etoneJuly 16, 20111min25712
ရုံးပိတ်ရက်က ပျင်းပျင်းနဲ့ …. အိမ်မှာရှိတဲ့ ဂျာနယ်တွေ လှန်လှောရှာတော့ … ဖတ်လိုက်ရတဲ့ သတင်း ခေါင်းစဉ်က စိတ်ဝင်စားမှူကောင်းလှပါတယ် … ။ အိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက် ခိုးယူတာနဲ့ပဲ … ထောင် ဒဏ် ၂၅ နှစ်ကျခံခဲ့ရတယ်ဆိုပါလား … ဒါနဲ့ …သတင်းအပြည့်စုံကို အောက်ကစာမှာ ဆက်ဖတ်တော့ … အောက်မှာ ရေးထားတာ ထောင်ဒဏ် ၂ နှစ်ပါတဲ့ … ။ တကယ်ပဲ ကျခံခဲ့တဲ့ ထောင်ဒဏ် ၂ နှစ်လား ၂၅ နှစ်လား မသိပေမဲ့ …  လူအများကြားထဲ အခကြေးငွေနဲ့ ဖြန့်ချီတဲ့ စာဆောင်မှာ သတင်းအမှန်လေးတော့ဖြစ်သင့်တာပေါ့ ရှင် … ။ တိုက်ပင် အယ်ယာဖြစ်မှန်း သိပေမဲ့ … […]


etoneJuly 14, 20111min74728
သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ ကျွန်မ အင်္ကျ ီချုပ်ဆိုင် တစ်ဆိုင်ကို ရောက်သွားခဲ့ပါတယ်… ။ ကြောင်ချစ်တတ်လွန်းတဲ့ ကျွန်မတောင် အတော်လေး မျက်လုံးပြူးသွားရတဲ့ အဖြစ်ပါ … ။ ကြောင်အကောင် လေးဆယ်ကျော် မွေးထားတာပါ … အရောင်သွေး စုံလင်စွာနဲ့ …. အရွယ်စုံကြောင်တွေပါပဲ… ။ လုပ်တဲ့လုပ်ငန်းက အင်္က ျီ ချုပ်တဲ့ လုပ်ငန်းမို့ … ဘာလို့များ ဒီလို မွေးပါလဲ မေးတော့… ချစ်လွန်းလို့ မွေးရာကနေ … တစ်ကောင်က နှစ်ကောင် … နှစ်ကောင်က သုံးကောင်ထိဖြစ်လာတာ … အကောင်လေးဆယ်ကျော် အထိပါတဲ့… အဲ့ဒီအင်္က ျီ ချုပ်ဆိုင်က ရှစ်လွှာမှာ ဟောလ်တိုက်ပ် အနေနဲ့ တလွှာလုံး ဝယ်ထားတာပါ … ဒါပေမဲ့ […]


etoneJuly 13, 20111min67747
ကျွန်မတို့ မိန်းမတွေ ကလေးအရွယ်မှ တဆင့် တစ်စတစ် ကြီးပြင်းလာချိန် အပျိုဖော်ဝင်စ အချိန်ကို ဖြတ်သန်းခဲ့ကြရပါတယ် ။ မိန်းမတိုင်း ကြုံတွေ ့ခဲ့ဖူးတာမို့ အထူးတလည် ပြောစရာမလိုတော့ပါဘူး … ။ အပျိုဖော်ဝင်ချိန် ရာသီသွေးဆင်းခြင်းဟာ တစ်နည်းအားဖြင့် ကိုယ်ဝန်ဆောင်နိုင်ရန် အသင့် အနေထားဖြစ်ပြီလို့လည်း သတ်မှတ်လု့ိရပါတယ်… ။ ဒီလို စပ်ကူး မတ်ကူး အချိန်လေးတွေမှာ ကလေးဘဝတုန်းကလိုမဟုတ်ပဲ … လောကကြီးကို ဘောင်ခတ်ကြည့်ချင်လာတယ် ၊ လွတ်လွတ်လပ်လပ်နေချင်လာတယ် ၊ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတယ် … ဒီလိုပါပဲ … ဟော်မုန်းတွေ မညီမျှတာကြောင့် ဝက်ခြံတွေထွက်မယ် … ဆံပင်ကြမ်းမယ်… အသားရည်ပြောင်းလဲလာမယ်.. စတာတွေ ဖြစ်လာတော့တာပဲ … ။ မတော်တဆရသွားတဲ့ ကိုယ်ဝန်တွေ ရှိနိုင်တဲ့ အတွက် […]


