cobraJuly 18, 20101min1261
တစ်ခါတုန်းက သစ်တောတစ်ခုရဲ ့တောင်ကုန်းလေးတစ်ခုပေါ်မှာ သစ်ပင်သုံးပင်ရှိတယ်…. သူတို ့ဟာ သူတို ့ရဲ ့ဖြစ်ချင်တဲ ့ဆန္ဒနဲ ့အိမ်မက်တွေကိုပြောနေကြတယ်….. အဲဒီမှာ ပထမသစ်ပင်က သူဟာ တစ်နေ ့နေ ့မှာ ရွှေငွေရတနာတွေထည့်ပြီး လှလှပပပြင်ဆင်ထားတဲ ့ ရတနာသေတ္တာတစ်လုံးဖြစ်ချင်တယ် လို ့ပြောတယ်…. ဒုတိယသစ်ပင်ကတော့ သူဟာ တစ်နေ ့နေ ့မှာ ရှင်ဘုရင်နဲ ့မိဖုရားကို ဒီကမ္ဘာကြီးရဲ ့ ရေပြင်သမုဒ္ဒရာထဲမှာ တင်ဆောင်နိုင်တဲ ့သင်္ဘောကြီးဖြစ်ချင်တယ်လို ့ပြောတယ်…. ဒီသင်္ဘောကြီးထဲမှာ ရှိတဲ့ လူတိုင်းဟာလည်း ခိုင်မှာလှတဲ ့သင်္ဘောကြီးရဲ ့ ထုထည်ကြောင့် လုံခြုံမှုအပြည့်ရှိနေရမယ် တဲ့…… နောက်ဆုံးတတိယသစ်ပင်ကတော ့ သူဟာ ဒီသစ်တောထဲမှာ သူဟာ အမြင့်မားဆုံးနဲ ့အဖြောင့်တန်းဆုံးသစ်ပင်ဖြစ်ချင်တယ်တဲ ့…. လူတွေဟာ တောင်ထိပ်မှရှိနေတဲ့သူ […]


cobraJuly 15, 20101min1121
စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင် များ ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့် ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင် မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။ မိန်းမ…” ဟဲ့..ယောကျင်္ား ဒါကဘယ်တုန်း ” ယောကျင်္ား… ” ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ” မိန်းမ…” ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို ” ယောကျင်္ား…” အော်အေ..မင်းပြောမှဘဲသတိရတော့ တရ်…ထီးယူဖို့မေ့နေတရ်..” ———————————————————————————————- သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။ “ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တရ်ဗျ..´´ “ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတရ်ဗျ…´´ ဟုဆိုကာ ဝီစကီတစ်ခွက်တို်က်လိုက်လေသည်.. “ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတိ္တတွေရှိသွားပြီးမလား..´´ “ဟုတ်ကဲ့… ကျွန်တော်သတိ္တတွေရှိသွားပြီဗျ…. ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´ —————————————————————————————– စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန် ဆေးရုံသို့ရောက်ရှိလာသည်။။ ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည် သူ့အား တောက်လျှောက် […]


