the bestAugust 13, 20121min4078
13 Aug 2012   ဒေါက်တာခင်မိုးမိုး  By Good Health အသည်းဆိုတာ လူတိုင်းအတွက် အရေးကြီးတာကြောင့် ဖတ်မိတဲ့သူတွေ အကျိုးရှိမှာမို ့မျှဝေလိုက်ပါတယ်။ ဒေါက်တာခင်မိုးမိုး ရဲ့ စေတနာကြောင့် လူတိုင်းအသည်းကျန်းမာ ကြပါစေ။   သင့်အသည်း ကျန်းမာရေး ကောင်းပြီး စွမ်းအင် အပြည့် အဝ ရရှိစေရန် သင်ရဲ့ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါ တစ်ခု ဖြစ်တဲ့အသည်းဟာ သွေးတွေကို သန့်ရှင်းစင်ကြယ်စေပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ သွေးတွင်းသကြားအဆင့်နဲ့ စွမ်းအင်အဆင့်ကို တည်ငြိမ်စေနိုင်ပါတယ်။ အမေရိကန်မှ လေ့လာမှုအရ သူတို့လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသည်းမှာ အဆီစုနေတာ ဒါမှမဟုတ် အာဟာရ ချို့တဲ့တာကြောင့် အသည်းရဲ့လုပ်ငန်းတွေ ကျဆင်းနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အသည်း ရဲ့ လုပ်ဆောင်ချက်ကျဆင်းတဲ့ ပထမဆုံး လက္ခဏာဟာ […]


the bestAugust 5, 20121min34516
“မြန်မာ့ဆက်သွယ်ရေး လုပ်ရပ် မကျေနပ်ကြ” ဆိုတဲ့သတင်းလေးကို hotnewsweekly.com မှာဖတ်လိုက်ရပြန်ပြီ။ မြန်မာနိုင်ငံမှာ ပြည်သူတွေကို အနိုင်အကျင့်ဆုံး မြန်မာ့ဆက်သွယ်ရေး ရဲ့ မသမာတဲ့ လုပ်ရပ်လို ့မြင်မိတာကြောင့် ကူးတင်ပေးလိုက်ပါတယ်ဗျာ။   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  မှ ကြိုးဖုန်းနှစ်စဉ်ကြေးများကို ယခင်က တစ်နှစ်လျှင် ကျပ် ၅၄ဝ အစား တစ်နှစ်လျှင် ကျပ် ၆၀၀ဝ သို့ ၂၀၁၂ မေလမှစ၍ သတင်းစာ တွင် ကြေညာခြင်းမရှိဘဲ တိုးမြှင့်  သတ်မှတ်လိုက်ကြောင်း သိရသည်။   “မီတာခတောင် တစ်ယူနစ် (၃၅) ကျပ်တိုးတယ်ဆိုတာ သတင်းစာထဲထည့်တယ်။ အခု ဟာက ကျွန်တော်တို့ ဘီလ်သွား ဆောင်မှသိရတယ်။ တာဝန်ရှိသူ  တွေကို မေးတော့နိုင်ငံတော်ပိုင်းက ပြည်ထောင်စုဝန်ကြီးကပြောင်းခိုင်း တာပါ၊ ခေတ်စနစ်နဲ့ အညီကောက်  ခံတာပါလို့ပြောတယ်။ […]


the bestJuly 31, 20121min2559
The Voice နှင့် Envoy ဂျာနယ် နှစ်စောင် အပိတ်ခံရ ပြည်တွင်း၌ ထုတ်ဝေနေသော အပတ်စဉ်ထုတ် The Voice နှင့် Envoy ဂျာနယ် နှစ်စောင်ကို မြန်မာနိုင်ငံ စာပေ စိစစ်နှင့် မှတ်ပုံ တင် ဌာနက ထုတ်ဝေခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရသည်။ The Voice ဂျာနယ် ကိုမူ ဝန်ကြီးအပြောင်းအလဲ သတင်း ဖော်ပြ ၍ အကန့်အသတ်မရှိ ပိတ်ပင်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း၊ Envoy ဂျာနယ် မှာ ဦးအောင်သိန်းလင်း သတင်း အပြည့်အစုံ ဖော်ပြ၍ ပိတ်ခြင်းဖြစ်ကြောင်း၊ ပိတ်ပင်ရန် တခြားသော ဂျာနယ် တချို့ ရှိသေးသည် ဟု ကြားသိရကြောင်း ပြည်တွင်း မီဒီယာသမား တဦးက ပြောသည်။ […]


