bigbirdMarch 13, 20111min1486
မောင်ငယ်၊ညီမငယ်လေးတို ့ရေ… မောင်ငယ်၊ညီမငယ်လေးများကို ဦးငှက်ကြီးက ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြချင်ပါတယ်ကွယ်။ တစ်ချိန်သောအခါမှာ ဖားငယ်လေး တစ်အုပ်စုဟာ စုဝေးပြီးတော့မှ ပြိုင်ပွဲတစ်ခုလုပ်ကြမယ်လို ့ စီစဉ်ကြသတဲ့ကွယ်။ အဲ့ဒီပြိုင်ပွဲကတော့ မြင့်မားလှတဲ့ ဓါတ်မီးတိုင်တစ်ခုပေါ်ကို တက်ကြမဲ့ ပြိုင်ပွဲဖြစ်သတဲ့။ ဒီသတင်းကိုကြားကြတဲ့ ရှိသမျှ ဖားတွေ အားလုံးဟာ ပြိုင်ပွဲဝင်မဲ့ ဖားငယ်လေး အုပ်စုကို အားပေးကြဖို ့ ရောက်လာကြတယ်ကွယ်။ ပြိုင်ပွဲကြီးကတော့ စတင်ပါပြီးတဲ့ ။ အမှန်ကိုပြောရရင် ဓါတ်မီးတိုင်ကြီးထိပ်ကို ဖားငယ်ကလေးတွေ ရောက်နိုင်မယ်ဆိုတာကို လာရောက်ကြတဲ့ ဖားတွေအားလုံးဟာ ဘယ်သူမှမထင်ကြဘူး၊ မယုံကြည်ကြဘူးပေါ့ကွယ်။ “”ဒီလောက်ခက်ခဲတာ ဘယ်လိုနည်းနဲ ့မှ ထိပ်ကိုမရောက်နိုင်ပါဘူး “” ‘” ဒီလောက်မြင့်တာ ဖြစ်ကို ဖြစ်နိုင်ပါဘူးဟယ် “” စသည်ဖြင့်တစ်ယောက်တစ်ပေါက် အမျိုးမျိုးပြောနေကြတာပေါ့ကွယ်။ ဖားငယ်လေးတွေအုပ်စုလည်း ဓါတ်တိုင်ပေါ်ကို တွယ်တက်ရင်း တစ်ကောင်ချင်း […]


bigbirdMarch 13, 20114min11710
သူကတော့ အပေါ်တစ်ပိုင်းပဲ ရှိပါတယ်။ ခြေထောက် ၄ ချောင်းနဲ ့သူပါ သူ ့မျက်နှာက တစ်မျိုးကြီးနော်.. ရင်ကော့ တင်ကော့ဆိုတာ ဒီလိုများလား မုတ်ဆိပ်မွှေး နှုတ်ခမ်းမွှေးတွေနဲ ့ မိန်းမပါ။ သူကတော့ ခေါင်း အနောက်ဖက်ကိုလှည့်နေတာပါ။ ဦးခေါင်းမှာ ဂျိုနဲ ့ပေါ့။ ဒူးခေါင်းက အနောက်ဖက်ကို ရောက်နေပါတယ်။ ခြင်္သေ့လူသား။ မျက်နှာမှာ အမွှေးတွေနဲ ့။ အနောက်မှာခြေထောက်တစ်ချောင်းအပိုပါ။ ဒါလဲ အပေါ်တစ်ပိုင်းပဲ ရှိတဲ့လူသားပါ။ အမွှေးများသောလူသားများ။ နဂါး ကိုယ်ချင်းဆက်အမွှာ မပုကြွယ် သူလည်းသွားလေရာ အမွှာတစ်ယောက် ကပ်ပါနေတယ်။ သူ ့လက်တွေ ခြေထောက်တွေက တစ်မျိုးကြီးပဲနော်။


