“ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့ (၅)” ကိုရီးယားနိုင်ငံကို အလုပ်သမားအသုံးပြုခွင့်စနစ် (EPS)နဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ ညီအစ်ကို မောင်နှမတွေ နဲ့ ကိုရီးယားနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေသူတွေ၊ ကိုရီးယားကို စိတ်ဝင်စားသူတွေ အတွက် ကျနော် ကြားထား သိထား မြင်ထား လေ့လာထားတာ လေးတွေကို ပြန်ပြီး ပြောပြချင်လို့ ဒီဆောင်းပါးလေးကို ဆက်ပြီး ရေးဖြစ်ပါတယ်။ အရင်ဆုံး ကိုရီးယား မှာ နိုင်ငံခြားသား ဘယ်လောက်ရှိတယ် မြန်မာနိုင်ငံသားတွေ ဘယ်လောက်ရှိတယ်ဆိုတာလည်း အခြေခံအကျဆုံး သိထားသင့်တယ် ထင်လို့ ကိုရီးယား လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်တဲ့ စာတွေကို ကိုးကားပြီး ပြောပြချင်ပါတယ်။ ၂ဝ၁ဝခုနှစ် ဩဂုတ်လ လကုန်စာရင်းအရ ကိုရီးယားနိုင်ငံမှာ နည်းမျိုးစုံနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ […]