Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Diamond KeyDecember 14, 20111min3618
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၅)           ဂိမ်းဆိုင်က Cashier  တစ်ယောက် နေစဉ် ဂျူတီစဝင်တယ် ဆိုတာနဲ့ သတိဝိရိယ ကြီးကြီးထားကာ အလုပ်လုပ်ရပါတယ်။ တာဝန်လွဲပြောင်းရတာကိုက အချိန်တစ်နာရီ နီးပါးကြာပါတယ်။ ဆိုင်မှာ လာရောက် ကစားနေကြတဲ့  ဧည့်သည်တွေ ကစားနေတုန်းမှာပဲ စက်တွေထဲက ငွေ (အကြွေစေ့ ကျပ်စေ့တွေ)၊ ကစားနေတဲ့ စက်တွေမှာ ပေါ်နေတဲ့ Credit တွေ (သူကလည်း ငွေပါပဲ၊ 1 Credit က မလေးငွေ တစ်ကျပ်)၊ ကောင်တာထဲမှာ ကြိူတင်ပေးထားတဲ့ လည်ပတ်ငွေ နဲ့ ဂိမ်းလာကစား သူတွေ ဝယ်ယူသွားတဲ့ ငွေတွေကို အသေးစိတ် စာရင်းစစ်ပြီး လွဲပေး၊ လွဲယူ လုပ်ရပါတယ်။ စာရင်းမှာ တစ်ချက်မှားရင် ငွေက စိုက်လျော် ရမယ်လေ။ […]


Diamond KeyDecember 13, 20113min67430
ရှုမဆုံးတော့ပြီ………….. (Panorama) Panarama Photos ဆိုတာက မြင်ကွင်းကျယ် (မြင်ကွင်းရှည်) ပုံလေးတွေပါ။ ကျွန်တော် ဓါတ်ပုံပညာ စတင်လေ့လာတဲ့ လွန်ခဲ့သော အချိန်တွေ တုန်းက ဆိုရင် Digital နည်းပညာတွေကလည်း ဒီလို မထွန်းကားသေးတော့ မြင်ကွင်းကျယ် ဓါတ်ပုံတွေ ရလိုရင် ဓါတ်ပုံတွေကို “ဖြတ်ညှပ်ကပ်”  (ဆက်မဲ့ ပုံတွေကို ဆက်ကြောင်းရှာပြီးဖြတ်၊ မသိသာအောင်ညှပ်၊ ပြန်ကပ်) တွေ လုပ်ပြီး ဖန်တီးရပါတယ်။ ခုနောက်ပိုင်းမှာ Digital နည်းပညာတွေကလည်း တိုးတက်လာတော့ Panorama ရိုက်လို့ရတဲ့ နည်းပညာ ပါတဲ့ ကင်မရာ၊ (တစ်ချို့ အပျော်တမ်း ကင်မရာလေးတွေ မှာတော့ ရိုးရိုးမြင်ကွင်းကိုပဲ အပေါ်နဲ့ အောက် အမဲဘောင် ကာလိုက်ပြီး ပုံရှည် ဖြစ်သွားသယောင် ကင်မရာမျိုးကိုတော့ Panorama ရိုက်လို့ရတဲ့ […]


Diamond KeyDecember 12, 20113min50718
ပန်းမြို့တော်က ပန်းပွဲတော်ဆီ ပြင်ဦးလွင်မြို့က လူကြိုက်အများဆုံး ပွဲတော်တွေထဲမှာ တစ်ခုပါဝင်တဲ့ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကြီးကို ဒီနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပပါမယ်။ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒီပွဲက ဒီနှစ်မှာ ပဉ္စမအကြိမ်မြောက်ပါ။ ပြပွဲမှာ ပန်းမျိုးစိတ် အမျိုးအစား ၄ဝ ကျော် လောက်ပါမယ်။အရေအတွက် ကတော့ ပန်းပေါင်းနှစ်သိန်းခွဲလောက်ပြသသွားမယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ ပြမဲ့ ပန်းမျိုး စိတ်တွေက ပြည်တွင်း မျိုးစိတ်တွေအပြင် တရုတ်နဲ့ဂျပန်က မျိုးစိတ်တွေလည်းပါတယ်လို့ ဆိုပါတယ်။ အခုကျင်းပမည့် ပန်းပွဲတော်ဥယျာဉ် ဧရိယာအတွင်းမှာ ပန်းမန်သစ်ပင်တွေကို ပန်းပွဲတော်အမီ သုံးလခန့်အချိန်ယူပြီး အကောင်းဆုံးနှင့် အထူးခြားဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မနှစ်က စတုတ္ထအကြိမ်မြောက် ပန်းပွဲတော်ကာလတုန်းက ပြည်တွင်းပြည်ပက ဧည့်တွေ နှစ်သိန်းကျော်ခန့် ရောက်ခဲ့ကြပြီး ဒီနှစ် ကျင်းပမည့် ပဉ္စအကြိမ်မြောက် ပန်းပွဲတော်ကို […]


