွက်တစ်ကွက်ရပြီ ဆိုနိုင်ပေမယ့် အဲဒီမြေကွက်မှာ ကျွန်တော် ခဏတဖြုတ် ဝင်နားသွားတယ် ဆိုရုံလောက်ပါပဲ။ အဲဒီထက် မပိုခဲ့ပါဘူး။ တကယ့် ရွာသားစစ်စစ် တစ်ယောက် ဖြစ်လာခဲ့တာဟာ […]


တစ်နေ့သ၌ ရွာ၏ နေညိုချိန် ထန်းတဲတစ်ခုတွင် လူတစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ ကိုလူကြီးမှာ လွန်စွာ လူကောင် ကြီးမားသူတစ်ဦး ဖြစ်သည့်အပြင် မည်သည်ကိုမျှ မကြောက်တတ်၊ မည်သူ့ကိုမျှ မကြောက်တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။ ၎င်းတို့၏ ထန်းရည်ဝိုင်း အရှိန်ရလာချိန်တွင် လူပုလေး ဆိုသူက ကိုလူကြီး အား ဤသို့ စကားစလေသည်။ “ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ” “ဘာများလဲ … ဘယ်ကောင်က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး” “ဘယ်ကောင်ကမှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ်ဆိုတာက မင်းအမေ ဒေါ်စိန်ထွား ကို ပြောတာ” “မင်းကလည်း […]


တိုတိုပေါက်ပေါက် … တိုပေါက် အတွက် ဒီနေ့ စိတ်ကူးရလို့ အခုပုံလေးတွေရှာပြီး တင်ပေးလိုက်တာနော်… စိတ်ဆိုးကြေး … 😀 😀 တိုတိုပေါက်ပေါက် ကို ခင်တဲ့ … အံချာတုံး


ကျွန်တော်တို့ သူများ ရေးထားတဲ့ ပို့စ်ကို ယူသုံးချင်ရင် ပို့စ်ပိုင်ရှင်ဆီက ခွင့်ပြုချက် တောင်းရပါလိမ့်မယ်။ သူက ခွင့်ပြုတယ် ဆိုမှသာ တရားဝင် ကော်ပီ ဖြစ်မှာပါ။ ခရက်ဒစ် ပေးပြီး ယူသုံးရင်လည်း ရနိုင်ပါတယ်။ ခွင့်ပြုချက်လည်း မတောင်း၊ ခရက်ဒစ်လည်း မပေးဘဲနဲ့ ကိုယ်တိုင်ရေးထားတာလိုလို ခပ်တည်တည် ယူသုံးလိုက်ရင်တော့ ခိုးယူခြင်း ပြစ်မှု မြောက်ပါတယ်။ ဒါကတော့ ပို့စ်ကော်ပီယူခြင်း အကြောင်းပါ။ ပို့စ်တွေကို ယူသုံးသလိုပဲ အခြားဆိုက်တစ်ခုခုမှာ တင်ထားတဲ့ ပုံတွေကို ယူသုံးချင်တယ် ဆိုရင်လည်း ခရက်ဒစ်ပေးပြီး သုံးကြရမှာပါ။ ဒီထက် ပိုကောင်းတာကတော့ ပုံရဲ့ URL ကို တိုက်ရိုက် ယူသုံးလိုက်တာပါပဲ။ ကျွန်တော်တို့ အင်တာနက်ပေါ်က ပုံတွေကို ယူသုံးချင်တဲ့အခါ အဲဒီပုံကို Download ချ၊ ပြီးရင် […]


ရာသီတွေ ပြောင်း ရွက်ဟောင်းတွေ ကြွေ ရွက်သစ်တို့ ဝေခိုက် အမှတ်တမဲ့ လေပြင်းတိုက်ခတ်လို့ အမြစ်က ပြုတ်ထွက်ခဲ့ရတဲ့ သစ်တစ်ပင် ….. လှလွန်းလို့ ရင်မှာချစ်မိ ချစ်လွန်းတော့ ရင်မှာငြိတွယ် ငြိတွယ်တော့ မခွဲနိုင်မခွာနိုင် (တစ်စက္ကန့်လောက်မျှ) မခွဲနိုင်တော့ နှစ်ယောက်အတူပေါင်းပြီး ဘဝတစ်ခု တည်ဆောက်မယ်လို့ ရည်စူး ရည်စူးထားလျက်နဲ့ အချစ်တစ်ခုဟာ ပြိုပျက် အဲဒီလို ပြိုပျက်ခဲ့တော့ ရင်မှာ ရူးမတတ်ခံစားခဲ့ရတယ် ….. မျက်ရည် မိုးလိုရွာ ရက်ရှည် လတွေကြာ ဒီဝေဒနာ မျှဝေမယ့်သူမရှိ တစ်ယောက်တည်းသာ ကြိတ်မှိတ်ပြီး တိတ်တိတ်လေး ခံစားနေခဲ့ရတာပါ …. ချစ်ခဲ့သမျှ အချစ်တွေအကုန်လုံး နောက်ဆုံးမှာ ရင်တစ်ခုလုံး ပျက်သုဉ်းလုမတတ် လာပြန် ရိုက်ခတ်တယ် ….. တကယ်ဆို ချစ်တတ်သူသာ အမှားပါ ချိန်ခွင်လျှာဟာ […]