bigbirdMarch 6, 20111min1131
ဗုဒ္ဓ၊ ဓမ္မ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ၊ ကြည်ညိုပူဇော်ရာ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ်ရသနည်း ဟု ဆိုလာလျှင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဘိုး မဖြတ်နိုင် သောကြောင့်ပင်တည်း။ ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား၊ သဘာဝတရား ဖြစ်သည်။ မြတ်စွာဘုရား မပွင့်ခင်ကတည်းကလည်း ရှိခဲ့သည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည်။ မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေသည်။ အချိန်တိုင်း၊ အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည်။ရတနာကို ရတနာမှန်း မသိသောသူတို့သည် အဖိုးအနဂ ္ဃ ထိုက်တန်လှသော ရတနာပုံအပေါ်သို့ […]


bigbirdMarch 6, 20113min1116
ညှစ်ထား ညှစ်ထား..ထွက်တော့မယ် သူကလဲတစ်မျိုး ကြောက်စရာကြီး ဖုံးပျက်သွားရင် မပြစ်လိုက်နဲ ့နော် လုပ်တက်တယ်နော် -သူက တော်တော်အငြိုးကြီးတာပဲနော် လိပ်ပြာလုံပါ့မလား? တစ်မျိုးတော့မထင်နဲ ့နော်..စားစရာမုန် ့ပါ။ငှက်ကြီးတော့စားမဝင်ပါဘူး။ သားသားကို ကယ်ပါဦး။ tiger girl ဆိုတာသူလားဟင်? ကြည့်ရတာ တော်တော်မူးသွားတယ်ထင်တယ်။ ဘယ်လိုများတိုက်ကြပါလိမ့်.. အနောက်မှာလဲ မျက်လုံးနဲ ့ဗျို ့ ကားတံခါးက မိုက်လှချည်လား အသည်းယားစရာကြီး၊ထိမိရင်တော့ဒုက္ခ


bigbirdMarch 6, 20114min11112
……..မျက်ချက်။။။ကလေးသူငယ်နှင့် မကြည့်ရဲသူများ လုံးဝမဝင်ဖက်ပါနဲ့…………. တပ်မက်တွယ်တာစရာ ဘာမှမရှိသော လူသားတို ့၏ ခန္တာကိုယ်အား အပေါ်ယံမျှသာ မကြည့်ပဲ အထဲသို့ဖေါက်ထွင်းကြည့်ပါက အောက်ပါအတိုင်းမြင်ကြရမည်ဖြစ်ပါသည်။


bigbirdMarch 6, 20111min1265
လွန်ခဲ့သည့် ၁ဝ နှစ်ကျော်က တာလီဘန်တို ့ဗုံးခွဲဖျက်စီးခဲ့သော Bamijin တောင်ကုန်းရှိ သက်တန်း ၁၅၀ဝ ကျော် ရှေးဟောင်းဘုရားဆင်းတုတော်အား ပြန်လည်ပြုပြင်ရန်စတင်လေ့လာ နေပြီးဖြစ်ကြောင်း ဂျာမနီနိုင်ငံ မြူနစ်မြို ့ရှိ တက္ကသိုလ်မှ ရှေးဟောင်းသုတေသနဆရာတစ်ဦးက ပြောကြားခဲ့ပါသည်။ ကာဘူမြို ့၏ အရှေ့ဖက် ကီလိုမီတာ ၂၆ဝ အကွာအဝေးတွင်ရှိသော အဆိုပါ ဘာမီဂျင်တောင်ကုန်းသည် ရှေးအခါက အန္တိယ နိုင်ငံမှ အရှေ ့အလယ်ပိုင်းဒေသသို ့ ဗုဒ္ဓသာသနာပြန် ့ပွားရာ လမ်းကြောင်းတွင်တည်ရှိပါသည်။ ပြန်လည်ပြုပြင်ခွင့်ရရန်အတွက် အာဖကန်နစ္စတန် အစိုးရ၏ ခွင့်ပြုချက်အားတောင်းခံရမည်ဟုဆိုပါသည်။ ညဏ်တော်အမြင့် ၃၈ မီတာရှိသော အဆိုပါဘုရားဆင်းတုတော်သည် အာဖကန်နစ္စတန်နိုင်ငံအား အမေရိကန် နှင့်မဟာမိတ်တပ်များ ဝင်ရောက်မသိမ်းပိုက်ခင် တစ်နှစ်အလိုတွင် တာလီဘန်တို ့၏ဗုံးခွဲဖျက်စီး ခြင်းခံခဲ့ရပါသည်။ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို ့မှာ […]


