aungpaneseNovember 30, 20112min1043
(၁) သမ္မတဦးသိန်းစိန်ရဲ့နိုင်ငံရေးအကျဉ်းသားများကိစ္စခံယူချက်အပေါ်သုံးသပ်ချက်(၁)   “ယုံကြည်ချက်ကြောင့်ဆိုတာပြောရမှာခက်တယ်၊ယုံကြည်ချက်ဆိုတာကိုကျုပ်တို့ကလက်မခံဘူး၊ ဥပဒေတစ်ခုခုကိုကျူးလွန်ထားတဲ့အတွက်ကြောင့်အရေးယူထားခြင်းဖြစ်တယ်။သူတို့လိုဘဲဥပဒေတစ်ခုခုကိုကှူးလွန်ထားတဲ့သူတွေထောင်ထဲ မှာ အများကြီးရှိတယ်။  “         ( သမ္မတသိန်းစိန်ဘာလီအင်တာဗျူးအဖြေ)   သုံးသပ်ချက်။       ။ ယုံကြည်ချက်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကအာဏာရှင်တွေအတွက်တော့ ဘုန်းကြီးနဲ့ခေါင်းဘီး၊မယ်သီလနဲ့ဆံကုတ်လိုပါဘဲ။အလင်းကိုကြောက်တဲ့အမှောင်ထဲမှာပျော်မွေ့တဲ့သတ္တဝါတွေ အတွက်တော့ယုံကြည်ချက်ဆိုတာမရှိနိုင်ပါဘူး၊လက်ခံနိုင်မှာလည်းမဟုတ်ပါဘူး။ “ယုံကြည်ချက်ဆိုတာတိုင်းပြည်နဲ့လူမျိုးအပေါ်အုပ်စိုးသူ၊ဗိုလ်ကျသူ၊အစိုးရတစ်ရပ်၏ မတရားမှု၊မမျှတမှု၊တန်းတူညီမျှမရှိမှုတို့အတွက်အသက်သေသေ၊အရိုးကြေကြေ၊အရေခမ်းခမ်း၊ အမှန်တရားအတွက်အောင်ပွဲမရမခြင်းမိမိ၏ရပ်တည်ချက်(Stance) ကိုလက်နက်၊ငွေ၊အာဏာ၊အစရှိတဲ့ခြောက်လုံး၊မြှောက်လုံးတွေဖြစ်တဲ့နိုင်ငံရေး လောကဓံတွေကြောင့်ပြိုလဲမသွား ဘဲခိုင်ခိုင်မာမာရပ်တည်မှုရှိသောနိုင်ငံသားကောင်းစစ်စစ်၏ အဓိပတိတတ်ထားသောစိတ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်ကိုနိုင်ငံရေးယုံကြည်ချက်ဖြစ်တယ်လို့ကျုပ်တို့ခံယူတယ်။   ကောင်းပြီဒါဆိုရင်သမ္မတကိုကျုပ်မေးမယ်………….. အခုအကျဉ်းကျနေတဲ့နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ကျောင်းသား၊ရဟန်း၊ပြည်သူတွေက (၁)တိုင်းပြည်ရဲ့ဘဏ္ဍာတွေ၊သံယံဇာတတွေ၊သဘာဝအရင်းအမြစ်တွေကိုခိုးယူ၊ သိမ်းပိုက်၊ရောင်းချထားခဲ့လို့ပြစ်ဒဏ်တွေကနှစ်၂၀၊၃၀၊ ၆၅နှစ်၊နှစ်၉ဝသတ်မှတ်ထားရသလော…. (၂) မေတ္တာနဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်၊ဆုတောင်း၊မေတ္တာပို့ ခဲ့လို့အကျဉ်းကျနေတဲ့သံဃာတွေကလူသတ်၊မုဒိမ်းကျင့်၊မျိုးဆက်တုန်းသတ်ဖြတ်ခဲ့လို့လား။ (၃)စိတ်ထားနူးညံ့၊သဒ္ဓါတရားကောင်းတဲ့၊သနားကြင်နာတတ်တဲ့၊မြန်မာလူမျိုး၊ဗုဒ္ဓဘာသာဝင်တွေက