Diamond KeyDecember 10, 20111min60814
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၄)           ဒီလိုနဲ့ မလေးရောက်ပြီး အပျော်ခရီး ထွက်လာသူ တစ်ယောက်လို လျှောက်လည်နေတဲ့ ရက်တွေ တစ်ပတ်ပြည့်ခါနီးမှာတော့ အလုပ်စဝင်နိုင်ဖို့ ပြင်ရပါတော့တယ်။ ကိုယ့်ကို အလုပ်ဝိုင်းရှာပေးနေသူများက အလုပ်မျိုးစုံ ညွှန်းနေကြတဲ့ အထဲမှာ မဲအများဆုံးက ပိုက်ဆံရလွယ်၊ လစာကောင်း၊ လူသက်သာတယ်ဆိုတဲ့ Game ဆိုင်အလုပ်ကို ဝိုင်းညွှန်းကြပါတယ်။ ကိုယ်ကတော့ ပိုက်ဆံ (လစာ) အမြန်ဆုံး ရလိုသူဆိုတော့ ဘယ်အလုပ် ရရဖြစ်တယ်လို့ ပြောထားတာပါ။ ဒါနဲ့ သူတို့ပြောတဲ့ Game ဆိုင်လောကမှာ နှစ်ကာလအတော်ကြာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်က အာမခံပေးလို့ သူဌေးရဲ့ လူယူံ Supervisor ဆိုသူနဲ့ ဒီနေ့ တွေ့ရမယ်လို့ ဆိုလာပါတယ်။ ဒီမှာ တစ်ခုပြောစရာ ရှိတာက ကျွန်တော်က မလေးမလာခင်မှာ မလေးစကားကို […]


Diamond KeyDecember 8, 20115min45811
ဓါတ်ပုံပညာ မှတ်စုများ (၆)                               ဒီနေ့ ဆက်မှာလေးက ဓါတ်ပုံမှာ ပုံကောင်းလေးတစ်ပုံ ရဖို့အတွက် အရေးကြီးတဲ့ Exposure အကြောင်း၊ ရှေ့မှာ ပြောခဲ့တဲ့ Aperture (အလင်းဝင်ပေါက်)ရယ်၊ Shutter Speed (အလင်းတံခါး အမြန်နုန်း) ရယ်နဲ့ ISO တွေရဲ့ ဆက်သွယ်ချက် (အတွဲလေးတွေ) ပါ။ ရိုက်မယ့် ပုံရဲ့ အလင်းအား အနဲအများ ပေါ်မူတည်ပြီး ထားသင့်တဲ့ ISO ၊ ပုံရဲ့ Depth of field ၊ ပုံထဲက Subject ရဲ့ လှုတ်ရှားမှုကို ပြတ်သားအောင်၊ ပေါ်လွင်အောင် ရိုက်ရမယ့် Shutter Speed တွေကို ဆုံးဖြတ်ကာ တွဲစပ်ရပါတယ်။ ဓါတ်ပုံလေး တစ်ပုံကို မှန်ကန်စွာ အလင်းပေးနိုင်ဖို့ […]


