ရန်ကုန်မြို့ ရဲ့ အမွေအနှစ်တွေအကြောင်းပြောမယ်ဆိုရင်တော့ မြို ့တော်ခန်းမကြီးနဲ့ သူရဲ့တစ်ဖက်က ဧရာဝတီဘဏ်(ယခု)တို့ အဆောက်အဦး နှစ်ခုဟာလည်း မပါမဖြစ်ပါ။ မြို့တော်ခန်းမဟာကြီးရဲ့ ယခင်က နေရာဟာ ဂျပန်တွေဆောက်ခဲ့တဲ့ ရုံးအသေးစားလေးတစ်ခုပါ။ ဗုံးဒဏ်ထိပြီး စစ်ပြီးကာလမှာ အင်္ဂလိပ်တွေဟာ ရန်ကုန်မြူနီစပယ်ရုံးခန်ဆောက်ဖို့ ကြံစည်ကြပါတယ်။ မြို့တော်ခန်းမ(ယခု)ရဲ့ ဗိသုကာပညာရှင်ဟာ မြန်မာနိုင်ငံသား စည်သူဦး  တင်ဖြစ်ပါတယ်။ စတင်တည်ဆောက်တဲ့အချိန်မှာ အင်္ဂလိပ်တွေဟာ အဆောက်အဦးကို သူတို့လက်ရာပုံစံတည်ဆောက်ချင်သလို စည်သူဦးတင်ဟာလည်း မြန်မာမှုပုံစံတည်ဆောက်ချင်ပါတယ်။ ဒီလိုနဲ့ မြို့ တော်ခန်းမ(ယခု)ရဲ့ လက်ရာဟာ မူလအနောက်တိုင်းဗိသုကာလက်ရာကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က ပုဂံလက်ရာ အပြောက်အမွှန်းများထည့်သွင်းကာတည်ဆောက်ခဲ့ပါတယ်။ ၁၉၂၅ ကနေ ၁၉၄ဝထိ ရန်ကုန်မြူနီစပယ်ရုံးအဖြစ်တည်ရှိခဲ့ပြီး ယခုအခါမှာတော့ ရန်ကုန်မြို့ တော်ခန်းမ အဖြစ်တည်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးမိန့်ခွန်းပြောကြားသွားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါသတဲ့။ ယခုခေတ်မှာတော့ မြို့တော်ခန်းမရဲ့ အရောင်ဟာ နှစ်မျိုးပြောင်းခဲ့ပါတယ် […]


မဟာဗန္ဓုလပန်းခြံနဲ့ အဲ့သည်ရှေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦးကြီးကိုတော့ သိကြမှာပေါ့။ မဟာဗန္ဓုလပန်းခြံရဲ့ မူလအမည်ကတော့ Fytche Square ဖြစ်ပါသတဲ့။ စတင်တည်ဆောက်ကတည်းက ပွဲတော်တွေ ၊ လူထုအစည်းအဝေးပွဲတွေကို အစဉ်အဆက် ကျင်းပခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ၁၈၆ရကတည်းက တည်ရှိခဲ့ပြီး အဲသည်ကတည်းကတည်ဆောက်ခဲ့တယ် သံဝင်ပေါက် (လူဝင်ပေါက်)ကို ယာဘက်အစွန်ဆုံးမှာ ယနေ့ထိတိုင်တွေ့မြင်နိုင်ပါသေးပါတယ်။   မဟာဗန္ဓုလပန်းခြံကြီးဟာ Fytche Square ဆိုပြီးတည်ရှိခင်က လွတ်လပ်ကျောက်တိုင်းကြီးနေရာမှာ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ရှိခဲ့ပါတယ်။ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ထားတဲ့ရည်ရွယ်ချက်ကတော့ ပန်းခြံကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် (ယခု) အဆောက်အဦးကြီးနဲ့ သက်ဆိုင်ပါသတဲ့။   ၁၉၀၅ခုနှစ် ဗြိတိသျှလက်ထပ်က ဆောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်(ယခု) အဆောက်အဦးကြီးဟာ အဲသည်ခေတ်တုန်းကလည်း (၁၉၀၅ ကနေ ၁၉၁၁) အထိ တရားလွှတ်တော်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ကိုလိုနီတွေဟာ သူတို့အင်ပါယာပါဝါ […]


ကျွန်တော်ဟာ သီးသန့်ကမ္ဘာလေးထဲမှာ နေထိုင်သူတစ်ယောက်ပါ အဲသည်နေ့က သူရောက်လာတယ် ပန်းနုရောင်တွေအပြည့်နဲ့ပေါ့ အဲသည်အချိန် လေပြေတွေက ဖြေးဖြေးလေးတိုက်ခတ်တယ် ပန်းနုရောင်တွေ သွန်းချလိုက်ပါ ကျွန်တော်တောင်းဆိုနေတယ် သူ့နှုတ်ခမ်းအစွန်းစ ကွေးညွှတ်တဲ့အပြုံးတစ်ခုနဲ့ ကျွန်တော် အရူးအမူးပဲ။   ဖြူဖွဖွ နှင်းမှုန်တွေလွှမ်းခြုံပေးပါ အေးစိမ့်တဲ့အထိအတွေ့နဲ့ ကျွန်တော်သူ့ကို အနမ်းအချ ို့ကပန်ပေးချင်ပါရဲ့ သူလက်ခံနိုင်ပါစေ သူ့နှုတ်ခမ်းမှာ ချယ်ရီတွေချိုမြလို့ ကျွန်တော့်ဆီ ဆင်းသက်ကျရောက်ပါစေ။   ကျွန်တော့်လက်ဖဝါးမှာ အပြာရောင်အလင်းမှုန်တွေဆင်းသက်လို့ သူ့ကိုတစ်ချက်မောကြည့်မိတယ် ဖြူလွှလွှဆိုတာထက် တကယ့်ဖြူလွှလွှ နှစ်ကိုယ်ကြားက လေပြေတွေဟာအတိုင်းအဆမရှိ …………………………………….. …………………………………….. နံရံမှာနားရှိသလို ကျွန်တော့်ရင်ဘတ်မှာ အာရုံခံကိရိယာရှိတယ် သူ့မှာရော…………………………..။   နီးစပ်လာတဲ့ ဝတ်မှုန်တွေကြားမှာ ကျွန်တော်သေငယ်ဇောနဲ့ ကူးခတ်ရသလိုပဲ သူ့လက်ဖျားမှာ မီးပြတိုက်လိုအလင်းရောင်တွေ ရောက်တော့မယ်…….ရောက်ခါနီးနေပြီ သူ့ဘက်က အလင်းရောင်ပြပြကျွန်တော်တွေ့မိလိုက်ရဲ့ လေပြေ…….တစ်ဆင့်…….လေပြင်း…… လေပြင်း…….တစ်ဆင့်……မုန်တိုင်း…….. ကျွန်တော့်လည်ချောင်းကတစ်ဆင့် […]


ဒီဇင်ဘာ(၃၁) အပြင်ကိုလှမ်းကြည့်တော့ မှောင်ရီပျိုးစပြုနေပြီ။ ပြတင်းလိုက်ကာကနေတဆင့် ခပ်ဝေးဝေးကို ကြည့်လိုက်မိတယ်။ ခမ်းလှမ်းလှမ်းနေရာမှာ တောင်ဥက္ကလာပစေတီက ရွှေရောင်တစ်ဝင်းဝင်းနဲ့ တွေ့နေရ တယ်။ မှောင်ရီပျိုးစ ငှက်လေးတွေ အိပ်တန်းတက်ချိန်ထင်ပါတယ်။ အုပ်စုလိုက် ပျံသွားကြတာကို မြင်မြင် နေရတယ်။ သူတို့ဘယ်ကိုပြန်သွားကြသလဲ ကျွန်တော်မသိပါဘူး။ ဒီဇင်ဘာလမို့ထင်ပါတယ် အအေးဓာတ်က နည်းနည်းပိုကဲလာသလိုပဲ။ ဪ နောက်တစ်ရက် ၊ နှစ်ရက်ဆို နှစ်သစ်ကိုတောင် ကူးတော့မှာပဲ။ စဉ်းစားရင်း ပြတင်းပေါက်ကနေ သစ်ပင်လေးတွေလှုပ်သွားတာ ၊ ငှက်ကလေးတွေပျံသွားတာ ၊ တစ်ဖြည်းဖြည်းမှောင်လာတဲ့ ကောင်းကင်ကို ကျွန်တော်ကြည့်နေမိတယ်။ ခေါင်းစဉ်တပ်လို့မရတဲ့ ခံစားချက်တစ်ခုဟာ ကျွန်တော့ရင်ဘတ်ထဲ ပြည့်ကျပ်နေသလိုခံစားနေရတယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်နေရ တစ်ဖက်တိုက်က နေရာတစ်နေရာကို ငေးကြည့်မိတယ်။ ကျွန်တော်ကြည့်မိတဲ့နေရာဟာ တိတ်ဆိတ်နေတာ ရက်သတ္တပတ်တစ်ခုကြာနေပြီလေ။   တိတ်ဆိတ်မှုတွေတိုင်းမှာ အသံတွေရှိတယ်ဆိုတာ ကျွန်တော်သိခဲ့ပြီ။ အခုပတ်ဝန်းကျင်က တိတ်ဆိတ် […]


ကိုရီးယားထမင်းလိပ်လို့လည်းခေါ်ကြတဲ့ အဆာပြေစားတဲ့ ထမင်းလိပ်ဟာ ခုတလော နေရာတိုင်းလိုလိုမှာ တွေ့နေရတတ်ပါတယ်။ သိပ်မကြိုက်လှပေမယ့် တစ်ခါတစ်ရံ ကျွန်တော့်ခံတွင်း တွေ့တာမို့ ကြားဖူးနားဝ မြင်နေတဲ့ဆီကနေ လေ့လာသင်ယူခဲ့ပါတယ်။ အဓိက ထမင်းလိပ်မှာ ပါဝင်တဲ့အရာတွေက ကြက်ဥကြော် ကြက်အူချောင်း ဝက်အူချောင်း ဂဏန်းချောင်း မုန်လာဥ ဖြူ မုန်လာဥ အနီ ဆလပ်ရွက် မုန်လာပင်ပါပေါက် (ဒါကတော့ ကျွန်တော်သက်သက်ထည့်ထားတာပါ) စသည်သဖြင့်ပေါ့။   လိုအပ်တဲ့ ပစည်းတွေကတော့ ရေညှိဖတ် ရှမ်းဆန် ဝါးယင်းလိပ် (ကျွန်တော်ကတော့ သိပ်မသုံးဖြစ်ပါဘူး မဝယ်ဖြစ်တာလည်းပါပါတယ်။) ယောင်းမအပြားတစ်ချောင်း ဓားထက်ထက်တစ်ချောင်း ဆိုရင် လုံလောက်ပါတယ်။     ထမင်းလိပ်ထဲထည့်တဲ့ အစာတွေက ပုံမှန် သုံးမျိုး လေးမျိုးပဲထည့်ကြပါတယ် အစာများများ စားချင်ရင်တော့ ငါးမျိုးပေါ့။ ဆလပ်ရွက်အစား ကျွန်တော်ကတော့ မုန်လာပင်ပေါက် […]


စားစရာတွေကို ကိုယ်တိုင်ချက်ပြုတ်လာတော့ အပြင်မှာ စားဖြစ်ရင် ဂျီးများလာတတ်ကြပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ တစ်ခါတစ်ရံ အားလပ်ရင်တော့ ကိုယ်တိုင်လုပ်စားချင်တာလေး လုပ်စားဖြစ်တယ်ပေါ့။  အလုပ်ကတစ်ဖက် နားရက်ကလေးလည်း အေးဆေးနားချင်ကြ သေးတယ်မဟုတ်လား။ ဒီလိုနဲ့ ပိတ်ရက်မှာ လွယ်လင့်တကူး အရမ်းလည်းမပင်ပန်းတဲ့အရာလုပ်စားဖို့ ကြံရွယ်လိုက်တယ်။ အချဉ်ရည်ကောင်းကောင်းနဲ့ အကြော်စုံလုပ်စားမယ်ပေါ့။ ဒီလိုနဲ့ မေမေ့ကို မုန့်နှစ်အတွက် ဆန်စိမ်ပေးထားပါလို့ မှာခဲ့ရတယ်။   လူဆယ်ယောက် ၊ ဆယ်ကျော် ဝန်းကျင်စာ ဆန်လေးလုံးဆို ရပါပြီ။ ဆန်စိမ်ရမယ်အထဲမှာ မတ်ပဲ ငါးကျပ်သား ကုလားပဲ ၂ကျပ်ခွဲသား ကောက်ညင်းလက်တစ်ဆုပ် ထည့်ပြီး ညဘက်ကတည်းက စိမ်ထားလိုက်ပါ။ စိမ်ထားလည်းလွယ်ပါတယ်။ နေ့လည်ဘက်စားမှာဖြစ်တဲ့အတွက် နံနက်ကတည်းက စိမ်ထားတဲ့ဆန်ကို သွားကြိတ်ထားရပါမယ်။ မကြိတ်ခင်မှာ ထမင်းလက်ဆစ်ဆုပ်ထည့်သွားလိုက်ပါ။ ထမင်းဟာ မုန့်ကိုရွစေပါတယ်။ (ထိုအကြောင်းအား ကီးမား ခေါက်မုန့်လုပ်နည်းတုန်းက […]


‘ချက်…..ချက်…….ချက်…ချက်…….ချက်…..ချက်’   နံရံမှာကပ်ထားတဲ့ နာရီသံက ကျွန်မကိုကျီစယ်နေသလိုလို။ ဒီနေ့က ဒီဇင်ဘာ(၃၁)ရက် တိတိကျကျပြောရမယ်ဆိုရင် ၂၀၁၄ခုနှစ် ၊ ဒီဇင်ဘာ(၃၁)ရက် ၊ ည (၁၀)နာရီတိတိကို ထိုးပြီမောင်။ အခန်းဝက ကန့်လန့်ကာက တစ်ချက်လှုပ်ခါသွားတာ ကြည့်ပြီး မောင်များလားလို့ မသိစိတ်က ကျွန်မထင်မိလိုက်သေးတယ်။ ပြီးမှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်း တစ်ချက်ပြုံးပြီး မဖြစ်နိုင်ပါဘူးလေဆိုပြီး ဖြေသိမ့်လိုက်ရတယ်။ ဆောင်းရာသီရဲ့ မြောက်ပြန်လေက တစ်ချက်တစ်ချက် တိုက်ခတ်လာတယ်။ တိုက်ခတ်လာတဲ့လေနဲ့အတူ ခြံရှေ့က သစ်ခွပင်တွေဆီက သစ်ခွနံ့ခပ်သင်းသင်းက ကျွန်မဆီကိုတိုးဝင်လာတယ်။ ဪ ဟုတ်ပါရဲ့။ သစ်ခွတွေတောင် ပွင့်နေရောပေါ့။ သစ်ခွပင်တွေကြားထဲမှာ ကျွန်မလမ်းလျှောက်နေလိုက်တယ်။ တစ်ဖက်က ကျွန်မသိပ်နှစ်သက်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွ နဲ့ မိုကာရာသစ်ခွတွေ ၊ တစ်ဖက်က မောင်သိပ်ကြိုက်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာသစ်ခွတွေ။ ဆောင်းညရဲ့စိုစွတ်စွတ်မြူတွေကြား ပွင့်နေကြလိုက်တာ။ […]


နှင်းတွေ ကျလာပြီ။ နှုတ်ဖျားက ‘ဒီဇင်ဘာ’ လို့ တိုးတိုးလေး ရေရွတ်မိနေတယ်။ တကယ်တော့ နှင်းလို့ပြောလို့ မရတဲ့ မြူတွေပေါ့။ ဒီဇင်ဘာရောက်ပြီ ရန်ကုန်ဆောင်းကတော့ ခြောက်ကပ်ကပ်ပါပဲ။ နံနက်မိုးလင်းရင် အပြင်ဘက်မှာ အနည်းငယ် မြူတွေစိုစွတ်နေတာက လွဲလို့ပေါ့။ မအေးဘူး မချမ်းဘူး ငွေ့ငွေ့လေးတော့ အေးနေတယ်။ ဝရန်တာမှာတော့ ကျွန်မချစ်တဲ့ လိပ်ပြာသစ်ခွတွေ ပွင့်နေတယ်။ Expresso ကော်ဖီ နှစ်ခွက်ဖျော်ထားတယ်။ အအေးဓာတ်နဲ့လိုက်ဖက်တယ်လေ။ ဝရန်တာ လက်တန်းပေါ်က မြူငွေ့ရည်ဖွဲ့နေတဲ့ စိုစွတ်မှုကို လက်နဲ့ပွတ်သပ်ကြည့်မိတယ်။ ကွက်လပ်ဆိုတဲ့ ခံစားချက်တစ်ခု လိပ်ခဲတည်းလည်းနဲ့ ကော်ဖီပူပူ တစ်ငုံလောက် ကိုယ်ထဲစီးဆင်းသွားတယ်။ လစ်ဟာနေတဲ့ ခံစားချက်ဟာ မျှော်လင့်ချက်တွေပါ ရိုက်ချိုးပစ်သလို ပါပဲ။ ပန်းအိုးထဲက လိပ်ပြာသစ်ခွကို ကတ်ကြေးနဲ့ တစ်ချက်ဖြတ်လို့ စားပွဲပေါ်က ပန်းအိုးလေးထဲ ထိုးလိုက်တယ်။ ဟုတ်တယ်လေ […]


23.11.2014 တနင်္ဂနွေနေ့ပေါ့။ ရွာထဲကလည်း ကီးမား ခေါက်မုန့် နဲ့ မုန်းပျားသလက်လေး လုပ်နည်းလေး ရေးပေးဆိုတာနဲ့။ မုန့်လုပ်စားဖြစ်ရင်း မှတ်တမ်းတင်ထားလိုက်တယ်။ တကယ် မုန့်နှစ်နဲ့ပတ်သက်တဲ့ မုန့်လုပ်စားပြီဆိုရင် အဓိက မုန့်နှစ်ကိုစပ်တာ ဖောက်တာက အရေးကြီးဆုံးပါပဲ။ တစ်ခုခုလွဲသွားရင် မုန့်က ဂျတ်ပိတ်ကြီးဖြစ်နေမယ်။ ပျော့နေမယ်။ မုန့်ကလော်ရင် ကပ်နေမယ် မကြွပ်ဘူး မရွဘူး ခဏလေးနဲ့ပျော့သွားမယ်ဆိုတာတွေပေါ့။ ဒါတွေပြေလည်ဖို့ ကျတော့်မေမေဟာ အသေအချာ ကျတော်တို့ကိုသင်ပေးခဲ့ပါတယ်။ ငယ်ငယ်တုန်း ထမင်းကျွေးခဲ့တဲ့ ကီးမားလုပ်တဲ့ အိုးကလည်း အဆင်သင့်လေ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မီးသွေးဖိုမသုံးတော့ပါဘူး။ မီးပြင်းတာတွေဆို လျော့ဖို့အလုပ်ရှုပ်တာနဲ့ လွယ်လင့်တကူ လျှပ်စစ် ဒယ်အိုးကိုသာသုံးလိုက်ပါတယ်။ ကျတော်တို့ မုန့်လုပ်စားကြရအောင်။ အဓိကအားဖြင့် ကီးမားလုပ်ရင် ဂေါ်ဖီ ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း ၊ ပဲပင်ပေါက် […]


အောင် မိုးသူNovember 19, 20143min3247
တစ်ခါတစ်ရံမှာ ရိုးရိုးတန်းတန်း ဇာတ်လမ်းကျောရိုးတွေမဟုတ်ဘဲ အနည်းငယ်ဆန်းပြားတဲ့ ဇာတ်လမ်းတွေဟာ ပိုပြီးကြည့်ကောင်းနေတတ်ပါတယ်။ အဲသည်လိုဇာတ်ကားတွေက ပေးချင်တဲ့ မက်ဆေ့ချ်တွေဟာ သိပ်ကိုကောင်းတာတွေ့ရပါတယ်။ ဇာတ်လမ်းဆန်းဆန်းလေးတွေ နှစ်သက်တဲ့သူအတွက် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။   သည်မင်းသားကို ရုပ်ရှင်တော်တော်ကြည့်တဲ့သူတိုင်း သိကြမှာပါ။ မက်ဒေမွန်ရဲ့ ဇာတ်လမ်းတွေဟာ ခပ်ရိုးရိုးထဲက ခွဲထွက်တာများပါတယ်။ သည်ဇာတ်ကားကို ကြည့်ဖူးတဲ့သူလည်း ကြည့်ဖူးမယ်ထင်ပါတယ်။ မကြည့်ရသေးတဲ့သူတွေလည်း ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ အချစ်နဲ့အက်ရှင်ပေါင်းထားတယ်လို့ မြင်မိပါတယ်။ ဇာတ်ရဲ့အဟုန်ဟာ တစ်ဖြည်းဖြည်းနဲ့အမြင့်ဆုံးကို ဆွဲခေါ်သွားတယ်ဆိုတာ အသေအချာပါပဲ။ သမ္မတဖြစ်ဖို့အထိ အရှိန်အဝါရှိတဲ့ နယူးယောက်ရဲ့လွှတ်တော်အမတ်တစ်ယောက်ဟာ အမှတ်တမဲ့နဲ့ သာမန်မိန်းကလေးတစ်ယောက်ကို တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တဲ့ အချိန်မှာတော့ ထူးဆန်းအံ့ဩဖွယ်ရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာဟာ ကံဇာတ်ဆရာအလိုကျ ရေးခြယ်ထားတဲ့အတိုင်းကရမယ်ဆိုတဲ့  ဆန်းကြယ်တဲ့ နောက်ကွယ်က ထူးဆန်းမှုနဲ့အတူ ဇာတ်လမ်းဟာ မပျင်းရအောင် အရှိန်ကိုမြင့်စေပါတယ်။ မလွန်နိုင်တဲ့ ကံတရားရဲ့ရေးခြယ်မှုကနေ […]


အောင် မိုးသူNovember 19, 20143min2374
စာဖတ်ခြင်းကို နှစ်သက်တဲ့ ကျွန်တော်ဟာ စာရေးခြင်းကို ဝါသနာပါခဲ့ပါတယ်။ သည်လိုပဲ ရုပ်ရှင်တွေကို အရူးမူးစွဲလန်းတဲ့ ကျွန်တော်ဟာ ရုပ်ရှင်အခွေတွေကိုလည်း သေချာသိမ်းဆည်းထားတတ်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူတဲ့ သူငယ်ချင်းများရှိခဲ့ရင် ပြန်လည်မျှဝေကြည့်ရှုတဲ့အလေ့ဟာ စွဲလို့နေပါတယ်။ အခုလည်း သဘောကျတဲ့ ရုပ်ရှင်ကားတွေနဲ့ ပတ်သက်ပြီး စာရေးခြင်ခဲ့တာကြောင့် ရုပ်ရှင်အညွှန်းလေးကို ရေးဖြစ်ခဲ့ပါတယ်။ အမြဲတမ်း ရေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ပထမဆုံး ညွှန်းဆိုချင်တဲ့ ကားလေးတစ်ကားကတော့ အပြင်မှာလည်း အလွယ်တကူဝယ်လို့ရတဲ့ ဆန်းကြယ်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ #Earth To ECHO E.T ဇာတ်ကားကြည့်ဖူးကြမှာပါ။   အဲသည်လို အခြားဂြိုလ်ပေါ်မှာ ဂြိုလ်သားလေးတွေရဲ့ ဇာတ်လမ်းနဲ့မတူတဲ့ တစ်မူကွဲပြားတဲ့ ဇာတ်ကားလေးပါ။ ဆယ်ကျော်သက်ကလေးလေး သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားပြီး။ စူးစမ်းမှုကိုနှစ်သက်တဲ့ သူငယ်ချင်းသုံးယောက်ဟာ သူတို့ရဲ့ဖုန်းထဲမျာ မြေပုံတစ်ခုပေါ်လာရာကစပြီး ဇာတ်လမ်းဖြစ်တည်လာပါတယ်။ မြေပုံအတိုင်း ရှာကြည့်တဲ့အခါမှာတော့ […]