cobraJuly 15, 20101min1100
ဖားပုံပြင် ဖားအုပ်စုတစ်ခုဟာ သစ်တောတွေထဲကနေ ဖြတ်လျှောက်ခရီးသွားနေကြတယ်။ တစ်နေရာအရောက်မှာဖား နှစ်ကောင်ဟာ တွင်းနက်ထဲကို ကျသွားတယ်။ အဲဒီအချိန်မှာ တစ်ခြားဖားတွေက အဲဒီတွင်းဘယ်လောက် နက်တယ်ဆိုတာကိုကြည့်နေကြတဲ့အချိန် သူတို့ဟာ အဲဒီဖားနှစ်ကောင်သေတာအေးတာပဲ လို့ပြောကြတယ်။ ကျသွားတဲ့ဖားနှစ်ကောင်ဟာ တစ်ခြားဖားတွေရဲ့ကောက်ချက်ချသံတွေကို လစ်လျူရှုပြီး တွင်းထဲကနေထွက် ဖို့ကြိုးစားကြတယ်။ တစ်ခြားဖားတွေက သူတို့ကို ခုန်တက်တာရပ်ဖို့ ဝိုင်းအော်ကြတယ်။ မင်းတို့သေတာအေး တယ်လို့လဲပြောကြတယ်။ နောက်ဆုံးမှာ ကျသွားတဲ့ဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ အပေါ်ကဖားတွေ ပြောတာကို အရေးတယူလုပ်ပြီး လက်လျှော့လိုက်တယ်။ အဲဒီတစ်ကောင်ဟာ ပြုတ်ကျပြီးသေသွားတယ်။ နောက်တစ်ကောင်ကတော့ သူတတ်နိုင်သလောက်ကြိုးစားပမ်းစားခုန်မြဲနေတယ်။ ဒီအခါမှာလည်း အပေါ်က ဖားတွေက သူ့ကို အနာမခံနဲ့ သေလို့ အော်ပြောကြတယ်။ သူဟာ ပိုပြီးကြိုးစားခုန်လိုက်တာ နောက်ဆုံးမှာ အပေါ်ကိုအောင်မြင်စွာနဲ့ရောက်သွားခဲ့တယ်။ အဲဒီတော့ တစ်ခြားဖားတွေက မေးတာပေါ့။ မင်းငါတို့ပြောတာ ကိုမကြားဘူးလားလို့မေးကြတယ်။အပေါ်ရောက်လာတဲ့ဖားက သူဟာ နားလေးနေတဲ့အကြောင်းရှင်းပြတယ်။ […]


cobraJuly 15, 20101min1050
Daily 1. ရေများများသောက်ပါ 2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်) 3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊ 4. ဘဝမှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။ 5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ 6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။ 7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။ 8. တစ်ရက်မှာ […]


cobraJuly 15, 20101min1403
(၁) ကမာ္ဘကြီး ၂၃.၅ ဒီဂရီ စောင်းပြီး လည်နေတာကို ကျနော်တို.သိကြပါတယ် ။ တချိန်တခါကပေါ့ … ပြောရရင် ဟိုး လွန်ခဲ့တဲ့ နှစ် သန်းချီကြာတဲ့ အချိန် တုန်းကပေါ့ … ကမာ္ဘကြီး ၂၃.၅ ဒီဂရီ စောင်းနေရာကနေ အနည်းငယ်တိမ်းစောင်းသွားခဲ့လို.*မိုးကုတ်မြို. * က ရေအောက် ရောက်သွားခဲ့ဖူးပါတယ်တဲ့… (၂) အကယ်ရျ် ကမာ္ဘပေါ်ရှိ ရေခဲပြင်တွေ အားလုံး အရည်ပျော်သွားခဲ့လျင် ပင်လယ်ရေ မျက်နှာပြင်ဟာ အနည်းဆုံး* ၆၅ မီတာ (…ပေ)* လောက်မြင့်တက်လာမှာဖြစ်ပါတယ် ။ အာတိတ် နဲ့ အန္တာတိတ်ဒေသတွေမှာ နေရာသစ်တွေ ပေါ်လာလိမ့်မယ် ။ ဒိန်းမတ်နိုင်ငံဟာ ရေအောက်ရောက်သွားပါမယ် ။ လန်ဒန် ၊ဒဗ္ဗလင် ၊ ပဲရစ် ၊ […]


