nigimi77September 20, 20111min1396
ကျွန်တော် မျက်ရည် အကြိမ်ကြိမ် ကျခဲ့ဖူးပါသည်။  ရှေ  ့လျှောက်လဲ ကျနေဦးမည် ထင်ပါသည်။ မည်သူ တစ်ဦး တစ်ယောက် အတွက်မှ မဟုတ်ပါ။ ကျွန်တော့် အတွက် ဖြစ်ပါသည်။  မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်သော ကျွန်တော်သည် တစ်ဦးတစ်ယောက်ထဲ နိုင်ငံသား ဘဝနှင့် မရပ်တည် နိုင်ပါ။ တစ်ဦးတစ်ယောက်၏ အရည်အချင်းနှင့် လည်း Civil Soceity ကို မတည်ဆောက်နိုင်ပါ။ မည်သည့်နိုင်ငံဆိုသည့် အမည် အပိုင်းအခြား နောက်ကွယ်တွင် ကျွန်တော်တို ့ အားလုံးသည် “လူတွေ အားလုံးဟာ အတူတူပါပဲ။ လူသားချင်း ချစ်ခင်တတ်ဖို ့ စာနာတတ်ဖို ့ သနားတတ်ဖို ့ ကူညီရိုင်းပင်းဖို ့လိုအပ်ပါတယ်” ဆိုတဲ့ အယူအဆများအား လက်ခံချင်ပါသော်လည်း မိမိ၏ နေထိုင်ရပ်တည်မှု၊ […]


nigimi77September 6, 20111min26121
အကိုကြီး…မီးချစ်ပါလား ခင်ဗျ ?? အော် ..ရော့…။ ကျေးဇူးပါ…အကို..အကို  ..ခဏလေး… ကျွန်တော့်ကို  တခုလောက် ကူညီပါ (ခါးကြားမှာ ထိုးထားတဲ့ စာရွက်ခေါက်ကို ဖြန် ့ ပြရင်း..)  ကျွန်တော် ဒီနေ ့မှ ထောင်က ထွက်လာတာပါ ..မယုံရင် ဒီမှာကြည့်ပါ။ ကျွန်တော့် အိမ်မှာ မိသားစုက မျှော်နေတာ အခု ကျွန်တော် အိမ်ကိုပြန်ဖို ့ လမ်းစားရိတ် မရှိလို ့ပါ..ငါးရာ တစ်ထောင်လောက် ကူညီပါဗျာ….ဆိုပြီး ….လက်ဖျံတွေမှာ ထိုး ထားတဲ့ ဘုရားပွဲဈေးတန်း လက်ရာ ဆေးမှင်ကြောင်တွေကို မြင်သာ အောင်ပြရင်း… ဆေးပေါ့လိပ် အတိုကို ဖွာရင်း  မိုက်ကြေး ခွဲနေတဲ့   Neo-Begger လို ့ပဲ နာမည်ပေးရမလားပဲ …ရှုတည်တည် ပေစုတ်စုတ် […]


nigimi77July 23, 20111min2198
အမေရိကမှာ နေထိုင်ရင်း  ကျုပ်တို ့လို အရှေ ့တိုင်းသားတွေ အတွက် အင်္ဂလိပ်စာ သင်ယူရတာထက် ပိုပြီး  စိတ်ပင်ပန်းရတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ လက်ရှိ နယူးယောက်မှာ  နေတဲ့  ကျောင်းသား တစ်ယောက် ပြောပြတာကို ပြန်ရေးထားတာပါ။  သူ ့ရဲ ့ ဇာတ်လမ်းကို နားထောင်ပြီး  အမေရိကန် နိုင်ငံသားတွေရဲ  ့အကြီးမားဆုံး  ပူပန်မှုက ဘာလဲဆိုတာကို စဉ်းစားမိခဲ့ပါတယ်။  အင်္ဂလိပ်စကား မကျွမ်းကျင်လို ့ ဆက်ဆံရေး အဆင်မပြေတာထက်ပိုပြီး စိတ်ပင်ပန်းရတဲ့အကြောင်း… ဒါမှ မဟုတ် အထီးကျန်ခြင်းလား…..။ ဒါပေမဲ့လည်း   သူ ့ရဲ  ့အဖြေကို နားထောင်လိုက်ရတဲ့ အခါမှာ တကယ်ကို ထင်မထားခဲ့တဲ့ အကြောင်းအရာ ဖြစ်နေခဲ့တယ်။ အထီးကျန်တဲ့ ဘဝကို ပိုပြီးစိတ်ပင်ပန်းစေတဲ့ ကိစ္စ…. တခြားတော့မဟုတ်ပါဘူး…အခန်းထဲမှာ ရှိတဲ့  […]


