ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ချစ်စနိုးနဲ့မခံချင်အောင်စရင် ငှက်ပျောပင်ဝယ်ပို့ပေးမယ်။ ငှက်ပျောတုံးပို့ပေးမယ်ဆိုပြီး စကြတယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူပျိုကြီး အပျိုကြီးတွေများလာတာ စစ်တမ်းတွေအရ သိရပါတယ်၊ အဓိကများတာက အစိုးရဝန်ထမ်းနဲ့ လခစားလုပ်သူတွေမှာ ပိုများပါတယ် ကိုယ်တိုင်လဲ အခုအချိန်ထိ အိမ်ထောင်ပြုဘို့ဆိုတာ ရည်ရွယ်ချက်မရှိသေးတော့ ဒီအကြောင်းနဲ့ပါတ်သက်ပြီး နဲနဲလေ့လာတီးခေါက်ကြည့်မိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒုတိယကမာ္ဘစစ် အပြီးမှာ လူဦးရေ ၁၁ သန်းကျော်ရှိခဲ့တယ်လို့သိရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှ နဲ့ လူဦးရေ သိပ်မကွာခဲ့ပေမဲ့ အခုမြန်မာနိုင်ငံဟာ သန်း၅ဝကျော် ဘင်္ဂလားဟာ သန်း ၂၀ဝ ကျော် လူဦးရေ တိုးတက်နှုန်း အရမ်းကွာဟနေတာကို နိုင်ငံ တကာနဲ့ချိန်ရင် တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြေလွတ်မြေရိုင်းတွေတစ်ပုံတစ်ပင်နဲ့ သံယံဇာတတွေပေါကြွယ်လှတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက မျက်စေ့ကျ တဖြေးဖြေး ပြောင်းရွှေ့ အခြေချလာကြတာ အခုဆိုရင်မြန်မာပြည်တနံ တစ်လျှားမှာ တိုင်းရင်းသားမဟုတ်တဲ့ […]