jackpot.jpg

နယူးယောက်မြို့သားတွေရဲ့ စည်းစိမ်ခံစားလိုတဲ့ အိမ်မက်တွေက မီဂါမီလျံထီလက်မှတ် တန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၁၂သန်း အထိတိုးပွားအောင် အားဖြည့်လိုက်သည်။ မီဂါမီလျံထီဖွင့်ရာ ဒေသတဝှန်းမှာ ထီရောင်းအား အလွန်ကောင်းတာကြောင့် အရင်ကြော်ငြာထားတဲ့ သောကြာနေ့မှာဖွင့်မဲ့ ထီဆုကြေး ဒေါ်လာ ၃၀၄သန်းထက် နောက်ထပ်ဒေါ်လာ ၈သန်းတိုးသည်။ ဆုကြီးပေါက်ဖို့ကို ထီလက်မှတ် အချိန်ပိုင်းရောင်းရင်း အဆင်ပြေနေသူတွေလည်း အိမ်မက်မက်သည်။ တခါတလေထိုးတယ်၊ အများကြီးတော့ မတတ်နိုင်ဘူး၊ လူတိုင်းထီပေါက်ချင်တယ်လို့ စတိုးဆိုင် စာရေးတဦးက ပြောသည်။ အင်္ဂါနေ့ထီဖွင့်ပွဲတုန်းက Long Island မှ ဥပဒေလုပ်ငန်း အတွင်းရေးမှူးတဦး ထီဆုကြေး ဒေါ်လာ ၂၅၀၀၀ဝ ပေါက်သည်။ သူသည် ဒေါ်လာ၂၄၄သန်းတန် ပထမ ဆုနံပါတ်နှင့် သီသီလေးလွဲသွားသူ ၉ယောက် အနက်မှ တဦးဖြစ်သည်။ ထီလက်မှတ်အရောင်းကို ပြည်နယ်တဝှန်း ဆိုင်ပေါင်း၁၆၀၀ဝတွင် သောကြာနေ့ည ၁ဝနရာရီ၄၅မိနစ် […]

bunker.top_.jpg

ကျုပ်တို့ကမာ္ဘမှာ ကြောက်မက်ဖွယ်ရာ ဂျပန်ငလျင်၊ လူ့အသက် ထောင်ပေါင်းများစွာ ပျက်ဆီးဆုံးရှုံး စေခဲ့သော ဧရာမ ဆူနာမီရေလှိုင်းများ၊ နူကလီးယား ဓာတ်ရောင်ခြည်သင့် အန္တရာယ်၊ လစ်ဗျားနိုင်ငံက သွေးထွက်သံယို မငြိမ်မသက်များ စတဲ့ ကြောက်မက်ဖွယ် အနိဌာရုံများနဲ့ လတ်တလော ပြည့်နှက်နေတယ် ရွာသားအပေါင်းတို့။ ကမာ္ဘပျက်စီးမဲ့ဘေးကနေ ခိုလှုံဖို့ မြေအောက်ကတုပ်ကျင်းတွေ ရောင်းချတဲ့ အမေရိကန်ကုမ္မဏီများရဲ့ ရောင်းအား ၂၀% ကနေ ၁၀၀၀% အထိတရှိန်ထိုး တက်သွားပါတယ်။ ဒေါ်လာနှစ်သိန်းကနေ ဒေါ်လာသန်း၂ဝ တန်နေရာများ ရောင်းချတဲ့ ကုမ္မဏီတခုဆိုရင် အရှေ့အလယ်ပိုင်းဒေသ လူထုအုံကြွမှုများနဲ့ ဂျပန်ငလျင်ကြောင့် လူစိတ်ဝင်စားမှု ပိုမိုရရှိပြီး အရောင်း၇၀% မြင့်တက်သွားပါတယ်။ သာမန်အားဖြင့် တနှစ်၄နေရာ ရောင်းရရင် ၁၂နေရာ ကြိုတင်မှာကြားမှု ရှိပါတယ်။ ဘေးအန္တရာယ်ဖြစ်တိုင်း ရောင်းအားမိုးပေါ် ထောင်တက်သွားတယ်လို့ ကုမ္မဏီပိုင်ရှင်တဦးက ဆိုပါတယ်။ […]

