attach mentOctober 20, 20131min2066
ကျမတောင်းပန်ပါတယ် ကျမရဲ့အပြုံးကရှင့်အိပ်စက်ခြင်းကို နှောက်ယှက်စေခဲ့မိရင် ကျမတောင်းပန်ပါတယ် ကျမရဲ့မျက်ဝန်းတွေကရှင့်နှလုံးသားကို ထိခိုက်စေခဲ့မိရင် ကျမတောင်းပန်ပါတယ် ကျမရဲ့အပြုအမူတွေကရှင့်အချစ်ကို လှူပ်ရှားစေခဲ့မိရင် ကျမတောင်းပန်ပါတယ် ကျမရဲ့စကားလုံးတွေကရှင့်မျက်ဝန်းကို စိုစွတ်စေခဲ့မိရင် ကျမရိုးသားစွာဝန်ခံရရင် ကျမရဲ့အိပ်စက်ခြင်းတို့လည်း ပျက်ပြားခဲ့ရပါတယ် ကျမရိုးသားစွာဝန်ခံရရင် ကျမရဲ့အသဲ ရင်ကွဲခဲ့ရပါတယ် ကျမရိုးသားစွာဝန်ခံရရင် ကျမရဲ့အချစ် စတေးခဲ့ရပါတယ် ကျမရိုးသားစွာဝန်ခံရရင် ကျမရဲ့မျက်ဝန်း မိုးရွာခဲ့ရပါတယ် ကျမဘာတက်နိုင်မှာလဲ ဘာသာတရားဆိုတဲ့စည်းကကျမတို့ကို ခြားထားတာ ကျမတို့ဘာတက်နိုင်မှာလဲ တရားတော်တွေရဲ့ တားမြစ်မှူ့တွေကို ကျမတို့ဘာတက်နို်င်မှာလဲ လူသားတွေရဲ့ကျင့်ဝတ်တွေကို ကျမဘာတက်နိုင်မှာလဲ ရှင့်ကိုချစ်မိတာကို ကျမနားမလည်နိုင်တာက ငြိမ်းချမ်းမှူ့ရဲ့ဖန်တီးသူတွေအတွက်တိုက်ပွဲတွေဖြစ်နေရတာ ကျမနားမလည်နိုင်တာက အချစ်ပိုင်ရှင်တွေအတွက် ချစ်သူတွေဝေးနေရတာ ကျမနားမလည်နိုင်ဘူး ဂရုနာရှင်တွေအတွက် ရန်ငြိုးတွေပွားနေရတာ ကျမနားမလည်နိုင်ဘူး တရားတော်တွေအတွက် မတရားတာတွေဖြစ်နေရတာ ကျမသိချင်တာက ဗုဒ္ဓ ခရစ်တော် ရစူလ် ပွင့်လေသမျှဘုရားတို့ကမေတ္တာ၊ဂရုဏာ၊အချစ်၊ငြိမ်းချမ်းခြင်းတူညီခြင်းနဲ့မကွဲပြားခြင်းတွေကိုဟောပြောပို့ချခဲ့ပေမယ့် လက်တွေ့လူသားမှာဘုရားတွေကိုပြိုင်ရင်းဓမ္မတွေနဲ့ဆန့်ကျင်ဘက်ကိုလျှောက်နေကြရတာ ကျမသိချင်တာက အချစ်နဲ့ အချစ်ညီမျှခြင်းထိုးလို့ရလား ကျမသိချင်တာက […]


attach mentJanuary 25, 20131min973
်အချစ်ဆုံးသူတစ်ယောက်သို့ ကိုယ်အချစ်ဆုံးလူတစ်ယောက်ရဲ့ ရက်ရက်စက်စက် ပြောဆိုသံကို ကြားရတဲ့အခါ ငါ့နှလုံး အလုပ်မလုပ်နိုင်တော့လို့ ငါ့သွေးတွေလဲ လမ်းမလျှောက်တော့ ငါ့အသည်းတွေ စိတ်စိတ်မွှာမွှာကွဲထွက်ကုန်ပြီ ငါ့ခွန်အားတွေ မင်းနုတ်ယူသွားလို့ ငါ့ခြေလှမ်းတွေ ရပ်တန့်ကုန်ပြီ ဒါပေမယ့်လည်း အချစ်ရေ ငါဘယ်လိုလုပ်ရမလဲ ငါ့ဦးနှောက်က ငြင်းဆန်နေတာတောင် ငါ့နှလုံးသွေးတွေက မင်းမှမဟုတ်ရင် ထပ်မခုန်နိုင်တော့ဘူးလို့ င့ါကို အကျပ်ကိုင်နေလေရဲ့။


attach mentNovember 25, 20121min1225
တစ်ခါတစ်ခါ ပြောသူမသိလိုက်တဲ့ အမှတ်မဲ့စကားတစ်ခွန်းဟာ ကြားနာသူအတွက် နာကျင်စရာရိုက်ချက်ပြင်းပြင်းတစ်ခုပါပဲ..။ တစ်ခါတစ်ခါ အသိမှတ်ပြုမခံရတဲ့ စေတနာ မေတ္တာတွေဟာ ပေးဆပ်မိသူအတွက်တော့ ခါးလွန်းပါတယ်..။ နာကျင်စရာကောင်းလွန်းလှတဲ့ မျက်ရည်ပူပူတွေကို နှလုံးသားရဲ့ ခံစားချက်အတိုင်း ဖော်ထုတ်ခွင့်မရနိုင်တာ ငါ့ဘဝရဲ့ကံတရားပဲလား ဒီကံတရားကြီးကို ပြောင်းလဲပြစ်လိုက်ချင်တယ်။