bigbirdFebruary 27, 20111min1606
သူငယ်ချင်းတို့ေ၇… ဒီစာလေး ဖတ်ပေးပါအုံး…. သိပ်ကောင်းတဲ့ စာလေးပါ….ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………….. ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ………. ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။ အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံတိုင်မှာ သံပေါင်း ၃ရချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိူင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိူင်တဲ့နေ့ကို ရောက်လာရော။ ကောင်လေးကပြေးပြီး […]


bigbirdFebruary 26, 20111min17112
ထိုင်းနိုင်ငံတောင်ပိုင်း လရောင်းမြို ့တွင်နေထိုင်သော ပီတိဖွန်း အမည်ရှိ အင်ဂျင်နီယာလူငယ် တစ်ဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို ့တွင်နေထိုင်သော ဆရာဝန်မဖြစ်သူ ချစ်သူမိန်းကလေး ထံသို ့ လက်ထပ်ခွင့်တောင်းရန်အတွက် ကီလိုမီတာ ၁၀၀ဝ နီးပါးခန် ့ရှိသောခရီးကို စက်ဘီးနင်း၍ ချစ်သက်သေပြရန်အတွက်သွားရာ ထိုင်းနိုင်ငံမြောက်ပိုင်းအစဖြစ်သော ချိုင်နာ့မြို ့အဝင်နားတွင် မတော်တဆ စက်ဘီးမှောက်ပြီး ဆေးရုံသို ့ပို ့ဆောင်လိုက်ရပါသည်။ သို ့သော်ထိုလူငယ်မှာ ဇွဲမလျှော့ပဲ သက်သာသည်နှင့်တပြိုင်နက် ဆက်လက်၍ ခရီးဆက်အုံးမည်ဟုဆိုပါသည်။


bigbirdFebruary 26, 20111min1155
လူသားတွေထက် ပိုမိုထူးခြားသော ခန္တာကိုယ်တွင် သံလိုက်ဓါတ်ပါရှိသူ ဆားဘီးယားနိုင်ငံသား ဘော့တန် အမည်ရှိသော ထူးဆန်းသည့်ကလေး၏ပုံဖြစ်ပါသည်။ သတင်းစာဆရာများ သွားရောက်တွေ ့ဆုံမေးမြန်းရန် အနားကပ်သောအခါတွင် စကားပြောမိုက်အား ဆွဲငင်သောကြောင့် ဝေးဝေးမှပင် မေးမြန်းရကြောင်း၊ သူ၏မိသားစုမှာ သူ၏ထူးဆန်းမှုအားဂုဏ်ယူ ကြောင်း၊ သို ့သော်လည်း တီဗီ၊ကွန်ပြူတာ အစရှိသော လျှက်စစ်ပစ္စည်းများသည် ထိုလူငယ်လေး အနားကပ်သောအခါတွင် ခန္တာကိုယ်တွင်းရှိ သံလိုက်ဓါတ်ဆွဲအားကြောင့် စက်ပစ္စည်းများမှာ ပိတ်ကုန် ကြောင်း၊ အသက် ရ နှစ်ရှိပြီးဖြစ်သော ထိုလူကလေးသည် အရွယ်ရောက်လာပါက ဇွန်း၊ခရင်းများဆွဲ ယူပျော်ရွှင်မည့်အစား မိန်းမပျိုလေးများအားဆွဲငင်ယူကစားနိုင်ကြောင်း www.khaosod.co.th သတင်း ဝပ်ဆိုက်တွင်ဖော်ပြပါရှိပါသည်။


bigbirdFebruary 24, 20111min1293
၁။ အသေဝနာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။ ၂။ ပဏ္ဍိတာနဉ္စ သေဝနာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။ ၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။ ၄။ ပတိရူပဒေသ ဝါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။ ၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။ ၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။ ၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။ ၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။ ၉။ ဝိနယောစ သုသိကိ္ခတော = […]


bigbirdFebruary 21, 20111min1463
၁) ငါသည် အိုခြင်းသဘော ရှိ၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။ ၂) ငါသည် နာခြင်းသဘော ရှိ၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။ ၃) ငါသည် သေခြင်းသဘော ရှိ၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။ ၄) ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘဝတစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည်လည်းကောင်း ဖြစ်တတ်ချေ၏။ ၅) ငါသည် ကံသာလျင် မိမိဥစ္စာ ရှိသည်။ ကံသာလျင် အကြောင်းရင်း ရှိသည်။ ကံသာလျင် အမွေခံ ရှိသည်။ ကံသာလျင် အဆွေအမျိုး ရှိသည်။ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည်ဖြစ်၏။ ကောင်းသည် ဖြစ်စေ၊ မကောင်းသည်လည်း […]