etoneJuly 11, 20111min34314
အချိန်က ကုစားသွားခဲ့တဲ့ နှစ်ပေါင်းများစွာ   နင့်ကိုမေ့ပြီလို့ ခေါင်းမာ တတ်တဲ့ ငါ့ကိုယ်ငါ လိမ်ခဲ့မိတယ် … ။ ပြန်မတွေ့တော့ပါဘူးလို့  အကြိမ်ကြိမ် ဆုံးဖြတ်ထားလည်း နင်ရှိမဲ့နေရာတေ ွ၊ နင်သွားတတ်တဲ့နေရာတွေ လိုက်ရှာမိတုန်းပဲ … ။ စိတ်မဝင်စားတော့ဘူးလို့ ကြွေးကျော်ထားလည်း နင့်သတင်းတွေ စုံစမ်းဆဲပဲ … ။ အထပ်ထပ် ကွဲခဲ့တဲ့ ငါ့နှလုံးသား  ၊ အတိတ်ဆိုတာ သတိမရချင်လောက်အောင် မုန်းမိလည်း နင့်အနမ်းတွေ မျှော်လင့်တုန်းပဲ ။ ဖြစ်နေတာနဲ့ ဖြစ်ချင်တာ ထပ်တူမကျတဲ့ ငါ့ဘဝထဲ အတိတ်မှန် သမျှ ကန္တာရလိုပဲ …. ။ စွန် ့ပစ်ခံ ၊ နင်ထားသွားတဲ့ ဘဝမှာ အလိုမကျခြင်းတွေ နဲ့  အရူးတယောက်လို ငါလေလွင့်ခဲ့ဘူးတယ် ။ စိတ်နာခြင်းတွေ […]


etoneJuly 8, 20111min52339
မိန်းမဆိုတဲ့ အမျိုးက အနေထိုင် ၊ အသွားအလာက စလို့ … စကားပြော ၊ ရယ်မောလျှင်တောင် အပြောမလွတ်တာမို့ … အစစအရာရာ ထိန်းသိမ်းရပြန်တယ် … ။ ဆီလို အပေါက်ရှာ ပြောချင်နေတဲ့ ပတ်ဝန်းကျင်ကြားမှာ … အပြောမတတ်လျှင် ဆဲသလို ၊ အထိုင်မတတ်လျှင် ဖြဲသလို ဖြစ်တာမို့ နေရာဒေသနဲ့ အချိန်ကို လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းနေရပြန်တယ် …. ။ လက်လှုပ်လက် ၊ ခြေလှုပ်ခြေ ပြောနေတဲ့ ကြားမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးပြောပြီး ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ပါဘူး ခံယူထားတဲ့ ဂျစ်ကန်ကန် ကျွန်မလည်း နေရထိုင်ရ စိတ်ကျဉ်းကြပ်လှပါရဲ့ …. ။   အရင်ခေတ်တွေကလို မိန်းကလေးဆို အိမ်တွင်းမှာပဲ နေစေပြီး …ပညာစုံသင့်ခွင့်မရပဲ […]


etoneJuly 7, 20114min29117
ကျွန်မတို့ နိုင်ငံမှာ အရင်းမြစ်တွေ ပေါများပါလျှက်နဲ့   …. ဈေးကွက်ရှာဖွေမှူ အားနည်းနေတဲ့ အချို့ ့ပစ္စည်းလေးတွေ ရှိတာ တွေ့ရပါတယ်… ပြည်တွင်း လည်ပတ်နေတဲ့ ပစ္စည်းများထဲမှာတောင် ကိုယ့်နိုင်ငံက ထုတ်တဲ့ လက်မှူ ပစ္စည်းများအပေါ် သုံးစွဲခြင်း အားနည်းတာလည်း တွေ့ရပါတယ် … ။ ဈေးပေါပေါနဲ့ ဝင်ရောက်လာတဲ့ တရုတ်ပစ္စည်းတွေကို  မြန်မာ့လက်မှူပစ္စည်းတချို့ နေရာမှာ အစားထိုးသုံးစွဲခြင်းကြောင့် ပြည်တွင်းဖြစ်လုပ်ငန်းအမျိုးစား တချို့ …. လည်ပတ်နိုင်မှူ အားနည်းလာတာ တွေ့ရပါတယ် … ။ ပုံလေးတွေကို ကြည့်ပါဦး …. ။ အထူးဆန်းတော့မဟုတ်ပါဘူး .. လက်နဲ့ ရက်ထားတဲ့ တောင်းလေးတွေပါပဲ … ။ ကျွန်မတို့ ဆီမှာလည်း ဒီလို တောင်းလေးတွေ လုပ်နိုင်တာမို့ အထူးဆန်းမဟုတ်ဘူးလို့ ပြောခဲ့တာပါ […]


