ထာဝရတစ်ခုကို တဒင်္ဂလေး သိမ်းထားလိုက်တယ်။ မီးလျှံ။ တစ်သံသရာလုံးစာ မသထာရေစာတွေ အငတ်မပြေသေး ချစ်ခြင်းမေတ္တာဟာ ကျောရိုးကို ကျားကန်ထားတဲ့ ကျောထောက်နောက်ခံတွေနဲ့ အလွဲ။ အစွဲအလန်းဆိုတာကိုက အလန်းတွေကို စွဲနေတာ ဘဝဟာ ခုနှစ်ကြယ် မပြည့်တဲ့ မြေပုံတွေကို မှားမှားယွင်းယွင်း သုံးစွဲခဲ့ ကျယ်လောင်နေတဲ့ ကြယ်တွေကြား ကျိုကြားကျိုကြား ငါ့အကြားတွေ လွဲ ဟစ်အော်လိုက်ပါ ရယ်သွမ်းသွေးလိုက်ပါ ရှောလမုန်ဟာ ငါ့ရင်မှာ တဆစ်ဆစ် အနာ ဒုက္ခတွေက စော်အလန်းယောင်ဆောင် ဖြတ်လျှောက်နေတာ ဆစ်ဆစ်ဆစ်နဲ့ပဲ ကိုယ်ငေးကြည့်ရင်း ခဏခဏ ချော်လဲတယ် ခင်ဗျား အသံသိပ်ကျယ်နေတယ် (ကျေးဇူးပြုပြီး Volume နည်းနည်းလျှော့) ကိုယ့်လူမျိုးကိုယ် ချစ်ကြောင်း မပြောခင် ကိုယ့်ကိုယ်ကို ချစ်ကြောင်းအရင်ပြောပါ “တိုင်းပြည်အလုပ် တကယ်လုပ်သူတွေဟာ ……….. တဖြည်းဖြည်း စုတ်ပြတ်သပ်လာမှာ ..” […]


တကယ်ဆိုရင်…… မတန်ပါဘူးကွာ…..ချစ်ခဲ့တာတွေ/ ငါ့မာနတွေဟာ မင်းခြေဖျားက သဲမှုန်လောက်တောင် တန်ဖိုးလျော့ကျသွားတဲ့အခါ…. ငါ့ဘဝလည်း ပက်ပက်စက်စက် ဆွဲစုတ်ပစ်ခံလိုက်ရတာပဲလေ။ xxxxxxxxx တကယ်ဆိုရင်…..ငါ့ဘက်တော့ နည်းနည်းပြန်ကြည့်သင့်တယ်ကွာ။ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်ကို….. နှစ်သိမ့်ဆုလေးတောင် မပေးခဲ့ဘူး။ တကယ်ဆို ငါက ဒုတိယလူပါကွာ။ xxxxxxxxx ငါ့ကို နည်းနည်းလေးတောင် သတိရမိဘူးလားဟင်။ ငါသိခွင့်မရှိဘူးလား…… ငါ့ကိုမင်းချစ်ချစ်မချစ်ချစ်ပါ ငါချစ်တာကို မင်းစိတ်ထဲသိနေရင် ကျေနပ်ပါပြီကွာ။ နည်းနည်းလေးတော့ စာနာကြည့်ပါ။ xxxxxxxxxx မေ့မရတဲ့အချိန်တွေရဲ့ အဆုံးအစွန်မှာ…. ဇွတ်မှိတ်ပီး ငါမင်းကိုမျှော်လင့်နေတုန်းပဲ။ ငါ့ခေါင်းထဲက ရင်ဘတ်ထဲက ဟာကွာ…. အစစ အရာရာ ငါ့ခံစားချက်တိုင်းမှာ… မင်းစိုးမိုးထားနိင်တုန်းပဲ…. အမှန်တော့ မင်းငါ့ကို မုန်းအောင်တစ်ခုခု ပေးခဲ့သင့်တယ်…။ xxxxxxxxxx လွမ်းစရာကို နာစရာနဲ့ဖြေတဲ့ ငါ့မှာအချစ်တွေပဲရှိတော့… ဘာမှနဲ့ မှကိုဖြေလို့မရဘူး… မင်းကို ငါပက်ပက်စက်စက်ချစ်ခဲ့တယ်……။ […]