Diamond KeyDecember 1, 20111min2765
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၃)           ဒီနေ့က ကိုယ့်ကို KL အနှံ့ လိုက်ပို့မယ်၊ နောင်မှာ ကိုယ်ဘာသာကိုယ် သွားတတ်လာတတ်အောင် ဘတ်စ်ကားစီးတာတွေ၊ LRT ရထားစီးတာတွေ လိုက်ပြမယ်လို့ ကျွန်တော်နဲ့ အတူလာခဲ့သူက ဆိုလာပါတယ်။ ဒါမျိုးဆိုတာက အလုပ်မဝင်ခင်မှာမှ လွတ်လပ်တာ၊ အလုပ်စလုပ်ပြီ ဆိုတာနဲ့ မလွယ်တော့ဘူးလေလို့ အရင်ရောက် မိတ်ဆွေများကလည်း ပြောကြပါတယ်။ နောက်တစ်ခုက မြန်မာပြည်ကနေ လူကြုံ ထည့်ပေးလိုက်တာတွေ ကိုလည်း လိုက်ပေးရမှာတွေလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။ ပထမဆုံး KL က မြန်မာဆိုင်တွေ ရှိတဲ့ Kota Raya (ကိုတာရာယာ) တစ်ဝိုက်ဆီကို ဘတ်စ်ကားစီးပြီး လာခဲ့ကြပါတယ်။ (ကို) တင်မောင်ဆွေ ဆိုင်လို့နာမယ်ကြီးတဲ့ ဆိုင်မှာ မြန်မာအစားအစာတွေ စားကြတယ်။ (တင်မောင်ဆွေ ဆိုင်က […]


Diamond KeyDecember 1, 20113min70023
ဓါတ်ပုံပညာ မှတ်စုများ (၅) Exposure မှန်ကန်တဲ့ ဓါတ်ပုံလေး တစ်ပုံအတွက် အရေးပါတဲ့ နောက်တစ်ချက်ကတော့ ISO (Speed) ပါပဲ။ ကျွန်တော် ကင်မရာ စကိုင်စဉ်တုန်းက ဖလင်ကင်မရာတွေရဲ့ နောက်ဆုံးချိန်လေးကို မီခဲ့သေးတာဆိုတော့ ဖလင်ရဲ့အလင်းစွဲအားနုန်း Film Speed လို့ ခေါ်ဝေါ်သုံးခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ကာလတွေတုန်းက ကင်မရာတွေ၊ ဓါတ်ပုံပစ္စည်းတွေ၊ Film တွေပေါ်မှာ ASA လို့ သုံးခဲကြ့ပြီး နောက်ပိုင်းမှာ ISO လို့ အမည်ပြောင်း သုံးလာပါတယ်။ ASA က American Standard Association ရဲ့အတိုကောက်ဖြစ်ပြီး ISO က International Standard Organization ဖြစ်ပါတယ်။ (ASA Speed = ISO Speed အတူတူပါပဲ)။ […]


Diamond KeyNovember 30, 20113min46829
ဓါတ်ပုံပညာ မှတ်စုများ (၄)                      မှတ်စု (၃) မှာ ဓါတ်ပုံရိုက်ရင် ပုံကောင်းလေးတစ်ပုံ ရစေဖို့ မှန်ကန်တဲ့ အလင်းပေးမှု (Correct Exposure = CE) ရှိရန် အဓိက ပူးတွဲ ထိမ်းချုပ်ရတဲ့ Aperture (အလင်းဝင်ပေါက်)၊ Shutter Speed (အလင်းတံခါး အမြန်နုန်း) နဲ့ ISO (အလင်းစွဲနုန်း၊ အလင်းသိရှိ လက်ခံနိုင်မှု မြန်နုန်းအဆင့်) ဆိုတာတွေ ထဲက အပါချာ အကြောင်းလေးကို စပြောဖြစ် ခဲ့ပါတယ်။ ဒီနေ့ဆက်ပြောမှာက Shutter Speed အကြောင်းလေးပါ။ ကင်မရာမှာ ပြင်ပကလာတဲ့ ပုံရိပ် (အလင်း) မှန်ဘီလူးကို ဖြတ်ပြီး ပုံရိပ်ဖမ်းတဲ့ နေရာဆီကို လာတဲ့ အခါ မလိုသေးချိန်မှာ (ပုံရိပ်တွေ ၊ […]