ဆန္ဒပြရာမှာအစားအစာ၊ရေ၊ဆက်ကပ်လှူဒါန်း၊ပေးဝေမိခဲ့လို့ထောင်ချခြင်းဟာရဟန်းသံဃာ၊ ကျောင်းသား၊ပြည်သူတွေကိုသတ်ဖြတ်ခဲ့လို့ရာဇဝတ်မှုလို့သတ်မှတ်နိုင်ပါသလား။   (၂) ကြားဖြတ်ရွေးကောက်ပွဲ ( by –election) အပေါ်သမ္မတဦးသိန်းစိန်စိတ်ဝင်းစားမှုရှိမှုအပေါ်သုံးသပ်ချက်(၂)   “ကြားဖြတ်ရွေးကောက်ပွဲကိစ္စကတော့ဘယ်လ၊ဘယ်ရက်ဆိုတာတော့ သတ်သတ်မှတ်မှတ်မရှိသေးပါဘူး၊ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ညှိနိုင်းကြတာတိုင်ပင်ဆွေးနွေးကြတာမလုပ်နိုင်သေးပါဘူး၊ လုပ်တာကတော့လုပ်ပေးရမှာပေါ့၊လွတ်နေတဲ့နေရာလေးတွေကရှိနေတော့”                                              ( သမ္မတဦးသိန်းစိန်ဘာလီအင်တာဗျူးအဖြေ)   ဒါလည်းနအဖရဲ့သုံးစွဲနေကြလေသံပါဘဲ ဒီလိုမရေမရာ၊မတင်မကျတွေကသူတို့ရဲ့ (နအဖ)လက်သုံးစကားတွေပါဘဲ။ ဝန်ကြီးကျော်ဆန်းပြောသလိုဘဲမိုးမကျမီလည်းဖြစ်နိုင်သလို၊မိုးလွန်ပြီးမှလည်းဖြစ်နိုင်ပါတယ်ဆိုတာမျိုးတွေပေါ့၊ […]


aungpaneseAugust 17, 20111min27013
အလုပ်ကမလုပ်ရသေးဘူးကွဲတာပြဲတာက အရင်စလာတာကမာ္ဘပေါ်မှာကျုပ်တို့နိုင်ငံကနို င်ငံရေးပါတီ တွေဘဲ၊ ဒါကြောင်မြန်မာ့ နိုင်ငံရေးသမိုင်းပြန်ကြည့်လွတ်လပ်ရေးမရခင်မီ 1946 ကစပြီးတော့ကွဲခဲ့တဲ့ ဖဆပလ(၂)ခြမ်းကွဲ၊ပုဂ္ဂိုရေး၊ဝါဒရေး၊အုပ်စုရေးပဋိက္ခမျိုးစုံကြောင့်ကွဲခဲ့ခြင်းဖြစ်တယ်။1948မှာလွတ်လပ်ရေးရ၊ လွတ်လပ်ရေးနဲ့အတူကျွန်မျိုးစေ့ပြန်ဖြစ်မဲ့အကွဲကပါလာသေးတယ်၊သူတို့လုပ်တာနဲ့ကျုပ်တို့ပြည်သူတွေသခင် သာပြောင်းသွားတယ်ကျွန်ဘဝကမလွတ်သေးဘူး၊ရိုင်းတယ်လို့တော့မထင်ပါနဲ့ကျွန်ဇာတာတော်တော်ပါတဲ့လူ မျိုးဗျ။သက်ဦးစံပိုင်ဘုရင်ကျွန်။အင်္ဂလိ်ပ်ကျွန်၊ဂျပန်ကျွန်၊1947မှာအခြေခံဥပဒေစတင်ရေးဆွဲ(1948-1962) အထိကျွန်ဘဝကလွတ်ကစ၊ပါလီမန်ဒီမိုကရေစီစနစ်နဲ့(၁၄)နှစ်ကြာအုပ်ချုပ်ခဲ့တယ်၊ပြည်တွင်းစစ်များရှိခြင်း ကြောင့်မအောင်မြင်ခဲ့၊ ကျုပ်တိုင်းပြည်မွဲရတာ၊နည်းပညာနောက်ကျကျန်ခဲ့တာ၊မတိုးတက်တာတွေရဲ့အဓိကအ ချက်တစ်ချက်ကိုပြောပါဆိုရကျုပ်တို့်နိုင်ငံရဲ့ကမာ္ဘသက်တမ်း