top-ten.jpg

• ဆူး (73298Kyats ) • intro (71056Kyats ) • Yin Nyine Nway (69700Kyats ) • manawphyulay (67903Kyats ) • zaylay (67035Kyats ) • cobra (51955Kyats ) • khinmintatthu (45365Kyats ) • susunosuki (41205Kyats ) • fatty (40248Kyats ) • bigcat (36097Kyats ) တော့ပ်တန်းမှာ ရောက်နေပေမဲ့ ဟော့ရမ်းကာ မနေဝံ့ပါဘု မလျှော့တမ်းကွယ် ဆက်ခါရေးနိုင်မှ မြဲနိုင်မယ့် သည်နေရာ… သတိတချက် လွတ်တာနဲ့ နောက်ကနေ ထိုးကြပေမှာမို့ ပြေးပါတယ် […]

civilization.jpg

ယနေ့ခေတ် လူ့အဖွဲ့အစည်းတိုင်းမှာ ဘာသာတရားနဲ့ ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဘာသာတရား ကနေ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ဆင်းသက်လာတယ်။ Evolution အီဗော်လူးရှင်း ဆင့်ကဲပြောင်းလဲခြင်းလို ယဉ်ကျေးမှုကနေ ဘာသာတရား ပေါ်ထွန်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ။ ဘာသာတရားကို Religion ယုံကြည်ကိုးကွယ်မှု၊ Spritual နာမ်ဝိညာဉ်ရေးရာ စသဖြင့် အနက်ဖွင့်လေ့ရှိပေမယ့် ခေတ်သစ်လူမှုအဖွဲ့အစည်း အတွက်တော့ ပြည့်စုံလုံလောက်ဟန် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ယနေ့ခေတ်ကမာ္ဘမှာ ဖန်ဆင်းရှင်၊ ကမ္မဝါဒ တွေနဲ့ ဆန့်ကျင်ဘက် ပစ္စုပ္ပန်ဝါဒ၊ ပစ္စည်းမဲ့ရုပ်ဝါဒ၊ သိပ္ပံရုပ်ဝါဒ၊ ကွနြ်ဖူးရှပ်ဝါဒ တို့ကိုလက်ခံကျင့်သုံးသူတွေ အများအပြား ရှိနေပါတယ်။ Faith ယုံကြည်ကိုးကွယ်မှုလို့ မသတ်မှတ်ဘဲ ideology အတွေးအခေါ်အဖြစ် သတ်မှတ်ပြန်တော့လည်း အိုင်ဒီယိုလိုဂျီတွေက ဘာသာတရားလိုပဲ လူတွေအပေါ် ဘောင်ခတ်ထိန်းကြောင်း ပေးနိုင်စွမ်း ရှိပါတယ်။ လွတ်မြောက်ခြင်းနဲ့ […]