Diamond KeyNovember 28, 20113min115041
ဓါတ်ပုံပညာ မှတ်စုများ (၃) ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံရိုက်တဲ့ အခါမှာ ရိုက်လိုက်တဲ့ အကြောင်းအရာကို ကင်မရာကနေ ဓါတ်ပုံအဖြစ်ဖမ်းယူတော့ ပုံကောင်းလေးတစ်ပုံ ရဖို့ဆိုတာက Exposure (အလင်းပေး) မှန်ဖို့ လိုပါတယ်။ မှန်ကန်တဲ့ အလင်းပေးမှု (Correct Exposure = CE) လို့ ပြောကြပါတယ်။ ကင်မရာတိုင်းမှာ ဒီအချက်ကို အဓိက ပူးတွဲ ထိမ်းချုပ်ဖို့ Aperture (အလင်းဝင်ပေါက်)၊ Shutter Speed (အလင်းတံခါး အမြန်နုန်း) နဲ့ ISO (အလင်းစွဲနုန်း၊ အလင်းသိရှိ လက်ခံနိုင်မှု မြန်နုန်းအဆင့်) ဆိုတာတွေ ပါပါတယ်။ ကင်မရာ ပြင်ပက ပုံရိပ်ဟာ ကင်မရာမှန်ဘီလူးကို ဖြတ်ဝင်လာတဲ့ အခါ အလင်းအနည်းအများကို မှန်ဘီလူးမှာပါတဲ့ Aperture အလင်းဝင်ပေါက်ကို အကျဉ်းအကျယ်လုပ် ထိမ်းချုပ်ပြီး […]


Diamond KeyNovember 26, 20111min38119
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၂) မြန်မာမြေပေါ်က လေယာဉ်ပျံတက်လာပြီးတာနဲ့ မလေးမြေရောက်ဖို့ထိက နှစ်နာရီခွဲတောင်ပျံရမယ်လို့ လေယာဉ်မှုးကြီးက ကြေငြာပါတယ်။ မင်္ဂလာဒုံ လေယာဉ်ကွင်းက စထွက်လာတုန်းက မြန်မာစံတော်ချိန်က မွန်းလွဲ နှစ်နာရီခွဲပါ။ ဒါဆိုရင်တော့ မလေးမြေကို ညနေ ၅နာရီမှ ရောက်မယ်ပေါ့။ ပြတင်းပေါက်က အပြင်ကြည့်လိုက်တော့လည်း ပြာလဲ့လဲ့ကောင်းကင်ကြီးရယ်၊ တိမ်ဖြူဖြူတွေရယ်၊ ပင်လယ်ပြာကြီးရယ်ပဲ မြင်နေရတာ ဆိုတော့ ဟိုတွေးဒီတွေးနဲ့ အချိန်တွေကို ကုန်စေခဲ့ပါတယ်။ ဖြတ်ကနဲ အိပ်ကပ်ထဲက တစ်သက်တစ်ကိုယ် တစ်ခါမှ မပိုင် မကိုင်ခဲ့ ဖူးလေတဲ့ အစိမ်းထပ်ကလေးကိုလည်း ဖိကြည့်လိုက်မိတယ်။ မလေးမြေနင်းချိန်မှာ အင်မီဂရေးရှင်းဆိုတာ တိုးဗီဇာနဲ့ လာတာမို့ ရှိုးဆိုတဲ့ မန်းနီးပြဆိုရင် ပြလို့ရအောင် အမတစ်ယောက်ရဲ့ယောကျင်္ား သင်္ဘောသားဆီကနေ မလေးရောက်ရောက်ခြင်း ပြန်ပို့ပေးပါ့မယ်လို့ ပြောတောင်းလာတဲ့ ငွေလေး၃၀ဝ ရယ်၊ ကိုယ်ပိုင်လေးတွေကို ရန်ကုန်က […]


Diamond KeyNovember 26, 20111min48513
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၁) မလေးရှား……………..မလေးရှား၊ ဪ…………အတိတ်က အကြောင်းများကို  သတိရ နေမိတော့တယ်။ အမိမြေမှာ ကိုယ်အတွက် ငွေကရှားနေတော့ ရှာရလွယ်မလားလေ ဆိုပြီး ပတ်ဝန်းကျင်က လူငယ်တွေ သွားနေကြတယ်ဆိုတဲ့ မလေးမြေကို ထွက်ချင်လာခဲ့မိတယ်။ အများလူငယ်တွေက နိုင်ငံခြားထွက် ငွေရှာကြပြီး မြန်မာပြည်ပြန်ပို့ကြ ဆိုတဲ့ သတင်းတွေက ပတ်ဝန်းကျင်မှာတွေ့နေရ၊ ဘယ်လမ်းက ဘယ်သူ့သားလေးက သွားပြီး နှစ်နှစ်လောက်မှာ သူ့မိဘတွေက အိမ်ဝယ်တယ်၊ ကားဝယ်တယ် ဘာညာကြားရတော့လည်း အားတွေကျနဲ့ပေါ့ (မကောင်းသတင်းကြားရင် နားမထောင်ဘူး အဲဒီတုန်းကတော့)။ နောက်ပြီး လူငယ်ဆိုတော့ နိုင်ငံခြား တစ်ခေါက်လောက်တော့ စွန့်စား ရောက်ဖူးရမယ်ရယ်ပေါ့။ မလေးမြေ ရွေးတာကတော့ ကိုယ့်မှာ (မိဘမှာ) က ပေးစရာ ပိုက်ဆံမရှိတော့ ငွေနဲနဲနဲ့ ထွက်လို့ရတဲ့ နိုင်ငံ၊ ဗမာတွေ အတွက်လည်း […]