the bestJuly 24, 20121min57919
ကျွန်တော် ဒီအကြောင်းကိုဖတ်ပြီးနောက် ့ကူးတင်လိုက်ပါတယ်။ တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၄ မှာ ပါဝင်တဲ့ ကြော်ငြာပါ။ အသစ်ထွက်Envoyဂျာနယ်မှာ ဦးအောင်သိန်းလင်း နဲ့ တရုတ်စာစောင် အင်တာဗျူးအကြောင်း ဖတ်ရမယ် လို့ ကြော်ငြာ ထားတာပါ။ ဦးအောင်သိန်းလင်း ယနေ့ထွက်ပြီ လို့ ဒီကြော်ငြာကို Facebook မှာ ထပ်ဆင့်ဖြန့်ဝေသူတို့က ဆိုနေကြပါတယ်။ စာအထားအသိုအရ ဆိုရင် အဲဒီလိုလည်း ဖတ်လို့ရနေပါတယ်။ ဘာထွက်တာလဲ၊ ဘယ်ကနေ ထွက်တာလဲ ဆိုတာကိုတော့ ရေးမထားပါ။ ဦးအောင်သိန်းလင်းဟာ ကြံ့ခိုင်ရေးပါတီကြီးရဲ့ အထင်ကရ ခေါင်းဆောင်ကြီးတယောက် ဖြစ်ပါတယ်။ သူ့ရဲ့သတင်းစာရှင်းလင်းပွဲ၊ အင်တာဗျူးတွေဟာ မှတ်သားစရာတွေနဲ့ ပြည့်နေတာကို တွေ့ရပါတယ်။ ဦးအောင်သိန်းလင်းဟာ စစ်တပ်မှာ တာဝန်ကြီးကြီး ယူခဲ့သူဖြစ်ပြီး ရန်ကုန်မြို့တော်ဝန်အဖြစ်လည်း ခန့်အပ်ခံရသူ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ တည်ထောင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကြီးမှာ ဦးအောင်သိန်းလင်းလို […]


the bestJuly 20, 20121min58925
ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညဘက် (၁၁) နာရီ ကျော် ဖုန်းခေါ်ဆိုခမှာ (၂၅)ကျပ ်မဟုတ်ပဲ ကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရတယ်လို ့ သုံးစွဲသူများထံက သိရှိရကြောင်း သတင်းများထွက်နေပါတယ်။ အရင်တစ်ခါကလည်း MISS CALL  ကိုငွေကျပ် (၃၀၀) ဖြတ်တာလည်းဖြစ်ခဲ့ဘူးတယ်။ အမှားကိုဝန်ခံတောင်းပန်တာလည်းမရှိခဲ့ဘူး။အခုလည်း သတင်းစာကနေ တရားဝင်မရှင်းသေးဘူး။   GSM ဖုန်းတွေ အင်တာနက်သုံးလို ့ရအောင် (၁၀၀၀၀)ကျပ် သွင်းရတယ်။ ပြင်ပဆိုင်ကိုလုပ်ခိုင်းရင်(၁၁၀၀၀)ကျပ်ပေးရတယ်။ ၃ရက်ကြာမှလိုင်းဖွင့်ပေးတယ်။ တစ်ချို ့ဆိုင်က (၁၇၀၀၀)ကျပ်ပေးရတယ်။နေ ့ချင်းလိုင်းဖွင့်ပေးတယ်။   ၂သိန်းတန် GSM ဖုန်းတွေ က 3G ရပြီး၊ ဝ၉-၅၀—— နဲ ့အရင် GSM ဖုန်းတွေ က 3G မရဘူး။ […]


