CourageFebruary 13, 20153min1094
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ-၄ တသသ ဖေဖေါ်ဝါရီ ၁၃   အစကတော့ “ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၄” ကို တခြား ကဗျာ တစ်ပုဒ် ဖေါ်ပြဦးမလို့ပါပဲ။ ရေးလဲရေးပြီးသားပါ။ ဒါပေမယ့် ဒီစာစဉ် တင်ရမယ့်နေ့က ဖေဖေါ်ဝါရီ ၁၃ ဖြစ်နေတော့ တခြား ကဗျာ တစ်ပုဒ် အကြောင်းကို ဖေါ်ပြတာထက် ဒီ ၁၃ ရက်နေ့နဲ့ ဆိုင်တဲ့ ကဗျာတွေ အကြောင်းပဲတင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သိကျတဲ့ အတိုင်းပဲလေ ဖေဖေါ်ဝါရီ ၁၃ ဆိုတာက တခြားနေ့မှ မဟုတ်ပဲ။ မောင်ကာကြီးတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ပိသုကာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့လေ။ ဪ ဘာလိုလိုနဲ့ အကယ်၍များ ဗိုလ်ချုပ်သာ […]


CourageFebruary 6, 20151min19310
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၃ မခေါ်တမ်း ကစားခြင်း   ပထမဦးစွာ မောင်ကာကြီးရဲ့ အမှတ်တရကဗျာတွေ အကြောင်းကိုမရေးပြခင် ဆရာမ နုနုရည်(အင်းဝ)ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မောင်ကာကြီး လုံးဝမကြားဖူးတဲ့ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ကို ရင်ဘတ်ထဲ ဒိုင်းခနဲ့ဝင်အောင် သွင်းပေးခဲ့တာ ဆရာမ နုနုရည်ပါ။ အကြောင်းစုံကို ခင်းရမယ်ဆိုရင်တော့ တစ်နေ့က စာပေဟောပြောပွဲ အခွေတွေကို နားထောင်နေတုန်း ဩစတေးလျနိုင်ငံ ပါတ်ထ်မြို့မှာ ပြုလုပ်တဲ့ ဟောပြောချက်လေးကို နားထောင်မိခဲ့ပါတယ်။ အဲ့မှာ ဆရာမက ကြည်အောင်ဆိုတဲ့ ကဗျာဆရာကြီးရဲ့ အကြောင်းကို သိုင်းကာ ဝိုင်းကာ ပြောရင်းနဲ့ သူ့ရဲ့ ကဗျာတွေကိုလဲ ရွတ်ပြခဲ့တာပေါ့။ အဲ့အချိန်မှာပဲ မောင်ကာကြီး အခုပြောမယ့် ကဗျာလေးဟာ ရင်ထဲကို ဆိုင်းမဆင့် ဗုံမဆင့်ပဲ […]


CourageJanuary 29, 20151min17311
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ ဧည့်သည်ကြီးနှင့် ကဗျာသုံးပုဒ်   “က ကလေးငယ် ချစ်စဖွယ်။ ခ ခရေကုန်း မလေးပြုံး”။ ဒီသင်ပုန်းကြီး ဖတ်စာကဗျာကို ဖတ်မိလိုက်တော့ မောင်ကာကြီးရဲ့ အတွေးထဲမှာ ဆရာတင်မိုးကိုချက်ခြင်းပဲ ပြေးမြင်လာမိပါတယ်။ ပြောရရင်တော့ ဆရာတင်မိုးဆိုတာ မောင်ကာကြီး အသက်တော်တော်ကြီးလို့ ကဗျာတွေရေး စာတွေရေးနေတဲ့အချိန်ရောက်မှ သိခဲ့တဲ့ဆရာကြီးပါ။ သိခဲ့ရင်ပဲ သိသိခြင်း အလွန်တရာမှကို ကြည်ညိုလေးစားသွားရတဲ့သူ၊ မောင်ကာကြီးအတွက် ရှေ့ဆောင် ကဗျာဆရာကြီးဖြစ်ခဲ့သူပေါ့။ တစ်ကယ်တော့ ဆရာတင်မိုးဆိုတာကို မောင်ကကြီးတို့လို နှောင်းပိုင်းလူတွေ သိပ်မရင်းနှီးရိုးအမှန်ပါ။အစပိုင်းကဆိုခဲ့သလိုပဲ ဗျည်းကဗျာတွေ၊ “မမ ဝဝ ထထက”ဆိုတဲ့ အရေးအဖတ်ကဗျာတွေ၊ “ယုန်ကလေးက နားရွက်ထောင်”ဆိုတဲ့ ပညာပေး ကလေးကဗျာတွေကို သိခဲ့ပေမယ့် ဒါတွေဟာ ဆရာတင်မိုးရဲ့ လက်ရာမှန်း တော်တော်များများကတော့ မသိကျဘူး။ ဒါဆို ဆရာတင်မိုးဆိုတာ […]


