– – – – – ================================== တစ်နေ့သ၌ ကျွန်ုပ်သည် ရာသီဥတု လွန်စွာ အိုက်စပ်ရကား အိမ်ရှေ့ မန်ကျည်းပင်အောက်တွင် ရှိသော ထိုင်ခိုင်တန်းလျားပေါ်၌ ထိုင်နေရင်းဖြင့် အိုက်စပ်ခြင်း ပြေပျောက်စေရန် အလို့ငှာ ယပ်တောင် တဖျက်ဖျက် ခတ်လျက် ရှိနေစဉ် ကျွန်ုပ်၏ အိမ်ရှေ့တံခါးဝ ဆီသို့ ဆံပင်အား သျှောင်တစ်စောင် ထုံးဖွဲ့ထားပြီး နီညိုရောင် ခပ်နွမ်းနွမ်း အဝတ်အစားများအား ဝတ်ဆင်ထားသည့် အသက် ၆ဝ အရွယ် လူကြီးတစ်ဦးသည် လာရောက် ရပ်တန့်သည်ကို တွေ့ရလေ၏။ ကျွန်ုပ်မှလည်း အလှူခံပေလော ဟူသော အကြည့်ဖြင့် ထိုလူကြီးအား ကြည့်ရှုအကဲခတ်နေစဉ်တွင် ထိုလူကြီးသည် ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ကြေးစည်လေးအား ထုတ်လျက် နောင် .. ဝေ .. […]