nigimi77July 2, 20111min1378
မေးချင်လွန်းလို ့ပါ။ ပြီးခဲ့တဲ့  အင်္ဂါနေ ့ကပေါ့။    ရုံးကို စရောက်ပြီး ကတဲက တမနက်လုံး  ဘယ်သူ ့ဆီကမှ Phone မလာသေးဘူး။  တယ်ထူးဆန်းနေပါလား။ အရင်ဆို  တစ်ယောက်နဲ ့ပြောပြီး phone ချလိုက်တာနဲ ့နောက်တယောက်ဆီက တန်းလာပြီ။  ဒီ Phone က အဝင်ပဲ လက်ခံတာများတယ်။ မနက် 10:30 လောက်နေတော့ ဘာဖြစ်တာပါလိမ့်ဆိုပြီး  ဖုန်းခွက်ကို မလိုက်တော့….. မိန်းမ ၂ ယောက်  (အသံအရဆို လူလတ်ပိုင်းလောက်)  အာလာပ သလာပ ပြောနေလိုက်ကျတာ အစုံပဲ။   အသံက တော်တော်ကို ကြည်လင်ပြတ်သားလွန်း နေတယ်။  လိုင်းပူးတာလား  မဟုတ်သေးပါဘူး။ လိုင်းပူးတဲ့ အတွေ ့အကြုံ  ကျုပ်မှာ  အများကြီး ရှိခဲ့ပါတယ်။  ဒီလို မျိုး […]


nigimi77June 23, 20111min29928
ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား။ ကျေးဇူးပြုပြီး အိမ်ပြောင်းပေးပါ။ တစ်ယောက် အတွက်နဲ ့ အများက ဒီလို ဖြစ်နေရတာလား အများ အတွက်နဲ ့တစ်ယောက်က ဒီမှာ နေ နေရတာလား။ ၁ဝ မိနစ်နဲ ့ရောက်နိုင်တဲ့ ကိုက္ကိုင်း လမ်းဆုံကို  ရွာရိုးကိုးပတ် ဒီလို ပတ်ပြီးမှ  ကျွန်တော်တို ့ပြည်သူတွေ သွားလာနေရပါတယ်။ လမ်းဆုံက Free way မှာ စည်ပင်ရဲ  ့ အမှိုက်ပုံးကြီးတွေ၊ မော်တော်ပီကယ်တွေရဲ  ့ ကားတွေက အပိုင်စားယူထားပါတယ်။ ကြွက်မနိုင် ကျီမီးနဲ ့ရှို  ့လိုက်ပါတယ်။  ပြည်သူတွေ ဒုက္ခ ကို ဒီတိုင်းကြည့်မနေပဲ အိမ်ပြောင်းပေးပါလို ့တောင်းဆိုချင်ပါတယ်။