CourageJanuary 22, 20151min24812
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ မယ်လမ်းပါလား (ဇော်ဂျီ)   ရိုးသားစွာ ဝန်ခံရရင်တော့ ဒီစာစဉ်လေးဟာ ဆောင်းပါးတစ်ပုဒ်မဟုတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အခု မောင်ကာကြီး ရေးသားမယ့် အကြောင်းအရာတွေဟာ မောင်ကာကြီးဘဝအတွက် အမှတ်တရဖြစ်စေတဲ့ ကဗျာတွေအကြောင်းကို ပြန်လည်ရေးသားထားခြင်း ဖြစ်တဲ့အတွက် ဆောင်းပါးဆိုတာထက် ခံစားမှု စကားပြေ စကားစုသာဖြစ်ပါလိမ့်မယ်။ တစ်ကယ်တော့ မောင်ကာကြီးဆီမှာ ကြိုက်နှစ်သက်ခဲ့ရတဲ့ ကဗျာတွေ၊ စာတွေဆိုတာ နည်းမှ မနည်းတာ။ အနုပညာကို ခံစားတတ်ကာစ အရွယ်ကတည်းက ကဗျာဆိုလဲ ခေတ်ဟောင်းရော မော်ဒန်ရော ပြောရရင် ပျို့တို့ ရတုတို့ကိုတောင်မှ ကြိုက်ခဲ့တာ။ စာဆိုလဲ အစုံကြိုက်တာပဲ။ ဒီကြားထဲ ဂီတသမားဆိုတော့ သီချင်းပိုင်းမှာဆို ပိုလို့တောင်များသေး။ ဒါပေမယ့် ဒီစာစဉ်မှာတော့ ကဗျာအကြောင်းတွေကိုပဲ အသားပေးဖေါ်ပြပါမယ်။ အကြောင်းအရင်းကတော့ ရေးချင်လို့ပေါ့ဗျာ။ အခုစတင်ပြီး မောင်ကာကြီးရဲ့ […]