  အလုပ်မှပြန်ရောက်ရောက်ချင်းပင်… အိပ်ရာထဲသို့ ပစ်လှဲချလိုက်သည်။ နံရံပေါ်တွင်ချိတ်ထားသည့် ပြက္ခဒိန်ကိုတစ်ချက်ကြည့်မိသည်။ ဒီကိုရောက်တာ သုံးလပင်မပြည့်သေး။ အိမ်မှာအမေအဆင်ပြေရဲ့လားမသိ။ သမီးလေးရော နေကောင်းရဲ့လား….။ လှဲနေရင်းနှင့်ပင် ဖုန်းလေးကို ကျွန်မကောက်ကိုင်လိုက်မိသည်။ ဖုန်းထဲတွင်ကျန်သော ပိုက်ဆံမှာတစ်မိနစ်စာလောက်ပင် ရှိတော့၏။ မြန်မာပြည်တွင် ကျန်ခဲ့သည့် သမီးလေးနှင့်စကားပြောချင်တာတောင် တစ်လတစ်ခါမျှသာ ကံတရားက ကျွန်မကိုကန့်သတ်ခဲ့သလား ထင်မိသည်။ ဖုန်းကိုသာ ကျွန်မငေးကြည့်နေရင်း မျက်ရည်များအလိုလိုကျလာမိသည်။ လွန်ခဲ့သည့်လတုန်းက ကျွန်မအားပါဆယ်နှင့်ပို့လိုက်သော ကျွန်မသမီး၊တူမလေး၊မောင်လေးနှင့်အမေ့ပုံကိုသာ ပွတ်သပ်ကြည့်ရင်း ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်များ အတားအဆီးမရှိ စီးဆင်းနေတော့သည်။ “ မဂျူး ငိုနေပြန်ပြီလား…. မငိုပါနဲ့.. မဂျူးငိုရင် သမီးလည်းငိုချင်တယ်…”           ကျွန်မနှင့်အတူ ကျွန်မညီမလေးဝမ်းကွဲပါ သူတစ်ပါးနိုင်ငံတွင် အလုပ်လုပ်ဖို့ရွေးချယ်ခဲ့သည် မဟုတ် လား။ ကျွန်မအတန်းပညာ (၅)တန်းသာတက်ခဲ့သည်။ ညီမလေးမှာ တက္ကသိုလ်တွင် Chemistry နှင့် ဘွဲ့ရ ပြီးသား….။ ယခင်က […]


“ဟဲ့…ဟိုမှာ … ဟိုမှာ…အမေရ…သမီးကြောက်တယ်…” မီမီ၏ အသံစူစူးသည်.. အားလုံးကို လန့်ဖျန့်သွားစေသည်… မီမီညွှန်ပြရာ အားလုံးကြည့်လိုက်သောအခါ…အိမ်ခြေရင်းမှ..ဝိုးတိုးဝါးတားအရိပ်တစ်ခုသည် သူတို့အားလုံးဆီသို့.. ဦးတည်ရျ်… လာနေသည်ကို တွေ့ရသည်။ “သဇင်..ငါကြောက်တယ်…ငါကြောက်တယ် လုပ်ပါဦး..” ကြည်ပြာမှ သဇင့်ကို အကူအညီတောင်းလေသည်…။ သဇင်လည်း ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ထားပုံရသည်…..။ ထိုအရိပ်သည်… တဖြည်းဖြည်းနီးကပ်ရျ်လာလေသည်…။ အားလုံးသည်….တုန်လှုပ်စွာကြည့်နေကြလေတော့သည်…..။ “ဝှစ်………” အသံအနည်းငယ်သာ မြည်သွားသည်….။ ထိုအရိပ်သည် ပရိတ်ကြိုးနားရောက်သောအခါ ပျောက်ခြင်းမလှ ပျောက်သွားလေတော့သည်။ အားလုံးပြိုင်တူ သက်ပြင်းချမိလေသည်….။ တစ်ယောက်နှင့်တစ်ယောက်….. တိတ်ဆိတ်စွာကြည့်နေကြသည်…..စိတ်ထဲတွင် အလိုလို နားလည်ကြသည်။ ထူးဇင်တို့အားလုံး ဘာလုပ်ရမည်နည်း…………။ ************************************************** ထိုစဉ်…….. ဝရန်တာတွင်…ရှိနေသော အရာတစ်ခုသည် ထူးဇင်တို့အား ကြည့်နေမည်ကို အားလုံးသိခဲ့ပါမှု……။ “ကဲ….ခုချိန်မှာ ငါတို့စဉ်းစားဖို့အချိန်ရပြီ… ငါလည်း ပြောမယ့်သာပြောတာ ကြောက်နေမိတယ်..” သဇင်က ပြောလေသည်….။ “ခုထိ အန္တရာယ် […]