အရှည်ဆုံးပြည်တွင်းစစ်ကြောင့်ပါဘဲ။တခြားဟာ တွေတော့ကမာ္ဘပေါ်မှာစံချိန်မချိုးဘူးအကွဲအြ့ပဲကတော့ဂရင်းနစ်မှတ်တမ်းဝင်ဘဲ။ဘယ်နဲ့ဗျာတခြားကျုပ်တို့နိုင်ငံထက် နောက်ကျပြီးမှလွတ်လပ်ရေးရခဲ့တဲ့နိုင်ငံတွေမှာတီထွင်မှုတွေ၊ပြုပြင်မှုတွေအမြန်လုပ်၊နေ့ချင်းညချင်းပြောင်းလဲ သွားကြတာ၊ကျုပ်တို့နိုင်ငံမှာတော့(၁)တွေ့ဆုံဆွေးနွေးရေး(၂)တွေ့ဆုံဆွေးနွေးရေး(၃)တွေ့ဆုံဆွေးနွေးရေးလုပ်နေ ၊ပြောနေတာအခုမှ မ ဟုတ်ဘူးဗျ၊အဲဒီအချိန်ကတည်းကတိုင်အခုထိဘဲ၊ဘာမှထူးခြားလာတာမရှိဘူး။ အဲဒီနောက်မပြီးဆုံးသေးတဲ့အကွဲအပြဲပန်ချီကားလိုဘဲဆက်ပြီးကွဲနေလိုက်တာ အဲဒီလိုလဲကွဲလို့စစ်တပ်က 1962မတ်လအာဏာသိမ်းလိုက်တော့စစ်ကျွန်၊1974ရောက်တော့အခြေခံဥပဒေရေးဆွဲပေးမယ်ဆိုပြီးတော့အခုလိုဘဲစစ်တပ် ကဘောင်းဘီချွတ်ပြီးအရပ်ဝတ်၊ခေါင်းပေါင်းနဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး တစ်ပါတီအာဏာရှင်စနစ်ကကျွန်ပြုလိုက်တာ 1988အထိဘဲ၊အဲဒီကစပြီးတော့စစ်တပ်ကအာဏာတစ်ခါပြန်သိမ်းလိုက်တာ2010အထိ၊ 2010ကျတော့ထုံးတမ်းစဉ်လာကို စစ်တပ်ကလေးစာတယ်မဆိုးဘူးဗျ၊ဘောင်ဘီချွတ်၊တိုက်ပုံဝတ်ပြီးဘာညာသာလကာလေသံပေး…ပေး………ေ ပး……. ရင်းနဲ့အခုအကွဲပြဲစောင့်နေတာ……………… ကမာ္ဘပေါ်ရှိသမျှနိုင်ငံအားလုံးသာGlobalizationဖြစ်စဉ်ရေစီးကြောင်းေ တွထဲသာမျှောသွားမယ်၊ (တိုးတက်ပြောင်းလဲခြင်း၊လူသားတွေယဉ်ကျေးလာခြင်း၊လူတန်ဘိုးမြှင့်တက်လာခြင်း၊နည်းပညာတွေမြန်မာ တွေမမြင်ဘူး၊ မကြားဘူးအောင်တိုးတက်ခြင်း)ကျုပ်တိုကတော့ချီးပုံဒိုက်ပေါ်မှာတင်ကျန်နေမဲ့လူမျိုး၊ ကျွန်ဇာတာကလည်းဘယ်လောက်ရှည်ခဲ့သလဲ၊ မင်းတို့လူငယ်တွေတွေးကြည့်ကြကွာ(လူကြီးတွေမပါ)၊ပြောကတည်းကအသုံးမကျတာ၊ ကျွန်တောင်ဘဲအနုပ်တဲ့(ကျွန်နုပ်လို့ပြောတယ်)၊ ကျွန်ထဲမှာဖားတတ်၊ယားတတ်တဲ့ကောင်နည်းပါးပါးသူများ ထက်ပိုသိပိုတတ်၊ပိုတော်သူကြတော့(ကျွန်တော်လို့ပြောတယ်)ပြောရင်းဆိုရင်းနဲ့စိတ်မကောင်းဘူးဗျာ၊ ယဉ်ကျေးမှုကိုစော်ကားတာမဟုတ်ဘူးဗျ၊ပဒေသရာဇ်စနစ်ရဲ့အမွေဆိုးတွေဗျ၊ ကျုပ်တို့လူမျိုးကဗုဒ္ဓဘာသာတာ ပြောတာ၊ ဘုရားစကားနားမထောင်ဘူးဗျ၊နားထောင်ရင်ကာလာမသုတ်ကိုလိုက်နာပေါ့ဗျ၊ ကျုပ်တု့်ဘာသာက တောင်းစားတဲ့သူတောင်းစားဝါဒ မဟုတ်ဘူး၊အလုပ်သမားဝါဒဗျ။အလုပ်လုပ်မှရတယ်၊အလုပ်မလုပ်ဘဲနဲ့တောင်း နေရင်တော့သေအောင်တောင်းဘယ်တော့မှရလာလိမ့်မည်မဟုတ်။ဆင်ခြင်တုံတရားလည်းနည်းတယ်၊တီထွင်မှ ုအားလည်းမကောင်းဘူး၊သူများပြောရင်ယုံလွယ်တယ်၊ပုဂ္ဂိုယ်ကြည်ညိုရင်လေးစားရင်အဲဒီလူဘာပြောပြောအားလုံး လက်ခံတယ်။ခေါင်းဆောင်မပါရင်အလုပ်မလုပ်တတ်ဘူး၊Heroကိုဘဲမျှော်တယ်၊Leaders are born. […]


aungpaneseAugust 2, 20111min116
ဒီတစ်ခါတော့အမေမသေရဘူးအမေ၊အမေဒုက္ခိတမဖြစ်စေရဘူးအမေ။အမေကိုကျွန်တော်တို့ညီအကိုတတွေညီညွှတ်စွာနဲ့တတ်စွမ်းသမျှကယ်မယ်အမေ၊ အခုလည်းဒီကောင်တွေအမေကိုဝယ်ပြီးအမေရဲ့အသွေးအသားတွေကိုထုတ်ယူရုံတင်မကသေးဘူးအမေ၊အမေရဲ့သွေးတွေနဲ့အသက်ဆက်နေရတဲ့လူ တွေ၊အရိပ်ခိုနေရတဲ့လူ တွေပါဒုက္ခရောက်ကုန်ပြီအမေ၊ ဟိုအေဒီငါးရာစု လောက်တုန်းကလည်းဘဲဒီကောင်တရုတ်တွေရဲ့အဖေနန်ကျောင်တွေပေါ့အ တန်ယဉ်ကျေးမှုမျိုးစုံထွန်းကားခဲ့တဲ့ပထမဆုံးပျုနိုင်ငံတော်ကြီး၊ကိုလူမျုုိုးတုံး၊မေကျွန်တော်တို့ရဲ့ဘိုး၊ဘွား၊ဘီ၊ဘင်၊ဘေ၊ဘော၊ဘောင်းတို့ရဲ့အလွန်အင်မ ယဉ်ကျေးမှုဆုံး၊ဘာသာတရားတုံးအောင်ဖျက်ဆီးခဲ့ဘူးတယ်အမေ၊အခုလည်းအမေ၊အမေကိုဒုက္ခိတဖြစ်အောင်နှိပ်စက်ပြီးသတ်ယုံတင်မကသေးဘူး အမေ၊အဘိုးတို့ထီးနန်းစိုက်ခဲ့တဲ့မန္တလေးမြို့ကြီးမှာလည်းမြန်မာတို့ရဲ့ဘူမိနက်သန်မြေတွေ၊အချက်အချာကြတဲ့နေရာတွေ၊အိုဗျာ..အမေကျွန်တော်အ ကုန်လုံးကုန်အောင်မပြောတတ်ဘူးအမေ…..ဒါပေမဲ့အမေမန္တလေးကအဖိုးတန်မြေတွေ၊သာသနာ့မြေတွေကတော့အကုန်လုံးကုန်သွားပြီအမေ၊အဲဒါတွေ အပြင်အမေ….ဘုန်းဘုန်းတို့မြို့ထဲဆွမ်းသွားခံရင်ဘာဆွမ်းမှတူတူတန်တန်မရဘူးလို့သားတို့ကိုပြောပြသေးတယ်၊ပြီးတော့ရွာထဲကပညာရှင်တွေကော၊ ကျွန်တော်တို့အိမ်အနောက်ဘက်ကဦးကုလားကြီးကော၊တောင်ဘက်က ဒေါ်ဇင်းမယ်တို့ပြောနေသံကြားတယ်၊မန္တလေးကြီးကလည်းကင်ဆာ ရောဂါဖြစ်နေတယ်လို့ပြောသံကြားတယ်၊နောက်ထပ်သိပ်ပြီးနေရမှာမဟုတ် တော့ဘူးမှာတဲ့…၊အမေပြီးရင်တော့မကြာခင်သူ့အလှည့်ပဲတဲ့(‼ .‼…‼…‼…. ‼) ဟာဗျာအမေကလည်းဗျ…………ဟုတ်ပါတယ်ဆိုနေ……..