nigimi77June 17, 20111min894
ဗျို  ့ ကိုရင်အောင်ပု….   ခင်ဗျား ယခုနေတဲ့ နေရာမှာ  ဘာတွေဥထားသလဲ။ တစုတစု နဲ ့  ပုစုခရုတွေ  ကတော့  ကျုပ်တို ့ရွာမှာ ဒင်းဂျမ်းပေါလာသဗျ။ ရွာကြီးကသာ  ကမ္ဘာကြီးက ရွာ ရယ်လို ့ ဆိုလာကြတော့လဲ  တောကြိုအုံကြား  ကျေးလက် အစွန်အဖျားပါမကျန် ဝိုင်းရံကာ  ဆိုင်းသံမပါပဲ  ဝင်လာကြသကို း။ ရွာထဲကိုဝင် ရွာသခင်ကို  ဦးခိုက်  သဂျီး ရိုက်မှာကိုလဲ မကြောက်တဲ့   မတစ်ထောင်  တကောင်ဘွား ရွာသား  အသစ်တွေကလဲ ပေါပါဘိသ။ ပါတာကို ထုတ်ကျွေး  အဟုတ်ပေးနေတာက  ပိုစ့်  ယောင်ဆောင် နေတဲ့ ဓါတ်ပုံ  ငထက်ဖျားတွေဟ။ ရွာတောင်ပိုင်းကို သွားတော့ မေးငေါ့စရာ လူတစ်သိုက်… တွေ ့ခိုက်မှာ  ဖလှယ်ကျဖို ့  […]


nigimi77May 28, 20111min1669
” ဟယ်လို….အေး…ဟဲ့…ငါတို ့ ရုပ်ရှင်လာကြည့်နေတာ…နင်ဘယ်ရောက်နေလဲ…..အေး….အေး…ဟုတ်တယ် ငါလဲပြောပါတယ်…..အေးလေ…သူ ့သဘောနဲ ့သူဆိုတော့လဲ ငါတို ့က ဘာပြောလို ့ရမှာလဲ…ဟား..ဟားးးးးးးးးး………” နေကြာစေ့  ခွာသည့် အသံ ၊ ပေါက်ပေါက်ဆုပ် စားသည့် အသံ ၊  အတွဲများ တပြွတ်ပြွတ် နှင့် မုန်ယို နေသည့် အသံများ ကြားမှ  အဆိုပါ အမျိုးသမီး၏  လွန်စွာ အောက်ကလိအာ ဆန်သော  စူးရှပြစ်ချွဲသည့်  အသံသည် စဉ်ဆက်မပြတ်  ထွက်ပေါ်နေသည်။  တခြား အသံများအားတတ်နိုင်သမျှ  သီးခံခဲ့သော်လည်း   မိမိ၏  ပုဂ္ဂိုလ်ရေး အကြောင်းအရာများကို အများသူငါ အပန်းဖြေသော ရုပ်ရှင်ရုံထဲတွင် ဟောင်ဖွာဟောင်ဖွာ ကျယ်လောင်စွာ တယ်လီဖုန်း ပြောနေသော အမျိုးသမီးအား  သမင်လည်ပြန် လှည့်ပြီး အမူအရာနှင့် ကြိမ်ဖန်များ စွာ သတိပေးသော်လည်း  […]


nigimi77May 16, 20111min934
ကိုရီးယား နိုင်ငံ  အင်မီဂရေးရှင်းအား  လူ ့အခွင့် အရေးချိုးဖောက်မှုဖြင့်  ကိုရီးယားနိုင်ငံရှိ  လူမှုရေး အသင်းအဖွဲ  ့ အစည်းများ စုပေါင်းပြီး  တရားစွဲလိုက်သည်ဟု  ကြားသိရပါသည်။  သတင်း အကျယ်အား နောက်ပိုင်းတွင် Update လုပ်ပေးပါမည်။ ကိုရီးယား အင်မီဂရေးရှင်းသည်  နိုင်ငံခြားသား အလုပ်သမားများ အပေါ် ပြင်းထန်သော ဆောင်ရွက်မှုတို ့သည်  ကိုရီးယား နိုင်ငံ အတွင်း လူ ့အခွင့်ရေးဆိုင်ရာ ဆုံးရှုံးမှု အဖြစ် သုံးသပ်ကြပြီး၊  ကိုရီးယားနိုင်ငံသာ များနှင့် ဖွဲ ့စည်းထားသော လူမှုရေး အသင်းအဖွဲ  ့များမှ စုပေါင်း တရားစွဲဆိုခြင်းဖြစ်သည်။     လာမည့်  ၂ဝ ရက်နေ ့တွင် ဆိုးလ်မြို  ့ ဗဟို တရားရေးဋ္ဌာနတွင် တရားစီရင်မည်ဖြစ်သည်ဟု သိရသည်။