“ဟဲ့…ဟဲ့ ဟိုမှာ ဟိုမှာ ငါမြင်လိုက်တယ်…..” မီမီအသံစူးစူးက သူလက်ညှိုးထိုးသည့်ဘက်ကို အားလုံး၏အကြည့်များရောက်သွားကြသည်။ သူတို့အားလုံးမြင်လိုက်ရသော မြင်ကွင်းတစ်ခုကတော့……….။ အဖြစ်အပျက်က မြန်ဆန်လွန်းလှရျ် မျက်စိလျင်သောသူသာ တွေ့လိုက်သည့်အဖြစ်ပင် သူတို့ဝိုင်းထိုင်နေသော… အိမ်၏ ခြေရင်းဘက်မှ အရိပ်တစ်ခု ဖြတ်သန်းသွားခြင်းဖြစ်သည်။ “ဟဲ့….ထူးဇင် ဘာတွေလဲဟာ… ငါကြောက်တယ်နော်…. အိမ်ပြန်မယ်ဟာ..” ကြည်ပြာမှ စပြောလေသည်။ အောင်ခန့်ကတားသည်။ “နင်ကလည်း…အချိန်ကိုလည်းကြည့်ဦး… ည(9)နာရီကျော်နေပြီ…သည်နေရာက နည်းနည်းအသွားအလာကျဲတယ်လေ… နင်တစ်ယောက်တည်း ဘယ်လိုဖြစ်မလဲ….” အာကာလည်း တားလေသည်။ “ငါတို့လည်း ရှိတာပဲဟာ…..မကြောက်ပါနဲ့… ဘာမှမလုပ်နိုင်ဘူး နင်အတွေ့အကြုံတောင်ရတယ်..” အားလုံးသည်….မကြောက်တကြောက်သာ ဖြစ်နေကြသည်….ဘီယာလေးကလည်း နည်းနည်းပါးပါး အစွမ်းပြနေဆိုတော့။ “ကဲ….. ငါတို့ကို တစ်ခုခုမလုပ်သရျ်တော့… ဘာမှမဖြစ်ဘူး…. နင်တို့မကြောက်ကြပါနဲ့.. ငါတို့ယောက်ျားလေး လေးယောက်တောင်ရှိတာပဲ…” ဝေဖြိုးက ထပ်ဝင်ပြောပြန်သည်။ အားလုံးက အနည်းငယ်အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်… သည်ပြသနာ ဘယ်ကစဆိုသည်ကို ဖော်ထုတ်ရတော့မည်ဟု […]


ထိုစဉ်……အိမ်၏ထုပ်တန်းပေါ်မှ တစ်ခုခုကျလာသည်ကို ထူးဇင်တွေ့လိုက်မိသည်……. ဆေးပျယ်စပြုနေသော ဓာတ်ပုံလေးတစ်ပုံ…….မျက်နှာခြမ်းက ပျက်နေပေမယ့်…. မိန်းကလေးတစ်ယောက်၏ ပုံတစ်ပုံမှန်း သူသိလိုက်သည်။ ပုံထဲတွင် ဆံပင်မတိုမရှည်မိန်းကလေးတစ်ယောက်..သူမ၏ဘေးတွင်…ကလေးငယ်လိုလို…. တစ်ယောက်အားလက်ဆွဲထားသည်ကိုတွေ့ရသည်…….။ထိုစဉ်………. “ချွမ်…” နောက်ထပ် တစ်ခုခုကျလာသည်ကိုထူးဇင်တွေ့လိုက်မိသည်………..။ မိန်းကလေး ဆံညှပ်လေးတစ်ခု……..တနေ့ညက တစ်ခုတွေ့သည်…..ယခုတစ်ခု…..