bigbirdFebruary 21, 20111min19713
အန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဆိုရမ်ပြည်နယ်ရှိ လက်သမားဆရာတစ်ဦးသည် မိန်းမ ၃၉ယောက် သားသမီး၉၄ယောက်နှင့် မြေး ၃၃ယောက်ရှိပြီး ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးမိသားစုဖြစ်နိုင်ဖွယ် ရှိပါသည်။၊ချွေးမများပါပေါင်းလျှင် မိသားစုဝင်စုစုပေါင်း ၁၈၁ ယောက်ရှိပြီး အခန်းပေါင်း ၁၀ဝ ရှိသော ၄ ထပ်အိမ်ကြီးတွင်စုပေါင်းနေထိုင်ကြပါသည်။တစ်နပ်စာဟင်းလျှာအတွက် ကြက်အကောင်ရေ ၃၀၊အာလူးပေါင်ချိန် ၁၃၂ ပေါင်၊ဆန်ပေါင်ချိန်၂၂ဝ ပေါင် ထိချက်ပြုတ်ရပါသည်။   အသက်၆ရနှစ်အရွယ် စီအိုနာ အမည်ရှိသော ထိုသူသည် မိမိအတွက်လှပသော အခန်းကြီးတစ် ခန်းထားရှိပြီး ကျန်ရှိသော ၉၉ ခန်းမှာ မိန်းမနှင့်သားသမီးများအတွက် ထားရှိကာ မိန်းမဖြစ်သူများသည် မိမိအခန်းဆီသို ့ အလှည့်ကျလာရောက်ကြရသည်ဟုဆိုပါသည်။


bigbirdFebruary 20, 20111min1707
 မိမိတို့ကိုယ်ကိုစောင့်သော နတ် ၁၁-ပါး။ သမန္တစက္ခုဒီပနီ ဋ – အမှတ် ဝိသဇ္ဇနာ ၂-မှ ယူသည်။ (၁) သတ္တဘာဂ နတ်- နဖူးစာကို ရေးမှတ်တတ်သည်၊ (၂) သူရဿတီ နတ်- ပညာကို ပွားစေတတ်သည်၊ (၃) သကျ နတ်- စည်းစိမ်ဥစ္စာကို ပေးစေတတ်သည်၊ (၄) မဟိရာဇာ နတ်- အိပ်မက်ကို ပေးစေတတ်သည်၊ (၅) ဝါမသူရ နတ်- နိမိတ်ကို ပြတတ်သည်၊ (၆) ဇန သူရ နတ်- အလှူပေးသည်ကို မှတ်တတ်သည်၊ (၇) ကရဝါ နတ်- ကာမသုခကို ပေးစေတတ်သည်၊ (၈) ယောတိက နတ်- သွားလေရာ လိုက်၍ စောင်မတတ်သည်၊ (၉) ကလျာဏမိတ္တ နတ်- […]


bigbirdFebruary 18, 20111min1446
ဒူပိုင်းနိုင်ငံရှိ ဆေးမှင်ကြောင်ထိုးသောဆိုင်တစ်ခုတွင် ရွှေရောင်ဆေးမှင်ကြောင် အသစ်အဆန်းတစ်ခု ကို စတင်လုပ်ဆောင်ပေးနေပြီးဖြစ်ပါတယ်။ ထိုဆေးမှင်ကြောင်မှာ အသားထဲထိ ထိုးခြင်းမဟုတ်ဘဲ အသားထွင်ကပ်သောနည်းဖြင့် လုပ်ဆောင်ပေးပါသည်။ လာရောက်ကြသူများမှာ အများအားဖြင့် မင်္ဂလာဆောင်မည့် သတို ့သမီးများဖြစ်ပြီး ဈေးနှူံးလည်း သက်သာပါသည်။ အနိမ့်ဆုံးဈေးမှာ အမေရိကန်ဒေါ်လာ ၅ဝ ဖြစ်ပြီး အမြင့်ဆုံးလိုအပ်သည်အထိ အသုံးပြုနိုင်ကြပါကြောင်း www.Khaosod.co.th သတင်းဝပ်ဆိုက်တွင်ဖော်ပြပါရှိသည်။