cool_water_globe-600x450.jpg

ဦးဘိုဘိုကျော်ငြိမ်းရေးတဲ့ ဂျပန်ဆူနာမီငလျင်နဲ့ ပက်သက်တဲ့ ဆောင်းပါးတပုဒ် မဇ္ဏျိမသတင်းမှာတွေ့လို့ ကော်ပီကူးတင်လိုက်ပါတယ်။ ပို့စ်အနေနဲ့တင်လိုက်တာ နှစ်ချက်ရှိပါတယ်။ ပထမအချက်က အချက်အလက်စုံပြီး နားလည်ဖို့လွယ်ကူလို့ပါ။ ဒုတိယအချက်နဲ့ တင်လိုက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က လေးပိုက်မြောက်စာပိုဒ်မှာပါတဲ့ အကြောင်းအရာကို စာဖတ်သူများ သိစေချင်လို့ပါ။ ကျွန်းကြီးလေးကျွန်း သီအိုရီနဲ့ ဆိုင်ပါတယ်။ ဟိုတလောက ဒေါ်ပုဒမ္မာလားမသိဘူး ကမာ္ဘသည် ကျွန်းလေးကျွန်းထဲက တကျွန်းဖြစ်တဲ့တောင်ကျွန်းဆိုတာကို အချို့ဆရာတော် များကိုတိုင် လက်မခံတာနဲ့ပက်သက်ပြီး မေးဘူးလို့ပါ။ ဆရာရဲ့ဆောင်းပါးအပေါ်မှာ အဲဒီစာပိုဒ်လေးကို စာဖတ်သူများ အလွယ်တကူမြင်အောင် quote လုပ်ပြီးထပ်တင်ထားလိုက်ပါတယ်။ လက်တွေ့မှလက်တွေ့ဆိုသူများ မျက်မှောက်အခြေအနေကိုကြည့်ပြီး ကောက်ချက်ချ သိပ်မစောကြဖို့ပါ။ (ဆရာ ဦးဘိုဘိုကျော်ငြိမ်းကိုရော၊ mizzima သတင်းဌာနကိုပါ ခွင့်ပြုချက်မတောင်းမိလို့ ဒီနေရာကနေတောင်းပန်ပါတယ်။ မကျေနပ်ရင် ကွန်မန့်မှာဖြစ်ဖြစ် အယ်ဒီတာဆီဖြစ်ဖြစ် အသိပေးလိုက်ပါ။ ချက်ခြင်းဖျက်ပေးပါမယ်) “ကျနော်တို့ရဲ့ကမ္ဘာကြီးဟာ တကယ်တော့ အသေမဟုတ်ဘူး၊ အရှင်လို့ပြောရလိမ့်မယ်။ […]

E.jpg

ပြောပါများတော့ ဇာတိပြသတဲ့ နင်ပြောစကား အစကထဲက ျီးအမြဲပါ… နလပိန်းတုံးကောင် ဂယောင်အတွက် အင်္ဂလိပ်စာလုံး E သုံးမထိရဲတာ နားလည်ပါတယ်… နင်ဘဝဆိုး ျီးထဲကမထွက် ဒါလည်းနောင်တမရ ဘယ်လိုလုပ် ကြောင်ကျကျမလဲ… တားမရအဆုံး အားပါးတရကြုံးဟေ့ ဒီနေရာမှာတော့ နင့်အပြင် တခြားလူမရှိ… p.s. နာမည်တော့ပြောင်းလိုက် တကဲ့ဘီးလူးမကြိုက်ရင် နင့်ကိုစီးမယ် ဖြစ်မှ သဂျီးဆီပြေး အမယ်လေးလေး ငါ့ကို ဟိုလူကြီး ဘီလူးနဲ့ပေါင်းတီးလို့ ပြောမှာလည်းစိုးရသေး…

turncoat1.jpg

မင်းတို့ပြောစကား အလကားပါကွာ ကျောင်းသားဆိုတာ ဆေးသမား ဆန္ဒပြသူတွေက ကလေကဝ အလုပ်သမားဆူပွက် ဓားစားခံငဝက်တဲ့… လှုပ်ရှားမှုဖြစ်တိုင်း သွားမပါနဲ့ ကျောက်နံရံ ကြက်ဥနဲ့ပေါက် ဘဝပျောက်သွားမယ် ခြိမ်းလိုက်ခြောက်လိုက် ဟိန်းလိုက်ဟောက်လိုက်… မရတဲ့အဆုံး အနောက်တိုင်းမုန်း စီအိုင်အေဗုံး ကူမြူနစ်သုံး လူမျိုး ဘာသာ သပ်ရှိုသွေးခွဲ ကယ်တင်ပွဲတဲ့… လူထုအသိစိတ် ရှင်သန်နိုးကြွားမှု ပေါက်ကွဲထွက်လာမဲ့ မြည်ဟိန်းသံ နင်တို့ကိုဝါးမျိုပစ်မဲ့ မီးတောက်မီးလျှံများ ရှောင်လို့မရ နောက်ကျခဲ့ပြီ နင့်ဘဝ…

