– – – – – =+=+=+=+=+=+=+=+=+=+= အဟမ်းး ဟမ်းး ဒီဂနေ့ ကျွဲရောင်းလာကြတဲ့ ပလိတ်သတ် အပေါင်းကို ပေါဂျင်တာဂဒေါ့ …   အဟမ်းး ဟမ်းး ယခင် မန်းဒလေးဂွဇက် (မန္တလေးဂဇက်) မှသည် …   အဟမ်းး ဟမ်းး ယခု မြန်မာဂွဇက် (မြန်မာဂဇက်) သို့ …   အဟမ်းး ဟမ်းး ပြောင်းလဲလိုက်ခြင်းပဲ ဖြစ်ပါသည် ……..။   ယခင် အဟောင်း ယခု အသစ်   ဘယ်လို ပြောင်းတာတုန်း ဆိုတာကို သိချင်ရင်တော့ဖြင့် …. ထိပ်စီးကိုသာ ကြည့်လိုက်ပါ …။ (ထိပ်စီး = ဘယ်ဘက်အပေါ်ခြမ်း) မြန်မာမှာ အသစ်၊ […]


======================   အပိုင်း (၁) ဖတ်ချင်ရင် နှိပ်ပါ။ ====================== ည က သန်းခေါင်ယံ အချိန်ခန့်။ နေရာ က အဝေးပြေးကားဝင်းရဲ့ တစ်နေရာ။ အဲ့ဒီနေရာမှာ လူတစ်ချို့ ထိုင်ခုံကိုယ်စီနဲ့။ အချို့က ပါလာတဲ့ ပိုက်ဖျာလေးတွေ ခင်းပြီး ကျောခင်းလျှက်။ ဒီလူတွေထဲမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်လည်း တစ်ယောက်တည်း ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ ကြောင်တောင်တောင် ဟိုငေးဒီငေး ငေးနေလျှက်။ သူ့ဘေးမှာတော့ သက်တော်အားဖြင့် ၅ဝ ဝန်းကျင်ခန့် ဘုန်းဘုန်းတစ်ပါးကိုလည်း တွေ့ရပါသေးတယ်။ “ကဲ .. ကဲ .. ဧည့်စာရင်း စစ်မယ်။ ထုတ်ထားကြ” အော်ကြီးဟစ်ကျယ် ဝင်လာသော ရဲတစ်အုပ် …။ ပြောပြောဆိုဆို တစ်ယောက်ချင်းဆီက ဧည့်စာရွက်တွေကို လိုက်လံ စစ်ဆေးနေကြတယ်။ […]


– – – – – ================== တစ်ခါတုန်းက တံငါသည်တစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်ပင်တစ်ပင်အောက်မှာ အေးအေးဆေးဆေး လှဲနေရင်း ဆေးလိပ်တစ်လိပ်ကို ဇိမ်နဲ့သောက်နေတယ် ။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဋ္ဌေးကြီးတစ်ဦးရောက်လာပြီး … “ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ အရိပ်အောက်မှာ ဆေးလိပ်သောက်နေသလဲ” – လို့မေးပါတယ်။ အဲဒီတော့ တံငါသည်က – “ဒီနေ့အဖို့တော့ ငါးတွေလုံလုံလောက်လောက်ဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း” – ပြန်ပြောတယ် ။ သူဋ္ဌေးကြီးဟာ တံငါသည်အပေါ် အားမလိုအားမရ ဖြစ်သွားသလို ဒေါသလည်းထွက်သွားခဲ့ပါတယ်။ သူဋ္ဌေးကြီးက… “ ဘာကြောင့်နောက်ထပ်ငါးတွေဆက်မဖမ်းပဲနဲ့ အရိပ်ထဲမှာ မင်းရဲ့အချိန်တွေကို ဖြုန်းရတာလဲ ” – လို့ မေးလိုက်ပါတယ်။ တံငါသည် ကပြန်မေးလိုက်တာက “ကျနော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ” သူဋ္ဌေးကြီးက “ […]