အမေဘဲဂေါဝိန်ဆိပ်ကမ်းနားလေးကဘဲဖြတ်စီးခဲ့ပြီးတော့အမေသတိမထားမခဲ့ဘူး လား……(‼ .‼…‼…‼….‼)အမေကလည်းအရမ်းအတာဘဲ၊အခုလည်းဒ ီကောင်တွေကကျွန်တော်တို့ဆီကစာမတတ်၊ပေမတတ်၊အမေရဲ့ကျေးဇူးတွေ ကိုမသိတတ်တဲ့သူကြီးကိုရွှေအ၊ကိုငွေအသပြာနည်းနည်းပေးပြီးအမေကို ပွဲစားနဲ့တဆင့်ရောင်းစားခိုင်းပြီးအမေကိုသူတို့လူမျိုးတွေအတွက် ခိုင်းစားတော့မယ်၊ပြီးတော့မှသေအောင်နှိပ်စက်တော့မယ်။(‼ .‼…‼…‼….‼)၊ဟာဗျာ…အမေကလည်းအားပျော့တဲ့စကားမပြောဘာနဲ့ဗျာ၊အမေ ဒီကောင်တွေကိုပြန်မချရဲဘူးလား…။အမေ့…..ဒီကောင်တရုတ်တွေကနတ်ဆိုရင်ကြောက်တယ်……အမေကိုစောင့်ရှောက်နေတဲ့နတ်မင်းတွေအကူအ ညီတောင်းရင်ကော……….(‼ .‼…‼…‼….‼)ဟာ..အမေကလည်းလုပ် ကောင်းပါတယ်ဗျာ…..(‼ .‼…‼…‼….‼)၊ဟာအမေကလည်းကံ၊ကံရဲ့အကျိုး တွေပြောနေပြန်ပြီ၊သူတို့တတွေကဘာသာတရားမရှိဘူး၊ဒီဘဝမှာဒီခနာနဲ့ခံ၊ဟိုဘဝဟိုခနာနဲ့စံမဲ့ကောင်တွေဗျ၊ဘာဖြစ်တာလည်းအမေ………………… အမေငိုနေတယ်…….အကိုကြီးတို့ရေအမေငိုနေတယ်…..လုပ်ကြပါဦးဗျာ၊… (‼ .‼…‼…‼.‼)အမေစိတ်မလျှော့နဲ့၊သားတို့ညီအကိုတတွေအကုန်လုံးရှိနေ တယ်အမေ၊ပြီးတော့သူကြီးကိုရွှေအကိုလည်းနားလည်သဘောပေါက်အောင် ပြောပြပေးမယ်၊အမေရဲ့ကျေးဇူးတွေကကျွန်တော်တို့ညီအကိုတတွေအပေါ် မှာဆပ်လို့ကမကုန်နိုင်ဘူးအမေ၊ကျွန်တော်တို့ညီအကိုတတွေအမေရဲ့နိုချို ရေတွေနဲ့ဘဲကြီးပြင်းခဲ့ရတာ၊အမေနဲ့ဘဲနေရာအနှံ့ရောက်ခဲ့ရတာ၊အမေနဲ့အ တူတူစပါးတွေ၊မြေပဲ၊နှမ်း၊ကြက်သွန်၊အာလူး….အို…အစုံစိုက်ခဲ့ရတာပျော်ခဲ့ရတာအမေရယ်၊………နောက်ပြီးအမေသားတို့ကိုရေချိုအစာတွေအများကြီး ကျွေးသေးတယ်နော်……..၊အမေငိုနေတယ်…….အကိုတို့ရေအမေငိုနေတယ်….လုပ်ကြပါဦးဗျာ၊(‼ .‼…‼…‼….‼)ဘာ…….အကိုကြီးအမေဘာပြောလိုက် တာလဲ…ဘာဗျ…..အမေသေရုံတင်မပြီးသေးဘူး၊နောက်ပြီးဘာ…ဘာ…….ဘာ…တွေဆက်ဖြစ်ဦးမှာလည်း…ငါဆက်မပြောချင ်တော့ဘူးကွာ….၊အား…. လုပ ်ကြပါဦးဗျာ…အမေ့မှာဘာအပြစ်ရှိလို့လည်းဗျာ……၊အား…….လုပ်ကြပါဦးဗျာ…အမေ့မှာဘာအပြစ်ရှိလို့လည်း……အား……လုပ်ကြပါဦးဗျာ…အမေ့မှာ ဘာအ ပြစ်ရှိလို့လည်း……   နိုးထခြင်း (၂) အိုမြန်မာပြည်ဖွား တိုင်းရင်းသားတို့….. အတူတကွ၊ ဘယ်သူပါမှ အသာထား၍ […]