rich.jpg

အမေရိကန်နိုင်ငံက သန်းကြွယ်သူဌေး လေးဦးမှာတဦးဟာ ၎င်းတို့ကိုယ်၎င်းတို့ ချမ်းသာတယ်လို့ မထင်ကြပါဘူးတဲ့။ တကယ်ချမ်းသာဖို့ သူတို့မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၇.၅သန်းရှိမှဖြစ်မယ်လို့ ထင်ကြကြောင်း Fidelity ရင်းနှီးမြှပ်နှံမှု စစ်တမ်းတခုအရ သိရပါတယ်။ စစ်တမ်းကောက်ယူတဲ့ မီလျံနာ၁၀၀ဝမှာ ၄၂% ပြောတာ သူတို့ချမ်းသာတယ်လို့ မထင်ပါတဲ့။ စစ်တမ်းမေးခွန်းကို တုံ့ပြန်သူတိုင်းမှာ အိမ်နဲ့အငြိမ်းစား ရံပုံငွေစာရင်း မပါသေးဘဲ ရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှုတန်ဖိုး အနည်းဆုံး အမေရိကန်ဒေါ်လာတသန်း ရှိပြီးသားပါ။ စစ်တမ်းမှာပါသူတိုင်း ချမ်းသာကြပါတယ်။ ဒါပေမဲ့ သူတို့ပိုင်ဆိုင်တဲ့ ဓနဥစ္စာရင်းနှီးမြှုပ်နှံမှုများသုံးစွဲလို့ ကုန်သွားပြီးနောက်ပိုင်း အသက်ရှည်နေမှာကို စိုးရိမ်ကြတာပါ။ သူတို့ရဲ့ ပျမ်းမျှအသက်ဟာ ၆၅နှစ်ဖြစ်ပြီး စာရင်းအင်းတွက်ချက်မှုပျမ်းမျှ (mean) အမေရိကန်ဒေါ်လာ ၃.၅သန်းလောက် ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်ပါတယ်။ ချမ်းသာဖို့သတ်မှတ်ချက် အဆင့်အတန်းဟာလည်း အသက်ကြီးလေ မြင့်လာလေပါ။ မီလျံနာတွေဟာ သူတို့နဲ့အဆင့်တူများနဲ့ သူတို့ကိုယ်သူတို့ […]

bad-habit.jpg

ဟိုကောင်ငတ လူ့ဗာလကို ကျေးဇူးတင်သဗျ ဒင်းလက်ချက်ကြောင့် နေ့စဉ်ပို့စ်ရေး ပွိုင့်ပိုဌေးလို့ ရှစ်ဆယ်နေ့တိုင်း ဝင်ငွေတိုး… ဒါကိုသူက ကြည့်မရပဲ မနာလိုအူတို ဝန်တိုစိတ်ထား မစ္ဆိရိယပွား… မုဒိတာဆိုတာ နားမလည် သုခိတာဆိုတာ ဆေးပေါ့လိပ် လူမိတဲ့အခါ ဒေါသစိတ်… ပြောရတာမော ဇောကျကာချောမယ် အရိပ်ပြလည်း အကောင်မထင် တောင်မြင်တာတောင် ခြပို့ကြီးဆိုပဲ… ဒါကြောင့်မို့ ပြင်လိုက်ပါကွဲ့ ငါသိငါတတ် ကြားသူရှက်တဲ့ လူတောမတိုး နင့်အကျင့်ဆိုး… Today • Total Kyat : 35217Kyats 4 days ago • Total Kyat : 34517Kyats