– – – – – ========================= ဝုတ် … ဝုတ် … ဒါ .. ကျုပ်ရဲ့ ငါ ထင်တဲ့ အသံ … ဒီအသံ ခပ်ပြင်းပြင်းဆို “ခင်ဗျားတော့ သေတော့မယ်” လို့ အဓိပ္ပါယ်ရတယ်။ ကိန် … ကိန် … ဒါ … ကျုပ်ရဲ့ တပ်ခေါက်ပြန်တဲ့ အသံ ဒီအသံ “ကျုပ် နာတယ်။ ကျုပ် ကြောက်တယ်” လို့ အဓိပ္ပါယ် ရပါတယ်။ အကယ်၍ … ကျုပ် ဖင်မြှီးလေးများ ရမ်းတန်း ရမ်းတန်း ဖြစ်နေပြီဆို ခင်ဗျားကို ခင်မင်ပါသည် ဟု ဆိုပါတယ်။ “………. ဝုတ် … ဝုတ် […]


– – – – – ================================ ================================ ယနေ့ပို့စ် (အောက်တိုဘာ၊ ၂၀၁၃) ပို့စ်အမည် ရေးသူ ဖတ်ရှုရန် (လင့်ခ်) 31-10-2013 ချစ်ဆဲ….လွမ်းဆဲ…မိုးကုတ်မြေ ကျော်စွာခေါင် Click Here ရွှေကျင် သို့ တစ်ခေါက် (2013 – သီတင်းကျွတ်လပြည့်) Mလုလင် Click Here ငိုသံ alinsett Click Here ခြင်္သေ့ ဆိုတာ Mahar Myanmar Click Here မခင်တွယ်သူကြီးသို့ ရွှေမိုးတိမ် Click Here My Photo Collection – II no non negative Click Here နောင်တမဲ့သော တွယ်ငြိခြင်း အပိုင်း […]


ရန်ကုန်မြို့လယ်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း လူတွေ၊ ဈေးသည်တွေနဲ့ ရှုပ်ထွေးနေပါတယ်။ တောင်မှ မြောက်သို့သွားသူ၊ မြောက်မှ တောင်သို့လာသူ၊ အရှေ့မှအနောက်သို့ သွားသူ၊ အနောက်မှ အရှေ့သို့လာသူ အရှစ်ရှစ်မျက်နှာ ဖီလာ သွားသူလာသူတွေနဲ့ ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာ မနေမနား အလုပ်လုပ်နေရပါတယ်။ အဲ့ဒီ အဲ့ဒီ ဥဒဟိုသွားလာနေကြတဲ့ လူတွေထဲမှာ အသက် ၁၆ နှစ်အရွယ်၊ အင်္ကျီအနက် လက်ပြတ်လေးနဲ့ ပုဆိုးကို ခပ်တိုတို ဝတ်ဆင်ထားတဲ့ ခပ်ပိန်ပိန် ခပ်ပါးပါး ကောင်လေးလည်း အပါအဝင်ပါပဲ။ နေကလည်း နေသာတဲ့နေ့ပီပီ လွှတ်ပူနေတယ်။ တချို့က ထီးလေးတွေနဲ့။ အချို့ကတော့ ထီးဗလာနဲ့။ ကောင်လေးကတော့ နားထင်မှာ ချွေးတွေနဲ့ဆိုပေမယ့် ဖြေးဖြေးသက်သာ လျှောက်လှမ်းလျက် လမ်းဘေး ဆိုင်တွေကို ငေးကြည့်နေမိတော့တယ်။ သူ … နာရီဆိုင်တွေ […]