ဒါဆိုတစ်စုံပြည့်ပြီပေါ့။ ထူးဇင်အတွေးများဖြင့် ရှုပ်ယှက်ခက်နေသည်…အိမ်ရဲ့ထုတ်တန်းပေါ်…ဒီဆံညှပ်တစ်စုံနဲ့ ဓာတ်ပုံတစ်ပုံက မည်သို့ ရောက်နေသလဲ။ အတွေးများစွာဖြင့် ချာချာလည်နေသည်။ ထိုစဉ်………….။ “ဝုန်း……” အိမ်အဝင်တံခါးက ရုတ်တရက်ပွင့်လာသည်…….။ “ထူးဇင်……..မင်းဘာလုပ်နေတာလဲ…..” “ဝေဖြိုး…မင်းကွာ အသံမပေး ဘာမပေးနဲ့……” “ငါခေါ်နေတာ တစ်ရာကိုးဆယ့်ရှစ်ခါက်လောက်ရှိပီ မင်းဖာသာမကြားတာ” “ဟင်း…..ငါအတွေးလွန်နေလို့ကွာ…..မင်းသည်ည အိမ်မှာအိပ်ပေး….” “ဘာဖြစ်တာလဲကွ….မင်းကလည်း…..” “သည်လိုကွာ ငါပြောပြမယ်…..” ………………. . ………. …………………. ဝေဖြိုးခမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ “မင်း ပြသနာက ခပ်ဆန်းဆန်းနော်…….. ဒါတိုက်ဆိုင်မှုတော့ မဖြစ်နိုင်တော့ဘူးနော်…ထူးဇင်” “ငါလည်း စဉ်းစားနေတာကွ……… သည်အိမ်မှာ […]


ကျွန်မ…..သေချင်တယ်…..။ အလုပ်ကပြန်ပြန်လာချင်း…. ဒိုင်ယာရီစာအုပ်လေးမှာ ကျွန်မရေးလိုက်တဲ့စာသား….။ ကျွန်မဘေးနား က တစ်ယောက်ယောက်ပြောနေသလိုပဲ။ သေချင်ရင်…အလွယ်လေး…တဲ့။ “ဟူး…………………” သက်ပြင်းတစ်ချက်မှုတ်ထုတ်လို့ အသက်တစ်ရက်တိုမယ်ဆို လောကမှာ ကျွန်မနေရမယ့်နှစ်တွေ  တော်တော်လျော့ကုန်တော့မှာပဲ။ ကျွန်မကိုယ်ကျွန်မ မှန်ထဲပြန်ကြည့်မိတယ်…။ အို…. ငါတော်တော်ရင့်ရော် နေပါလား… အသက်အရွယ်နဲ့ မလိုက်အောင်ဘဲ။ အခုမှ ကျွန်မအသက်(၁၆)နှစ်။ အရမ်းကိုရင့်ကျက်နေပြီလား လို့ ကျွန်မကိုယ်ကျွန်မထင်မိတယ်….။ ဒါပေမယ့် ကျွန်မအလုပ်ဝင်နေရပြီ။ “စပရိန် ရေ…. ထမင်းစားရအောင်….” ဟော့်…ကျွန်မအဖွားခေါ်နေပြီ။ အလုပ်ကပြန်လာကတည်းက ဗိုက်ဆာနေတာ ခုမှသတိရတော့တယ်..။ အဖွားရှိရာ ထမင်းစားခန်းကို ကျွန်မအပြေးလေးထွက်လိုက်တယ်…။ အပြေးလေးသာဆိုတယ် ကျွန်မအခန်းလေးနဲ့ ထမင်းစားခန်းဆိုတဲ့ အိမ်ရှေ့နေရာ ကျွန်မခြေလှမ်း (၃…၄)လှမ်းလောက်ဆို ရောက်သွားတာ…။ ကုလားပဲလေးကို အစေ့လိုက်ဟင်းချိုးလေးချက်ထားတယ်…။ သရက်သီးသနပ်ရယ်…. မနက်က ကျွန်မကိုထမင်းချိုင့်ထည့်ပေးလိုက်တဲ့ ကြာက်သားကြော်အချို့တစ်ဝက်ရယ်..။ ငါးကြော်နည်းနည်း ရယ်။ ဘာပဲဖြစ်ဖြစ်အဖွားချက်တာဆို အကုန်ကောင်းပါတယ်…။ […]