CourageNovember 20, 20141min26519
ကျွန်တော် ပြောချင်ရာပြောပါမည် ဂျူနီယာများသို့…   သူများအကြောင်းတွေကို ပြောချင်ရာမပြောခင်၊ အရင်ဆုံး မောင်ကာကြီး အကြောင်းကိုတော့ နည်းနည်း ပြောပြထားရမယ် ထင်ပါ့။ တစ်ကယ်တော့ မောင်ကာကြီးဆိုတာ တစ်ခြားသူမဟုတ် မျိုးဆက်သစ် အင်ဂျင်နီယာများစွာကိုမွေးထုတ်ပေးနေတဲ့ သန်လျင်နည်းပညာတက္ကသိုလ်မှာ ၂၀၀ရခုနှစ်ကနေ ၂၀၀၉ခုနှစ်ထိ ပညာသင်ကြားဖူးတဲ့ သူပေါ့။ အသေးစိတ်ပြောရရင်တော့ ၂၀၀ရခုနှစ်မှာ ကျောင်းစတက်၊ ပြီးတော့ ပထမနှစ်စာမေးပွဲကိုကျကာ ၂၀၀၈မှာမှ ပထမနှစ်ကိုအောင်၊ ၂၀၀၉ခုနှစ်ကျတော့ ဒုတိယနှစ်စာမေးပွဲကို B.Techဝင်ခွင့်မပါပဲ ရိုးရိုးပဲအောင်ပြီး ကျောင်းတော်ကြီးကို လက်ပြကာ နှုတ်ဆက်ခဲ့ရသူ။ နောက်တော့ ၂၀၁၁ခုနှစ်ကလားတော့ မမှတ်မိတော့ဘူး။ အဲဒီ့နှစ်မှာ B.Tech ဝင်ခွင့်တွေပြန်ခေါ်လို့ ဝင်ဖြေရာမှာ မရှုမလှနဲ့ ထပ်ပြုတ်ကျခဲ့ပြန်သူပေါ့။ပြောရရင်တော့ ဘဝကကြမ်းပါတယ်လေ။ ဘဝက ကြမ်းပါတယ်ဆိုတာထက် မောင်ကာကြီးကိုက ဆိုးခဲ့၊မိုက်ခဲ့၊ ကြမ်းခဲ့တာလဲ ပါပေမပေါ့။ ထားဦးတော့ ထားဦးတော့။ ပြောချင်တာက […]


CourageSeptember 8, 20141min18710
ကျွန်တော် ပြောချင်ရာ ပြောပါမည်   အခုတစ်လော မောင်ကာကြီးတို့ ရပ်ကွက်ထဲမှာ ပြောစရာ ဆိုစရာ ဆွေးနွေးစရာ ကိစ္စတွေက ပေါင်လံလို့နေပါရောလား။ နားကြပ်တတ်ဖို့ အခက်တွေနေတဲ့ ဘဘကြီးကိစ္စ၊ ခေါင်းလောင်းကြီးရယ် နဂါးကြီးရယ် ရှာဖွေသူရယ်ရဲ့ သုံးပွင့်ဆိုင် မုန့်ကြိုးလိမ်ဇာတ်လမ်း။ ကမာ္ဘသိ တရားဝင်လူကုန်ကူးမှုအဖြစ်သတ်မှတ်ရမယ့် နန်းချခံမယ်လေရဲ့ အမှားဆုံးသူသာ တောင်းပန်ပါဆိုတဲ့ ပြဿနာ (မောင်ကာကြီး စိတ်ဝင်စားတာက အဲ့ကလေးမ တစ်ကယ်ခွဲစိတ်သလား မခွဲစိတ်သလားဆိုတာကိုပါ)။ ပြီးတော့ မကျေနပ်တာက ဥပဒေ၊ ရန်မယ်ရှာခံရတာက ဘွဲ့ဝတ်စုံဖြစ်သွားတဲ့ ကျောင်းသားများရဲ့ ဆန္ဒသဘောထား။ နောက်တစ်ခုက အားလုံးလိုလို စိတ်တွေပျက် မေတ္တာတွေတုံးပြီး အားပေးမယ့်သူ ဘယ်သူမှ မရှိတော့မှ ဖလားတွေ ဆက်တိုက် ယူပေးနေတဲ့ လက်ရွေးစင်ဘောလုံးအသင်းအကြောင်း။ အောင်မလေး… ပြောရရင်တော့ အများကြီး အများကြီး အများကြီး။ ဒါတောင် […]