the bestJuly 8, 20123min2707
ကျွန်တော်လေ့လာထားသော အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း Center for Vocational Training/CVT နဲ ့ပတ်သက်ပြီး တင်ပြတာပါ။ သင်တန်းကျောင်း ရည်ရွယ်ချက်ကောင်းပြီး သင်ကြားမှုထိရောက်တာကြောင့် တစ်ချို့သင်တန်းဆင်းလူငယ်များ ဆိုလျှင် ကိုယ်ပိုင်လုပ်ငန်းငယ်များကိုပင်တည်ထောင်နိုင်ကြတယ်။ ဆရာ၊ဆရာမတွေနဲ ့လည်းဆွေးနွေးခဲ့ဘူးပါတယ်။ တကယ်စေတနာပြည့်ဝပြီး သင်တန်းတွေကို လာတက်ဖို ့လည်းကြိုဆိုကြပါတယ်။ CVT အား နှစ်စဉ် အဓိက နည်းပညာနှင့် ကုန်ကျစရိတ်များ ကူညီပံ့ပိုးသူများမှာ ဆွစ်ဇာလန် နိုင်ငံမှ အလှုရှင်များဖြစ်ကြသည်။ မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်သူများကလည်း စာသင်ခန်း များအား ငှားရမ်းခ အနည်းငယ်သာယူခြင်းနှင့် စာတွေ့လက်တွေ့သင်ကြားရန် အဆောက်အဦးနေရာများကို သက်ဆိုင်ရာဌာနနှင့် အသင်းအဖွဲ့များမှ ထောက်ပံ့ကူညီခြင်းများ၊ ကျောင်းနှင့်ပတ်သက်၍ လိုအပ်သော ကိရိယာတန်ဆာပလာ များ ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်သည်။ သင်တန်းသားများ စေလွှတ်ထားသော စီးပွားရေးလုပ်ငန်း အချို့မှာလည်း သင်တန်းကျောင်း အနာဂတ်အတွက် […]


the bestJune 25, 20121min46417
ဆေးရုံ ၊ ဆေးခန်းတွေမှာ အမျိုးသမီး “ Nurse ” ကို အများစုက “ Nurse မ” လို ့ခေါ်ကြပါတယ်။ သူနာပြုဆရာမ တစ်ယောက်က “ Nurse ” ကို “Nurse မ” လို ့ ခေါ်တာ ရိုင်းတယ်။ “ဆရာမ” လို ့ပဲခေါ်သင့်တယ်လို ့ပြောပါတယ်။ ကျွန်တော် တွေ ့မိသလောက် “Nurse မ” လို ့ ခေါ်ကြတာ များပါတယ်။ ပြင်သင့်တယ်ဆိုရင်လည်း ပြင်လို ့ရအောင် ပေါ့ဗျာ။ “Nurse မ” လို ့ ခေါ်ရမလား။ “ဆရာမ” လို ့ ခေါ်ရမလား။ “သူနာပြုဆရာမ” လို ့ […]


the bestJune 23, 20121min44114
ပြည်သူတွေ အားလုံးလိုလို ဒီကိစ္စကို သိချင်နေကြတယ်။ နောက်ဆိုရင် ပုဂ္ဂလိက ဓါတ်အားပေးစနစ်ကလာတော့မှာ လျှပ်စစ်ဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်း အသိပေးစေလိုပါတယ်။   လျှပ်စစ် မီတာထိန်းသိမ်းတာ သူတို ့မဟုတ်ဘူး။ ကိုယ့်မီတာ မလောင်အောင်၊ သူများတွေ ပျက်စီးပြီး မီးမခိုးနိုင်အောင်၊ ကိုယ်ကပဲ ထိန်းသိမ်းနေရတယ်။ တစ်လ (၁၀၀၀)ကျပ်ဆိုတာ သူကကိုယ့်ကိုပြန်ပေးသင့်တာလေ။   လျှပ်စစ်ဝန်ကြီးဌာနဆိုတာ ပြည်သူ တွေကို သေသေချာချာ ရှင်းပြတယ်။ အကြောင်းတစ်ခုခုကြောင့် မီတာ သူ ့ဘာသာသူ ပျက်သွားရင်တောင် ထိန်းသိမ်းခ ယူထားတဲ့ သူ ကတာဝန်မရှိဘူး။ တာဝန်မယူဘူး။ ပြည်သူတွေဆီက ငွေပြန် တောင်းတာ နည်းလမ်းမှန်သလား။