မိသားစုအားလုံးက ကျွန်တော့်ကိုမော်ကြည့်လို့။ ကျွန်တော်မြင်နေရတဲ့ အမေ့ရဲ့မျက်လုံးတွေက ဝမ်းနည်းနေတာလား။ ဝမ်းသာနေတာလားဆိုတာကိုတော့ ကျွန်တော်မဝေခွဲတတ်ဘူး။ အမေ့မျက်လုံးထဲက မျှော်လင့်ချက်အငွေ့အသက်ကိုတော့ ကျွန်တော်မြင်လိုက်ရတယ်။ ကျွန်တော်ကတော့ လက်ကေ့စ်ကိုဆွဲရင်း ရန်ကုန်လေဆိပ်ရဲ့ Check In နေရာကို ရောက်နေပြီ။ မသွားခင်အမေ့မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ မျက်ရည်တွေဝိုင်းနေတာ ကျွန်တော်တွေ့လိုက် ရတယ်။ ကျွန်တော်ပြန်လာခဲ့မှာပါအမေရယ်။  ဒါတွေက အမေ့အတွက်ပါ။ ကျွန်တော်စိတ်ထဲက ပြောနေမိတယ်။ အို…နိုင်ငံခြားကိုအရမ်းသွားချင်နေတဲ့ကျွန်တော် အခုချိန်ကျမှ ခြေလှမ်းတွေလေး နေရတာလဲ။ အိမ်မှာနေရာတကာ ဆရာကြီးလုပ်တတ်တဲ့ ကျွန်တော့်အစ်မကတော့  အထပ်ထပ်ကျွန်တော့်နားနဲ့ မဆန့်အောင်မှာခဲ့ပြီးပြီ။ “အလုပ်ကိုသေချာလုပ်နော်။ ပိုက်ဆံကိုစုဆောင်းဦး…….. နင့်ကို အတိုးနဲ့ချေးပြီးပို့တယ်ဆိုတာကို လည်း သတိရဦး။” ကျွန်တော်အမေ့မျက်နှာတစ်ချက်ကြည့်လိုက်တယ်။ အမေဘာမှာဦးမလဲဆိုတဲ့ မျက်လုံးနဲ့ပေါ့။ “ကျန်းမာရေးဂရုစိုက်နော် အောင်လေး” ကျွန်တော်ခေါင်းငြိမ့်ယုံသာ ငြိမ့်ပြလိုက်တယ်။ အမေကျွန်တော့်ကို စိတ်ချတယ်ဆိုတာ အမေ သိပါတယ်။ အမေမသွားစေချင်မှန်းလည်းအမေသိတယ်။ ကျွန်တော်ဘာမှမပြောလိုတော့ပါဘူး အမေရယ်။ လူငယ်ဘဝရဲ့ […]


 မနက်မိုးမလင်းသေးဘူး သည်ရပ်ကွက်လေးထဲမှာ စည်ကားနေပြီ။ ဆောင်းတွင်းဆိုတော့ လည်း နေ့တာတိုပြီး ညတာရှည်နေတော့ နံနက်(၆)နာရီဆိုတာ အရင်ရာသီတွေလိုမဟုတ်ဘဲ မှုန်ပျပျအလင်းရောင် လေးနဲ့ နှင်းမှုန်လိုလို မြူခပ်ဆိုင်းဆိုင်းရယ်ဆိုတော့ လွမ်းမောစရာလေး လိုဖြစ်နေတယ်။ ရန်ကုန်မြို့ကြီးရဲ့ အစိတ်အပိုင်းတစ်ခုစီဖြစ်တဲ့ မြို့နယ်တွေရဲ့ ရပ်ကွက်လေးတွေထဲမှာ မနက်(၃-၄)နာရီဆိုကတည်းက လှုပ်လှုပ်ရွရွ မဟုတ်လား။ အခြားသူဌေးရပ်ကွက်တွေလိုမဟုတ်ဘဲ ရပ်ကွက်လေးထဲက ပျံကျဈေးလေးရယ်။ အစိုးရက သတ်မှတ်ပေးထားတဲ့ အနည်းငယ်လမ်းလျှောက် ရင် ရောက်နိုင်တဲ့ သတ်မှတ်ဈေးတွေမှာ ဆိုင်ဖွင့်တဲ့ သူတွေမှာတော့ မနက်(၃-၄-၅)နာရီဆိုတာ အိပ်ရာ ထချိန်ဖြစ်နေတယ်။           ကုန်စိမ်းရောင်းမယ့်သူက မနက်စောစောကုန်စိမ်းတွေသယ်တယ်။ လက်သုတ်စုံ(ခေါက်ဆွဲသုတ် ၊ ကြာဇံသုတ်) ရောင်းမယ့်ဆိုင်တွေကတော့ အစောကတည်းက ဟင်းခါးတွေ ဘာတွေညာတွေ ချက်ပြုတ်ကြော် လှော်နေကြတယ်။ ဈေးသည်မဟုတ်တဲ့ အိမ်ရှင်မတွေလည်း မနေသာဘူး မနက်စောစော လာတဲ့ ပဲပြုတ်သည် ကိုစောင့်ရတယ်။ မနက်ခင်းစောစော […]