CourageFebruary 28, 20141min17710
လူမုန်းခံ အတွေးတစ်စ             အခုတစ်လော ကျွန်တော်တို့ဆီမှာ အမြဲလိုလို ကြားနေရတဲ့စကားလေးတွေ ရှိပါတယ်။ အဲဒီ့အထဲကမှ ကျုပ် အနေနဲ့ စိတ်ထဲသိပ်ဘဝင်မကျခဲ့ရတဲ့ စကားလေးက “ဥပဒေ ပြဌာန်းရေးနဲ့ ပြင်ဆင်ရေး” ဆိုတဲ့စကား။ ဥပဒေတစ်ခုဆိုတာ လွယ်လွယ်နဲ့ ပြဌာန်းလို့ ရရိုးမရှိသလို၊ ပြဌာန်းပြီးသား ဥပဒေဆိုတာကလဲ လွယ်လွယ်နဲ့ ပြင်လို့ရရိုးမရှိတာ အားလုံးနားလည်ပြီးပါဖြစ်မှာပါ။ ဒီလိုကြောင့်လဲ ကျွန်တော့မှာ ဒီအတွေးတွေဝင်လာတယ် ဆိုရမှာပေါ့။ ခုနကပြောတဲ့ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စကိုတော့ ကျုပ်အနေနဲ့ သိပ်ထွေထွေ ထူးထူးမပြောလို။ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးဆိုရုံလောက်သာ သိတဲ့ ကျုပ်အတွက် နိုင်ငံရေး ဘိုးအေကြီး ပဂေးကြီးတွေ ဆောင်ရွက်နေကျတဲ့ ဒီအလုပ်ကို ဘာမှဝင်မပြောချင်။ သို့ပြောမယ့် ပြောချင်တာက တစ်မျိုးသားလုံးနဲ့သက်ဆိုတယ်လို့ ဆိုလေတဲ့ ဥပဒေပြဌာန်းရေးကြီးကိုတော့ တစ်နေရာ တစ်ထောင့် ပါဝင်ကြည့်မိသည်။ တစ်မျိုးသားလုံးလို့ […]


CourageSeptember 25, 20131min1467
လူသိဖို့ လူတက်လုပ်နေသူများ (facebook တွင်း လုပ်ဆောင်ချက်)             တွေ့နေမြင်နေရတာကြာပြီဖြစ်သလို ဒီအကြောင်းတွေ ရေးချင်သားချင် နေတာ တော်တော်ကြာပါပြီ။ သို့ပေမယ့် သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း မပြောချင်တာရော မြို့မေတ္တာခံယူကာ ဖရုဿဝါစာ အလှူခံ မဖြစ်လိုတာရော ပေါင်းပြီး ပြောချင်တာတွေကို မျိုသိပ်ထားတာ ကြာလှပြီ။ ကဲ… အခုတော့ မမြင်သာတဲ့အရာတွေကိုတောင် ပွင့်လင်းစွာ ထုတ်ဖေါ်ပြသနေတဲ့ ခေတ်ကြီးထဲမှာ အကျွန်ုပ်လဲ ပွင့်လင်းစွာပြောတော့မည်။ တစ်နေ့တစ်နေ့ ကြိုးပေါ်(online) တက်လိုက်တိုင်း အထူးသဖြင့်Facebook ထဲဝင်လိုက်တိုင်း ပို့စ်(posts)တွေ စတေးတပ်စ် (status)တွေများ ကြည့်မနိုင်လောက် အောင် အရာ အထောင် အသောင်း။ အဲ့ထဲမှာမှ ဘာမဟုတ် ညာမဟုတ်တဲ့ အကြောင်းအရာတွေ ဥပမာဆိုရရင် “ချစ် ကိုယ်ထမင်းစားပြီးသွားပြီ ချစ်ကော စားပြီးပြီလား” “ဝါး… အိပ်ချစ်လိုက်တာ” […]