bigbirdFebruary 15, 20111min1345
လောက၌ ဤ ပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏၊ (၁) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန် ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။ (၂) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန် ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။ (၃) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန် ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့် အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့် […]


bigbirdFebruary 14, 20111min23213
ရန်ကုန်တိုင်းအတွင်းရှိ မြို ့နယ်တစ်ခုတွင် အသက် ၁နှစ်အရွယ် ယတီမင်း ဆိုသူကလေးငယ် တစ်ဦးသည် ကမ္ဘာပေါ်တွင် ခြေချောင်းလက်ချောင်းအများဆုံးပိုင်ရှင်အဖြစ်စံချိန်တင်သွားကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ ့ထုတ် Thairath သတင်းဌာန ကဖော်ပြပါရှိပါသည်။ ခြေချောင်းတစ်ဖက်လျှင် ရ ချောင်း၊ လက်ချောင်းတစ်ဖက်လျှင် ၆ ချောင်း၊ စုစုပေါင်း ၂၆ချောင်းဖြင့် စံချိန်သစ်တင်သွားခြင်းဖြစ်ပါ သည်။ စံချိန်ဟောင်းပိုင်ရှင်မှာ အန္ဒိယနိုင်ငံမှဖြစ်ပြီး ခြေချောင်းလက်ချောင်းစုစုပေါင်း ၂၅ချောင်းရှိပါသည်။ 


bigbirdFebruary 13, 20111min622
တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ဝင်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ ့လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။ “အရှင်ဘုရား… ဘာများအလိုရှိပါသလဲ ဘုရား” “ငါအိပ်ဖို ့အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်” “အို…အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။” “နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ” “တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။” “မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ” “တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား” “မင်းအဘိုးအရင်ကော” “တပည့်တော် အဘေး နေသွားပါတယ် […]


bigbirdFebruary 13, 20111min1114
စာပေဟောပြောပွဲ ရာသီတုန်းကပေါ့…ကျွန်တော်က စာသင်တဲ့ဆရာဆိုတော့ တခြားအလုပ်များနဲ့ မတူပါ… နေမကောင်းရင်လဲ ကျောင်းပျက်လို့မရဘူး…မိုးရွာရွာ နေပူပူ လေတိုက်တိုက် စာသင်ခန်းဆီကို အရောက် သွားရတယ်..ကျောင်းသား/သူဆိုတာကလဲ ကျွန်တော်လာမှပဲ စိတ်အာရုံပြည့်ကြတယ်….ကျွန်တော့်ကိုယ်စား အခြားလူကို အစားထိုးလို့ မရဘူး။ ဒီလိုနဲ့ စာပေဟောပြောပွဲရာသီ ရောက်လာပါတော့တယ်..ဟိုနယ်ကခေါ် ဒီနယ်ကခေါ်နဲ့ စာပေ ဟောပြောပွဲတွေ ဖိတ်ကြားခံရပါတော့တယ်..အရမ်းလဲ သွားချင်တယ် ကျောင်းလဲ မပျက်ချင်ဘူး…. ကျောင်းပျက်ရင် တည်ထောင်အုပ်ချုပ်တဲ့ ဆရာတွေက ငြိငြင်မယ် ..မိဘတွေက ကဲ့ရဲ့မယ်… ကျောင်းသားတွေက ဒီဆရာကြီး သူတို့ကို ဂရုမစိုက်ဘူး လို့မြင်မယ်..ကျွန်တော့်စိတ်ထဲမှာ အရမ်းကို တွေဝေနေမိတယ်.. အဲဒီအကြောင်း အမေ့ကို ပြောမိတယ်… “ငါ့သားကို အမေပြောမယ်…မင်းငယ်ငယ်တုန်းက မင်းဘဝဟာ ငါ့ရဲ့ပါးစပ်ဖျားပဲ…ငါနေဆိုနေ … ငါထိုင်ဆိုထိုင် ….ငါ သွားဆိုသွား…ငါမကြိုက်တာမလုပ်နဲ့..ငါ့စကားနားထောင်..ဒါဟာ သဘာဝကျတယ်..မင်းဟာ ကလေးရှိသေးတားကိုး…. ဒီလိုနဲ့ ကျောင်းနေတဲ့အရွယ်ရောက်တော့ […]


bigbirdFebruary 13, 20113min15513
        This Mansion  is in  Naypyidaw, the new capital of Burma and  belongs  to:         The   Senior General of Myanmar ( Burma ) –   while his  people  starve, and die because of no medical   help….  and  we are asked to  help his people over and over   again…  he  and his family  live like […]