(နာရင်နောက်ဆုတ်ကွဲ့၊ မနာရင်ဟုတ်လို့တဲ့) သနားဒယ်.. What a Pity!

pity
နင့်လောက်တော့သနားဒယ်..

ထင်နေတာBလူး
ပြောကြတာချီးဘူး
အကျင့်မှာခါစလူး
စစ်ဗိုလ်ဆို’ခင်ဗျာ’မြူး…

မျက်နှာရဖို့အခါရူး
မင်းရတဲ့ရာထူး
လူတွေပြောတာသာကူး
နာတော့မယ်မကြာဘူး…

အခုတော့ယစ်မူး
ဖြစ်တဲ့အခါကယ်ပါဦး
ကိုယ့်အတတ်ကိုယ်စူး
ငါးရံ့ပမာပြာလူး…

ကိုယ့်အပင်ကိုယ်ခူး
ဘယ်သူမှလာမတူး
နင်မျှော်မဲ့ကာဖြူး
ကယ်မယ်ဆိုတာအာလူး..

One comment

  • nigimi77

    March 13, 2011 at 9:20 am

    ကိုကြောင်ကြီးရေ။ ကျုပ်တော့ ရွာတွင်းစစ်ရဲ ့ အရိပ်အငွေ ့လေးတော့ရသား။
    ဉာဏ်တော့ မမှီပါဘူး ဘာတွေလဲ ဆိုတာ။

Leave a Reply