CourageAugust 23, 20131min24014
သာသနာတော် မညှိုးနွမ်းစေလိုပါ   ကျွန်တော့ရဲ့ ကိုယ်တွေ့အဖြစ်လေးမို့လို့ ခပ်ရှက်ရှက်နဲ့ပဲ ရေးလိုက်ပါရစေ။ စကားပုလ္လင်တွေတော့ ရှည်ရှည်ဝေးဝေး မခံတော့ပါဘူး။ လိုရင်းကိုပဲ ဆိုကျစို့။ ၂၀၁၃ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ ( ၁၃၇၅ခုနှစ် ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာ အခါတော်နေ့) ညပိုင်း ရနာရီဝင်းကျင် အချိန် ကျွန်တော်တို့ မိသားစု ရွှေတိဂုံဘုရားမှ ဘုရားဖူးပြီးအပြန် ကြုံခဲ့ရတဲ့ အဖြစ်လေးပါ။ အဲ့နေ့က ဘုရားဖူးပြီး ပြန်တဲ့အချိန်မှာ မိုးတွေက မသဲပေမယ့် ဖွဲစိဖွဲစိတော့ ရွာလို့ပေါ့။ ဘုရားတောင်ဘက်မုဒ် ဓါတ်လှေကားဝင်ပေါက်ကနေ အငှားကားကို ငှားပြီး အပြန် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ မီးပွိုင့်မှာ မီးနီကြီး စိမ်း သွားမယ့်အချိန်ကို စောင့်နေတုန်း ကားဘေးနားကို ကိုရင်လေးတစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ […]


CourageJune 2, 20134min942
Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} —မှန်တာပြော ဆဲပါစေ—   အမုန်းတရားကို အိပ်ထဲထည့်ကာ ဒေါသများဖြင့် လမ်းလျှောက်ထွက်စဉ်… “ဟိတ်ကောင် မင်းက xမို့လို့ ငါ့အရိပ်ကို တက်နင်းရတာလား” “တောက်… ခွေးမသား… […]


CourageApril 26, 20131min25016
သူသာ သူမဖြစ်ခဲ့လျှင်             ကျွန်တော်သူ့ကို စတွေ့ခဲ့ဖူးတာ အပြင်မှာမဟုတ်။ လှုပ်ရှားမှုကင်းမဲ့နေသော ရုပ်သေ ဓာတ်ပုံထဲမှာ။ ထိုနေ့က ကျွန်တော်ရယ် ကျွန်တော့သူငယ်ချင်း စုံတွဲတစ်တွဲရယ် အပြင်မှာ မုန့်ထွက်စားဖြစ်ခဲ့တဲ့ အချိန်မှာ ကျွန်တော့သူငယ်ချင်းလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက်လဲဖြစ်တဲ့ ညီလင်းရဲ့ ချစ်သူ မေသင်းရဲ့ ဓာတ်ပုံ အယ်လ်ဘန်က  စခဲ့တဲ့ ဇာတ်လမ်းလို့ပဲပြောမည်။ “ဟဲ့ ရှိုင်းမောင် ဒီမှာကြည့်စမ်း ငါ့ပုံလေးတွေမလှဘူးလား” ဆိုင်ထဲကို အရင်ရောက်နှင့်နေပြီးဖြစ်တဲ့ ကျွန်တော့ကို မေသင်းက သူ့လက်ထဲ တစ်ပွေ့တစ်ပိုက်ဖြင့်ပါလာသည့် ဓာတ်ပုံ အယ်လ်ဘန်များကို လှမ်းပေးရင်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ညီလင်းကတော့ မုန့်ကောင်တာတွင် စားစရာများကို မှာယူပြီးမှာ ခုံတွင်လာထိုင် သည်။ “ဘာပုံတွေတုန်းဟ။ နင်နဲ့ ညီလင်းရဲ့ မတော်တရော်ပုံတွေဆိုရင်တော့ မကြည့်ဘူး နော်။ ငါရှက်တက်တယ်” “ကောင်စုတ်။ ညစ်တီးညစ်စုတ်နဲ့။ […]