– – – – – ================================ (၁) ………….. ရောင်နီဖြာနေတဲ့ နံနက်ခင်းတစ်ခုမှာ သူမကို စတင်တွေ့ခဲ့ရတယ်။ အဲ့ဒီအချိန်က နေရောင်ခြည်အောက်မှာ ပန်းများစွာဟာ အလှပဆုံး ပွင့်လန်းလို့နေခဲ့တယ်။ သူမ ကလည်း ကျနော့်ရဲ့ မျက်ဝန်းများထဲမှာ ထင်ကျန်ရစ်လို့ သွားခဲ့တယ်။ တွေ့တွေ့ချင်းမှာပဲ အမှတ်တမဲ့နဲ့ ကျနော် ပြောခဲ့ပါသေးတယ် …. “လှတယ်” ……………။ (၂) ……………… အဲ့ဒီနေ့ တစ်နေ့လုံး နေသာနေတယ်။ ကျနော့် ရင်ထဲမှာလည်း တစ်စုံတစ်ခုသော အကြောင်းနဲ့ ပျော်လို့နေတယ်။ သူမရဲ့ မျက်နှာ ခဏတာ ငေးမိတဲ့အခိုက်မှာ တစ်စုံတစ်ရာဟာ ရင်လှိုက်ဖိုစေခဲ့တယ်။ ဒါပေမယ့်လို့လည်း ဘာသိဘာသာ ခဏနဲ့ ပျောက်သွားမှာပါလို့ပဲ ကိုယ့်ကိုကိုယ် တွေးမိခဲ့ပါသေးတယ်။ ဒီအချိန်မှာပဲ အနောက်အရပ်ဆီက နေထွက်လို့လာတယ်။ […]


– – – – – ==================================== ခွေးတွေ ချွေးထွက်ကြတယ် ခွေးတွေ ဟောဟဲ ဟောဟဲ ဖြစ်နေတာကို ခင်ဗျားတို့လည်း ကြားဖူးကြမှာပါ။ ဒါပေမယ့် ချွေးထွက်တာကို တွေ့ဖူးကြပါသလား။ နိုးစ် … မတွေ့ဖူးဘူး။ ဘတ်ထ် … ခွေးတွေ ချွေးထွက်ကြတယ် ခင်ဗျ။ ဟုတ်ပါတယ်။ ခွေးသုတေသန ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ အနန္တစကြဝဠာ မဟာရာဇာ အံစာတုံးက ပြောပါတယ်။ ခွေးတွေရဲ့ ခြေလေးချောင်းကြားထဲမှာဆိုရင် ချွေးထုတ်တဲ့ အကြိတ်လေးတွေ ရှိနေပါသတဲ့။ အဲ့ဒီနေရာတွေက ချွေးထွက်တယ်ပေါ့ဗျာ။ မယုံ ပေါင်လှန်ကြည့်။ ခွေးထီးတွေက ခြေထောင်ပြီး သေးပန်းတယ် ခွေးထီးတွေဟာဆိုရင် သစ်ပင်တွေ တိုင်တွေကို သေးပန်းတဲ့အခါမျိုးမှာ သူတို့ရဲ့ ခြေထောက်ကို ထောင်ပြီးတော့ သေးပန်းတတ်ကြပါသတဲ့။ ဒီလိုမျိုး […]


– – – – – ================================ ထွေထွေထူးထူး ဘာမှ ပြောစရာ မရှိပါဘူး။ သူများတွေလိုပဲ ဒီပို့စ်ကလည်း ကြိမ်စင်္ကြာကြောင့် ပေါ်လာရတဲ့ ပို့စ်ပါပဲ။ ဘာဖြစ်ဖြစ် ကဗျာတိုလေးတော့ ထည့်လိုက်တယ် … လာလေရော့ဟယ် ……………..။ “………….. ဂဇက် … အနေမတတ်တဲ့ လူအချို့အတွက်ကြောင့် ရွာပျက်မတတ် ဖြစ်တတ်တယ် …။ ဂဇက် … အနေတတ်တဲ့ လူအချို့အတွက် ပျော်စရာ နေရာဌာနာတစ်ခုပါပဲ …။ ဂဇက် … စရိုက်လည်း စုံပါပေရဲ့ အမှိုက်တွေလည်း ကြုံလာလေရဲ့ စုံစီနဖာ ထွေလာဆန်းရဲ့ အွန်လိုင်းဆိုတဲ့ ဒီနန်းမှာကွဲ့ တဝါးဝါး သန်းကာနေရဲ့ ငါကိုယ်တော် အိပ်ချင်ပြီကွဲ့ … ဒီလိုနဲ့ ဟိုမရောက် ဒီမရောက် အဆုံးသတ်လိုက်ပါရဲ့ […]