etoneJuly 5, 20111min51822
ရွာသူရွာသား အားလုံးပဲ ခါတော်မှီသတင်းလေးပေးချင်ပါတယ် … ။ အခုလေးတင် သဂျီးဆိုက်ကို ပြင်တဲ့အခါ အယ်ရာ နည်းနည်းရှိနေပါသေးတယ်။ သုံးစွဲရတာ မြန်ဆန်လာပေမဲ့ … ပရိုက်ဗိတ်ဆီနဲ့ နည်းနည်းပတ်သတ်တဲ့ အယ်ရာ တွေ့လို့ သဂျီးကို လှမ်းပြောထားပါတယ် … အရင်ကလို ဖွက်သင့်တဲ့စာသားတွေ မဖွက်ပဲ ပေါ်နေတာလေးတွေ ရှိနေသေးလို့ … ကိုယ်နဲ့ မသိတဲ့လူရဲ့  ပို့စ်မှာ မန်းတာလေးတွေ ခဏလောက်မလုပ်ပါနဲ့ သေးဦးလို့ ကြိုပြောထားချင်ပါတယ်… ။ သဂျီးကိုလည်း အကြောင်းကြားထားပြီးပါပြီ … ။ comment ပေးတာလေးတွေ ခဏဆင်ခြင်သင့်အောင်ပါ …။  ပြင်ပြီးပြီလို့ သဂျီး confirm လုပ်တော့မှ ဆက်မန်းလျှင် အားလုံးရဲ့    ပရိုက်ဗိတ်ဆီ လုံခြုံပါလိမ့်မယ် … ။  


etoneJuly 5, 20111min80430
ဒီနေ့ မေးလ်ထဲကို ဝင်လာတဲ့ subject လေးတခုကြောင့် ကျွန်မစိတ်တွေ လှုပ်ရှားသွားခဲ့ရပါတယ်… ။ သုံးလေးနှစ်မက ကျွန်မဆက်မကြိုးစားတော့ဘူးလို့ …. ဆုံးဖြတ်ထားတဲ့ ကိစ္စအကြောင်းပါပဲ … ။ လိပ်ပြာလွှင့်ခြင်းအကြောင်းလေးပါ … ။ ကျွန်မ ကျောင်းပြီးလို့ အားနေတဲ့ အချိန်တုန်းက စာအုပ်တချို့တလေ ဖတ်ဖူးပါတယ်… ။ အပြောနဲ့တင် မယုံပဲ လက်တွေ့ စူးစမ်းချင်တဲ့ စိတ် ဓါတ်ခံရှိသူမို့ … လိပ်ပြာလွှင့်ခြင်းနဲ့ ပတ်သတ်တဲ့ စာအုပ် ၊ ဆောင်းပါး ၊ မြန်မာဘာသာနဲ့ရော … အင်္ဂလိပ်ဘာသာနဲ့ပါ ဖတ်မိတဲ့ အခါ … အရမ်းကို စိတ်ဝင်စားနေခဲ့တာပေါ့ … ။ မသိစိတ်နဲ့ နေရာမျိုးစုံကိုသွားနိုင်တယ်လို့ ဖော်ပြထားပြီး … ကိုယ်တိုင်လည်း ကျင့်ကြံလျှင် ရပါတယ်တဲ့ […]