cobraJuly 15, 20101min970
ခရုလေးက သူ့အမေကိုမေးတယ် “ဘာလို့မွေးကတည်းက ဒီလေးလံတဲ့ အခွံကို ထမ်းနေရတာလဲ” အမေ- အမေတို့က အရိုးတွေမရှိဘူး ဒါကြောင့်တွားသွားရတယ် တွားသွားတာလဲနှေးလို့ ဒီအခွံလေးနဲ့ ကာကွယ်ထားတာ” ခရုလေး- ပိုးသုံးလုံးမှာလဲ အရိုးမပါဘူး တွားသွားတာမြန်တယ် ဘာလို့ လေးလံပြီးမာကြောတဲ့ အခွံကို မထမ်းနေရတာလဲ အမေ-ပိုးသုံးလုံးလေးက လိပ်ပြာဖြစ်သွားရင် မိုးကောင်ကင်ကြီးက ကာကွယ်ပေးမှာလေ။ ခရု- ဒါဆို တီကောင်က ပျံလဲမပျံနိုင်ဘူး ဘာကြောင့် ဒီလိုအခွံကို မထမ်းရတာလဲ။ အမေ- တီကောင်က မြေကြီးထဲမှာခိုအောင်းလို့ရတယ် မြေကြီးက သူတို့ကို ကာကွယ်ပေးမယ်။ ခရုလေးငိုတယ် ခရု- အမေ သားတို့တွေ သနားဖို့ကောင်းတယ်နော် ကောင်းကင်ကြီးလဲ မကာကွယ်ဘူး၊ မြေကြီးလဲ မစောင့်ရှောက်ဘူး။ အမေ- ဒါကြောင့် အမေတို့မှာ ကိုယ်ပိုင်အခွံရှိတယ်။ ကောင်းကင်ကို အားမကိုးသလို မြေကြီးကိုလဲအားမကိုးဘူး။ အမေတို့က […]


cobraJuly 15, 20101min1362
*တစ်ခါကရေထမ်းရောင်းတဲ့လူတစ်ယောက်မှာ ရေပုံး၂ပုံးနှင့်သာရေထမ်းရောင်းရတယ်။ ရေပုံး၁ပုံးက ပေါက်နေပြီး နောက်တစ်ပုံးကတော့ကောင်းတယ်။ သူရေထမ်းတဲ့နေရာကနေ ရေပို့တဲ့အိမ်ရောက်တဲ့အထိ တော်တော်သွားရတယ်။ ရေအပြည့်ထည့်ထားပေမဲ့ နောက်ဆုံးမှာ ပေါက်နေတဲ့ပုံးက ရေတစ်ဝက်သာကျန်တယ်။ ၂နှစ်လောက်ကြာတော့ ကောင်းတဲ့ရေပုံးကတော့ ရေအပြည့်ထည့်နိုင်တဲ့အတွက် ပီတိတွေဖြစ်ပြီး ပေါက်နေတဲ့ပုံးကတော့ တစ်ဝက်သာသယ်နိုင်တဲ့အတွက် မျက်နှာငယ်နေရရှာတယ်။ တစ်ဝက်သာတာဝန်ကျေတဲ့အတွက် သူဝမ်းနည်းနေရှာတယ်။ ဒါနဲ့ ရေခပ်ဆင်းချိန်မှာ ရေပုံးပေါက်က သခင်ကိုပြောတော့တယ် “အရမ်းကိုဝမ်းနည်းပါတယ်၊ ဒီလိုဖြစ်ရတဲ့အတွက်လည်းတောင်းပန်ပါတယ်” လို့ဆိုတော့ “ဘာလို့တုန်း” လို့ပြန်ပြောတယ်။ “ရေကိုအပြည့်ထည့်တာကျွန်တော့်ကြောင့်နောက်ဆုံးရေတစ်ဝက်သာကျန်တယ်၊ ရေတစ်ဝက်သာရှိတော့ ရေတစ်ဝက်ရဲ့အဖိုးခကိုသာရရှိတယ်” လို့ ရေပုံးပေါက်လေးကပြန်ပြောတယ်။ သခင်ကလည်း ဘာမှပြန်မပြောပဲ ပြုံးရုံသာပြုံးနေလိုက်တယ်။ ရေခပ်ပြီးအပြန်လမ်းမှာ သခင်က “ရေပုံးပေါက်ကို လမ်းတစ်လျှောက်ကိုကြည့်လိုက်ပါ ပန်းလေးတွေပွင့်နေတယ်” လို့ဆိုတယ်။ ရေပုံးပေါက်က ပန်းတွေကိုကြည့်ပြီး ကြည်နူးနေတုန်းမှာ သူ့ပုံးထဲကရေကတစ်ဝက်သာကျန်လို့ သူဝမ်းနည်းရပြန်တယ်။ ရေပုံးပေါက်လေးဝမ်းနည်းနေတာကိုကြည့်ပြီး သခင်က “နင်လမ်းတစ်ဘက်တစ်ချက်ကိုဂရုစိုက်မိလား ရေပုံးပေါက်လေးရှိတဲ့ဘက်မှာပဲ ပန်းလေးတွေပွင့်နေတယ်ဆိုတာကို…….. ကောင်းတဲ့ရေပုံးရဲ့ဘက်မှာပန်းမရှိဘူး […]