Diamond KeyNovember 23, 20111min38218
မန္တလေးက အခုနောက်ပိုင်းမှာ မီးအပျက်များ လာပါတယ်။ ဒီလိုမီးအပျက်များတဲ့ အထဲမှာမှ လမ်းမီးတွေက မလင်း။ မှောင်မဲနေတဲ့ မန္တလေးက ညလမ်းတစ်နေရာမှာ၊ တိတိကျကျ ပြောရရင်တော့ မန္တလေး ၄၂ လမ်း မီးရထား ဂုံးကျော်တံတားမှာပါ။ လမ်းကမှောင်မှောင်မဲမဲမို့ ဆိုင်ကယ်ရှေ့က မီးရောင်လေးအားကိုးနဲ့ ၄၂ လမ်း မီးရထား ဂုံးကျော်တံတား ကို မောင်းတက်လာခဲ့သူ၊ လမ်းကလည်း လကမ္ဘာဆိုတာ မမြင်ဖူးမရောက်ဖူးကြရင် ဒီလမ်းကြည့်ဟေ့လို့ ဂုဏ်ယူနိုင်လောက်တဲ့ လမ်း၊ ဒီလမ်း ဒီနေရာက ဂုံးတက်လေးမို့ မောင်းတက်လာခဲ့ရာမှာတော့ ဂုံးထိပ်တဲ့တဲ့ အရောက်မှာ လားလား………..ဘွားခနဲ့ တွေ့လိုက်ရတာက ဆူးအများနဲ့ သံအဆီးအတားကြီးက မမြင်ရတဲ့ အမှောင်ထဲမှာ အန္တရာယ်ကို ဖိတ်ခေါ် နေပါသဗျာ။ သတိနဲ့ ဘရိတ်နင်းလိုက်တော့ နောက်ကနေ အရှိန်နဲ့ တက်လာနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေမှာလည်း […]


Diamond KeyNovember 12, 20116min4047
ရှေးရိုးရာ တစ်ဆယ့်နှစ်ဌာန ရွှေချလှုစရာ ပုဂံရွှေစည်းခုံမှာ ပုဂံ ပုဂံဆိုတာက ပြည်တွင်းကသာမက ပြည်ပကပါ သိနေခဲ့ကြတာ ရှေးနှစ်ပရိစ္ဆေဒ ကြာမြင့်စွာကည်းကပါ။ ရှေးသမိုင်းတွေအရ ပုဂံကို ခရစ်နှစ် ၁၀ရ မှာ ယုန်လွှတ်ကျွန်းအရပ် (ရာဇဝံသဇာလိနီကျမ်းအရ ဧရာဝတီမြစ်မှ ၆မိုင်အကွာ၊ တုရင်တောင်အရှေ့ဘက် တစ်မိုင်အကွာနေရာ) မှာ စတင် တည်ထောင်ခဲ့ပါတယ်။ တည်ထောင်သူမှာ သမုဒ္ဒရာဇ်မင်းဖြစ်ပြီး ရွာ၁၉ရွာအား စုစည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပထမပုဂံ သမုဒ္ဒရာဇ်မင်းဆက်တွင် မင်းဆက် ရ ဆက် စိုးစံခဲ့ပါတယ်။ ဒုတိယပုဂံအဖြစ် သီရိပစ္စယာမြို့ကို ကျောက်စကား အရပ် (ပုဂံမြို့သစ်တောင်ဘက် ရေအိုးစင်ချောင်းရဲ့ မြောက်ဘက်ကမ်းနေရာ) မှာ ခရစ်နှစ် ၃၄၄ မှာ သေလည်ကြောင်မင်းလက်ထက်မှာ တည်ထောင်ပြန်ပါတယ်။ မင်းဆက် ၆ ဆက် တိတိ စိုးစံခဲ့ပါတယ်။ […]