သည်းထိတ်ရင်ဖိုဆိုမှ ကြည့်ချင်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက်…. ဇာတ်လမ်းဟောင်းလေးတွေထဲက အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးတွေ ရှာဖွေထားမိတယ်။ သည်ဇာတ်ကားရဲ့မူရင်းဇာတ်လမ်းက တရုတ်နိုင်ငံ ကရိုက်တာပါ… ထိုင်းနဲ့ဖက်စပ်ကားလေးပေါ့…။ ဇာတ်လမ်းအကျဉ်း။  ။ တယောထိုးတဲ့အလုပ်ကိုလုပ်ကိုင်တဲ့ မျက်မမြင်မိန်းကလေးတစ်ယောက်…။ သူမအတွက် မျက်ကြည်လွှာအလှူရှင်ပေါ်လာတဲ့အခ


ထူးဇင် နားထဲတွင် အိမ်ပွဲစား၏ အသံများသာတရစပ် ကြားနေရသည်။ “လခရော… အိမ်ပါ အဆင်ပြေပါတယ်အစ်ကိုရာ မျက်စိမှိတ်ပီးသာ ငှားလိုက်ပါ… ” ထူးဇင်လည်း အိမ်ကလေးအား သဘောကျနေမိသည်…နှစ်ထပ်တိုက်ခံအိမ်လေးဖြစ်ပြီး ဝရန်တာလေးပါ ပါသဖြင့် ထူးဇင်သဘောကျခြင်းဖြစ်သည်။ “ကဲ…ဒါဆို ကျွန်တော် တစ်နှစ်စာ ငွေချေလိုက်မယ်လေ…နောက်နေ့ပြောင်းလာလို့ရပြီမဟုတ်လား… အိမ်မှာလည်း လက်ရှိနေတဲ့သူ မရှိဘူးဆိုတော့….” “ဟုတ်ကဲ့….အဆင်ပြေပါတယ်ဗျာ…. အဆင်ပြေပါတယ်… ကဲဒါဆို ကျွန်တော်တို့စာချုပ်ချုပ်ဖို့ အိမ်ရှင်ဆီသွားလိုက်ရအောင်….” သည်လိုနှင့် ထိုအိမ်လေးကို ထူးဇင် တစ်နှစ်စာ စာချုပ်ချုပ်လိုက်သည်။ အိမ်လေးသည် မြို့ထဲနှင့်လည်း သိပ်မဝေး လိုင်းကားလည်း ရောက်သဖြင့် သဘောကျမိခြင်းဖြစ်သည်။ ရပ်ကွယ်အနေအထားလည်း တိတ်ဆိတ်မှုရှိပြီး….. ခြံဝန်းလည်းကျယ်လှသည်။ နောက်တစ်နေ့ ပြောင်းလာတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ****************** တစ်နေကုန် အိမ်ကိုရှင်းလင်း သန့်ရှင်းပြီး နေရာတကျထားရျ် ပင်ပန်းသဖြင့် ထူးဇင် ကြမ်းပြင်ပေါ်လှဲချလိုက်မိသည်။ […]


တစ်ချက်….နှစ်ချက်…..သုံးချက်….. အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက….. တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့…. ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း… အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့ ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။ တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ…. လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့………….. တစ်……….ပိုက်ဆံ နှစ်………..ငွေ သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့) ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော အရေးကြီးတာ နှခေါင်းဖော်ပြီးနေတတ်ဖို့ပဲ။ မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့ ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်) ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။ မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ…. တစ်……စာနာမှု… နှစ်…….စာနာမှု… သုံး…….စာနာမှု… အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ် ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ) သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း…………. နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။ xxxxxxxxxxxxxxxxxxxxxxxxxxxxxx အောင်မိုးသူ […]


ရန်ကုန်မြို့ရဲ့ညအမှောင်က မှိန်ပျပျနဲ့ လူတွေအားလုံးရှင်းနေတယ်။ ရှင်းနေမှာပေါ့ ည (၁၀)နာရီ ကျော်နေပြီ။ အခုထိ ကျွန်မပန်းဆိုးတန်းကားဂိတ်မှာ ရှိတုန်းပဲ။ ပန်းဆိုးတန်းကားဂိတ်ကနေ တစ်ဖက်က ဆူးလေဘုရားကို မီးရောင်တွေနဲ့ ကြည်ညိုစွာမြင်နေရတယ်။ ကျွန်မစိတ်ထဲမှာ အိမ်ပြန်စိတ်ကပဲ လွှမ်းမိုးနေတုန်း။ အိမ်အပြန် မှတ်တိုင်ရောက်မယ့် ကားကိုပဲ ကျွန်မမျှော်နေမိတယ်။ ဒီအချိန် သည်လိုနေရာမျိုးမှာ မိန်းကလေးတစယောက် အနေနဲက မရှိသင့်တာတေ့အမှန်ပဲ ဒါပေမယ့် ဒီနေ့ကျမှ ရုံးဆင်းချိန်က နောက်ကျတာကိုး။ စနေနေ့ဆိုတော့ လည်း စာရင်းတွေအားလုံးရှင်းရတယ်ဆိုတော့ အမြဲတမ်းလိုလို စနေနေ့ဆိုတာ ကျွန်မအတွက် ရုံးဆင်းချိန် နောက်ကျနေကြ။ ရန်ကုန်မြို့လမ်းပေါ်မှာတော့ ကားတွေက တဝီဝီသွားနေဆဲပဲ ကျွန်မအတွက်က ဘတ်(စ်)ကားကိုပဲ အားထားရတာ ဆိုတော့ ဆူးလေဘုရားဘက်ရှိရာ ဘတ်(စ်)ကားလာရာကိုပဲ မျှော်နေမိ တယ်။ လက်ကလည်း ဆွဲခြင်းတောင်းကို တင်းတင်းဆုပ်လို့ပေါ့။ ဒါတွေဟာ ကျွန်မအတွက်မဆန်းတော့ပါဘူး။ […]