cobraJuly 8, 20101min2012
လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက် တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။ တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။ သူ့ဘဝမှာအဆင်မပြေတာတွေများနေတယ် ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမိ ု့ အားကပြတ်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်ကပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခုပြေလည်သွားလို့မှ မနားရသေးဘူး နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။ ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ်။ မကြာပါဘူး။ မီးတွေကပြင်းတော့သုံးအိုးစလုံးထဲကနေရေတွေက ပွက်ပွက်ဆူလာတော့တာပေါ့။ ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ ပြီးတော့အိုးတွေကို ဒီအတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့တစ်လုံးမှမပြောဘူး။ […]


cobraJuly 8, 20101min1602
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။ သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ဘဝတစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။ ကိုယ့်ဘဝကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။ သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။ ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။ သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။ ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။ သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။ ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။ ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။ သူ့ကြောင့် လောကကြီးအကြောင်းကို […]


cobraJuly 8, 20101min1282
(၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာကို မြင့်မားစွာမြှင့်တင်ကြပါစို့ ရဲဘော်ဖိုးသံချောင်း / ဝ၆ ဇူလိုင် ၂၀၁၀ (၇) ရက် ဇူလိုင် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ (၄၈) နှစ်ရှိသွားပါပြီ။ ဒါပေမယ့် ဒီအရေးတော်ပုံကြီးဟာ ဒီနေ့အခါအထိ မပြီးဆုံးသေးဘူးဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါကို ကျောင်းသားတွေနဲ့ ပြည်သူလူထုတွေရဲ့ရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ယူမြဲမှတ်ယူထားကြသလို (၇) ရက် ဇူလိုင်မှာ ကျောင်းသားတွေကို သတ်ခဲ့တဲ့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ အာဏာအမွေခံ လက်ရှိမျိုးဆက်ဖြစ်တဲ့ နအဖစစ်အုပ်စုလည်း ဒီအချက်ကို အမြဲသတိရှိကြပါတယ်။ ဒါကြောင့် နအဖစစ်အုပ်စုဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက ကျောင်းသားတွေအပေါ် စစ်ကြေညာထားတာကို ဆက်လက်ထိန်းသိမ်းပြီး ဒီနေ့အထိ ဆက်လက် အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့ လူ့မျိုးဆက် နှစ်ဆက်၊ သုံးဆက်တုန်းက […]


cobraJuly 8, 20101min1584
seinkalar@gmail.com နဲ gtalk မှာလာ add ရင် လုံးဝလက်မခံပါနှင့်.. အလွန်ပြင်းထန်တဲ့ဗိုင်းရပ်စ် ဘော့တစ်ခုပါ.. Don’t accept if you get invitation from seinkalar@gmail.com at gtalk. It’s a serious bot/virus. It can harm your computer so bad. ကျေးဇူးပြုပြီးလက်ဆင့်ကမ်းပေးကြပါ . . .