CourageApril 23, 20131min1225
ကမ်းလှမ်းမယ့်လက်များ           ဇွန်လဆန်း ကျောင်းများပြန်ဖွင့်ချိန်ဖြစ်၍ ရွက်ကွက်လေးတစ်ခုရှိ မူလတန်းကျောင်းလေးပြန်လည်အသက်ဝင်လာသည်။ အပေါ်အဖြူအောက် အစိမ်း နှင့် ကလေးငယ်များ၊ ပြုံးပျော် ရယ်ရွှင်နေသောကလေးငယ်တို့ကြောင့် သုံးလတာ ခြောက်ကပ်ကပ်ဖြစ်နေသည့် ကျောင်းကြီးမှာ စို်ပြေနေ၏။ မျက်နှာဟောင်းကျောင်းသားများမှာ အတန်းသစ်ကိုတက်လို့၊မျက်နှာသစ်ကျောင်းသားများကလည်း အတန်းသစ်ကိုတက်လို့။မျှော်လင့်ချက်အသစ် စိန် ခေါ်မှုအသစ် အတွေ့အကြုံအသစ် ပညာအသစ်များကို သူတို့လေးတွေ အမိအရဖမ်းယူကျတော့မည်။           မောင်မောင်လည်း ထိုအရာများကို ဖမ်းယူချင်သည်။ ဆန္ဒရှိသည်။ ကျောင်းတက်ရတာကိုသူပျော်သည်။ အဖြူနှင့်အစိမ်းကို တွဲဖက်ဝတ်ဆင်ရ ခြင်းအား သူဂုဏ်ယူသည်။ သူ့မျက်စိရှေ့တွင်တွေ့နေရသော အပြုံးပန်းများနှင့်ရွယ်တူကျောင်းသားလေးများကို ကြည့်ရင်း သူ ကြည်နူးစွာပြုံးလိုက်သည်။ပျော်စရာကောင်းလိုက်တာ။ ဒီလို တူညီဝတ်စုံဝတ်ရင်း၊ ဘဝ တိုက်ပွဲကို ဘယ်လိုနွဲရာမယ်လို့ သင်ကြားပေးနေတဲ့နေရာ၊ တိုက်ခိုက်နေချိန် အသုံးပြုရမယ့် အသိပညာလက်နက်တွေ ဝေမျှပေးနေတဲ့ ဒီနေရာက သူတို့သူတို့တွေရဲ့ ရွှင်လန်းမျှက သူ့ကို လန်းဆန်းသွားစေသည်။ […]


CourageMarch 26, 20131min29015
ကြားစကား ကြား(ဂျား)စကား ခါး ခါး ခါး   တစ်နေ့ တစ်နေ့ မျိုးစုံနေအောင် ကြားနေရတဲ့ မကောင်းသတင်း၊ အဆိုးသတင်းတွေကို နားမှာကြားမိခဲ့တော့ ဘာရယ် တော့ မဟုတ်ပါဘူး ငယ်ငယ်က ကြားဘူးခဲ့တဲ့ ပါးစပ် ဇာတ်လမ်းလေးတစ်ခုကို သွားပြီ သတိရမိလေရဲ့။ ဖြစ်ရပ်မှန်တော့ မဖြစ်နိုင်ပေမယ့် ဒီပုံပြင်ရဲ့ အဓိက ပေးချင်တဲ့ အသိလေးကတော့ တော်တော့ကို သင်ခန်းစာ ယူစရာကောင်းတယ်ပဲ ဆိုရမယ်ထင်။ တစ်ကယ်တော့ ဒီဇာတ်လမ်းလေးက ပုံပြင်မဟုတ်ပါဘူး။ ဖြစ်ရပ်တစ်ခုကို ခြေခံပြီးပေါ်လာတဲ့ အကြောင်းရင်းလေးပါ။ ဘာများပါလဲ။ အားလုံးလဲ ကြားဖူးပြီးသားပါ။ “ခလုပ်တိုက်၊ ဖါးပြုပ်ကိုက်၊ တရုပ်ရိုက်” ဆိုတဲ့ ဖြစ်ရပ်လေးပေါ့။ တစ်ကယ်တော့ ဆန္ဒရှိလို့သာ ရေးမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် အမှန်အတိုင်းဆိုရရင်ကျွန်တော်လဲ ဒီဇာတ်လမ်းလေးကို အတိအကျ မမှတ်မတော့ပါ။ သို့ပေမယ့် […]