– – – – – ======================== မြေကြီးက ငိုပြတဲ့အခါ ကောင်းကင်ကြီးက မိုးတွေ ရွာချတယ် “__ ငါကွ __” လို့တောင်မှ ကြုံးဝါးလိုက်သေးရဲ့ ………..။ ပန်း မပွင့်တဲ့ ညနေခင်းဟာ ဆည်းဆာရဲ့ ကဗျာဆန်တဲ့ အလှကို ငေးတယ် ပြီးတော့ ပြောလိုက်တယ် “မင်းက ရုပ်ဆိုးလိုက်တာကွာ” … တဲ့ …။ ဖဲဝိုင်းတစ်ခုမှာ ရန်ပွဲဖြစ်တယ် ဓါးထိုးမှု ဖြစ်တယ် လူသတ်မှုနဲ့ ထောင်ထဲကို ရောက်လာတယ် နောက်တစ်ရက်မှာ … အမှုက ကွင်းလုံးကျွတ် လွတ်လို့ လာခဲ့ပြန်တယ် …..။ “_ ဟော … ဟိုမှာ … ဟိုမှာ _” လက်ညှိုးညွှန်ရာ အလန့်တကြား ကြည့်လိုက်မိပါတယ် […]


– – – – – ============================ တစ်နေ့သ၌ ကျွန်ုပ် မောင်တူးသည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားအနီးတွင် ဖွင့်လှစ်ထားသော ဘုရင် မည်သော လက်ဖက်ရည်ဆိုင်လေးတွင် အေးအေးလူလူ ထိုင်နေရင်းဖြင့် အားလပ်ခြင်း အရသာအား စီးကရက် အမြည်းဖြင့် ကောင်းကောင်းကြီး ခံစားလျက် ရှိနေလေ၏။ ဘုရင် လက်ဖက်ရည်ဆိုင်လေး ဖွင့်လှစ်ထားသည့် နေရာသည် ဆူညံ့လွန်းခြင်း၊ တိတ်ဆိတ်လွန်းခြင်း အစွန်းနှစ်ပါး လွတ်လျက် ရှိနေသည့်အတွက် အေးဆေးစွာ နေလိုသော ကျွန်ုပ်အတွက် သင့်လျော်သော နေရာတစ်ခု ဖြစ်သည်ဟု မှတ်ချက် ပြုမိသေး၏။ လက်ဖက်ရည်ဆိုင်လေး၏ အတွင်းနံရံများတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံကားများအား ချိတ်ဆွဲ၍ ထားသည်ကို တွေ့မြင်ရလေ၏။ ကျွန်ုပ်လည်း ထိုပုံကားများအား ငေးမော ကြည့်ရှုရင်းဖြင့် ကျွန်ုပ် မမှီလိုက်သော်လည်း […]


– – – – – ======================== ဟုတ်ကဲ့ ….။ အင်တာနက်ပေါ်ကနေ ငွေ ရှာတဲ့ နည်းလမ်းလေး တစ်ခုကို ပြန်လည် မျှဝေချင်ပါတယ်။ ဒီနည်းလမ်းက လျှို့ဝှက် နည်းလမ်းတစ်ခုလည်း ဖြစ်သလို၊ အရမ်း ရိုးစင်းလှတဲ့ နည်းလမ်းတစ်ခုလို့လည်း ပြောလို့ရနိုင်ပါတယ်။ ကျနော်တို့တတွေ အင်တာနက် ပေါ်ကနေ ပိုက်ဆံ၊ တစ်နည်းအားဖြင့် ငွေ ဘယ်လိုရှာမလဲ ???? ဟဲဟဲ …. ငပိ ဖုတ်ရင်တောင်မှ ဆရာ မပြရင် နည်းမကျဘူးလို့ ကြားဖူးကြတယ် မဟုတ်လား။ အခုလည်း နည်းလမ်း ရှိတယ်။ ဆရာ …. ပြပါ့မယ်။ ( အဟွတ် ….. )   “………………….. ဒီမန်းတလေးဂဇက် ဝက်ဘ်ဆိုက်မှာ ရီဂျစ်စတာ […]