koko chitOctober 21, 20121min1565
သံတွဲမြို့တွင် ယနေ့21.10.2012 နေ့၊နေ့လည် 2 နာရီ တွင်ဆန္ဒပြမည်ဖြစ်ပြီးထိုအတွက်ကြောက်လန့်နေသူများလည်းရှိသလို မလိုလား အပ်သော သတင်းမှားများကိုလည်းထုတ်လွင့်နေကြောင်းသိရှိရသည်။ ဆန္ဒပြသူများသည် မင်းဗာကြီးလမ်းရှိအောင်မြေသာစည်ပရိယတ္တိစာသင်တိုက်မှစတင် ထွက်ခွာမည်ဖြစ်ပြီးသံတွဲမြို့ထဲသို့ဗိုလ်ချုပ်လမ်း၊ရတနာလမ်း၊ဦးဥတ္တမလမ်းများသို့လှည့်လည်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ မလိုလားအပ်သောသတင်များမှာ ဆန္ဒပြနေချိန်တွင် ရွာသစ်ကုန်း၊အမှတ်(၁)ရပ်ကွက်အတွင်းသို့နောက်မှနေ၍ ဝင်ရောက်မည်ဆိုသည့်သတင်း များနှင့် မာဃလမ်းတွင်လည်းဓါးများနှင့်လူစုလျှက်ရှိကြောင်းဆိုသောသတင်းမှားများကိုလည်းတစ်ချို့ကပြောဆိုကြောက်လန့်နေကြလေသည်။ ဆန္ဒပြမည်ဟုသိရှိကြသောအခါတွင်လည်းတောရွာများမှဈေးလာရောင်းကြသူအချို့နှင့်မြို့တွင်း၌နေထိုင်ကြသောဈေးသည်အချို့သည်လည်းကြောက် လန့်လျှက်ရှိပြီးယနေ့တွင်ဈေးလာရောင်းကြသူများမှာအလွန်နည်းပါးလျှက်ရှိပေသည်။ ထိုဆန္ဒပြမှုအတွက်ကိုလည်းသံတွဲဒေသအတွင်းမှအာဏာပိုင်များကလုံခြုံရေးများကိုသေချာစွာနေရာချထားပေးလျှက်ရှိကြောင်းသိရပါသည်။  


koko chitSeptember 16, 20121min1204
အင်း  အချိန်တွေတောင်တော်တော်ကိုကြာသွားပါပြီလား ကျွန်တော်တို့ရခိုင်ပြည်နယ်မှာပေါ့ဗျာ …….  ဆယ်တန်းအောင်စာရင်းထွက်ပြီးနောက်နှစ်ရက်ကပေါ့ဗျာ……………. အော် ဆယ်တန်းလေးပြီးပါတယ်  .. သူငယ်ချင်းတွေနဲ့ပျော်ရမလားလို့ စိတ်ကူးထားတာ သွားပါလေရောဗျာ………… အစက စိတ်ကူးထားတာကတော့သူငယ်ချင်းတွေနဲ့ပျော်မယ်ပေါ့  စာမေးပွဲအောင်စာရင်းထွက်ရင် ….အခုတော့ပျော်မလို့လုပ်တုန်းရှိတယ်  သွားပါလေရော မာရှယ်လော နဲ့ 144 ထုတ်လိုက်တာ… ဘယ်တတ်နိုင်မလဲလေ…..ကျွန်တော်တို့ကိုမှရွှေးပြီးကံဆိုးတာကိုး………….. အရင်တုန်းကဆိုရင် ညဘက်ဆိုရင်စည်ကားနေတဲ့သံတွဲမြို့ကြီးလည်း အခုတော့မွဲခြောက်ခြောက်နဲ့ဗျာ………. အော် လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေလဲ သနားပါတယ်ဗျာ သူတို့ခမျာ တစ်နေကုန်အလုပ်လုပ်ပြီး ညဘက်တွေမှ နားကြရတာလေ အဲလိုနားကြတဲ့အချိန်မှာလဲ တီဗွီလေးကြည့် လ္ဘက်ရည်လေးသောက်ပေါ့ဗျာ။ အခုတော့ ညဘက်တွေဆိုရင်သူတို့တွေမှာ ပျင်းစရာကောင်းနေမှာပဲဗျာ… သူတို့တွေမှာကတီဗွီ မဝယ်နိုင်ကြဘူးလေဗျာ…….. ကိုယ်စားဖို့တောင်မှ အနိုင်နိုင်လေ  ..တစ်ရက်လုံး ကို နှဖူးကချွေးခြေမ   ကျအောင်လုပ်ရတယ်လေ ဘယ်လိုလုပ်ဝယ်နိုင်မှာတုန်း အဲလို သူတို့တွေမကြည့်ကြတဲ့အခါလဲ ဆိုင်တွေဒုက္ခရောက်ပြန်ရော သူတို့တွေကိုမှီပြီဖွင့်ထားရတာတွေလေ….. ဆိုင်တွေမှာလဲ အရောင်းပါးတော့ သူတို့ခမျာတွေလဲစိတ်ညစ်ကြတာပေါ့ဗျာ……… ပြီးခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလဲ  […]