the bestJune 21, 20121min54017
ကျွန်တော် ဒီအကြာင်းအရာကို ဖတ်လိုက်ရတဲ့အခါ အားလုံးသတိပြုသင့်တယ် ၊ ဖတ်မိသူတွေ အကျိုးရှိကြမယ်  လို ့မြင်တဲ့အတွက် ကူးတင်ပေးလိုက်တာပါ။ ဒီကိစ္စနဲ ့ပတ်သက်ပြီး တာဝန်ရှိတဲ့ နိုင်ငံတော် အဖွဲ ့အစည်းအနေနဲ ့ ပညာပေးခြင်း၊ပြင်းထန်တဲ့ အပြစ်ဒဏ်ပေးခြင်းများ ကို ဥပဒေအရ အမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါတယ်။ ရွာသူရွာသားများ လည်းဝိုင်းဝန်း ကူညီ ပညာပေးကြဖို ့မေတ္တာရပ်ခံပါတယ်ခင်ဗျား။ စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်း (VOA news)   မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့  ဓာတုအဆိပ်သင့်နိုင်ချေတွေအကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။ အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။  ဒီအထဲမှာ အဓိက သုံးနေတာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ […]


the bestJune 7, 20121min53938
နိုင်ငံတော်ကနေ မြန်မာငွေ ဖောင်းပွအောင်နည်းမျိုးစုံသုံးပြီး စနစ်တကျ လုပ်နေတာ စဉ်ဆက်မပြတ်ပဲ။ မော်တော်ယာဉ်တင်သွင်းတာနဲ ့ပတ်သက်ပြီး ဒေါ်လာဈေးတက်အောင် လုပ်လိုက်တယ်။ တဖြည်းဖြည်းချင်း အရှိန်ယူတက်နေတာ အရှိန်ကောင်းစပြုနေတုန်း “တစ်သောင်းတန်ဂီယာ” ထိုးလိုက်ပြီ။ မနေ ့တနေ ့ကပဲ ဟိုအရေးဒီအရေးတွေကြောင့် နိုင်ငံတော်ကြီး လှုပ်လှုပ်ရွရွ ဒေါသမီးတွေ တစ်နိုင်ငံလုံး မကူးဆက်အောင်ထိန်းထားကာ ရှိသေးတယ် “တစ်သောင်းတန် လေ” ကပင့်လိုက်ပြီ။ ထုံးစံအတိုင်း ကုန်ဈေးနှုန်းက စတက်တော့တာပဲ။ တာဆူနေပြီ။ ရွှေဈေးစတက်ပြီ။ မနက်ဖန်ကစပြီး ကုန်ဈေးနှုန်းက လိုက်လာတော့မယ်။ “ဟိုအရေးဒီအရေးတွေ” ကနေ “ဒီအရေးဟိုအရေးတွေ” ထပ်ဖြစ်လာအောင် လုပ်ချလိုက်ပြီ။ ဆင်းရဲသားတွေအတွက် “ဆင်းရဲမွဲတေမှုလျှော့ချတယ်” ဆိုတာ စတင်အရှိန်မြှင့်လိုက်တာလား။ ဒါမှမဟုတ် “ဆင်းရဲမွဲသေ” အောင်အရှိန်မြှင့် လုပ်လိုက်ပြီလား။