nigimi77May 14, 20111min883
မှတ်ပုံတင် ကဒ်ပြုလုပ်ရာမှာ အရင်တုန်းကလို စာရွက်ပေါ်မှာ မဟုတ်တော့ပါဘူး။ Scan နဲ ့ ဖတ်တာပါ။ အရင်က နေခဲ့ဖူးတဲ့ မှတ်တမ်းတွေပေါ်လာတာနဲ ့ တခါထဲ လက်ထ်ိပ်ခတ်ပြီး အချုပ်ထဲကို ထည့်မှာပါ။ ပြီးရင် ပြန်ဖို ့အတွက် လေယဉ် လက်မှတ် ဝယ်ခိုင်းပါလိမ့်မယ်။ လက်ထဲမှာ ဝယ်ဖို ့ပိုက်ဆံ ဘယ်လိုမှ ရှိစရာ အကြောင်း မရှိပါဘူး။ အဲဒါဆိုရင် မြန်မာသံရုံး ကို အကြောင်းကြားပါလိ်မ့်မယ်။ မင်းတို ့နိုင်ငံသား မောင်ဘယ်သူကတော့ဖြင့် ငါတို ့အင်မီဂရေးရှင်မှာ နာမည်ပြောင်းပြန်လည်ဝ င်ရောက်မှုနဲ ့ ဆွဲစိ ထားလိုက်တယ်ပေါ့။ ဒါပေမဲ့ သူ ့မှာ ပြန်ဖို ့လေယဉ်စားရိပ် မရှိလို ့ မင်းတို ့ကို အကြောင်းကြားတာပေါ့။ သူတို […]


nigimi77May 14, 20111min700
ဒီတင် ပြီပြီလားဆိုတော့ မဟုတ်သေးပါဘူး။ နောက်ထက် အခက်အခဲတွေ အများကြီး ကျန်ပါသေးတယ်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးနဲ ့ပြန်ရောက်လာပြီး နောက်တစ်ခေါက်ပြန်လည် ထွက်ခွာဖို ့ကြိုးစားနေသူတွေ အတွက်ပါ။ အရင်က နည်းလမ်းပေါင်းစုံနဲ ့ ကိုယ့်ဘဝရပ်တည်ရေး ကိုယ့် မိသားစု ရပ်တည်ရေး အတွက် ကိုရီးယားမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေ အထဲမှာ သင်တန်းသား အလုပ်သမားအနေနဲ ့သွားရောက် လုပ်ကိုင်သူတွေဟာ ၃ နှစ်ဗီဇာ သက်တမ်းပြည့်ရင် ပြန်ရပါတယ်။ အများစုဟာ ပြန်ဖို ့မဖြစ်နိုင်သေး ပါဘူး။ သမင်မွေးရင်း ကျားစားရင်း ပို ့လိုက်တိုင်း မိသားစုရဲ ့ ဝမ်းတထွာထဲမှာပဲ ပျော်ဝင်နေတော့ ကိုယ်ပိုင် အိမ်လေးလောက်တော့ရှိဖို ့အတွက်ကို ရှာပေမဲ့လဲ တစ်ဉ်ီးချင်းဝင်ငွေထက် အံ့မခန်းမြင့်မားတဲ့ မြန်မာပြည်ရဲ ့ အိမ်ခြံမြေ […]


