မွန်းကြပ်လှတဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကြားမှာ ကျင်လည် ကျက်စားရင်း တောအရပ်ဆီက ငြိမ်းအေးလှတဲ့ အမေ့အိမ်လေးကိုသာ ကျွန်တော်မှာ အရမ်း မှန်းဆ၊ တမ်းတ၊ လွမ်းရတယ် ….. အမေ ‘မိသားစုအတွက် အထောက်အပံ့ရပါစေ’ … ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြို့ကြီးပြကြီးအလယ်မှာ ရုန်းကန်လှုပ်ရှားရင်းက စိတ်တွေ တအားမွန်းကြပ်လာတဲ့အခါမျိုးမှာ အမေ့ရင်ခွင်ဆီကိုသာ ပြေးလို့လာလိုက်ချင်ပါတယ် ….. အမေ ‘ဘုရား၊ တရား၊ သံဃာကို မမေ့ပါနဲ့’ … တဲ့ အမေ မှာလိုက်တဲ့စကား ကျွန်တော့်ဦးထိပ်မှာ တင်ထားဆဲပါ … အမေ လူတွေများလွန်းလှတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ ရွှေတိဂုံဘုရားကို ဖူးမြင်ရပြန်တော့လည်း ကျွန်တော့်မှာ ကြည်နူးမဆုံးဖြစ်ရပါတယ် ….. အမေ ညဘက် အိပ်ရာဝင်ခါနီးတိုင်းမှာလည်း အမေ့ကို ကျွန်တော် ရှိခိုးဦးချမြဲပါပဲ …. […]