ကျွန်တော်တို့ အိမ်ကလေးရဲ့နောက်ဖေးလမ်းကြားမှာ ပိန်ပင်တွေအများကြီးရှိပါတယ်။ လမ်းဘေးမှာ ပေါက်တဲ့ ပိန်းပင်အစိမ်းတွေပါပဲ။ နောက်ဖေးက ပိန်းပင်တွေကတော့ သန်လိုက်တာမှ လူတစ်ရပ်လောက်တောင် ရှိတယ်။ မိုးတွင်းမို့ တစ်ခါတစ်ခါပျင်းရင် နောက်ဖေးမှာထိုင်ငေးနေရတာက အရသာတစ်မျိုးပါ။ တစ်ရက်တော့ မေမေက အောင်လေး နောက်ဖေးက ပိန်းပင်တွေအရင်းကနေခုတ်ပီး အရွက်ကိုထားခဲ့ ရှစ်ရိုးလောက်ခုတ်ခဲ့ဆိုတာနဲ့ သွားခုတ်ရတာပေါ့။ မေမေ ဘာလုပ်မလို့လဲ ဆိုတော့ ပိန်းရိုးဟင်းခါး ချက်မလို့လဲ။ အမေရယ် ယားကုန်မှာပေါ့လို့ ပြောတော့။ နင်အသာနေ ဆိုတာတဲ့ သွားခုတ်ပေးရပါတယ်။ ပထမဆုံး မေမေက ပိန်းရိုးတွေကို ရေစင်အောင်ဆေးပါတယ်။ အရမ်းသွယ်တဲ့နေရာကိုတော့ ဖြတ်ချပါတယ်။ ပြီးတာနဲ့ ပိန်းရိုးပေါ်က အကြောတွေကို ဓါးနဲ့အရင်းကနေခွာချပါတယ်။ ငှက်ပင်ဖတ်အကြောလိုပါပဲ အရင်းကနေ ဓါးလေးနဲ့ အစကိုသပ်ပြီးခွာလိုက်တာနဲ့ အချောင်းလိုက်လေးပါလာတာပါ။ တစ်ရိုးပြီးတစ်ရိုး အကြောက်တွေ စင်အောင်ခွာပြီးသွားတော့။ ပိန်းရိုးတွေကို ရေထပ်ဆေးပါတယ်။ ပီးတောင်နံရံမှာမှီပြီးထောင်ထားပါတယ်။ […]


ထူးထူးခြားခြား မုန့်လုပ်နည်းတွေနဲ့ ထူးထူးခြားခြား ဟင်းချက်ပုံတွေကို ကျွန်တော်ဟာ မေမေ့ဘေးမှာ နေရင်းနဲ့ ရင်းနှီးခဲ့ရတယ်။ မေမေဟာ ငါးချဉ်စားချင်တယ်ဆိုလည်း ကိုယ်တိုင်လုပ်ကျွေးတယ်။ အိမ်တိုရှည်စားချင်လား။ ခေါက်မုန့်လား၊ မုန့်ပျားသလက်လား၊ မုန့်ဟင်းခါးလား၊ အုန်းနိုးခေါက်ဆွဲလား၊ လက်သုတ်စုံလား၊ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်စားနေကြဆိုတော့။ တစ်ခါတစ်ခါမှာ ထူးခြားတဲ့အရာတွေလည်း ချက်စားလိမ့်ရှိ တယ်။ ငါးဆားတယ် ၊ ငါးပိကောင်ကအစ မေမဟာ ကိုယ်တိုင်လုပ်ကျွေးလေ့ရှိတယ်။ သည်လိုချက်စားတိုင်း လည်း နင့်အဖေရှိစဉ်တုန်းက ဟင်းချက်ပြုတ်တာ သိပ်ဝါသနာပါတာလို့လဲ ပြောလေ့ရှိတယ်။ သည်တော့လည်း ကျွန်တော်အချက်အပြုတ်ဝါသနာပါတာ အဆန်းမဟုတ်တော့ပါဘူး။ တစ်ခါ တစ်ခါ သူငယ်ချင်းတွေဆုံချင်တဲ့အခါ စားနေကျဟင်းအမယ်တွေမဟုတ်ဘဲ ခပ်ဆန်းဆန်းလေးတွေ ချက်ကျွေး လေ့ရှိတယ်။ မုန့်လုပ်စားကြတယ်ဆိုလည်း မြန်မာမုန့်ကို ကောင်းကောင်းလုပ်စားကြတယ်။ ဒီတစ်ခါတော့ ခပ်ဆန်းဆန်းဟင်းချိုလေးတစ်ခုနဲ့ အသုတ်လေးတစ်ခုကို ပြောပြချင်ပါတယ်။   ကျတော်တို့မိသားစုဟာ ရန်ကုန်မြို့ရဲ့ တောင်ဥက္ကလာဆိုတဲ့မြို့နယ်တစ်ခုရဲ့ […]