etoneJune 30, 20111min2127
ကျွန်မရဲ့ မွေးရာပါဝါသနာကိုက စူးစမ်းလေ့လာချင်တာရယ်… အယုံမလွယ်တာရယ်မို့ … တနေ့ အကြောင်းကိစ္စတစ်ခုပေါ်တာနဲ့ ဗေဒင်ယတြာ အရမ်းဝါသနာကြီးသူ တယောက်အိမ်ကို ရောက်ခဲ့ပါတယ် …. ။ ရှေးယခင်မြန်မာများ ပြောဖူးကြတာ ကြားဖူးပါတယ် မွေးရာပါ ဝမ်းတွင်းစုန်းပညာဆိုတာမျိုးလေ …. ။ အထူးတလည် သင်ယူထားခြင်းမရှိပါသော်လည်း  အမေဝမ်းထဲမှာ နေစဉ်ကတည်းက တတ်လာခဲ့တာမျိုးလိုလေ… ယုံတော့မယံပေမဲ့ … အတင်းတော့ မပြောရဲပါဘူး ။ တော်ကြာ ထမိန်ခြုံလိုက်လျှင် စုန်းဖြစ်တယ်ဆိုတော့ ….. ဟုတ်မဟုတ်မသိပေမဲ့ ကြောက်တာပေါ့ … ။ ဒါနဲ့ပဲ … မှော်ဆန်ဆန်ဇာတ်လမ်းတွေ ပြောတတ်၊လုပ်တတ်တဲ့ အိမ်ရောက်တော့ ဝါသနာအတိုင်း စပ်စုတော့တယ်… ဘုရားစင်အောက်က အမွှေးတိုင်ကိုတွေ့တာနဲ့ … တမူထူးခြားနေပါတယ်… သာမန်အမွေးတိုင်မဟုတ်ပဲ သိုးမွှေးကြိုးလေးတောင်ပတ်လို့ … အရောင်လေးကလည်း ယောကီရောင်ဆိုတော့ … […]


etoneJune 30, 20111min39816
မြန်မာလူမျိုး အများစုက အရမ်းကို အားနာတတ်တယ်လို့ ကြားခဲ့ဖူးပါတယ် … လက်တွေ့လည်း တကယ့်ကို အားနာတတ်တဲ့ လူမျိုးပါပဲ  … တိုင်းတပါးသား နိုင်ငံခြားကလူတွေနဲ့ တွေ့လျှင် အားနာလို့ ဆိုတာမျိုးနဲ့  ခံခဲ့ရပေါင်းမနည်းတော့ဘူးလေ… ။ ဒီလောက်အားနာတတ်တယ်လို့ သိထားတဲ့ ကျွန်မတို့ လူမျိုးအကြောင်း နည်းနည်းဖွပါရစေဦးနော် … ။ ဒီနေ့မနက်လည်း ထုံးစံအတိုင်း အိပ်ယာထနောက်ကျလို့ ဖယ်ရီမမှီတဲ့ ကျွန်မ ရုံးသွားဖို့ ကမ်းနားလမ်းကိုဆင်းပြီး ရွှေဧည့်သည်ကားစီးပါတယ်… ။ ကားက မကြပ်ပေမဲ့ ခုံပြည့်လူရှိနေလို့  ကားပေါ်တက်တက်ချင်း ကျွန်မနေရာမရဘူးပေါ့ … ။ နောက်တမှတ်တိုင်ကျမှ ဆင်းတဲ့လူရှိလို့ ထိုင်စရာရပါတယ်… ။နေ့တိုင်းလိုလို ဒီအချိန်က လူကြပ်သိပ်နေတဲ့ အချိန်ပါ … ဒီနေကားမကြပ်တာ ဘာလို့များပါလိမ့်တွေးရင်း ….. အရှိန်ပြင်းပြင်းစောင့်အုပ်လိုက်တဲ့ ကားကြောင့် ကျွန်မအတွေးတွေ […]