bigbirdMarch 9, 20111min742
ယုန်နဲ ့လိပ်ပုံပြင်က ကျနော်တို ့ငယ်ငယ်တုန်းက သင်ခဲ့ရလို ့ အမြဲမှတ်မိနေကြပြီး သင်ခန်းစာကောင်းပေးတဲ့ ပုံပြင်လေးပါ။ ခေတ်တွေအဆက်ဆက်ပြောင်းကုန်ပြီမို ့ခေတ်သစ်ယုန်နဲ ့လိပ်ပုံပြင်ဟာ Software ဗားရှင်းတွေလို (Version 4) ပုံပြင် လေးလောက် ရောက်ခဲ့တာကို အားရဝမ်းသာ တွေ ့လိုက်ရပါတယ်။ ဒါကြောင့် ကျနော် ဒီယုန်နဲ ့လိပ်ပုံပြင်ကို ဗားရှင်းတပ်ခေါ်လိုက်တာပါ။ ဒီယုန်နဲ ့လိပ်ပုံပြင်တွေဟာ နောက်ပိုင်းဖတ်ခဲ့ရတဲ့ပုံပြင်ေ တွမှာ ခေတ်တွေအညီပြောင်းလဲလာတဲ့ အတွေးအခေါ်ကို သင်ခန်းစာလှလှပေးတာမို ့ကျနော် အရမ်းသဘောကျမိလို ့ဆီလျှော်အောင် ဘာသာပြန်လိုက်ပါတယ်။ ဟောပြောပွဲတစ်ခုမှာလည်း ဆရာမတစ်ယောက်လည်း ဒီလိုပုံပြင်လေးကို ဟောဖူးလို ့ကျနော်ပိုပြီး အမှတ်ရသွားဖူးတာပါ။ ယုန် Vs လိပ် ဗားရှင်း (တစ်) ဒီပုံပြင်လေးက ကျနော်တို ့အားလုံး သိပြီးသား ပုံပြင်လေးပါ။ တစ်ခါတုန်းက […]


bigbirdMarch 9, 20111min21228
ကာမစိတ်ကို နှိုးဆွနိူင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိူင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိူင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။ ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုုးကြွစေနိူင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိူင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။ ူ ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများသတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိူင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ […]


bigbirdMarch 8, 20111min1196
ဒီပုံတွေက တမင်လုပ်ထားတာမဟုတ်ပါဘူး။ ရိုက်တဲ့အချိန်၊ ရိုက်ကွင်းနဲ ့ပေါ်လာတဲ့ပုံတွေက အံဝင်ခွင်ကျ ဖြစ်နေတာပါ။ အားလုံးပြုံးပျော်နိုင်ပါစေနော်..


bigbirdMarch 8, 20111min670
ကိုးရီးယား စူပါစတား Hyun Bin စစ်မှုထမ်းဖို ့ အချိန်ကျပြီး ဖြစ်တဲ့အတွက် သက်ဆိုင်ရာ စစ်ဌာနကို မနေ ့က သွားရောက်သတင်းပေးခဲ့ပြီးလို ့ဆိုပါတယ်။ အဲ့ဒီလို သတင်းသွားပို ့ ရာမှာ သူ၏ ချစ်ပရိတ်သက် ၇၀ဝ ကျော် လိုက်ပါပို့ဆောင်ခဲ့ပါတယ်။၂၀၁၂ ဒီဇင်ဘာမှ ပြီးဆုံး မှာဖြစ်တဲ့အတွက် သူ၏ အနုပညာလုပ်ခန်းတွေကို ၂၁ လ ကြာရပ်နားရမှာဖြစ်ပါတယ်။ http://www.khaosod.co.th/view_news.php?newsid=TURObWIzSXdPVEE0TURNMU5BPT0=&sectionid=TURNd05nPT0=&day=TWpBeE1TMHdNeTB3T0E9PQ==


bigbirdMarch 8, 20111min1187
အင်္ဂလန်နိုင်ငံကထုတ်တဲ့ စာအုပ်တစ်ခုပါ။ စာအုပ်ရဲ ့နာမည်က ”’ယောက်ျားသားတို ့သည် sex မှလွဲ၍ တခြားဘာတွေများ တွေးပါသလဲ”’ စာအုပ်နာမည်နဲ ့မျက်နှာဖုံးက စိတ်ဝင်စား စရာကောင်းလို ့ ဝယ်ပြီးဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှာ ဘာမှမရှိပါဘူးတဲ့။ အဓိပ္ပါယ်က–nothing..တခြားဘာမှ မတွေးပါဘူးတဲ့ Sheridan Simove ဆိုတဲ့စာအုပ်ပိုင်ရှင်က စာဖက်သူများကို သွယ်ဝိုက်ပြီး သတိပေးတဲ့သဘော လို ့ဆိုပါတယ်။ ဒါပေမယ့်Sheridan Simove သိမလားတော့ မသိဘူး ။ ဒီစာအုပ်ဟာ အင်္ဂလန်ကျွန်းမှာ ရောင်းကောင်းနေပါတယ်။ အကြောင်းကတော့–ကလေးငယ်များဟာ ဗာလာစာအုပ်အဖြစ် ဝယ်ယူနေကြလို ့ပါတဲ့..


bigbirdMarch 8, 20111min1066
ကြက်မအစစ်လို ့တော့ မထင်လိုက်နဲ ့နော်..ကြက်ဥခွံတွေနဲ ့ ကြက်မဖြစ်လာအောင်လုပ်ထားတဲ့ လူတွေရဲ ့ လက်ရာပါ။ တော်တယ်နော်…