ဘားမိစ်ကလပ်စစ် ဓမ္မအမေးအဖြ ကဏ္ဍမှာ အခုလို မေးတာတွေ့တယ်။ ဗုဒ္ဓဝါဒမှာ ငါအတ္တ၊ ဝိညာဉ်၊ ရုပ်ခန္ဓာ မရှိဘူးဆိုရင် ဘဇာကြောင့် ဘဝအသစ်ပြန်ဖြစ်ခြင်းကို လက်ခံသလဲလို့ ဖီလော်ဆိုဖီအတန်း ဆရာမရဲ့ ဝေဖန်ချက်ကို အမေရိကန် ဘာသာရေးတက္ကသိုလ် တခုမှာ ကျောင်းတက်နေသူ ဗုဒ္ဓဘာသာဝင် မြန်မာတဦးက သက်ဆိုင်ရာ ဆရာတော်များကို ဇန်နဝါရီ ၃၁ရက်နေ့စွဲနဲ့ အင်္ဂလိပ်လို မေးထားတာပါ။ အကျင့်စရဏ မပါရင် နားလည်ဖို့ အတော်ခက်တဲ့ မေးခွန်းဖြစ်ပြီး အပေါ်ယံကြောသိသူ များပါမယ်။ ဒီကြားထဲ အင်္ဂလိပ်လို ရှင်းပြရင် နားလည်မှု ပိုလွဲနိုင်တယ်။ ငါအတ္တ ဝိညာဉ်ကောင် အယူဟာ ဟိန္ဒူဝါဒဖြစ်ကြောင်း ဖြေရှင်းချက်များရှိပေမဲ့ ပြောတုန်းခဏ အသိတရားရပြီး မျက်ကွယ်ရောက်တာနဲ့ ဝိညာဉ်ကောင် ရှိနိုးနိုးအယူ ပြန်ဖြစ်တတ်ကြတယ်။ ဗုဒ္ဓဝါဒအယူမှာ ဘဝဖြစ်စဉ်ကို ပိုးကောင် သွားသလို […]