the bestMay 31, 20121min39016
“မသန်မစွမ်း”ဆိုသည့် စကားရပ် ကို “မသန်စွမ်း” လို ့သုံးလာတာ နှုတ်တောင်ကျိုး နေပါပြီ။ သမ္မတကလက်မှတ် ရေးထိုး ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ယင်းဥပဒေ တွင် “မသန်မစွမ်း” ဟူသည့် အသုံး အနှုန်းကို ဆယ်ကြိမ်တိတိ ထည့် သွင်းသုံးနှုန်းထားသည် လို ့ ဖတ်လိုက်ရတော့ တော်တော်အံ့ဩမိတယ်။ သမ္မတရဲ့ အကြံပေးတွေ မသိလိုက်ဘူးလား။ အံ့ဩခြင်းများစွာနဲ ့ ရွာသားတွေကို သတင်းပေးလိုက်ပါတယ်။ 30 MAY 2012  | BY VENUS NEWS JOURNAL မြတ်သူအောင် မသန်မစွမ်း ဖြစ်သွားသော တပ်မတော် သားများနှင့် ကျဆုံး သွားသော တပ်မတော် သားများ၏ မိသားစုများကို ထောက်ပံ့ရေး ဥပဒေတွင် “မသန်မစွမ်း”  ဟူသည့် စကား ရပ်ကို သုံးနှုန်းပြဋ္ဌာန်းထားသဖြင့် ကန့်ကွက် […]


the bestMay 17, 20121min42025
အစားအသောက်နဲ ့ပတ်သက်ရင်နာမည်ပျက်အမြဲထွက်နေတဲ့ တရုတ်ပြည်မှာ ဝက်နားရွက် အတုတွေ ထုတ်လုပ်ရောင်းချနေတယ် လို ့ရေဒီယို ဩစတေးလျ က သတင်းမှ ဒီနေ ့မနက် ကြားလိုက် ရတယ်။ လူတိုင်းအမြန်သိထားသင့်တာမို ့ရေးတင်လိုက်ပါတယ်။ ဘယ်လိုအန္တရယ် ပေးသလဲတော့မသိဘူး။ သိတဲ့သူတွေ ဝိုင်းတင်ပေးကြပါ။ နို ့မှုန် ့တုန်းက အတော်ကြောက်စရာကောင်းအောင် အန္တရယ်ပေးခဲ့တယ်။ ဝက်ခေါင်းသုတ်၊ဝက်နားရွက်သုတ်တွေ စားကြတဲ့သူတွေ သိအောင် စုံစမ်းပြီး ဝိုင်းသတိပေး ကြပါ။


the bestMay 13, 20121min2094
ဒီလိုအကြံအဖန်လုပ်တာ လူတိုင်းသိသင့်တာကြောင့် ကူးတင်ပေးတာပါ။ အောင်ဝင်း | စနေနေ့၊ မေလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၉ မိနစ် ရန်ကုန် (မဇ္ဈိမ)။ ။ အသစ်တင်သွင်းလာသော တပတ်ရစ်ကားများ၏ မောင်းနှင်ပြီး ခရီးမိုင်ပြ ဒိုင်ခွက်များတွင် ကိန်းဂဏန်းများကို လျှော့ချပြီး ကားအခြေအနေ အဆင့်အတန်းပြ စာရွက် စာတမ်းများရှိ ကိန်းဂဏန်းများကိုပါ ပြင်ဆင်ကာ ရန်ကုန် ကားဈေးကွက်အတွင်း လိမ်လည် ရောင်းချမှုများ ရှိနေကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများနှင့် ကားဝပ်ရှော့ဆရာများက ဆိုသည်။ ကားဈေးကွက်ထဲတွင် မှန်မှန်ကန်ကန် လုပ်စားနေသူများ ရှိသကဲ့သို့ ဝယ်သူများကို နည်းအမျိုးမျိုးဖြင့် စာရွက်စာတမ်းများ အတုပြုလုပ်ပြီး လိမ်လည်ရောင်းချနေသော ကားအရောင်းစင်တာများနှင့် ဝယ်ရောင်းတချို့ကြောင့် ဝယ်သူများ အလိမ်ခံရသည်ကို မကြာခဏ ကြားနေရလျက်ရှိသည်ဟု […]