bigbirdMarch 6, 20111min754
“῞ အလုပ်ခွင်တွင် အတင်းအဖျင်းပြောကြခြင်း ပြသနာမှ ရှောင်ရှားရန် မျက်မမြင်များအား အလုပ်ခန် ့ပါ။”” နော်ဝေးနိုင်ငံ မျက်မမြင်များအသင်းက လုပ်ငန်းရှင်များသည် မျက်မမြင်များအား ပိုမိုအလုပ်ခန် ့လာစေရန် အထက်ပါ ပုံ နှင့်အတူ ပူးတွဲထားသော ကြေငြာဆိုင်းဘုတ်ဖြစ်ပါသည်။ အကယ်၍ ရုံးခန်းအတွင်းမှာ ထိုကဲ့သို ့ဖြစ်ခဲ့ပါက မျက်မမြင်များအား အလုပ်ခန် ့ထားလျှင် မသိရှိသဖြင့် အတင်းအဖျင်းပြောခံရခြင်းမှ ကင်းဝေးမှာဖြစ်ကြောင်း ။ ဒါပေမယ့် ဒီလိုအဖြစ်အပျက်မျိုးဟာ အရုပ်ချည်းသက်သက်မှ မဟုတ်တာ..အသံ လည်းပါသေးတယ်ဆိုတာ မေ့နေကြတယ် ထင်ပါရဲ ့….


bigbirdMarch 5, 20111min13111
စမ်းသပ်မောင်းနှင်စဉ် ပျက်ကျခဲ့ပါသည်။မြန်မာနိုင်ငံသားဖြစ်သူ လေယဉ်မှူး ၂ ဦးနှင့် အတူစုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါသည်။ ရုရှားနိုင်ငံမှ တာဝန်ရှိသူမှ ပြောကြားရာတွင် အဆိုပါ လေယဉ်မှာ ၁ဝရက်ကျော် စမ်းသပ်ပျံသန်းမောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံမှ အဆိုပါလေယဉ်မျိုး ၂ စီး မှာယူထားကြောင်း ၊မြန်မာနိုင်ငံသို ့မပို ့ခင် စမ်းသပ်မောင်းနှင် စဉ် ယခုလိုပျက်ကျခဲ့ခြင်းဖြစ်ကြောင်းပါရှိပါ ရုရှားနိုင်ငံထုတ် ခရီးသည်နှင့် ကုန်စည်တင်အမျိုးအစား Antonov-148 လေယဉ်သည် ယနေ ့မနက်က မော်စကိုမြို ့၏ တောင်ဘက် ကီလိုမီတာ ၆၀ဝ ရှိ ဗိုလိုနက်စ် မြို ့ တွင် သည်။


bigbirdMarch 5, 20111min923
တရုတ်နိုင်ငံ ချုံချင်မြို ့ရှိ ကားရပ်နားတဲ့ အဆောက်အအုံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ပုံပါ။ ကားမောင်းတဲ့သူက အဆင်းတစ်ခုမှာ ဘရိတ်နင်းရမဲ့အစား လီဗာနင်းမိသွားတဲ့အတွက် နံရံကိုဖေါက်ထွင်းထွက်လာတာ မြင်တဲ့အတိုင်းပါပဲ။ ဒါပေမယ့် အုတ်နံရံရဲ ့ ခံနိုင်ရည်ရှိမှု ကြောင့် ကားမောင်းသူရော လိုက်ပါစီးနင်းလာသူပါထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါဘူး။ ထိုအဆောက်အအုံဘေးမှာနေတဲ့ အိုမဲ့အိမ်မဲ့ကောင်လေးကတော့ ခေါင်းကုပ်ပြီး သူ ့စိတ်ထဲမှာ အတိတ်(သို ့) အနာဂါတ်ကာလတစ်ခုကိုရောက်သွားပြီးလားလို ့ ခပ်တွေတွေနဲ ့ အံဩနေပါတယ်။


bigbirdMarch 4, 20111min1317
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။ ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏။ ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။ ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။ လယ်တီဆရာတော်ဘုရားကြီး ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏။ ရုပ်နာမ်ဓမ္မသင်္ခါရတို့​ ကိုယ်ကဤပုံဖြစ်လိုတုန်လည်း တစ်ဖုံဆင်ကွဲသူတနဲဖြင့် ဖောက်လွဲတက်စွာ ဓမ္မတာကို ပညာစက္ခုမျှော်ထောက်ရုု့၍ ယခုကပင်လျှင် မအိုခင်က ယခုကပင်လျှင် မနာခင်က ယခုကပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ (ကျေးဇူးရှင် မင်းကွန်းဆရာတော်)