etoneJune 29, 20114min36825
မနေ့က ကြိုးစားပြီး တင်ထားတဲ့ပုံတွေ တင်ပြီးပြီးချင်း သဂျီးက ဆိုက်ပြောင်းပစ်လိုက်တာ ဘာမှ မမြင်ရတော့လို့ ဒီနေ့ ဒက်ဒစ်ပြန်လုပ်ပေးထားတယ်… မနက်ရှစ်နာရီကျော်ကတည်းက တပုံချင်း ဆိုက်ကြီးနဲ့ တင်ချင်လို့ စောင့်တင်ပေးတာ …. အခုနေ့လည်1နာရီခွဲမှ အကုန်တင်လို့ရတော့တယ်… ။ မမြင်ဖူးတာလေး မြင်ဖူးအောင် ပြချင်ယုံရယ်ပါ … ။ ကိုယ်စတိုင်ကျကျ ဖြစ်ဖို့ … သူများ အသက်တွေ စတေးနေရတယ်ဆိုတာ ……မြွေရေခွံအိတ်မှ ကိုင်ချင်တဲ့ မိန်းမတွေအတွက် သိစေယုံပါပဲ… ။ FWD mail ကရတာပါ …မေးလ်ကနေ မမြင်ဖူးသေးတဲ့လူတွေ အတွက်ပါ … ။ သဂျီးက ပို့စ်တပုဒ် ပွိုင့် ငါးဆယ်တောင်ပေးထားတာ ဘာမှ တင်ပြီး မမြင်ရတာတော့ မဖြစ်သင့်ဘူးပေါ့နော်… သူများတွေ လာမဆဲခင် မြန်မြန် အက်ဒစ်လုပ်လိုက်ရတယ် […]


etoneJune 24, 20111min46919
  ပြီးခဲ့တဲ့ weekend က အိမ်မှာသုံးဖို့ လိုတာလေးတွေဝယ်ရအောင် ကျွန်မဈေးဝယ်ထွက်ခဲ့တယ်… ။ လိုချင်တာလေးတွေ ပြည့်ပြည့်စုံစုံဝယ်ပြီး …. မေ့လျှော့ကျန်ခဲ့လေသော ပစ္စည်းများ မရှိရအောင် ပြန်စဉ်းစားရင်း တဖြည်းဖြည်း လမ်းလျှောက်နေလေရဲ့… ။ အကျင့်ကိုက ဈေးဝယ်ရန်လိုသော ပစ္စည်းများကို စာရွက်နဲ့ မှတ်တဲ့ အလေ့အထမရှိတာကြောင့် … ဦးနှောက်ထဲပေါ်သမျှနဲ့ …မြင်သမျှကို ချိန်ကိုက်ရင်း…..  ။ လျှပ်တပြတ်ကျွန်မ သတိရလိုက်ပါတယ်… ဆပ်ပြာခရမ်ကုန်နေပြီဆိုတာကိုပေါ့ … ။ ဆပ်ပြာတန်းဘက်ကို သွားပြ ီး ဘယ်ဆပ်ပြာခရမ်သုံးလျှင် ကောင်းမလဲ တွေးပါတယ်…ဝယ်နေကြအမျိုးစားက ရိုးသွားပြီထင်လို့ ကျွန်မနောက်တမျိုးစားသုံးလျှင်ကောင်းမလားတွေးရင်း ဆပ်ပြာခရမ် တံဆိပ်တွေ ကိုလိုက်ကြည့်ပါတယ်….. ။ ဆိုဒ်တွေနဲ့ တံဆိပ်တွေက အစုံပေါ့ … ။ နာမည်ကြီး တံဆိပ်တွေရော … အသစ်ထွက်တဲ့ […]


etoneJune 22, 20111min46816
  အကြွေ ရှားပါးမှူ ပြသနာဟာ တနေ ့ တခြား ဆိုးရွားလာခြင်းနှင့် အတူ အောက်ခြေလူတန်းစား များရဲ့  စီးပွားရေးလည်း မသိမသာမှ သိသိသာသာ ထိခိုက်လာခဲ့တယ် … ။ အကြွေရှားပါးမှူကြောင့် အစားထိုး ပစ္စည်းတွေကို အသုံးပြုပြီး လဲလှယ်လာတာတွေ့ရတယ် ။ တနေ့လုပ်မှ တနေ့စားရတဲ့ အခြေခံအလုပ်သမား မိသားစုများအတွက်ကတော့ အခက်ခဲဖြစ်ကြရတာပေါ့ … ။ စပယ်ယာက စလို့ စူပါမားကတ်တွေ အထိ အကြွေ ပြသနာ ရှိနေခဲ့တာ အတော်ကြာပါပြီ ။ အခုထိလည်း အကြွေအခက်ခဲ ရှိစဲပါ … နောက်ဘယ်လောက်ကြာကြာထိ ဒီလို ပြသနာရှိနေဦးမလဲ မသိပေမဲ့ အတော်ဆိုးရွားတဲ့ အစားထိုးပစ္စည်း လဲလှယ်မှူပြသနာကလည်း နေ့စဉ်နီးပါး ကြုံတွေ့ နေကြရတာပဲ … ။ […]