shut-up.jpg

တော်စမ်းပါကွာ မင်းပြောသလောက် လူတိုင်းတတ်တယ် အေlow Bပိုး Cသူခိုး… ဝေဖန်မတတ် လေကန်ဖျက်တဲ့ မင်းလိုစရိုက် စစ်ဗိုလ်ကြိုက်သပေါ့… အဘအကြိုက်လိုက် ကပ်မြှောင်လျှက်မြောင် အမောင်ယောင် နင်ဟာကြောင်တောင်ကန်း… သိပ်တတ်သူအတွက် မြန်မာပြည်မှာနေရာမရှိ ဖားသူ၊ ကြွားသူနဲ့စားသူ သူသုံးသူသာရှိတာမို့ ကဲပြောစမ်း.. နင်ဘယ်သူလဲ??..

pity.jpg

ထင်နေတာBလူး ပြောကြတာချီးဘူး အကျင့်မှာခါစလူး စစ်ဗိုလ်ဆို’ခင်ဗျာ’မြူး… မျက်နှာရဖို့အခါရူး မင်းရတဲ့ရာထူး လူတွေပြောတာသာကူး နာတော့မယ်မကြာဘူး… အခုတော့ယစ်မူး ဖြစ်တဲ့အခါကယ်ပါဦး ကိုယ့်အတတ်ကိုယ်စူး ငါးရံ့ပမာပြာလူး… ကိုယ့်အပင်ကိုယ်ခူး ဘယ်သူမှလာမတူး နင်မျှော်မဲ့ကာဖြူး ကယ်မယ်ဆိုတာအာလူး..

pity-the-fool.jpg

ဟိတ်ကောင်ငတုံး ကိုယ့်ကိုယ်ကို ထင်တလုံး… တကယ်တမ်း လူမသုံး မင်းဟာအရှုံး… သူများကို -ျီးထုပ် မင်းကြတော့ – ီးစုပ် ထင်နေတယ်အဟုတ်… လူတွေအဖက်မလုပ် ခါးတာတမာပြုတ် အားမပါစာယုတ်… ပြောလည်းမမှတ် ပေါဆဲတမတ် ဟောဟဲငကြွက်… မဖတ်တတ်ရင်ခက် မတ်တပ်ရှင်လျက် တပ်ပျက်ချဉ်ဖတ်… မလျော်ကန်စိတ် တော်တန်တိတ် အကြော်ပန်းကန်ဖိတ်သတဲ့… အများတကာ တံတွေးခွက်နဲ့ နင်ပက်လက်မမျောခင် ယခုပင်ချက်ခြင်း မရှေးမနှောင်း ဗိန်းဗောင်းဗိန်းဗောင်း ရွာထဲကညောင်း….

catcycle.jpg

ကြောင်ကြီးကလိုက် နင်တို့ကပြေး ကြောင်ကြီးကလိုက် နင်တို့ကပြေး တဖြေးဖြေးနဲ့ ဝေးဝေးလာတယ် မဟုတ်မှလွဲရော နင်တို့တတွေမှာ ခြေလေးချောင်း ရှိတယ်ထင်ပါ့… မြန်ချင်သလောက်မြန် ပြေးနိုင်သလောက်ပြေး ရေမြေအဆုံး ကမာ္ဘကုန်ကျယ်သ၍ တောသုံးတောင် တောင်သုံးထပ် သမုဒ္ဒရာဖြတ် မမောတမ်း မိအောင်လိုက်မယ်… ယောက်ျားတို့ဇွဲ ဖွဲနုတဆုပ် မနိုင်ကာမှလျော့ ခြေတလှမ်းနဲ့စတဲ့ မိုင်ထောင်ချီခရီး ရောက်လုရောက်ခင် လက်တကမ်း ရွံ့စရာမလို Top Ten ဆိုတာ တွေးရဲရေးရဲ ပွိုင့်ပြည့်သူအောင်ပွဲ… My Points As of March 11, 2011 • Total Kyat : 34517Kyats • Donate Points Top Ten • ဆူး (70978Kyats ) • intro […]