မိတ္ထီလာ အရေးအခင်းနဲ့ဆိုင်လို့ မြင်တာလေး တခုပြောချင်တယ်၊ မပြည့်စုံတဲ့ ရှုဒေါင့်ကနေပါ။ ကုလား – ဗမာ အဓိကရုဏ်းတွေသည် အစဉ်အဆက် လှုံ့ဆော်ဖန်တီးရ လွယ်လွန်းနေလို့…။ ပြသနာက ဘာသာရေးဆိုတော့ အဖြေသိပေမဲ့ ရှင်းဖို့မလွယ်။ နည်းလမ်းတခုက တိုင်းပြည် ကြီးပွားတိုးတက်ရင် ဗရုတ်ဗရက် အဖြစ်နည်းတယ်။ ပြောလေ့ရှိတာ လူအများစု သည်းခံဖို့၊ ဘာသာတရား အဆုံးအမ လိုက်နာဖို့၊ အနည်းစုကို အနိုင်မကျင့်ဖို့…။ လူမျိုးရေး နဲ့ ဘာသာရေး နှစ်ခုယှဉ်လိုက်ရင် ဘာသာရေး ပဋိပက္ခသည် ပိုပြင်းထန်တယ်။ သဂျီးဦးခိုင်ဆီကနေ ရှားရှားပါးပါး (ဘုရားစူး) တန်ဖိုးရှိတဲ့ စကားလုံး မှတ်သားဖူးတာ “မြတ်စွာဘုရားက သာဝကတပည့်များကို ဂိုဏ်းဂဏ ထူထောင်ခွင့် မပြုခဲ့ဆိုတာပဲ” ဒါကြောင့်ထင်ပါရဲ့ ဗုဒ္ဓဘာသာ သာသနာမှာ တစုတစည်းထဲ ဂိုဏ်းချုပ်ဆိုတာ မတွေ့ရဘူး။ သူ့ဒေသအလိုက် […]