bigbirdFebruary 28, 20111min18914
ထိုင်းနိုင်ငံတောင်ပိုင်းမှ ထိုင်းနိုင်ငံမြောက်ပိုင်း ဆရာဝန်ဖြစ်သူ ချစ်သူရှိရာ သို ့ ၉၆၄ ကီလိုမီတာခရီးကို လက်ထပ်ခွင့်တောင်းရန်အတွက် စက်ဘီးနင်း၍ ချစ်သက်သေပြရန် ထွက်လာ ခဲ့သော အင်ဂျင်နီယာ လူငယ်လေးသည် လမ်းခရီးတွင် မတော်တစ စက်ဘီးမှောက်၍ ဆေးရုံသို ့ပို ့ဆောင် ခဲ့ရကြောင်းဖော်ပြခဲ့ပြီး ..ထိုသတင်းကိုကြားသောချစ်သူဖြစ်သူမှာဆေးရုံသို ့လိုက်လာ၍ထိုလူငယ်၏အချစ်ကိုယုံကြည်လက်ခံပြီး လက်ထပ်ကြရန်အတွက်သဘောတူကြောင်းနှင့် ဆက်လက်ပြီးစက်ဘီးနင်း၍ ခရီးမဆက်စေလိုတော့ကြောင်း happy ending နှင့်အဆုံးသက်ခဲ့သည်ဟု www.khaoaod.co.th သတင်း ဝပ်ဆိုက်မှ ဆက်လက်ဖော်ပြပါသည်။


bigbirdFebruary 27, 20111min1315
လာမည့်လအနည်းငယ်အတွင်း သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်သူ အဖိစစ် ဝေ့ချာချီဝ သည် ဘန်ကောက်မြို ့လယ်တွင်ရှိသော ကျတူးကျပ်ဈေး၌ လာမည့်ရွေးကောက် ပွဲအတွက် မိမိတို ့ဒီမိုကရက်တစ်ပါတီ၏ ပေါ်လစီများအားရှင်းလင်းပြရန်သွားရာတွင် ဈေးသူဈေးသား များ၏ ဝိုင်းဝန်းမောင်းထုတ်ခြင်းကို ခံခဲ့ရကြောင်း Nation Group သတင်းဝပ်ဆိုက်တွင်ဖော်ပြပါရှိပါသည်။ ထိုင်းဘုရင်မနှင့် စစ်တပ်မှ ကျောထောက်နောက်ခံပေးထားသည်ဟုပြောခံနေရသော ဝန်ကြီးချုပ်သည် စီမံခန် ့ခွဲမှုညံ့ဖြင်းခြင်း၊ ညွန် ့ပေါင်းအစိုးရအတွင်းရှိ ဝန်ကြီးများ အဂတိလိုက်စားခြင်း၊ လူထူအုံကြွမှုအား စစ်တပ်သုံး၍ အကြမ်းဖက်နှိမ်နင်းခြင်း ၊ များမကြာမှီရက်အနည်းငယ်ကမှ စားသုံးဆီပြတ်လပ်ကာ ဈေးအဆမတန်တက်ကာ ရှာဝယ်မရဖြစ်ခြင်း ၊နိုင်ငံစီးပွားရေးဆုတ်ယုပ်ကျဆင်းလာခြင်း အစရှိသည်တို ့ကြောင့် ပြည်သူလူထု၏ အားပေးထောက်ခံမှုကျဆင်းလျှက်ရှိပါသည်။


bigbirdFebruary 27, 20111min25515
ကိုးရီးယား ၊စင်ကာပူ ၊တရုတ် နိုင်ငံများသို ့တင်ပို ့ရောင်းချရန်အတွက် ထိုင်းနိုင်ငံတွင် ῝တောက်တဲ့῞ များအားလိုက်လံဝယ်ယူလျှက်ရှိပါသည်။ အကောင်ငယ်လျှင် ဘတ်ငွေ ၃ဝ မှ ၄ဝ အတွင်းရရှိပြီး အကောင်ကြီးလေ ဈေးကြီးလေဖြစ်ပါသည်။ အကယ်၍ အလေးချိန် 320g ရှိပြီး ဒဏ်ရာဒဏ်ချက်မရှိ ပါက တစ်ကောင်လျှင် ဘတ်ငွေ ၃ သိန်းအထိ ပေးဝယ်မည်ဖြစ်ကြောင်း။ သို ့သော် လူအများသည် တောက်တဲ့ များအားရောင်းချရန်အတွက် လိုက်လံဖမ်းဆီးကြရာတွင် အလေးချိန်အများဆုံး 200gထိသာ ရရှိကြပြီး အထက်ဖော်ပြပါ အလေးချိန်အထိမည်သူမှ မရရှိသေးကြောင်း www.khaosod.co.th သတင်း ဝပ်ဆိုက်တွင် ဖော်ပြပါရှိပါသည်။