nigimi77May 14, 20111min830
အဲဒီတော့ လက်ဝယ် သက်တမ်းရှိသေးတဲ့ Passport ကိုင်ဆောင်ထားသူတွေက  သတင်းစာမှာ ဖော်ပြထားတဲ့ Phone နံပါတ်ကို ဆက်သွယ် မေးမြန်ကြတော့   စာမေးပွဲ ဖြေဆိုချိန်မှာ  ရိုးရိုး passport ပဲ ဖြစ်ဖြစ်  e passport ပဲ ဖြစ်ဖြစ်သက်တမ်းရှိနေသေးရင် ဖြေဆိုနိုင်ပါတယ်လို ့ပြောပါတယ်။   စာအုပ် သက်တမ်းမရှိတော့တဲ့ သူတွေ နဲ ့ စာအုပ် မလျှောက်ရသေးတဲ့ သူတွေဟာ  ဖြေဆိုခွင့် မရတော့ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။   အကြောင်းအရာ တစ်ခုကို တရားဝင် ထုတ်ပြန်ရာမှာ  တိကျတဲ့ အချက် အလက်တွေ ဆောင်ရန် ရှောင်ရန်နဲ ့ လိုအပ်တာတွေကို ဖော်ပြခဲ့သင့်ပေမဲ့   အခြေအနေ ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေခြင်းဟာ  ပြည်သူတွေကို အရမ်း […]


nigimi77May 14, 20111min1324
စကောထဲထည့် လှိမ့်သလို အမျိုးမျိုးခံနေရတဲ့ မြန်မာနိုင်ငံသား လူရွယ် လူငယ်များ အတွက် ရည်ရွယ်ပါတယ်။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၁ဝစုနှစ် တခုကျော်လောက်ကတဲက Multi Gate Corporation ကနေ အစပြုပြီး ကိုရီးယားနိုင်ငံကို အလုပ်သမား သင်တန်းသားအနေနဲ ့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင် စေတဲ့ ပွဲစား လုပ်ငန်းကြီးကို စတင်ခဲ့ပါတယ်။ အဲဒီ ခေတ်ကဆို ဒေါက်တာ ZM နဲ ့ မ WM တို ့ လင်မယားဟာ မြန်မာ လူငယ်တွေ ခါးချိုးပြီး အကိုကြီး အမကြီး ဆိုပြီး ဆက်ဆံခဲ့ရတဲ့ ကိုယ်စားလှယ် တွေပေါ့ ။ အဲဒီမတိုင်ခင်က လည်း နည်းလမ်းပေါင်းစုံနဲ ့ ကိုရီးယားနိုင်ငံကို ဝင်ရောက် […]


nigimi77April 22, 20111min864
တစ်နိုင်ငံနဲ ့ တစ်နိုင်ငံ  ကြိုးမဲ့ ဆက်သွယ်ရေး စနစ် ကို   ဝန်ဆောင်ခ ယူပုံခြင်းကလည်း မတူကြပါဘူး။ ထုံးစံ အတိုင်း သေချာသိထားတာကလည်း ကိုရီးယားနိုင်ငံ အကြောင်းပဲ ဆိုတော့ ဇာတ်လမ်းက ပြန်စပါမယ်။  အဲဒီမှာ  ၁၉၉၅ ခုနှစ် နှောင်းပိုင်းမှ စပြီး တဖြည်းဖြည်းနဲ ့ Mobile Phone တွေ အသုံးတွင်ကျယ်လာတာကိုး။ အစောပိုင်းတုန်းကတော့  Mobile တွေ ဈေးကြီးမြင့်လွန်းလို ့ သာမန် လူတန်းစားတွေဟာ  P.P လို ့ ခေါ်တဲ့  Personal Pager တွေကိုပဲ သုံးနိုင်ကြပါတယ်။ သူတို ့ဆီမှာလည်း အရင်ကဆို လူတန်းစား ကွာဟချက် ကြီးမားနေပါသေးတယ်။  တယောက်ယောက်က Phone ခေါ်ရင် P.P မှာ […]