cobraJuly 8, 20101min1201
Financial stability ဆိုသည်မှာ လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဆိုလိုသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင် ထားရန် အထူး အရေးကြီးသည်။ ယခု ဆောင်းပါးတွင်တော့ စင်္ကာပူနိုင်ငံ Credit Bureau Pte Ltd မှ ထုတ်ဝေသော 10 Steps to Financial Stability ဆိုသည့် ဆောင်းပါးကို မှီးငြမ်း ဖော်ပြထားပါသည်။ (၁) Budget plan […]


cobraJuly 8, 20101min1421
နုံနဲ့သောစိတ် လူတို့၏ ကြီးပွားချမ်းသာရေးနှင့် ပက်သက်၍ အဆွေခင်ပွန်းကောင်းရှိခြင်းသည်လည်း လိုအပ်သောအချက်တစ်ချက်ဖြစ်သည်။ တိရိစာ္ဆန်များသည်ပင်လျှင် အပေါင်းအသင်းအစုဝေးဖြင့်နေတတ်ပေရာ လူတို့တွင်ကား ပြောဖွယ်ရာမရှိပေ။ ထို့ကြောင့်လူအများနှင့် ခင်မင်ရင်းနှီးရန်လိုအပ်လှပေသည်။ အဆွေခင်ပွန်းကောင်းသည် လိုအပ်သောအကူအညီအမျိုးမျိုးကိုပေးနိုင်သည်။ မိတ်ဆွေအများဆုံးရှိသူသည် အအောင်မြင်ဆုံး အထူးချွန်ဆုံး သူတစ်ယောက်ဖြစ်နိုင်ပေသည်။ ကုန်သည်ဖြစ်စေ အစိုးရဝန်ထမ်းဖြစ်စေ ဈေးရောင်းဈေးဝယ်ဖြစ်စေ နိုင်ငံရေးသမားအဖြစ်ဖြင့် မဲရအောင်ဟောပြောရာတွင်ဖြစ်စေ ကျောင်းဆရာအဖြစ်ဖြင့် စာသင်ရာတွင်ဖြစ်စေ မိန်းကလေးတစ်ယောက်ကို ပိုးပန်းရာတွင်ဖြစ်စေ အသင်၏အောင်မြင်မှုသည် အသင်၏မိတ်ဖွဲ့နိုင်သောအရည်အချင်းပေါ်တွင် တည်ရှိလေသည်။ မိတ်ဖွဲ့ရာတွင် ကောင်းစွာအောင်မြင်လိုလျှင် အသင်သည်လူတို့၏ သဘောကိုကောင်းစွာနားလည်ရပေမည်။ ကိုယ့်ကိုယ်ကိုအရင်နားလည်အောင်ကြိုးစားကာ အခြားသူများကိုလည်းနားလည်ထားရပေမည်။ မိတ်ဆွေနည်းပါးခြင်း၏ အရေးကြီးသောအချက်တစ်ချက်မှာ စိတ်ဓာတ်နုံနဲခြင်းပင်ဖြစ်သည်။ အသင်သည် မိတ်ဆွေတစ်ယောက်နှင့်အိမ်တစ်အိမ်သို့အလည်သွားရာ အိမ်ရှင်သည်အသင့်မိတ်ဆွေအား လှပသောလက်ဆောင်ပစ္စည်းတစ်ခုလက်ဆောင်ပေးလိုက်၏။ သင့်ကိုကား ယခင်ကမသိကျွမ်းသဖြင့် မပေးချေ။ ထိုအခါ သင့်စိတ်ထဲတွင်သဘောမကျခြင်း စိတ်ထွက်ယောင်ယောင် စိတ်ပျက်ယောင်ယောင် ဖြစ်လာခဲ့လျှင် အသင့်တွင် နုံနဲသောစိတ် သဘောထားသေးသောစိတ် ညံ့ဖျင်းသောစိတ် […]